• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗန်းမော်တိုက်ပွဲ မြို့ပေါ်နေရာတချို့တွင်ပါ ပစ်ခတ်မှု ဖြစ်လာ

by ဧရာဝတီ
6 December 2024
in သတင်း
A A
ဗန်းမော်တိုက်ပွဲ မြို့ပေါ်နေရာတချို့တွင်ပါ ပစ်ခတ်မှု ဖြစ်လာ

KIA တပ်ဖွဲ့ဝင်များ/ ဧရာဝတီ

4k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နှင့် ပူးပေါင်းတပ်များက ဗန်းမော်မြို့ကို ထိုးစစ်ဆင်နေရာ သုံးရက်မြောက်နေ့အထိ စစ်တပ်ကာကင်းစခန်းအချို့အား သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ မြို့ပေါ်ပတ်ဝန်းကျင်တွင် ထိတွေ့ တိုက်ပွဲ များ ဖြစ်နေကြောင်း ဧရာဝတီ သတင်းအရင်းအမြစ်များထံမှ သိရသည်။

မြန်မာပြည် မြောက်ပိုင်း၌ စစ်ပွဲများရပ်တန့်ရေး တရုတ်က ဖိအားပေးနေသော်လည်း KIA နှင့် ပူးပေါင်းတပ်တို့က ဒီဇင်ဘာ ၅ ရက်မှစတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့ရှိ စစ်တပ်စခန်းများအား တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဗန်းမော်သည် မြောက်ဖက်တွင် တာပိန်မြစ်၊ အနောက်ဖက်တွင် ဧရာဝတီမြစ်၊ တောင်ဖက်တွင် Chyari Hka ချောင်းရှိပြီး မြစ်ချောင်းများ ဝိုင်းပတ်ထားသည့် လွင်ပြင်မြို့ကြီးဖြစ်ပြီး KIA တို့က အရှေ့ဘက်ခြမ်း ၇ မိုင်ခန့် အကွာရှိ မိုးမောက်မြို့ကို သိမ်းထားသလို တောင်ဖက်ရှိ မံစီမြို့မှ စစ်စခန်းများကိုလည်း တပြိုင်နက်တည်း စစ်ဆင်နေသဖြင့် စစ်ကောင်စီအနေဖြင့် လေကြောင်းတခုမှသာ စစ်ကူပို့နိုင်သဖြင့် ဗန်းမော်လေဆိပ်ကိုသာ အားကိုးနေရသည့် အနေအထားဖြစ်သည်။

KIA ၏ သမိုင်းဝင် ဗန်းမော်ထိုးစစ်ကို ရွှေကူနယ်သား ဗိုလ်မှူးချုပ် Gara Zau Li က ဦးစီးပြီး ဗိုလ်မှူးကြီး Mayat Shadang နှင့် အမှတ် ၃ တပ်မဟာမှူးတို့က ကွပ်ကဲကာ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၆၊ တပ်မဟာ ၁၁မှ လက်အောက်ခံ တပ်များအပြင် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)၊ ပြည်သူ့ကာကွယ်ရေးတပ်များ၊ အာရက္ခတပ်တော် (AA)တပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော်(ABSDF)တပ်များ ပူးပေါင်းပါဝင်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်များက ဆိုသည်။

တိုက်ပွဲကြောင့် ဗန်းမော်မြို့ခံများ ရေကြောင်းမှ စက်လှေများဖြင့် ထွက်ပြေးတိမ်းရှောင်ရပြီး စစ်တပ်က မြို့အဝင်အထွက် လမ်းများ ပိတ်ဆို့ထားသဖြင့် မြို့ခံအများအပြား တိုက်ပွဲအတွင်း ပိတ်မိနေကြောင်းနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိကြောင်းလည်း ကချင်ပြည်နယ်အခြေစိုက် သတင်းများက ဖော်ပြသည်။

ဗန်းမော်မြို့ခံတဦးက “မနေ့ကတော့ အထက ၂ ကျောင်း အလွန်က ကုက္ကိုလ်တောမှ ပစ်ခတ်တယ်၊ လုံခြုံမှုက မရှိတော့ဘူး လေကြောင်းကလည်း ဗုံးကြဲတာတွေ လုပ်နေတယ်”ဟု ပြောသည်။

လက်ရှိ KIA အနေဖြင့် ဗန်းမော်ဒေသ တိုက်ပွဲများနှင့် ပတ်သက်၍ တစုံတရာ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးသော် လည်း ဗန်းမော်ကင်းထောက်လူငယ်အဖွဲ့၏ ပြောဆိုချက်အရ ယနေ့တွင် အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)နှင့် ဗန်းမော်ဂေါက်ကွင်းအနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ သို့သော်ဧရာဝတီမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

KIA သည် ယခုနှစ်ဆန်းမှ၍ တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာဌာနချုပ်နှင့် ဆက်စပ်ဒေသများအား စတင် ထိုးစစ်ဆင်ခဲ့ပြီး မိုးမောက်မြို့နှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးမြို့ အပါအဝင် ဗန်းမော်နှင့် ဝိုင်းမော်မြို့ကြားရှိ ဧရာဝတီမြစ်အရှေ့ခြမ်း ဒေသတခုလုံးအား သိမ်းပိုက်နိုင်ခဲ့သလို မြစ်ဖျားဒေသရှိ ကချင်အထူးဒေသ-၁ နယ်မြေတခုလုံးကိုလည်း သိမ်းပိုက်ထားပြီ ဖြစ်သည်။

ကချင်အထူးဒေသ-၁ အား ထိုးစစ်ဆင်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်က စစ်ပွဲများရပ်တန့်ရန် KIA အပေါ် ပိုမိုဖိအားပေးခဲ့ပြီး KIA သိမ်းပိုက်ထိန်းချုပ်ဒေသရှိ နယ်စပ်ဂိတ်များအား ပိတ်ချကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်များ ပိတ်ပင်ခဲ့ကြား ဗန်းမော်မြို့နှင့် မံစီမြို့တို့အား ဝိုင်းပတ်ပိတ်ဆို့ကာ ကြီးမားသည့်ထိုးစစ်ဆင်မှုအား ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးလေ့လာသူတဦးက “တရုတ်က ဘယ်လောက်ဖိအားပေးပေး KIA ကတော့ ပြတ်ပြတ်သားသားရပ်တာကိုး။ စစ်အာဏာရှင်ဖြုတ်ချရေးနဲ့ ပတ်သက်လာရင် သူတို့ဘက်က အလျှော့မပေးနိုင်ဘူးဆိုတာကို တရုတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြီးသွားပြီ။ ကံပိုင်တည်လည်း သူတို့ တိုက်သိမ်းတာပဲ။ ဒါကတော့ သူ့ရဲ့နိုင်ငံရေးရပ်တည်ချက် ဖြစ်တာကိုး။ အဲဒါကို သူတို့လျှော့မှာ မဟုတ်ပါဘူး” ဟု သုံးသပ်ပြောဆိုသည်။

မိုးမောက်၊ မံစီနှင့် ဗန်းမော်ဒေသ စစ်ရေးအခြေပြ မြေပုံ/ ဧရာဝတီ

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တရုတ်ကိုယ်စားလှယ်နှင့် KIA တို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတခုလုံး၌ တိုက်ပွဲများ မရှိစေချင်ကြောင်း တရုတ်ဘက်မှ ပြောဆိုခဲ့သည်ဟု ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က BBC နှင့် အင်တာဗျူးတွင် ပြောထားသည်။

နယ်စပ်ဒေသတည်ငြိမ်ရေးအား လက်ခံနိုင်သော်လည်း KIA ၏ ရည်မှန်းချက်မှာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဖြစ်သည့် အတွက် ရှောင်လွှဲမရသည့်တိုက်ပွဲများ ဆင်နွှဲနေရပြီး တချို့တိုက်ပွဲများမှာ မမျှော်လင့်ဘဲ ကျယ်ပြန့်သွားခြင်းမျိုး ရှိကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။

KIA အနေဖြင့် ပင်မအမြစ်ဖြတ်စစ်ဆင်ရေးဦးဆောင်ကော်မတီ ဖွဲ့စည်းထားပြီး အာဏာရှင်စနစ်၏ ပင်မရေသောက်မြစ်အား အမြစ်ဖြတ်နိုင်ရေးအတွက် ပင်မအမြစ်ဖြတ်စစ်ဆင်ရေးဟု အမည်ပေးထားကြောင်းလည်း သိရသည်။

လက်ရှိ ဗန်းမော်မြို့သိမ်းထိုးစစ်သည် KIA နှင့် ပူးပေါင်းတပ်များ၏ အင်အားအလုံးအရင်းနှင့် ပိတ်ဆို့ကာ တပြိုင်နက် တိုက်ခိုက်နေသည့် ကြီးမားသော စစ်ဆင်ရေးတခုဖြစ်ပြီး ဗန်းမော်မြို့သည် စစ်ရေး၊ စီးပွားရေးအရလည်း အလွန်အရေးပါ ကြောင်း ကချင်စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။

၎င်းက “ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်အဆင့် မြို့လည်းဖြစ်တယ်။ ရေလမ်းရော၊ ကုန်းလမ်းရော မန္တလေးနဲ့ တိုက်ရိုက် ထိတွေ့ဆက်စပ်လို့ရတဲ့မြို့ဖြစ်တယ်။ လွယ်ဂျယ်ကုန်သွယ်ရေးဂိတ်ကတဆင့် တရုတ်နဲ့ တိုက်ရိုက်ဆက်သွယ်လို့ရသလို ရှမ်းပြည်နဲ့လည်း ချိတ်ဆက်နေတယ်။ ဌာနချုပ်လိုင်ဇာနဲ့ နီးစပ်တဲ့ဒေသတခုလည်းဖြစ်တော့ ဒါကို KIA က မရရအောင် လုပ်မယ့်ပုံတော့ပေါ်တယ်။ အရမ်းပဲအရေးကြီးတဲ့ နယ်မြေတခုဖြစ်ပါတယ်” ဟု ဆိုသည်။

ထို့ပြင် ဗန်းမော်နှင့်မံစီသည် KIA က နယ်မြေအများစု စိုးမိုးထိန်းချုပ်ထားပြီးဖြစ်သည့် ကချင်ပြည်နယ်အတွင်း တရုတ်နှင့် နယ်မြေဆက်စပ်ရာ ဧရာဝတီမြစ်အရှေ့ခြမ်းဒေသရှိ စစ်တပ်နေရာယူထားဆဲ မြို့ ၄ မြို့ထဲက ၂ မြို့ဖြစ်သည်။

ဗန်းမော်နှင့် မံစီမြို့အား KIA သိမ်းပိုက်နိုင်ပါက ဧရာဝတီမြစ်အရှေ့ခြမ်းတွင် ဝိုင်းမော်မြို့နှင့် ရွှေကူမြို့တို့သာ ကျန်ရှိတော့ မည်ဖြစ်သည်။

KIA သည် ကချင်ပြည်နယ်အထက်ပိုင်း ဧရာဝတီမြစ်ဖျားဒေသ ကချင်အထူးဒေသ-၁ နယ်မြေတခုလုံးနှင့် ဆွမ်ပရာဘွမ်မြို့ တို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်ရာ ကချင်ပြည်နယ်အစွန်အဖျားရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်နှင့် ခေါင်လန်ဖူးမြို့တို့ ကိုလည်း မြေပြင်လမ်းကြောင်း ဖြတ်တောက်ပိတ်ဆိုထားနိုင်သည့် အခြေအနေ ဖြစ်သည်။

စစ်ရေးလေ့လာသူတဦးက “ဗန်းမော်နဲ့မံစီ ရပြီးရင်တော့ ဧရာဝတီမြစ်အရှေ့ခြမ်းတခုလုံး ဝိုင်းမော်နဲ့ ရွှေကူမှအပ အကုန်လုံး ကုန်သွားပြီပေါ့။ ဖားကန့် နည်းနည်းကျန်မယ်။ အပေါ်မှာ ပူတာအို ကွက်ကွက်လေးကျန်မယ်။ မြစ်ကြီးနားနဲ့ သံလမ်းရိုးပေါ့၊ နန့်စီအောင်အထိကျန်မယ်။ တိုက်ရမယ့်နေရာတွေ နည်းသွားတာပေါ့။ သူတို့ကတော့ ဒီလောက်နဲ့ရပ်မယ်တော့မထင်ဘူး။ ကချင်ပြည်နယ်တခုလုံး လွတ်မြောက်အောင်တော့ တိုက်ကြလိမ့်မယ်ထင်တယ်” ဟု သုံးသပ်သည်။

ဗန်းမော်မြို့အနောက်ဘက် ဧရာဝတီမြစ်အရှေ့ခြမ်းရှိ ရွှေကူမြို့သည်လည်း မြို့တောင်ဘက်နှင့် အနောက်ဘက်ရှိ မဘိမ်း၊ တကောင်းဒေသအား KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်ရာ ဝိုင်းပတ်ခံထားရသည့်အခြေအနေ ဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။

အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်နှင့် မံစီမြို့နယ်တွင် အမြောက်တပ်ရင်း၊ ခြေလျင်တပ်ရင်းများနှင့် လက်ရုံးတပ်များ စုစုပေါင်း ၁၄ ရင်းထက်မနည်းရှိပြီး ယခင် KIA သိမ်းပိုက်ခဲ့သည့် တပ်စခန်းများမှ ဆုတ်ခွာခဲ့သော တပ်သားများ အပါအဝင် စုစုပေါင်းအင်အား ထောင်ဂဏန်းခန့် ရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတဦးက ခန့်မှန်သုံးသပ်သည်။

ဗန်းမော်မြို့ လုံခြုံရေးအတွက် အရေးပါသည့် မိုးမောက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၄၃၇ တပ်ရင်းဌာနချုပ်အား KIA သိမ်းပိုက်ပြီးနောက် တပ်စခန်းပြန်ရရေး ဗန်းမော်အခြေစိုက် တပ်ရင်းစစ်ကြောင်းများဖြင့် ပြန်လည်စစ်ကြောင်းထိုး တိုက်ခိုက်နေစဉ် KIA ပူးပေါင်းတပ်များက မြို့အနီးရှိ တပ်စခန်းများအား ရုတ်တရက် တန်ပြန်ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဗန်းမော်မှ မံစီဘက်အထွက် ခြေလျင်တပ်ရင်း ခလရ-၄၇ ပတ်ဝန်းကျင်နှင့် ဗန်းမော်မှ မိုးမောက်ဘက်အထွက် ၃ မိုင် ပတ်ဝန်းကျင်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး မံစီအခြေစိုက် ခမရ-၃၁၉၊ ခမရ-၆၀၁ နှင့် ခမရ-၃၅၂ တို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်ဒေသတွင် ဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက် မြေပြင်အခြေအနေ အသေးစိတ်အား အတည်ပြုရန် ဆက်လက်ကြိုးစားလျက်ရှိပြီး KIA ပြန်ကြားရေးဌာနကလည်း တစုံတရာ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။

You may also like these stories:

မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
192
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
147
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

ပန်ဝါကို KIA သိမ်း၊ ထွက်ပြေးသည့် BGF နှင့် ပြည်သူ့စစ်တို့ကို လိုက်လံရှာဖွေနေ

ကချင်အထူးဒေသ-၁ ချီဖွေမြို့ကို KIA ထိန်းချုပ်

Your Thoughts …
Tags: KIAကချင်ပြည်နယ်ဗန်းမော်မံစီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
၂၀၂၅ မှာလည်း စစ်ကောင်စီက လူတောတိုးမှာ မဟုတ်ဘူး (ရုပ်/သံ)

၂၀၂၅ မှာလည်း စစ်ကောင်စီက လူတောတိုးမှာ မဟုတ်ဘူး (ရုပ်/သံ)

ဟစ်တလာ နှင့် အိုင်းစတိုင်း

ဟစ်တလာ နှင့် အိုင်းစတိုင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved