နတ်မြစ်တဘက်ကမ်းကို ကျော်လွန်ပြီး မြန် မြန်မာ့တပ်မတော် စစ်သည် နှစ်ဦး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့သို့ ရောက်ရှိသွားကြောင်း သတင်းထွက်ပေါ်လာအပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားတွင် ၂ ဘက်တပ်များ တိုးချဲ့ချထားခြင်းကြောင့် ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာလာခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များအတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ် AA တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း သတင်းတို့က နောက်ဆက်တွဲထွက်ပေါ်လာခဲ့ရာ ဆက်စပ်စဉ်းစားစရာများ ဖြစ်လာခဲ့သည်။
စက်တင်ဘာ ၈ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် Fortify Rights က New York Times သတင်းစာနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ခေါ် ရခိုင်ပြည်မြောက်ပိုင်းနေ မွတ်ဆလင်များအား သတ်ဖြတ်ခြင်းကို မြန်မာ့တပ်မတော်၏ အမိန့်ဖြင့် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော တပ်သား ၂ ဦး၏ သက်သေခံ ထွက်ဆိုချက်ကို ထုတ်ပြန်ခဲ့သည်။
ယခုနှစ် မေလအတွင်းက ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့မှ တပ်သား မျိုးဝင်းထွန်းနှင့် တပ်သား ဇော်နိုင်ထွန်းတို့ ၂ ဦး၏ ရုပ်သံ ဗွီဒိယိုဖိုင်ကို AA အဖွဲ့က ထုတ်လွင့်ခဲ့ပြီး ၎င်းတို့မှာ တပ်ပြေး ရောက်လာခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။ စောင့်ကြည့်အကဲခတ်များကမူ စစ်သုံ့ပန်းဟု ခေါ်ကြသည်။
ယင်းအပြင် ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်း တန်ပြန် စစ်ဆင် ရေး လှုပ်ရှားမှုတွင် ၎င်းတို့ ကိုယ်တိုင် ပါဝင်ခဲ့ပြီး အထက်အမိန့်အရ မွတ်ဆလင်ကျေးရွာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရကြောင်းလည်း ထိုရုပ်သံဖိုင်တွင် ဝန်ခံထွက်ဆိုသွားသည်။
မြန်မာအစိုးရနှင့် တပ်မတော်တို့သည် တဘက်နိုင်ငံသို့ ရောက်ရှိနေသော မွတ်ဆလင်အရေးအပါအဝင် လူမျိုးတုန်းသတ်ဖြတ်သည့် စွပ်စွဲမှုများဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် အမှုရင်ဆိုင်နေရပြီး နိုင်ငံတကာ ဖိအားများကို ခံနေရသောအချိန်တွင် အဆိုပါ တပ်မတော်သား ၂ ဦးမှာ နယ်သာလန်နိုင်ငံသို့ ရောက်ရှိသွားသည့်အတွက် ခေါင်းကိုက်စရာ ဖြစ်လာခဲ့သည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်သား ၂ ဦး နယ်သာလန်နိုင်ငံကို ရောက်ရှိသွားခြင်း ၊ မရောက်ရှိနေခြင်းဆိုသည်အပေါ် အငြင်း မပွားလိုကြောင်း၊ အကယ်၍ ၎င်းတပ်မတော်သား ၂ ဦးကို နယ်သာလန်နိုင်ငံထိ ရောက်ရှိနေသည်ဆိုပါက ပို့ပေးလိုက်သူနှင့် ပို့ပေးရာတွင် ပါဝင်ပတ်သတ်သူများမှာ မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် အချုပ်အခြာအာဏာကို စိန်ခေါ်ခြင်း ဖြစ်ကြောင်း ပြောသည်။
“ပို့ပေးလိုက်တယ် လူတွေဆိုရင်လည်း ပို့ပေးလိုက်တဲ့ လူတွေ၊ မပို့ပေးလိုက်တဲ့ လူတွေဆိုရင်လည်း ပို့ပေးသယောင် ပြောနေတဲ့ လူတွေသည် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို စိန်ခေါ်တာပဲ ဖြစ်တယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လက်ခံထားသည့် နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံ အစိုးရအပေါ် အဆိုပါ တပ်မတော်သား ၂ ဦးကို တရားဝင်လွဲပြောင်းပေးရမည် ဖြစ်ကြောင်း လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းဆိုလိုက်သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စစ်ရေးတင်းမာမှု
နယ်သာလန်နိုင်ငံ သည်ဟိဂ်ကို ရောက်ရှိနေသော တပ်မတော်သား ၂ ဦးကို ပို့ပေးလိုက်သောသူများမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မြန်မာ အာဏာပိုင်များက တိတိကျကျ ထုတ်ဖော် မပြောဆိုသော်လည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် AA အဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း ပစ်မှတ်ထား ပြောဆိုခြင်း ဖြစ်သည်။
မေးစရာမေးခွန်းများ ဤနေရာတွင် ပေါ်ထွက်လာသည်။ AA က မြန်မာစစ်သား ၂ ဦးကို ဘင်္ဂလားဒေ့ရှ်အား ဘာကို မျှော်လင့်ပြီး ပေးလိုက်သနည်း။ ရန်သူဖြစ်သော မြန်မာအစိုးရနှင့် တပ်မတော်ကို AA က နာမည်ပျက်စေလိုသည်မှာ သေချာသော်လည်း ယင်းထက် ပိုသော အပေးအယူရှိနိုင်သေးသလား။
မေးစရာမေးခွန်းများ ဤနေရာတွင် ပေါ်ထွက်လာသည်။ AA က မြန်မာစစ်သား ၂ ဦးကို ဘင်္ဂလားဒေ့ရှ်အား ဘာကို မျှော်လင့်ပြီး ပေးလိုက်သနည်း။ ရန်သူဖြစ်သော မြန်မာအစိုးရနှင့် တပ်မတော်ကို AA က နာမည်ပျက်စေလိုသည်မှာ သေချာသော်လည်း ယင်းထက် ပိုသော အပေးအယူရှိနိုင်သေးသလား။
တပြိုင်နက်တည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သည်တို့သည် နယ်စပ်တလျှောက်တွင် နှစ်ဘက်လုံးက စစ်အင်အားတိုးမြင့်ထားပြီး စည်းခြားထားသည့် ပင်လယ်ပြင် ရေပိုက်နက်အလိုက် စစ်သဘောင်္များကြီးများဖြင့် စစ်ရေးလှုပ်ရှားကာ နယ်စပ်တင်းမာမှုကလည်း ပေါ်ထွက်လာခဲ့သည်။
မြန်မာတပ်များသည် နယ်စပ်တွင် အလွန်နီးကပ်စွာ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်ဟုဆိုကာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးက စက် တင်ဘာလ ၁၃ ရက်နေ့က ခေါ်ယူ သတိပေး ကန့်ကွက်ခဲ့သည့်အပြင် စက်တင်ဘာလ ၁၅ ရက်တွင်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဥက္ကဌထံ စာပို့တိုင်ကြားခဲ့သည်။
မြန်မာဘက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ARSA နှင့် AA အဖွဲ့ နှစ်ဖွဲ့လုံးဟာ ဘင်္ဂလားဒေ့ရှ် ပိုက်နက်နယ်မြေကို ခိုလှုံနေကြပြီး ARSA အဖွဲ့နှင့်အပေါင်းပါများသည် ဒုက္ခသည် နေရပ်ပြန်လာရေးကို ဟန့်တား နှောင့်ယှက်နေသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် တားဆီးပေးရန် လိုအပ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က ၅၇ ကြိမ်မြောက် ကုလသမ္မက အထွေထွေ ညီလာခံတွင် ပြောဆိုတင်ပြခဲ့သည်။
AA နှင့် ဘင်္ဂလားဒေ့ရှ်
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကတည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ဖြစ်ပွားနေသော စစ်မျက်နှာသွင်ပြင်က ကျယ်ပြန့်သထက် ကျယ်ပြန့်လာပြီး အိမ်နီးချင်းနိုင်ငံအထိပါ ဂယက်ရိုက်ခတ်လာသည်။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ စသည့် တြိဂံ ပုံစံရှိသည့် သုံးနိုင်ငံနယ်စပ် ချင်းပြည်နယ် ပလက်ဝ အနောက်ဘက်ခြမ်းတွင် ခြေကုပ်စခန်းများ ထားရှိကာ ထိုမှတဆင့် ပြောက်ကျား စစ်ဆင်ရေးကို စီမံကွပ်ကဲနေကြောင်း တပ်မတော်နှင့် စစ်ရေးလေ့လာသူများက ဆိုကြသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပလက်ဝမြို့နယ်အတွင်း AA ခေါ်ဆောင်သွားရာမှ ပြန်လည် ဝင်ရောက်လာသော ကင်းတလင်းကျေးရွာသားကို ခေါ်ယူစစ်ကြောခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုက်နက်ထဲတွင် AA ၏ တပ်မဟာ (၃) စခန်းတည်ရှိပြီး ရက်ပေါင်း ၄၀ ကျော်ကြာမြင့်သော မီးဝ တိုက်ပွဲအတွင်းက ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို ၎င်းနေရာတွင် ဆေးဝါးကုသသည်ကို အထောက်အထား ခိုင်ခိုင်မာမာ ရရှိထားကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
တောတောင်ထူထပ်သော ထိုနယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများ၊ ဆေးဝါး ရိက္ခာများကို AA အဖွဲ့ဝင်များက သယ်ယူရာတွင် “လား” များကို အသုံးပြုပြီး သယ်ယူပို့ဆောင်ကြကြောင်းလည်း စစ်ရေးလေ့လာသူများက ဆိုသည်။
တောတောင်ထူထပ်သော ထိုနယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများ၊ ဆေးဝါး ရိက္ခာများကို AA အဖွဲ့ဝင်များက သယ်ယူရာတွင် “လား” များကို အသုံးပြုပြီး သယ်ယူပို့ဆောင်ကြကြောင်းလည်း စစ်ရေးလေ့လာသူများက ဆိုသည်။
တပ်မတော်သည် လက်နက်ခဲယမ်းနှင့် ရိက္ခာ ဆေးဝါး သယ်ယူရေးလမ်းကြောင်းများကို အမျိုးမျိုးဖြတ်တောက်ရန် ကြိုးစားသော်လည်း AA တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ခဲယမ်းများ ကုန်ခမ်းသွားခြင်း မရှိပါ။
AA ၏လက်နက်များသည် “ဝ” တပ်ဖွဲ့နှင့် တရုတ်နိုင်ငံတို့က နည်းလမ်းအမျိုးမျိးဖြင့် ထောက်ပံ့ထား ကြောင်း စစ်ရေးလေ့လာသူများက ယူဆကြသလို နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် လက်နက်မှောင်ခိုဈေးကွက်တခု ကြီးထွားနေပြီး ထိုနေရာမှ AA အဖွဲ့အနေဖြင့် လက်နက်ခဲယမ်းများကို ဝယ်ယူ ရရှိနေကြောင်း စစ်ရေးအကဲခတ်လေ့လာသူများက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သမိုင်းတလျှောက် ရခိုင်တော်လှန်ရေးသမားများ ခိူလှုံရာ ဒေသတခုဖြစ်ခဲ့ပြီး အတိတ်သမိုင်းက ဗိုလ်ချင်းပြန်တော်လှန်ရေးမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခြေပြုခဲ့ရသလို ရခိုင် လွတ်မြောက်ရေးပါတီ (ALP) နှင့် ရက္ခိုင်တပ်မတော် (AA) အမည်ဖြင့် စတင်တည်ထောင်ခဲ့သူ ဗိုလ်ရာဇာမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခြေပြုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှေ့တောင်တွင် တည်ရှိသည့် စစ်တကောင်း တောင်တန်း ဒေသသည် ရှေးယခင် ရခိုင်ဘုရင်များ အုပ်စိုးရာ (ဗိုလ်မင်းထောင်၊ သက်ထောင်၊ ဖလံထောင်၊ ပန်းဝါ၊ ဖလောင်းချိပ်) ဒေသခုဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ရခိုင်နှင့် ရခိုင်အမျိုးနွယ်စုများ သိန်းချီ နေထိုင်သည့် ဒေသခုလည်း ဖြစ်သည်။
ထိုစစ်တကောင်းဒေသအတွင်းက မြေမျက်နှာသွင်ပြင်မှာ စိုက်ပျိုးရေး အလွန် ကောင်းမွန်သည့် မြေပြန့်ဒေသခုဖြစ်ပြီး ဗိုလ်မင်းထောင်ဟုခေါ်သော ဒေ သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် နယ်စပ်ချင်း ထိစပ်ပြီး ရခိုင် လက် နက်ကိုင်တော်လှန်ရေးသမားများ အဆက်ဆက်သည် ထိုအရပ်တွင် မျိုးနွယ်စုတူများနှင့် သွေးနီးသည့် ဒေသခုဟု ဆိုရမည်။
စစ်တကောင်းတောင်တန်းဒေသတွင် အခြေချ နေထိုင်သည့် ရခိုင်နှင့် မျိုးနွယ်စုများသည် ထိုနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စစ်ဘက်ဆိုင်ရာများတွင် အမှုထမ်းခွင့်ရရှိထားသည်။
စစ်တကောင်းတောင်တန်းဒေသတွင် အခြေချ နေထိုင်သည့် ရခိုင်နှင့် မျိုးနွယ်စုများသည် ထိုနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စစ်ဘက်ဆိုင်ရာများတွင် အမှုထမ်းခွင့်ရရှိထားသည်။
ထို့ကြောင့် ရခိုင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ ဒေသအာဏာပိုင်များကြား ဆက်ဆံရေးကလည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်လာပါသည်။
ARSA နှင့် ဘင်္ဂလားဒေ့ရှ်
မြန်မာနယ်ခြားစောင့် စခန်းများအား ညသန်းခေါင်ယံတွင် ညာသံပေးပြီး လူအုပ်စုလိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်ဟု အမည်ပေးထားသည့် ARSA အဖွဲ့သည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုက်နက်ထဲတွင် ဝင်ရောက်လှုပ်ရှားနေပြီး ဒုက္ခသည်များ ပြန်လည် ဝင်ရောက်ရေး ဟန့်တား နှောက်ယှက်နေကြောင်း မြန်မာအစိုးရဘက် ကမ္ဘာကို ချပြလာသည်။
ARSA အဖွဲ့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် အမှတ် ၁ နယ်ခြားစောင့်ဌာနချုပ် (ကျီးကန်းပြင်)နှင့် ကိုးတန်းကောက် ရဲစခန်း၊ ငါးခူရ ရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၂၀၁၇ ခုနှစ်သြဂုတ်လ ၂၅ ရက်နေ့တွင်လည်း ကိုဖီအာနန် အကြံပေးကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာ ထွက်ပေါ်လာသည်နှင့် တပြိုက်နက် နယ်ခြားစောင့် တပ်စခန်း ၃၀ ကို တပြိုင်တည်း တိုက်ခိုက်ခဲ့သည်။
ထိုအရေးခင်းနောက်ပိုင်း တပ်မတော်၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုများကြောင့် မွတ်ဆလင်ကျေးရွာသား အမြောက်အမြား တဘက်နိုင်ငံသို့ ဝင် ရောက်သွားခဲ့ပြီးနောက်ပိုင်း “လူမျိုးသုဉ်းသတ်ဖြတ်မှု” ကျူးလွန်ကြောင်း စွပ်စွဲမှုများ ပေါ်ထွက်လာကာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဒုက္ခသည်ပြန်လည် လက်ခံရေး ကိစ္စမှာလည်း ရှေ့မတိုးနိုင်ပဲ ဖြစ်နေသည်။
မောင်တောဒေသမှ ပါကစ္စတန်သို့ ပြောင်းရွေ့နေထိုင်သော မိသားစုနွယ်ဖွား ဖြစ်ပြီး ကရာချီမှာ ကြီးပြင်းကာ ဆော်ဒီအာရေးဗျတွင် လူဂုဏ်တန် အသိုင်းအဝိုင်းတခုနှင့် နီးစပ်သည့်အထိ အောင်မြင်ပေါက်ရောက်သော ဘာသာရေးဆရာတဦး ဖြစ်သော ARSA ခေါင်းဆောင် အတာအူလ္လာသည် မောင်တောရှိ မွတ်ဆလင် ကျေးရွာများသို့ စိမ့်ဝင်ချိန် အကြောက်တရားဖြင့် သိမ်းသွင်းခဲ့သည်။
အကြမ်းဖက်အဖွဲ့ အမြစ်စတွယ်စ အချိန်ပိုင်းက ARSA အဖွဲ့၏ ဗိုလ်ကျမှုများကို မခံနိုင်သည့် ဘင်္ဂါလီရွာသားတချို့က နယ်မြေခံ နယ်ခြားစောင့်ရဲစခန်းသို့ သွားရောက်ပြီး ရွာထဲတွင် မည်သူမည်ဝါတွေက အကြမ်းဖက်သမားများနှင့် ဆက်နွယ်ပြီး ရွာသားများကို မည်ကဲ့သို့ ပြုမှု လုပ်ဆောင် နေသည်ကို သတင်းပေး တိုင်ကြားမှုများ ရှိခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသအာဏာပိုင်များက စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်မှု တစုံတခု မလုပ်ခဲ့ရုံမက အေးချမ်းစွာနေလိုသော မွတ်ဆလင် လယ်သမားများ၏ မိသားစုဘဝပေါင်းများစွာကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည်။
ယခု ရခိုင်မြောက်ပိုင်းက စစ်ရေးဋိပက္ခ သပွတ်အူလိုက်နေသော အချိန်အခါကို အခွင့်ကောင်းယူပြီး ARSA အဖွဲ့သည် ၂၀၂၀ အစောပိုင်းကတည်းက တကျော့ပြန် စိမ့်ဝင်ရောက်ရှိလာပြီး မေယုတောင်ကြောပေါ်တွင် ယာယီခိုအောင်း နေထိုင်ပြီး ရံဖန်ရံခါ ယူနီဖောင်းများပင် ဝတ်ဆင်ပြီး မွတ်ဆလင် ကျေးရွာများသို့ လာရောက်တတ်ကြောင်း ဧရာဝတီသတင်းရင်းမြစ်များက ဆိုသည်။
ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲတွင်ပင် လူသစ်များကို ခေါ်ယူ စုဆောင်းပြီး အခြေခံ လက်နက်ငယ်သင်တန်းနှင့် ဗုံးလုပ်နည်းများကို အထူး တလည် သင်တန်းများ ပို့ချကာ လက်နက်အား လူအား တောင့်တင်းသည့် AA အပေါ် အားကျကာ စစ်ရေးအရ လှုပ်ရှားရန် စိုင်းပြင်းနေကြောင်းလည်း သိရသည်။
သို့သော်လည်း ARSA တွင် AA ကဲ့သို့ အောက်ခြေလူထု ထောက်ခံမှု၊ ရံပုံငွေရှာဖွေနိုင်မှု၊ စစ်ရေးအတွေ့အကြုံများ မရှိပေ။
သို့သော်လည်း ARSA တွင် AA ကဲ့သို့ အောက်ခြေလူထု ထောက်ခံမှု၊ ရံပုံငွေရှာဖွေနိုင်မှု၊ စစ်ရေးအတွေ့အကြုံများ မရှိပေ။
AK 47 လက်နက်တချို့နှင့် နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်စဉ်က ရရှိသွားသည့် လက်နက်ခဲယမ်းတချို့သာ ရှိပြီး အများစုမှာ မီးကျိုး ၊ မောင်းပျက်များနှင့် လုပ်သေနတ်များသာ တပ်ဆင်နိုင်ကြောင်း စောင့်ကြည့်လေ့လာသူ အချို့က ဆိုသည်။
မြန်မာထောက်လှမ်းရေး သတင်းရင်းမြစ် အချို့က ARSA သည် ယခင်လို ရဲစခန်းများကို တပြိုင်တည်း အလစ်အငိုက် တိုက်ခိုက်နိုင်သည့် အနေအထား မရှိတော့သည့်အတွက် ရံဖန်ရံခါ လမ်းသွားလမ်းလာ တပ်ဖွဲ့ဝင် တချို့ ကို ချောင်းမြောင်းတိုက်ခိုက်သည့် အခြေအနေသာ ရှိကြောင်း သုံးသပ်သည်။
ယခုထိ AA နှင့် ARSA သည် တကြိမ်တခါမှ တိုက်ခိုက်မှုမရှိသလို နှစ်ဦးနှစ်ဘက် စစ်ရေးမဟာမိတ်ဖွဲ့ကာ ပေါင်းစည်းထားကြောင်း တပ်မတော်နှင့် လေ့လာသူတချို့က စွပ်စွဲပြောဆိုထားသော်လည်း လက်ဆုပ်လက်ကိုင် ပြနိုင်သည့် မည်သည့် အထောက်အထားကိုမှ မတွေ့ရပေ။
သို့သော် ၂ ဖွဲ့လုံး ဘင်္ဂလားဒေ့ရှ်ထဲတွင် အခြေစိုက်နိုင်ဖွယ်မှာ သေချာသည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့်လည်း ၎င်း၏ နယ်မြေအတွင်း အနည်းဆုံး ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်မှု အန္တရာယ်နှင့် ကြုံတွေ့နိုင်ဖွယ်ရှိနေသော ARSA ထက် မြန်မာ့မြေပေါ်တွင်သာ တိုက်ပွဲဖော်နေပြီး မြန်မာအစိုးရနှင့် တပ်မတော်ကို ခေါင်းကိုက်စေသော AA ကို လောင်းကြေးထပ်နိုင် ပုံပေါက်သည်။
မြန်မာစစ်သား ၂ ဦးကို AA လက်ထဲမှ လွှဲယူကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်သို့ ပို့ပေးလိုက်ခြင်းကပင် သက်သေအထင်အရှား ဖြစ်တော့သည်။
You may also like these stories:
အမှန်တရားရှာမှာလား လုပ်ဇာတ်တွေကို မီးထိုးပေးမှာလား
AAနှင့် ARSAတို့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို အသုံးချနေဟု မြန်မာအစိုးရပြော
မြန်မာပြည်တွင် စစ်သုံ့ပန်းများအား ရောင်းကုန်ပြုလုပ်ခြင်း