• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

သျူစစ်ဒဒီ ထောင်ချောက်ထဲက ရခိုင်စစ်ပွဲ

by Joe Kumbun
25 April 2020
in သူ့အတွေး သူ့အမြင်
A A
ရန်ကုန်-စစ်တွေ ကားလမ်းမနံဘေး တနေရာက ရခိုင်စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်များ / ဇော်ဇော်

ရန်ကုန်-စစ်တွေ ကားလမ်းမနံဘေး တနေရာက ရခိုင်စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်များ / ဇော်ဇော်

17.9k
VIEWS
Share on FacebookShare on Twitter

တည်ထောင်ထားပြီးဖြစ်သော အာဏာတခုက အာဏာသစ်တခုကြောင့် ခြိမ်းခြောက်မှု ခံစားရသည့်အချိန်တွင် စစ်ပွဲက ရလဒ်အဖြစ် မလွှဲမရှောင်သာ ထွက်ပေါ်လာရသည်။ ဤဖြစ်စဉ်ကို (အေသင်မြို့သား ဂရိ သမိုင်းပညာရှင်) သျူစစ်ဒဒီ Thucydides ထောင်ချောက် အဖြစ် ဖွင့်ဆိုကြသည်။ ထိုအသုံးအနှုန်းကို ရှေးဟောင်းဂရိပြည်မှ စပါတာနှင့် အေသင် ကြားတွင် ပေါ်ပေါက်ခဲ့သော ပီလိုပွန်နီးရှန်း Peloponnesian စစ်ပွဲကို ရည်ညွှန်း၍ ၂၀၁၂ ခုနှစ်တွင် Harvard တက္ကသိုလ်မှ ပါမောက္ခ Graham Allison က စတင် အသုံးပြုခဲ့သည်။ Thucydides က စစ်ပွဲသည် အေသင်၏ အာဏာ မြင့်တက်လာခြင်းနှင့် ၎င်းအပေါ် စပါတာ၏ စိုးရိမ်ကြောက်လန့်မှု တို့ကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ အေသင် မြင့်တက်လာမှုနှင့် စပါတာတွင် ၎င်းကြောင့် ဖြစ်လာရသည့် ကြောက်ရွံ့မှုတို့က စစ်ကို မလွှဲမရှောင်ဖြစ်စေခဲ့သည်ဟု သူက ကောက်ချက်ချခဲ့သည်။

မြန်မာ့ တပ်မတော်နှင့် ရက္ခိုင် လက်နက်ကိုင် AA တို့က ယခုအခါ အလားတူပင် အန္တရာယ်ကြီးသော ထောင်ချောက်ထဲ ကျရောက်နေကြသည်။ တပ်မတော်နှင့် AA တို့ ကြားမှ ပဋိပက္ခ၏ အကြောင်းရင်းများကို Thucydides ထောင်ချောက်၏ ဥပမာများအဖြစ် အောက်ပါအတိုင်း တွေ့ ရှိနိုင်ပါသည်။

လွှမ်းမိုးထားသော အင်အား သို့မဟုတ် တပ်မတော်

တပ်မတော်သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် အင်အားအကောင်းဆုံး အဖွဲ့အစည်းဖြစ်ရုံမက လွတ်လပ်ရေးရပြီးချိန် မှစ၍ တိုင်းပြည်တွင် သြဇာအကြီးဆုံးလည်း ဖြစ်ခဲ့သည်။

တပ်မတော်က တိုင်းပြည်တွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) မှသည် နောက်ဆုံးပေါ်ပေါက်လာသည့် AA အထိ အမျိုးမျိုးသော လက်နက်ကိုင် တော်လှန်မှုများနှင့် တိုက်ခိုက်ခဲ့သည်။ ၎င်း၏အမွေမှာ ကွန်မြူနစ် တပ်ဖွဲ့များမှသည် ကချင်လွတ်မြောက်ရေးအဖွဲ့ / တပ်မတော် (KIO/A)၊ နယ်ခြားစောင့်တပ်များ (ဥပမာ – ဒီမိုကရက်တစ်တပ်မတော်သစ် – ကချင်)၊ ပြည်သူ့ စစ်များ (ဥပမာ – ကောင်းခါး အခြေစိုက် ဦးမထုနော် ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့) အထိ လက်နက်ကိုင် ပုန်ကန်မှု အများအပြားကို ကန့်သတ်ထိန်းချုပ်ခြင်း၊ ၎င်းတို့နှင့် အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်ခြင်း၊ ဖျက်သိမ်းဖယ်ရှားခြင်းနှင့် ပြန်လည် ပေါင်းစပ်ဖွဲ့စည်းခြင်းများ ဖြစ်ခဲ့သည်။

တပ်မတော်က ပြင်ပနှင့် အတွင်း ၂ နေရာလုံးတွင် အချုပ်အခြာအာဏာကို ထိန်းသိမ်း ထားသော သြဇာကြီးသည့် အင်အား ဖြစ်နေခဲ့သည်။ ပြင်ပတွင် ၎င်းသည် ကမာ္ဘ့ဇာတ်ခုံ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ကာလကြာမြင့်စွာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နေနိုင်ခဲ့သည်။ အနှစ်သာရအားဖြင့် တပ်မတော်သည် မြန်မာနိုင်ငံ၏ အမျိုးသား အချုပ်အခြာအာဏာ မျက်နှာစာအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့သည်။

ပြည်တွင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းမှုမှတဆင့် အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် တပ်မတော်က အချုပ်အခြာအာဏာကို ထိန်းချုပ်ထားခဲ့သည်။ တပ်မတော်က ရေးဆွဲ ခဲ့သည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင်လည်း တပ်မတော်ကို နိုင်ငံရေးတွင် ပါဝင်ရန် အခွင့်အရေး ပေးထားခဲ့သည်။ ထို့ကြောင့် နိုင်ငံအတွင်းတွင် ကြီးမားသော အာဏာပိုင်ဖြစ်နေဆဲဖြစ်သည်။

၎င်းတွင် အဖွဲ့အစည်းတခုကို တရားမဝင် သို့မဟုတ် အကြမ်းဖက်အဖွဲ့ အဖြစ် ကြေငြာရန် အခွင့်အာဏာရှိသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ခဲ့သည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ကို ဆန့်ကျင်ရန် ထိုအာဏာကို အသုံးပြုခဲ့သည်။ KIO ကိုလည်း ၂၀၁၁ ခုနှစ်တွင် တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့သည်။ တပ်မတော်က မည်သူ့ကိုမဆို မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(က) အရ ဖမ်းဆီးနိုင်သည်၊ တရားစွဲဆို နိုင်သည်။

စီးပွားရေးအရ ဖြေလျှော့မှု၊ နိုင်ငံရေးအသွင်ကူးပြောင်းမှု သို့မဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တပ်မတော်က ဆန္ဒမရှိလျှင် အောင်မြင်မည် မဟုတ်သည်မှာ ပြောစရာ လိုမည်မဟုတ်ပါ။

တပ်မတော် (ထူထောင်ထားပြီး ဖြစ်သည့် အာဏာ) ၏ လွှမ်းမိုးမှုကို အားနည်းစေခြင်း၊ လျှော့ချခြင်း၊ အဆင့်လျော့စေခြင်း သို့မဟုတ် ၎င်း၏ လွှမ်းမိုးမှုကို ခြိမ်းခြောက်နိုင်သည့် မည်သည့်အရာကိုမျှ သည်းခံမည် မဟုတ်ပါ။ အကယ်၍ ၎င်း၏ စွမ်းအားကို ခြိမ်းခြောက်နေသည်ဟု ခံစားရပါက မည်သည့်နည်းလမ်းဖြင့်မဆို၊ နည်းလမ်းအားလုံးဖြင့် တုံ့ပြန်ရန်နှင့် လက်တုံ့ပြန်ရန် တွန့်ဆုတ်နေမည် မဟုတ်ပါ။

မြင့်တက်လာသည့် အင်အား သို့မဟုတ် AA

AA ကို KIA ဌာနချုပ် လိုင်ဇာမြို့တွင် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ က KIO/A ၏ အကူအညီဖြင့် မွေးဖွားခဲ့သည်။ စတင်ဖွဲ့စည်းသည့် အချိန်တွင် ယခုအခါ AA ၏ စစ်ဦးစီးချုပ် ဖြစ်လာသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဦးဆောင်သော ရခိုင်လူငယ် ၂၆ ဦးဖြင့် AA ကို တည်ထောင်ခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း AA ၏ လူအင်အား အရေအတွက်နှင့် စွမ်းရည်က ကြီးမားစွာ မြင့်တက်လာခဲ့သည်။ AA က တပ်သား ၁၀၀၀၀ ခန့် အထိ အရေအတွက် တိုးပွားလာခဲ့သည်ဟု သိရသည်။

AA က အစပိုင်းတွင် KIA ၏နယ်မြေများ၌ လှုပ်ရှားခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် ခြေကုပ်ယူရန် ၂၀၁၅ ခုနှစ်တွင် ၎င်း၏ တပ်များကို ရခိုင်ပြည်နယ်သို့ စေလွှတ်ခဲ့သည်။ AA က နှစ်စဉ်ရာနှင့်ချီသော တပ်သားများကို စုဆောင်းခဲ့သည်။ ၂၀၁၉ ခုနှစ် အထိ စစ်ပညာ လေ့လာရန် KIA ၏ စစ်ရေးအကယ်ဒမီသို့ လူငယ်နှင့် ပညာတတ် အချို့ကို စေလွှတ်သော်လည်း ပြီးခဲ့သည့် နှစ်မှစ၍ AA က ၎င်း၏ ကိုယ်ပိုင်အင်အားစုများကို ပို့ရန် မလိုအပ်ပါ။ ယခုအခါ AA တပ်ဖွဲ့ အင်အား အများအပြားကို လေ့ကျင့် ပေးနေသည့် ၎င်း၏ ကိုယ်ပိုင်အကယ်ဒမီကို ဖန်တီးခဲ့ပြီးသောကြောင့် ဖြစ်သည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
94
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.7k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.2k

၂၀၁၈ ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် လူမှုမီဒီယာ၌ ဗီဒီယိုတခုပေါ်လာသည်။ ထိုဗီဒီယိုတွင် AA အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က“ ရက္ခိတ လမ်းစဉ် ” (သို့မဟုတ် ရက္ခိုင် အိပ်မက် ၂၀၂၀) ကိုမိတ်ဆက်ခဲ့သည်။ “ ရက္ခိတ လမ်းစဉ် ” အဓိပ္ပာယ်ဖွင့်ဆိုချက်က တခုတည်းမဟုတ်ပါ။ ၎င်းသည် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဗဟိုပြုထားပြီး တချိန်က ကြီးကျယ်ခဲ့သော ရက္ခိုင် ဘုရင့်နိုင်ငံတော်၏ အမှတ်တရများကို နှိုးဆွပေးထားသည့် အယူအဆတခု ဖြစ်သည်။ ကျေးလက်နေ ဆင်းရဲသောလူငယ်များမှသည် ပညာတတ်များ၊ နိုင်ငံရေးသမားများအထိ ရခိုင်လူမျိုး အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

AA အင်အား ကြီးထွားလာသည်နှင့် အမျှ AA အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၀ အင်အားစုနှင့် အလားတူသည့် ကွန်ဖက်ဒရိတ် အဆင့်အတန်း ရရှိရန် AA ၏ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။ AA အနေဖြင့် ၎င်း၏ ကွန်ဖက်ဒရိတ် ရည်မှန်းချက်ကို စွန့်လွှတ်ရမည်ဟု တပ်မတော်က ချက်ချင်းတုံ့ပြန်ခဲ့သည်။

တချိန်တည်းမှာပင် ၂၀၁၉ ခုနှစ်အစောပိုင်းတွင် တပ်မတော်နှင့် AA တို့ အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်နေကြစဉ် ရခိုင်ပြည်နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ကျော်တို့ AA နှင့်ဆက်စပ်မှုရှိသည်ဟု မှားယွင်း စွပ်စွဲခံရမည် စိုးရိမ်သောကြောင့် နုတ်ထွက်သွားခဲ့ ကြသည်။ ၎င်းသည် ယခင်က အခြားတိုင်းရင်းသားဒေသများ၌ မတွေ့ဖူးသော ဖြစ်ရပ်တခုဖြစ်ခဲ့သည်။

အမှန်တကယ်တွင်လည်း စစ်ရေးနှင့် နိုင်ငံရေး စွမ်းရည် ၂ မျိုးလုံးပေါ်တွင် တည်သော AA ၏ အင်အားက လွှမ်းမိုးထားပြီး ဖြစ်သည့် အင်အား (တပ်မတော်) အတွက် ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။

ထောင်ချောက်တွင်းသို့ ကျရောက်ခြင်း

AA ၏ အသာစီးရယူမှုနှင့် လွှမ်းမိုးထားသော အာဏာကို စိန်ခေါ်ရန် ကြိုးပမ်းမှုက တပ်မတော်၏ သည်းခံနိုင်မှုထက် ကျော်လွန်သွားခဲ့သည်။ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ၎င်း၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားတခုတွင် ၎င်း၏ စစ်အင်အားကို ပြသခဲ့ပြီးနောက် တပ်မတော်က UWSA အပေါ် အမြင့်ဆုံးသော သည်းခံမှုကို တကြိမ် ပြသခဲ့ပြီး ဖြစ်သည်။

၂၀၁၈ ခုနှစ်အောက်တိုဘာ ၁၅ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည့် တတိယမြောက် နှစ်ပတ်လည်အခမ်းအနားတွင် တပ်မတော်က ၂၀၂၀ ခုနှစ်တွင် ထာဝရတည်တံ့သောငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမည်ဟု ထပ်မံပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း၏ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေငြာသည့်အချိန်တွင် ရခိုင်ပြည်နယ် ပါဝင်သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ချန်လှပ်ထားခဲ့သည်။ ထိုအမိန့်တွင် စစ်တိုင်း ၅ ခုသာ ပါဝင်ခဲ့သည်။ ကချင်ပြည်နယ် ပါဝင်သည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည်နယ်ရှိ တြိဂံတိုင်း စစ်ဌာနချုပ်တို့ ဖြစ်ကြသည်။ တပ်မတော်က ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးများကို အာရုံစိုက်နိုင်ရန် ထိုဗျူဟာကို ချမှတ်ခဲ့သည်ဟု AA က စွပ်စွဲခဲ့သည်။

AA က ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မြို့နယ်ရှိ နယ်ခြားစောင့် စခန်း ၄ ခု ချိန်သားကိုက် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။

၂၀၁၉ ခုနှစ် သြဂုတ်လတွင် AA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ပါဝင်သော မိတ်ဖက်အဖွဲ့ ၂ ဖွဲ့ ဖြစ်သော တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တို့က တပ်မတော်၏ အချက်အချာ နေရာဖြစ်သည် မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) အား အကွက်ချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် အစိုးရက AA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ဖြစ်သော KIA၊ TNLA နှင့် MNDAA တို့နှင့်အတူ ရှမ်းပြည်နယ် မူဆယ်မြို့ နှင့် ကျိုင်းတုံမြို့ ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် သုံးကြိမ် တွေ့ဆုံခဲ့သည်။ သို့သော်လည်း သိသာ ထင်ရှားသော ရလဒ် မထွက်ပေါ်ခဲ့ပါ။

ယခုအခါ COVID-19 ဖြစ်ပွားမှုနှင့်အတူ တကမာ္ဘလုံးက ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်တိုင် တပ်မတော်နှင့် AA တို့ ကြားမှ စစ်ပွဲက ပိုမို အရှိန်မြင့်တက်လာခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ကပ်ရောဂါ ဖြစ်ပေါ် နေသည့် အချိန်တွင် ကမာ္ဘတလွှား၌ အပစ်အခတ်ရပ်စဲကြရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း ထိုတောင်းဆိုမှုကို တပ်မတော်က ငြင်းပယ်ခဲ့သည်။ ယခုအခါ တပ်မတော်က မြေပြင်တပ်များနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကို အသုံးပြုသော တိုက်ခိုက်မှုများမှ တဆင့် AA ကို ထိုးနှက်ရန် စစ်ဆင်ရေးများ ပြုလုပ် နေသည်။

တည်ထောင်ထားပြီး အာဏာဖြစ်သည့် စပါတာနှင့် တိုးတက်လာသော အာဏာ ဖြစ်သော အေသင်တို့ စစ်ဖြစ်ကြသည့်အခါ ဂရိ တနိုင်ငံလုံး စစ်ပွဲ၏ သက်ရောက်မှုကို ခံစားခဲ့ရသည်။ ကျယ်ပြန့်သောမြို့များကို ဖျက်ဆီးခြင်းနှင့် နောက်ဆက်တွဲ ဆင်းရဲမွဲတေမှုကြောင့် ပျက်စီး ဆုံးရှုံးမှုများကို ခံစားခဲ့ကြရသည်။

အလားတူပင် မြန်မာနိုင်ငံတွင် သြဇာကြီးသော အင်အားဖြစ်သည့် တပ်မတော်နှင့် အင်အားကြီးထွားလာသည့် AA ကြားမှ ရခိုင်စစ်ပွဲက သောင်းနှင့်ချီသော အိုးအိမ်စွန့်ခွာထွက်ပြေးရသူများကို ပေါ်ပေါက်စေခဲ့ပြီး အပြစ်မဲ့ ပြည်သူများ၏ အသက် များကို ယူဆောင်သွားခဲ့သည်။ ကျေးရွာများစွာကို ပျက်စီးစေခဲ့သည်။ Thucydides ထောင်ချောက်တွင် တပ်မတော်နှင့် AA တို့ ပိတ်မိနေခြင်းက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ ပြည်သူများအတွက် နောက်ဆုံးတွင် ဝမ်းနည်းစရာ ရလဒ်များကို ဖြစ်ပေါ်စေခဲ့သည့် ကံကြမ္မာဆိုး ဖြစ်ပါသည်။

(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာဆန်းစစ်သူ တဦး ဖြစ်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ၎င်း၏ In Myanmar, Tatmadaw and Arakan Army Caught in Thucydides’ Trap ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

နိုင်ငံတော်အတိုင်ပင်ခံ၏ ထုတ်ပြန်ချက် အပေါ် သဘောထားအမြင်များ

ရခိုင်ပြည်သူများ၏ ဒုက္ခကိုစာနာပြီး တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်ရန် ALP တောင်းဆို

တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ရွာ၂၀ နီးပါး ထွက်ပြေးနေရ

Your Thoughts …
Tags: Thucydidesထောင်ချောက်ရခိုင်စစ်ပွဲသျူစစ်ဒဒီအာဏာ
Joe Kumbun

Joe Kumbun

Contributor

Similar Picks:

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၂)

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၂)

by ဉာဏ်သစ်
5 January 2025
10.4k

၂၀၀၄ ခုနှစ်တွင် တိုက်ခိုက်ရေး တပ်များက အာဏာ ပြန်ရလိုက်ပြီး ထောက်လှမ်းရေးက ခြေဖဝါးအောက်သို့ ရောက်သွားရသော အခါ ဝမ်းသာသည့်သူ အများပင် တပ်မတော်ထဲတွင် ရှိခဲ့သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၃)

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း (၃)

by ဉာဏ်သစ်
12 January 2025
6.1k

ခင်ညွန့်သည်လည်း သူ့ကိုယ်ပိုင် ဘိုးတော် ကွန်ရက်နှင့် ထောက်လှမ်းရေး စနစ်၏ အာဏာတို့ကြောင့် ဆူဖြိုးနေသဖြင့် သွားရည် ယိုစရာ အစာတလုတ် ဖြစ်နေ၍ နအဖ ဟူသော ပါးစပ်ကြီးကလည်း…

အာဃာတ နိုင်ငံရေး

အာဃာတ နိုင်ငံရေး

by မောင်ထင်
25 January 2025
949

နိုင်ငံရေး လောက၌ မစားဘဲ စွန့်သွားကြရရှာသူများ အကြားတွင် မစွန့်ဘဲ စားလိုသူတို့ ပေါများ လာလေသည်… အာဏာကို မူတည်၍ မကောင်း ကြံလာကြသောအခါ လုပ်ကြံမှုကြီးများ ပေါ်ပေါက်လာသည်…

ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ

ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ

by ဧရာဝတီ
10 August 2024
502

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စစ်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာ အနည်းဆုံး ၁၀၀၀ ရှိကြောင်း ချောင်ဒရီပြောသည်။

၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့က တပ်မတော်(ရေ)မှ စစ်သင်္ဘောများ တပ်တော်ဝင်စဉ် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဧရာဝတီ)

စစ်မှုထမ်း စည်းမျဉ်းများ ပြင်ဆင်ပြီး တပ်ချုပ်သက်တမ်း အကန့်သတ်မဲ့ ပြုလုပ်

by ဧရာဝတီ
21 May 2021
48.9k

တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့၏ အသက် ကန့်သတ်ချက်အား ၆၅ နှစ် အထိသာ ကန့်သတ်ခဲ့ခြင်း ဖြစ်သော်လည်း အသက် ၆၅ နှစ်ပြည့်ရန် လပိုင်းသာ လိုတော့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်သည် အာဏာသိမ်းကာ ၎င်း၏ တပ်ချုပ်ရာ ထူး...

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် / ဧရာဝတီ

ရခိုင်စစ်ပွဲ ပြန်စတော့မလား

by အဂ္ဂအောင်
10 May 2022
41.6k

ဗိုလ်ချုပ်ထွန်းမြတ်နိုင် စိန်ခေါ်ချက် မတိုင်မီကတည်းက ရခိုင်ပြည်နယ်မှာ စစ်ရိပ်စစ်ငွေ့က သမ်းနှင့်နေပြီ လို့ ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။

Next Post
ဧရာဝတီဖောင်ဒေးရှင်းမှ အစားအသောက်များကို နေ့စဉ်လှူဒါန်း (ရုပ်/သံ)

ဧရာဝတီဖောင်ဒေးရှင်းမှ အစားအသောက်များကို နေ့စဉ်လှူဒါန်း (ရုပ်/သံ)

ပြန်လည်ကျန်းမာလာတဲ့ ဗြိတိန်စစ်မှုထမ်းဟောင်း Douglas Moore

COVID-19 ကူးစက်ခံရတဲ့ အသက်၉၈နှစ် ဗြိတိန်စစ်မှုထမ်းဟောင်း ပြန်လည်ကျန်းမာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved