အိန္ဒိယနိုင်ငံက ပြည်တွင်းဖြစ် ဒုတိယမြောက် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကို လာမည့် လအတွင်း ရေချကာ စမ်းသပ်မောင်းနှင်ရန် စီစဉ်နေကြောင်း သိရပါတယ်။
Arihant အမျိုးအစား ဒုတိယမြောက် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကို ၂၀၁၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ အိန္ဒိယဟာ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန် နဲ့ တရုတ်စတဲ့ ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံပြီးတဲ့နောက်မှာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်လာနေပြီဖြစ်ပါတယ်။
အိန္ဒိယရေတပ်ရဲ့ INS Arihant လို့ အမည်ပေးထားတဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကို ၂၀၀၉ ခုနှစ်မှာ စတင်တည်ဆောက်ကာ မနှစ် ၂၀၁၆ခုနှစ်မှာ တပ်တော်ဝင်ခဲ့ပါတယ်၊ အဲဒီနောက် မှာတော့ ဒုတိယ မြောက် ရေငုပ်သင်္ဘောဖြစ်တဲ့ ISN Aridhamanကို မကြာမီမှာ ရေချ စမ်းသပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ISN Aridhaman ကိုတော့ ၂၀၁၉ခုနှစ်မှာ တပ်တော်ဝင်ဖို့ စီစဉ်ထားပါတယ်။
အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားတိုးချဲ့လာတဲ့ တရုတ်ရေတပ်ကြောင့် အိန္ဒိယဟာ ရေတပ်အင်အားကို တိုးချဲ့လာသလို အမေရိကန်၊သြစတြေးလျ၊ ဂျပန်၊ ဗီယက်နမ်စတဲ့နိုင်ငံတွေနဲ့ စစ်ရေးလေ့ကျင့်မှုကို ပိုမို ပူးပေါင်းဆောင်ရွက်လာသလို၊ မြန်မာတပ်မတော်နဲ့လည်း အနီးကပ်ဆက်ဆံလာတာကို တွေ့ရပါတယ်။