သတင်းတို

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတချို့ မီးလောင်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ ၃ ရုံခန့် ယနေ့ မီးလောင်ကြောင်းသိရသည်။

မီးလောင်နေသည့် စက်ရုံများမှာ ငွေကြယ်အထည်ချုပ်စက်ရုံနှင့် ဂလိုဘယ်အထည်ချုပ်စက်ရုံများ ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှု မည်သို့ စတင်ဖြစ်သည်ကို မသိရသေးကြောင်း ရွှေလင်ပန်းစက်မှုဇုန်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုပြောသည်။

၎င်းက “ ငွေကြယ်ကတော့ တရုံလုံးကို အကုန်လုံးကို လောင်သွားပြီးလို့ ကြားရတယ်။ တရုတ်ပြည်က အော်ဒါယူပြီး ချုပ်တဲ့ စက်ရုံတွေပါ။ ဂလိုဘယ်ဆိုရင် လူ ၅၀၀၀ ထောင်လောက် အလုပ်လုပ်နေတာ မနက်ဖြန်ကျရင် ဒီလူတွေအတွက် ဘယ်လိုလုပ်ကြမလဲ” ဟု ဆိုသည်။

ရွှေလင်ပန်း စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ မီးလောင်နေစဉ်(ဓာတ်ပုံ – CJ)

ငွေကြယ်အထည်ချုပ် စက်ရုံသည် ရွှေလင်ပန်းစက်မှုဇုန်တွင် ၃ ရုံအထိ ရှိသည့် အတွက် မည်သည့် စက်ရုံ မီးလောင်သည် ဆိုခြင်းကိုမူ အဆိုပါ တာဝန်ရှိသူမှ အတိအကျ မသိရနိုင်သေးကြောင်းသိရသည်။

ယနေ့နံနက်ပိုင်းကလည်း လှိုင်သာယာသပိတ်စစ်ကြောင်း ရဲနှင့် တပ်က အင်အားသုံး ဖြိုခွဲရာ ပစ်ခတ်မှုကြောင့် ၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများ လည်း ရှိကြောင်းသိရသည်။

You may also like these stories:

မြိုင်တွင် အကြမ်းဖက်ပစ်ခတ်မှု ၆ ဦးသေဆုံး

ရဲနှင့် တပ် အလုံလမ်း Car Service ကို ဝင်ရောက်ဖျက်ဆီး၊ ဝန်ထမ်း ၁၀ ဦးကို ဖမ်းသွား

Did you find apk for android? You can find new Free Android Games and apps.
Loading