သတင်းတို

YBS ပေါ် ပိုက်ဆံကျပ် ၁၀၀၀ ခြိမ်းခြောက်တောင်းဆိုသူ ၂ ဦးဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

YBS ခရီးသည်တင် ယာဉ်ပေါ်တက်၍ ဝါးတုတ်ကိုင်ဆောင်ပြီး ယာဉ်မောင်းထံ ငွေကျပ် ၁၀၀၀ ခြိမ်းခြောက် တောင်းဆိုသူ အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

အဆိုပါ အမျိုးသား ၂ ဦးမှာ သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်က လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်း၊ မီးခွက်ဈေးမှတ်တိုင် အရောက်တွင် YBS ၂၀ ခရီးသည်တင် ယာဉ်ပေါ်သို့ တက်၍ ခြိမ်းခြောက် တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ ၂ ဦးအား လှိုင်သာယာမြို့ မရဲစခန်းက သြဂုတ် ၂၃ ရက်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

“ဖမ်းဆီးရမိသူ ရန်ရှင်းနှင့် သီဟစိုးတို့ ၂ ဦးအား အမှုဖြင့်ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး အခြားလုယက်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း” ဟု ရဲတပ်ဖွဲ့က Yangon Police လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာမှတဆင့် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

YBS အမှတ် ၂၀ ကားမှာ ယခုလ ၂၁ ရက်နေ့ ညနေပိုင်းက လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာအဝေးပြေးဝင်း ဘက်မှ အောင်ဇေယျ တံတားဘက်သို့ ရန်ကုန်-ညောင်တုန်း လမ်းအတိုင်း မောင်းနှင်လာစဉ် မီးခွက်ဈေး မှတ်တိုင်အရောက် ခရီးသည်အတင်အချ ပြုလုပ်နေစဉ် ထိုအမျိုးသား ၂ ဦးက ယာဉ်မောင်းထံ ပိုက်ဆံ ကျပ် ၁၀၀၀ ပေးရန် ခြိမ်းခြော်က တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းမှ ၎င်းထံတွင် ပိုက်ဆံ မရှိကြောင်း ပိုက်ဆံထည့်သည့် ပုံးအတွင်း၌သာ ရှိကြောင်းပြော ရာတွင် အဆိုပါ ပုဂ္ဂိုလ် ၂ ဦး က ပိုက်ဆံမပေးလျင် ရိုက်မည်ဟု ခြိမ်းခြောက်ပြီး မှတ်တိုင်ရပ်ချိန်တွင် တက်လာသည့် ခရီးသည် ၂ ဦးထံမှ ၂၀၀ ကျပ်တန် ၂ ရွက် စုစုပေါင်း ကျပ် ၄၀၀ အားတောင်းယူသွားကြောင်းသိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအား ခြိမ်းခြောက်ကာ ငွေတောင်းယူသွားသူ အမျိုးသား ၂ ဦးကိုအရေးယူပေးရန် သြဂုတ် ၂၂ ရက်တွင် အဆိုပါ ယာဉ်လှိုင်းကုမဏီ၏ ရုံးအုပ်ဖြစ်သူ ဦးမင်းလွင်၏ တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း (ပ) ၃၂၀၁/၂၀၁၇၊ ရာဇာသတ်ကြီး ပုဒ်မ-၃၈၆ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများအား ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading