• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

၂၀၂၅ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီကြေညာ

by ဧရာဝတီ
2 September 2024
in Military, Politics, သတင်း
A A
၂၀၂၅ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီကြေညာ

၂၀၁၅ ရွေးကောက်ပွဲတွင် တပ်ချုပ် မင်းအောင်လှိုင် မဲပေးစဉ်/ AFP

994
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်ကောင်စီသည် နိုင်ငံတဝန်း လူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်းကို အောက်တိုဘာလတွင် ကောက်ယူမည်ဟု စစ်ကောင်စီမီဒီယာက စက်တင်ဘာလ ၂ ရက်နေ့တွင်ကြေညာပြီး နိုင်ငံ၏ ဒေသအများအပြားတွင် တိုက်ပွဲများဖြစ်ပွားနေစဉ် ၂၀၂၅ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် လမ်းခင်းလိုက်သည်။

အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ကောက်ခံသည့် သန်းခေါင်စာရင်း အချက်အလက်များကို ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က စက်တင်ဘာလ ၁ ရက်နေ့တွင်ပြုလုပ်သည့် အစည်းအဝေးတခုတွင် ပြောသည်ဟု စစ်ကောင်စီမီဒီယာ ဖေါ်ပြသည်။

“သန်းခေါင်စာရင်းကို မှန်ကန်တိကျတဲ့ မဲစာရင်းပြုစုရာမှာ သုံးနိုင်ပြီး လွတ်လပ်မျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တယ်” ဟု မင်းအောင်လှိုင်က စက်တင်ဘာလ ၁ ရက်နေ့ ရုပ်သံမိန့်ခွန်းတွင် သီးခြားပြောသည်။

စစ်ကောင်စီက ဖြုတ်ချခဲ့သည့် အဓိကနိုင်ငံရေးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ဒါဇင်ပေါင်းများစွာ မှတ်ပုံမတင်ဘဲ ဖျက်သိမ်းခံရသောကြောင့် ယခုအဆိုပြုရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်ပယ်ချထားပြီး ရလဒ်ကို အနောက်နိုင်ငံများက လက်ခံနိုင်ဖွယ်မရှိပေ။

နိုဘယ်ဆုရှင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ပြည်သူ့အစိုးရကို လွန်ခဲ့သော ၃ နှစ်ကျော်က တောင်ပြိုကမ်းပြိုနိုင်သည့် ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်ကောင်စီက ဖြုတ်ချပြီးနောက် နိုင်ငံလူဦးရေ ၅၅ သန်းသည် ဖရိုဖရဲဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်အများအပြား ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူများက စစ်ကောင်စီ၏ မဲစာရင်းမသမာမှု စွပ်စွဲချက်များ အခြေအမြစ်မရှိဘဲ အာဏာသိမ်းရန် လိမ်လည် အကြောင်းပြချက်သာ ဖြစ်ကြောင်း ပြောသည်။

ထိုအာဏာသိမ်းမှုကြောင့် ကျယ်ပြန့်သော ဆန္ဒပြပွဲများဖြစ်လာပြီး ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခံရကာ ဆန္ဒပြပွဲများသည် လက်နက်ကိုင်တော်လှန်ရေးအဖြစ် ပြောင်းလဲစေသည်။

ထိုတော်လှန်ရေးသည် အခြေကျပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပေါင်းကာ ဆယ်စုနှစ်များစွာအတွင်း စစ်တပ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်စေသည်။

ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် ပါတီ ၂၇ ခုက ထိုပုန်ကန်မှုကို ရှုတ်ချသည်ဟု စစ်ကောင်စီက ဇူလိုင်လတွင် ပြောသည်။

သို့သော် စစ်ကောင်စီသည် နိုင်ငံကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်တော့ဘဲ နိုင်ငံလူဦးရေး ၆၇ ရာခိုင်နှုန်းနေထိုင်သည့် ပိုင်နက် ၈၆ ရာခိုင်နှုန်းကို ဆုံးရှုံးသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက မေလ အစီရင်ခံစာတွင် ဖေါ်ပြသည်။

အင်အားချိနဲ့လာသည့် တပ်များကို ပြန်လည်ဖြည့်တင်းရန် စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းရေး ကြေညာပြီးနောက် ၂၀၂၄ ခုနှစ်အစောပိုင်းတွင် လူငယ် ထောင်ပေါင်းများစွာ ပြည်ပသို့ ထွက်ပြေးကြသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

သြဂုတ်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် အားလုံးပါဝင်သော ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရန် နည်းပညာ အကူအညီပေးမည်ဟု ကတိပြုသည်ဟု စစ်ကောင်စီမီဒီယာ ဖေါ်ပြသည်။

နိုင်ငံတကာ အသိုက်အဝန်းနှင် အိမ်နီးချင်းနိုင်ငံများသည် ထိုရွေးကောက်ပွဲနှင် သန်းခေါင်စာရင်းကို ရှုတ်ချသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင်အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ပြောသည်။

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုတာကို ထောက်ခံကြမယ်ဆိုရင် ဒါဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တာ ဖြစ်မယ်” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဧရာဝတီသို့ ဖြေကြားသည်။

You may also like these stories:

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး (ရုပ်/သံ)

အပယ်ခံဗိုလ်ချုပ်များနှင့် တရုတ်ဆက်ဆံခြင်းက မြန်မာအတွက်ဆိုးကျိုး

မင်းအောင်လှိုင် ဘယ်လမ်းရွေးမလဲ

မြန်မာ့တော်လှန်ရေးအပေါ် အမြင်လွဲမှားမှုများ ပြောင်းလဲချိန်တန်ပြီ

ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ

Your Thoughts …
Tags: ၂၀၂၅ ရွေးကောက်ပွဲစစ်ကောင်စီမီဒီယာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သန်းခေါင်စာရင်းကောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

by ဧရာဝတီ
27 July 2024
33k

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အမိန့်အား မနာခံပဲ ထွက်စာတင်သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်အား စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

by ဧရာဝတီ
31 July 2023
16.3k

မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

လူယုံများ အားပြုပြီး အုပ်ချုပ်မှုသစ် စစ်ခေါင်းဆောင် ဖွဲ့စည်း

လူယုံများ အားပြုပြီး အုပ်ချုပ်မှုသစ် စစ်ခေါင်းဆောင် ဖွဲ့စည်း

by ဧရာဝတီ
31 July 2025
5.7k

မင်းအောင်လှိုင်က ထိပ်ပိုင်းရာထူးတွေဆက်လက်ချုပ်ကိုင်ထားတဲ့အပြင် အရေးပါတဲ့ ရာထူးတာဝန်တွေကိုလည်း သူယုံကြည် အားထားရတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ အားပြုဖွဲ့စည်းခဲ့ပါတယ်။

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု (အပိုင်း ၂)- ၈၈ အရေးတော်ပုံ ဘာကြောင့် တော်လှန်ရေးအဆင့် မရောက်ခဲ့သလဲ

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု (အပိုင်း ၂)- ၈၈ အရေးတော်ပုံ ဘာကြောင့် တော်လှန်ရေးအဆင့် မရောက်ခဲ့သလဲ

by ကျော်စွာမိုး
17 September 2024
5.6k

"၈၈ အရေးတော်ပုံ" နဲ့ "၂၀၂၁ နွေဦးတော်လှန်ရေး" တွေမှာ တနိုင်ငံလုံးလူထုပါဝင် ဆန့်ကျင်မှုဟာ "အရေးတော်ပုံ" အဆင့်ထိ တောင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် မတူညီတဲ့ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။

Next Post
ပြည်တွင်းရေးဝင်မစွက်ဖို့ တရုတ်ကို မြန်မာလူထု တုံ့ပြန်

ပြည်တွင်းရေးဝင်မစွက်ဖို့ တရုတ်ကို မြန်မာလူထု တုံ့ပြန်

ပရမ်းပတာ စစ်သားစုဆောင်းမှုက စစ်ကောင်စီ အင်အားချိနဲ့နေကြောင်း ပြသ

ပရမ်းပတာ စစ်သားစုဆောင်းမှုက စစ်ကောင်စီ အင်အားချိနဲ့နေကြောင်း ပြသ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved