• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်ပရောက်အလုပ်သမားများ စစ်မှုထမ်းရန် အေဂျင်စီက ပြန်ခေါ်ပေးရမည်

by ဧရာဝတီ
13 November 2024
in သတင်း
A A
ပြည်ပရောက်အလုပ်သမားများ စစ်မှုထမ်းရန် အေဂျင်စီက ပြန်ခေါ်ပေးရမည်

၂၀၂၃ ဒီဇင်ဘာလက ကိုရီးယားသို့ သွားရောက်ကာ အလုပ်လုပ်မည့် မြန်မာလုပ်သမား (Myanmar Embassy Seoul)

1.7k
VIEWS
Share on FacebookShare on Twitter

ပြည်ပရောက် အလုပ်သမားများအား စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ရာတွင် စေလွှတ်လိုက်သည့် အေဂျင်စီများမှ တာဝန်ယူ ပြန်ခေါ်ဆောင်ပေးရမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။

ဧရာဝတီက ရရှိထားသော ယခုနှစ် မေလအတွင်း ပြင်ဆင်လိုက်သည့် အေဂျင်စီနှင့်အလုပ်သမားကြား သဘောတူစာချုပ်၌ ပြည်ပရောက် အလုပ်သမားများ အလုပ်လုပ်နေစဉ် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက မြန်မာနိုင်ငံသို့ အချိန်မီပြန်လာ၍ စစ်မှုထမ်းဆောင်နိုင်ရေးသက်ဆိုင်ရာ အလုပ်ရှင်နှင့် အလုပ်သမားအား အသိပေး၍ လိုအပ်သည်ကို ဆောင်ရွက်ရမည်ဟု ထည့်သွင်း ချုပ်ဆိုထားသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “အရင်က အလုပ်သမားရဲ့ မိသားစုလွှဲပို့ငွေကို တရားဝင် ဘဏ်တွေကနေ လွှဲပို့နိုင်အောင် အေဂျင်စီအနေနဲ့ကူညီရမယ်လို့ ပါရှိပေမယ့် အခုကျတော့ တာဝန်ယူရမယ်ဆိုပြီး ဖြစ်လာ တယ်။ နောက်တခုက စစ်မှုထမ်းဖို့ပါ အေဂျင်စီ တာဝန်ဖြစ်လာတယ်။ ၂ နှစ်စာချုပ်နဲ့ လွှတ်လိုက်တယ်၊ စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်တယ်ဆိုရင် အေဂျင်စီကနေ တာဝန်ခံပြီး ပြန်ခေါ် ပေးရမယ်ဆိုတဲ့ပုံစံမျိုး သူက (စကစ) ထပ်ပြီးတော့ ထည့်ထား တာ။ ကိုယ့်တာဝန် မဟုတ်တာကြီးကို ကိုယ်ကနေ အတင်းခေါ်ရမှာ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းရန်အတွက် စာချုပ်ချုပ်ထားသည့် ၂ နှစ်အတွင်း ဆင့်ခေါ်ခိုင်းမည် မဟုတ်သော်လည်း စာချုပ်ပြီးသွားသည့်အချိန်၌ ဆင့်ခေါ်ပါက ပြန်လည် ခေါ်ဆောင်ပေးရမည်ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။

ဆက်လက်၍ ၎င်းက “စာချုပ် ကျော်သွားရင်တော့ ခေါ်ပေးရမယ်။ ၂ နှစ်ထက် ပိုမရတဲ့သဘော ပြောတာ။ ဒါပေမယ့် သူတို့ (စကစ) က သိတဲ့အတိုင်းပဲ စာချုပ်အတွင်းတွေ ဘာတွေ နားလည်မှာမဟုတ်ဘူးလေ။ စစ်မှုထမ်းဖို့ကျလာရင် အတင်း ဒီဘက် ကုမ္ပဏီ (အေဂျင်စီ) ကို ဖိအားပေးမှာပဲ။ အဲဒီလိုတော့ မြင်ရတယ်” ဟု ပြောသည်။

ယင်းအခြေအနေများကြောင့်လည်း ပြည်ပသို့ လုပ်သားစေလွှတ်သည့်အေဂျင်စီအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် တချို့မှာ အလုပ်လက်ခံခြင်းမရှိတော့ဘဲ လျှော့ချလာသည့်ပုံစံများလည်းရှိကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။

လုပ်ငန်းရှင်တဦး နောက်တဦးက “ကိုယ့်တာဝန်မဟုတ်တာကို တာဝန်ယူခိုင်းတာပေါ့။ စာချုပ်ကတော့ ၃ နှစ်ခံတယ်လို့ ပြော တယ်။ ဒါပေမယ့် အလုပ်သမားနဲ့ အေဂျင်စီစာချုပ် ချုပ်ရင် ကျနော်တို့က နှစ်နှစ်ပဲ သွားကြတာ။ ကျနော်တို့ အခက်အခဲကို အသင်းကို ပြောတယ်။ အသင်းက သွားပြောလည်း သိပ်မထူးပါဘူး။ တွေ့ရင်လည်း ဝန်ကြီးနဲ့ပဲတွေ့ရတော့ စစ်မှုထမ်း ဥပဒေဆိုတာ သူတို့ရဲ့ စီမံချက်ပုံစံ ဖြစ်နေတော့ သွားကျော်လို့ မရဘူး” ဟု ပြောသည်။

နယ်စပ်မှ တဆင့် ထိုင်းဘက် MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့်သူများ/ အလုပ်သမား သံအရာရှိရုံး

ထို့ပြင် ပြည်ပသို့ လုပ်သားများ စေလွှတ်ရာတွင် အသက် ၂၂ နှစ်မှ ၃၂ နှစ်ကြားရှိ အမျိုးသားများကို ခေါ်ယူခွင့်မရှိသဖြင့် အလုပ်သမား ရှားပါးလာကြောင်း၊ ယင်းကြောင့်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေမှာ တရားဝင် အလုပ် လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ထိခိုက်သလို တရားမဝင်လမ်းမှ လူငယ်များထွက်ခွာ လုပ်ကိုင်မှုများပြား သောကြောင့်လည်း ပြည်ပနိုင်ငံများတွင် မြန်မာလူငယ်များ အလုပ်သမားအခွင့်အရေး ဆုံးရှုံးလာကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ အခုက ၁၈ နှစ်နဲ့ ၂၂ နှစ်ကြား၊ ၃၂ နှစ်အထက် ဒါမျိုးတွေကို ခေါ်ရတယ်။ ပြည်ပနိုင်ငံတွေကျတော့လည်း ၃၅ နှစ်လောက်အထိပဲ လက်ခံတော့ အခက်အခဲရှိတယ်။ အခုနောက်ပိုင်းတော့ အသက် ၄၀ အထိရအောင် ညှိရတာပေါ့” ဟု လက်ရှိအခြေအနေကို ၎င်းက ရှင်းပြသည်။

စစ်မှုထမ်းဥပဒေဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်ရှိလူငယ်များကို စစ်ကောင်စီက ခေါ်ယူစုဆောင်းနေသည်မှာ အပတ် စဉ် ၆ အထိရောက်ရှိနေပြီဖြစ်ပြီး လက်ရှိတွင် အပတ်စဉ် ၇ ခေါ်ယူရန်အတွက် ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် လူငယ်လူရွယ်များအား လေဆိပ်များမှ ထွက်ခွာခွင့်ကို စစ်ကောင်စီက တင်းကျပ်ထားသလို ပြည်ပသို့ အလည်အပတ်သွားရောက်မည့်သူများကိုပင် ပြန်လွှတ်နေခြင်းများရှိလာကြောင်း ပြန်လွှတ်ခံရသည့် လူငယ်တချို့က လူမှုကွန်ရက်တွင် ရေးသားပြောဆိုထားကြသည်။

ထို့ပြင် စစ်ကောင်စီသည် ပြည်ပရောက်မြန်မာအလုပ်သမားများထံမှ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ၎င်းတို့ သတ်မှတ်ထားသည့် ငွေလဲနှုန်းများဖြင့် မိသားစုထံ မဖြစ်မနေ ပြန်လွှဲခိုင်းခြင်း၊ လွှဲရာတွင် တရားဝင်ဘဏ်စနစ်ဖြင့် ချိတ်ဆက်လွှဲစေခြင်း အစရှိ သည်တို့ကိုလည်း အေဂျင်စီမှတာဝန်ယူရမည်ဖြစ်ပြီး ယင်းဝင်ငွေ စာရင်းအထောက်အထားမပြနိုင်ပါက အလုပ်ခေါ်စာ အသစ် ခေါ်ယူခြင်းကိုဆိုင်းငံ့ခြင်းတို့ဖြင့် အရေးယူမည်ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ပြည်ပသို့ ပို့ဆောင်ပေးနေသည့် အလုပ်အကိုင် အေဂျင်စီပေါင်း ၅၀၀ ကျော်ရှိပြီး ယင်းအထဲမှ ၂၉၂ ခုမှာ ဝင်ငွေစာရင်းအထောက်အထား မတင်ပြနိုင်သေးကြောင်း ယခု နိုဝင်ဘာလဆန်းပိုင်း၌ စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ မြန်မာအလုပ်သမားများအား တရားဝင်လမ်းကြောင်းမှ ပို့ဆောင်နေသော်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ၊ မှားယွင်းသည့် မူဝါဒချမှတ်မှုများ၊ လုပ်ငန်းကျွမ်းကျင်မှုမရှိခြင်း တို့ကြောင့် တရားဝင်ထက် တရားမဝင်သွားရောက်နေသော လုပ်သား ပိုများပြားကာ နိုင်ငံသားများနှင့် တိုင်းပြည်ဒုက္ခ ရောက်သည့်အခြေအနေသို့ ဆိုက်နေကြောင်း လုပ်ငန်းရှင်များက သုံးသပ် ပြောဆိုကြသည်။

You may also like these stories:

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

ပြည်ပရောက်လုပ်သားများ၏ ပို့ငွေစာရင်းတောင်းယူမှု အေဂျင်စီတို့ အခက်တွေ့

အေဂျင်စီ ၂၆ ခု ပြည်ပလုပ်သားစေလွှတ်ခွင့် ပိတ်

MoU လုပ်သားများ အခွန်မဆောင်က သက်တမ်းတိုးမပေးဟု စစ်ကောင်စီ အကျပ်ကိုင်

Your Thoughts …
Tags: စစ်မှုထမ်းပြည်ပရောက်အလုပ်သမားအေဂျင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

by ယုဖြူဟန်
8 March 2025
7.3k

ပြည်ပထွက်ခွာမည့် အလုပ်သမားများသာမက ပြည်ပမှ ခွင့်ပြန်အလုပ်သမားများပါ ပြန်လည်ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကြောင်း

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.2k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

စစ်မှုထမ်းဖို့ ရောင်းစားခံရတဲ့ လူငယ်တဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်

စစ်မှုထမ်းဖို့ ရောင်းစားခံရတဲ့ လူငယ်တဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်

by ဧရာဝတီ
29 January 2025
6k

မကွေးဘက်ကိုပို့တာ။ အမြန်လမ်းပေါ်ရောက်သွားတော့လည်း စစ်တပ်ဂိတ်တွေက ပုံမှန်ဆိုရင် ခရီးသွားတွေကို မှတ်ပုံတင်တွေ စစ်တာကို အခုကဘာမှကို မစစ်တာ၊ သူတို့တားတဲ့အချိန်ကျရင် ဘာပြောလဲဆိုရင် စုဆောင်းရေး စုဆောင်း ရေးပဲ အဲဒီလိုပြောပြီးတော့ အဲဒီအတိုင်း အမြန်လမ်းကို ကျော်လာတာ

မောင်တော နောက်ဆုံးခံတပ်ကို AA အပြင်းအထန် ဝင်တိုက်

မောင်တော နောက်ဆုံးခံတပ်ကို AA အပြင်းအထန် ဝင်တိုက်

by ဧရာဝတီ
1 August 2024
4.5k

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးအဖွဲ့ ( ARSA )၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့( RSO )စသော မွတ်စလင်လက်နက်ကိုင်များ အပါအဝင် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသော မွတ်စလင် လူငယ်များလည်း ဝင်တိုက်ပေးနေကြောင်း

စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ

စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ

by ယုဖြူဟန်
29 January 2025
4.4k

စစ်ကောင်စီကမူ စစ်မှုထမ်းဆင့်ခြင်းကို မီဒီယာများသာမက ပုဂ္ဂလိကတဦးချင်းကပါ မဟုတ်မမှန်ပုံကြီးချဲ့ ပြောနေကြောင်း၊ ရပ်ကွက် ကျေးရွာ မြို့နယ် ခရိုင်အဆင့်ဆင့်၏ စစ်မှုထမ်းဆင့်ခေါ်ခြင်း အားနည်းချက်ကို အများစုက သတင်းမှန် အနည်း ငယ်ပေါ် အခြေခံ၍ လူထုအထင်အမြင်မှားစေရန်၊ စစ်မှုထမ်းဆင့်ခေါ်မှု ပုံရိပ်ထိခိုက်ကျဆင်းစေရန်...

Next Post
လေကြောင်းတိုက်ခိုက်ဖို့ တည်နေရာပေးသူအချို့ကို MNDAA ဖမ်းဆီးထား (ရုပ်/သံ)

လေကြောင်းတိုက်ခိုက်ဖို့ တည်နေရာပေးသူအချို့ကို MNDAA ဖမ်းဆီးထား (ရုပ်/သံ)

ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်း ဆင့်ခေါ်ခံရနိုင် (ရုပ်/သံ)

ရွှေ့ပြောင်းလုပ်သားတွေ စစ်မှုထမ်း ဆင့်ခေါ်ခံရနိုင် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved