• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“အိမ်ရှင်တွေက ဧည့်သည် ဖြစ်သွားနိုင်တယ်”

by ဧရာဝတီ
30 August 2017
in အင်တာဗျူး
A A
ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် / blog.sina.com.cn

ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် / blog.sina.com.cn

19.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ်သုံးမြို့နယ်ရှိ ရဲကင်း ၃၀ ကို Arakan Rohingya Salvation Army (ARSA) အဖွဲ့က ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှ စတင် ကာ သြဂုတ် ၃၀ ရက်အထိ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

စတင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုတွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၁ ဦး၊ လဝက အရာရှိ ၁ ဦး၊ ဟိန္ဒိူ ဘာသာဝင် ၆ ဦးတို့ အပါအဝင် ဌာနေတိုင်းရင်းသားများ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ထို့ကြောင့် တပ်မတော်မှ လုံခြုံရေးများပေး၍ ဒေသခံလူထုကို လုံခြုံသည့် နေရာဒေသသို့ ရွှေ့ပြောင်းနေသော် လည်း ဆက်လက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။

ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ (ALP)က အစိုးရနှင့် ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်သွားရန် တင်ပြမှု များ ရှိခဲ့သော်လည်း အစိုးရဘက်က တစုံတရာတုံ့ပြန်ခြင်း မရှိသေးသည့်အပေါ် ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုး နိုင်အောင် ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက် ပါ သည်။

မေး။ ။ ရခိုင်မှာ အကြမ်းဖက်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ALP က လုံခြုံရေး ပေးသွားဖို့ ဆောင်ရွက် နေ တယ် လို့ သိရတယ်။ ဘယ်လို ဆောင်ရွက်မှာလဲ။

ဖြေ။ ။ ကျနော်တို့ ဆောင်ရွက်ဖို့အတွက် ပထမတခါ ထုတ်ပြန်ပြီပြီး။ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ အစိုးရနဲ့ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်လိုတယ်ဆိုတဲ့ ထုတ်ပြန်ချက် တခုထုတ်ပြီပြီး။

ဒါပေမယ့် အစိုးရက တုံ့ပြန်မှု မရှိဘူး။ အဓိက တကယ်ပြောမယ်ဆိုရင် အကြမ်းဖက်မှုကို ကျနော်တို့ ရှုတ်ချ တယ်။ ဒါ မလုပ်သင့်တာကို လုပ်တယ်။ နောက်ပြီးတော့ လုံခြုံရေးစခန်း ၃၀ ကျော် တိုက်ခိုက်ခံရတယ် ဆိုတာ တမင်တကာ ဖန်တီးပြီလုပ်တယ်။ ရည်ရွယ်ချက် ရှိရှိလုပ်တဲ့ ပုံစံမျိုးဖြစ်တယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP) အနေနဲ့ NCA ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတခု ဖြစ်တဲ့ အတွက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်လိုတယ်။ အစိုးရက တုံ့ပြန်မှု မရှိဘူး ကျနော်တို့ကို။

မေး။ ။ အခုလို အစိုးရက လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြတဲ့အပေါ် တုံ့ပြန်မှုမရှိတာက ဘယ်လို အကြောင်းအရာတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မိလဲ။
ဖြေ။ ။ အဲဒါက ကျနော်တို့လည်း မခန့်မှန်းနိုင်ဘူးဗျ။ ဘာကြောင့်လဲ ဆိုတာ။

မေး။ ။ ဒီဖြစ်စဉ်မှာ ဆရာတို့က လုံခြုံရေးပေးဖို့ တင်ပြရာမှာ အစိုးရဘက်က တုံ့ပြန်မှုမရှိဘူး ဆိုတော့ ဒါကို ဘယ်လို ပုံစံနဲ့ ဖြေရှင်းသင့်တယ်လို့ အစိုးရနဲ့ တပ်မတော်ကို အကြံပြု တင်ပြထားတာ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဆက်ပြီးတော့ ကြိုးပမ်းနေတယ်။ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ရခိုင် လက်နက်ကိုင် အဖွဲ့ အစည်းများ၊ ရခိုင ်နိုင်ငံရေးပါတီများ၊ ရခိုင်ပြည်သူများ၊ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းနေတာ တော့ ရှိတယ်။

မေး။ ။ ဒီကြိုးပမ်းမှု က ဘယ်အခြေအနေ ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲ။

ဖြေ။ ။ အဲဒါ ဘာမှ တုံ့ပြန်မှု မရှိတော့ ဘယ်အတိုင်းအတာအထိ ရှိနေလဲ ဆိုတာ ပြောဖို့ ခက်တယ်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
126
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
115
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64

မေး။ ။ အခုရခိုင်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်က ဘာအတွက် ဖြစ်ပေါ်လာတယ်လို့ သုံးသပ်မိလဲ။

ဖြေ။ ။ အဲဒါက ကျနော်ထင်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်ကို ရောက်လာ တဲ့ ဘင်္ဂါလီ မွတ်စလင်တွေနဲ့ ပတ်သက်လို့ နိုင်ငံသားပြုခွင့်ဥပဒေ ၁၉၈၂ ခုနှစ် ဥပဒေကို လက်တွေ့ အကောင် အထည်ဖော်မှု မဆောင်ရွက်နိုင်သည့် ကာလပတ်လုံး ဒီအကြမ်းဖက်မှုက ရှိနေမှာပဲလို့ အဲဒီလို သုံးသပ်မိတယ်။

ဘာကြောင့်လဲဆိုရင် တဖက်မှာ လူမျိုးနာမည် ဖန်တီးပြီးတော့ မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုးတခု ဖန်တီးပြီတော့ နိုင်ငံတကာမှာ ဝါဒဖြန့်နေတာက အခုအကြမ်းဖက်မှုကို တစုံတရာ အထောက်အကူ ဖြစ်စေတယ်လို့ မြင်တယ်။ ဒါကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသားပြုမှု ဥပဒေကို တည်ဆဲဥပဒေအရ အကောင်အထည် ဖော်ဖို့လိုတယ်။ အဲဒါကို အကောင်အထည် မဖော်နိုင်မှု ကာလပတ်လုံးကတော့ အကြမ်းဖက်မှု ရှိနေမှာပဲလို့ မြင်တယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသဟာ အိမ်ရှင်တွေက ဧည့်သည် ဖြစ်သွားနိုင်တယ်။

မေး။ ။ ရခိုင် လက်နက်ကိုင် အဖွဲ့ ရက္ခိုင့် တပ်မတော် (AA) နဲ့ ALP) အချင်းချင်း သြဂုတ် ၂၃ ရက်က တိုက်ပွဲ ဖြစ်သွားတာကရော ဘာကို အခြေတည်ပြီးတော့ ဖြစ်တာလဲ။ အခုဘယ်လို ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေ လဲ။

ဖြေ။ ။ အဲဒါက အိန္ဒိယ ဘော်ဒါ (နယ်စပ်)မှာရှိတဲ့ ကျနော်တို့ စခန်းတွေကို လာတိုက်တယ်။ လာတိုက်တယ် ဆိုတော့ အဲဒီမှာရှိတဲ့ စခန်းတွေကို သူတို့သိမ်းပြီးတော့ သူတို့အခြေခံစခန်း ဆောက်လိုတဲ့ ဆန္ဒတော့ ရှိတယ်။ တော်တော် ရှုပ်ထွေးတယ်ဗျ ဒီကိစ္စက၊ ပထဝီနိုင်ငံရေးအရ ပြောမယ်ဆိုရင် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့မှာ ကျနော်တို့ကို တိုက်တဲ့ AA ကလည်းပါနေတယ်။ အဲဒါကြောင့် ပြောရတာတော့ တော်တော် ခက်တယ်။

ပထဝီ နိုင်ငံရေးအရ ပြောမယ်ဆိုရင်တော့ တရုတ်ကလည်း မြောက်ပိုင်းအဖွဲ့တွေကို လုပ်နေသလို ခန့်မှန်းရတာ ခက်တယ်။ ကျနော်တို့ စခန်းတွေကို ဝင်တိုက်တယ် ဆိုတာကတော့ ကျနော်တို့ နေရာတွေမှာ သူတို့ အစားထိုး ဝင်ရောက်လိုတဲ့ သဘောဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်။ ကိုယ့်အချင်းချင်း လက်နက်ကိုင် ပဋိပက္ခာမဖြစ် သင့်ဘူး။ တကယ်တော့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးပြီး ဖြေရှင်း ညှိနှိုင်းဆွေးနွေးမှ နည်းလမ်းရနိုင်တယ်ပေါ့။

မေး။ ။ ဒီကိစ္စ (ရခိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု)ကို ဖြေရှင်းဖို့ စာပို့ထားတယ်လို့ သိရတယ်။ AA ဘက်က လက်ခံမှု ရှိလား၊ ဘယ်လိုအခြေအနေ ရှိပါသလဲ။
ဖြေ။ ။ တုံ့ပြန်မှု လုံးဝမရှိဘူး။ သူတို့ အကြောင်းမပြန်ဘူး။ ။

Your Thoughts …
Tags: ALPရခိုင် အကြမ်းဖက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို AA သိမ်းတော့မလား

စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို AA သိမ်းတော့မလား

by စွယ်တော်
4 March 2025
5.7k

စစ်တွေနှင့် ကျောက်ဖြူမြို့များကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည့် အရိပ်အယောင် တွေ့လာရ၏။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လက်ယဉ်နေသော စစ်ကောင်စီ

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လက်ယဉ်နေသော စစ်ကောင်စီ

by ဗညားအောင်
14 June 2024
3.7k

စစ်ကောင်စီ၏ တပ်ဖွဲ့များသည် ရက်စက်ကြမ်းကြုတ်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို သွေးအေးအေးဖြင့် ကျူးလွန်နေသည်ကို တွေ့ရ၏။

၂၀၂၁ ခုနှစ် ရုရှကာကွယ်ရေး တက္ကသိုလ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးစဉ်

ဘွဲ့တံဆိပ်များနှင့် မင်းအောင်လှိုင် သိဒ္ဓိတင်နေသည်

by အဂ္ဂအောင်
22 April 2022
11.8k

ဘွဲ့၊ တံဆိပ် အမည်စာရင်းတွင် အာဏာသိမ်း စစ်ခေါင်းဆောင် အမည်ပါလာတော့မှ ဝေဖန်စရာ ကိစ္စသည် လှောင်ပြောင် ရယ်မောစရာအဖြစ်သို့ တမုဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်

၂၀၁၉ ခုနှစ်က တွေ့ရသော ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များ  / ဧရာဝတီ

AA ဘာကြောင့် ပြည်ထောင်စုနေ့အခမ်းအနား တက်သနည်း

by ဧရာဝတီ
17 February 2022
10.2k

စစ်ကောင်စီသည် AA ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် စိတ်အားထက်သန်နေပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် AA နှင့် PDF များ ပူးပေါင်းမည်ကို မလိုလားပေ

ALP ပါတီခေါင်းဆောင် ဒေါ်စောမြရာဇာလင်း၊ AFP ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

AFP ပါတီဝင်တွေ လွတ်ဖို့ တရုတ်အစိုးရကို မေတ္တာရပ်ခံခဲ့သူ ဒေါက်တာအေးမောင်အား မေးမြန်းခြင်း

by ဧရာဝတီ
13 January 2023
5.3k

မြေပြင် အခြေအနေကိုကြည့်ရင် တော်လှန်ရေးသမိုင်းဟာ နိုင်ငံရေးပါတီသမိုင်း ထက် အများကြီး ရှည်ပါတယ်။ ဒီနေ့အချိန်အထိ မည်သည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကမှ သူတို့ရဲ့ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းရှိရင် လက်ညိုးထောင်ပြပါ။ သမိုင်းအရ ပြန်ကြည့်တာပါ။

ရခိုင်လွတ်မြောက်ရေးပါတီ၏ စစ်ရေးအဖွဲ့အစည်းဖြစ်သည့် ရခိုင်လွတ်မြောက်ရေးတပ် မတော်  / ALP Facebook

ရခိုင်လက်နက်ကိုင် ALP အဖွဲ့ နှစ်ခြမ်းကွဲ

by ဧရာဝတီ
14 January 2022
23.2k

ALP ပါတီ ခေါင်းဆောင်ပိုင်းများ ပြီးခဲ့သော ဒီဇင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ စစ်တွေမြို့တွင် ကျင်း ပခဲ့သော အစည်းအဝေးတွင် မူဝါဒ ၂ ရပ် ထွက်ပေါ်မှုအပေါ် သဘောထားကွဲလွဲပြီး အစည်းအဝေး ရပ်တန့်ထားခဲ့ရ...

Next Post
မောင်တောမြို့ပေါ်တွင် လုံခြုံရေးယူပေးနေသည့် ရဲတပ်ဖွဲ့ဝင်တဦး / မိုးမြင့် / ဧရာဝတီ

အကြမ်းဖက်လှုပ်ရှားမှုများ ဖော်ထုတ် အရေးယူရေးအဆို လွှတ်တော်အတည်ပြု

ယနေ့ ပြည်သူ့လွှတ်တော်တွင် တွေ့ရသည့် သူရဦးအောင်ကို /  ထက်နိုင်ဇော် / ဧရာဝတီ

ရခိုင်အရေး ကာကွယ်ရန် အမျိုးသား သင့်မြတ်ရမည်ဟု သူရဦးအောင်ကို ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved