• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်အာဏာရှင်ကို အံတုသည့် Gen Z နှင့် အဓိက အင်အားစုများ

by ကျော်စွာမိုး
22 February 2021
in သူ့အတွေး သူ့အမြင်
A A
ရန်ကုန်မြို့လည်တွင် ၂၂၂၂၂ အထိမ်းအမှတ် ဖေဖော်ဝါရီ ၂၂ ရက် ဆန္ဒပြနေသူများ / ဧရာဝတီ

ရန်ကုန်မြို့လည်တွင် ၂၂၂၂၂ အထိမ်းအမှတ် ဖေဖော်ဝါရီ ၂၂ ရက် ဆန္ဒပြနေသူများ / ဧရာဝတီ

12.9k
VIEWS
Share on FacebookShare on Twitter

ဒီနေ့ အာဏာသိမ်းအစိုးရကို ဆန့်ကျင်တော်လှန်မှုဟာ ၁၉၆၂ ခုနှစ်ကတည်းကစခဲ့တဲ့ စစ်အာဏာရှင်စနစ် တွန်းလှန်ရေး တိုက်ပွဲရှည်ကြီးတလျှောက်မှာ တီထွင်ဆန်းသစ်မှုအရှိဆုံးနဲ့ အရောင်အသွေးအစုံလင်ဆုံးပါ။ Gen Z လို့ အတိုကောက်ချစ်စနိုးအခေါ်ခံနေရတဲ့ နောက်ဆုံးလူငယ်မျိုးဆက်သစ် (Generation Z) တွေရဲ့အားရစရာကောင်းတဲ့ အံတုတဲ့နည်းလမ်းတွေကို သူတို့ရဲ့ နောင်တော်မျိုးဆက်တွေက အားပေးထောက်ပံ့နေကြပါတယ်။ ဒီမျိုးဆက်သစ်လူငယ်တွေကို လက်ရှိအာဏာသိမ်းစစ်အစိုးရက ဘယ်လိုသဘောထားနေလဲ၊ နောက်ဆုံး ဒီလူငယ်တွေကို အရင်စစ်အစိုးရတွေလိုပဲ ခြေမှုန်းနှိမ်နင်းပစ်မှာလားဆိုတာ စိုးရိမ်စရာပါ။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး မကြာမီစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ၁၉၈၈ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာ ဖြစ်ခဲ့တဲ့နိုင်ငံတဝှမ်း အုံကြွဆန္ဒပြမှုတွေနဲ့မတူဘဲ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ရှင်သန်မြူးတူးပြီး စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒီထူးခြားဆန်းသစ်တဲ့ လူထုလှုပ်ရှားမှုကို ဦးဆောင်သူတွေကတော့ Gen Z ဆိုတဲ့ ဆက်ကျော်သက်တွေနဲ့ အသက် ၂၀ ဝန်းကျင်လူငယ်တွေပါ။

သူတို့ရဲ့ အဓိကတောင်းဆိုချက်က သူတို့နောင်တော် မျိုးဆက် အဆက်ဆက်က တောင်းဆိုမှုနဲ့ မကွဲပြားပါဘူး။“စစ်အာဏာရှင်စနစ်ကျဆုံးရေး” ပါပဲ။ ဒါပေမယ့် ပုံသဏ္ဍာန်ကတော့ ခြားနားပါတယ်။

အခုလူထုအုံကြွမှုဟာ အရောင်အသွေးစုံ ဝတ်စုံတွေ၊ စတိုင်ကျကျ ဖက်ရှင်အဆန်းတွေအပြင် ထူးဆန်းတဲ့ ဒီဇိုင်းမျိုးစုံပါတဲ့ “street performance” နဲ့ တူနေပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ပျောက်ဆုံးသွားတဲ့ ဒီမိုကရေစီကိုပြန်ယူဖို့ သူတို့ဘယ်လောက်လေးနက်ပြတ်သားတယ်ဆိုတာကို ကျနော်တို့အားလုံးမြင်တွေ့နိုင်ပါတယ်။

“ဘာကြောင့် ဒီနေရာမှာဆန္ဒပြနေတာလဲဆိုတော့ စစ်အာဏာရှင်စနစ်ဆိုတာကို ငြိမ်ခံမနေသင့်ဘူး။ တနိုင်ငံလုံးကတွန်းလှန်ပစ်မှ ရမယ်” လို့ လှည်းတန်းလမ်းဆုံမှာ တောက်လျှောက်ဆန္ဒပြနေတဲ့ အသက် ၁၇ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မယူမီဆန်း ကပြောပါတယ်။

“ညီမတို့ အမေတွေတုန်းက ဦးသန်းရွှေကို ရှုံးခဲ့တယ်။ အဖွားတွေခေတ်မှာ ဦးနေဝင်းကို ရှုံးခဲ့ကြတယ်။ ညီမတို့အလှည့်မှာတော့ ဒီ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ဆိုတဲ့ လူကိုနိုင်မှဖြစ်မှာ။ မဟုတ်လို့ရှိရင် နိုင်ငံက တဖြည်းဖြည်း ဆင်းရဲတွင်းနက်လာပြီး ညီမတို့မျိုးဆက်သစ်တွေရဲ့အနာဂတ်ပျောက်သွားလိမ့်မယ်” လို့ အထက်ပါ အင်္ဂလိပ်ဘာသာ အဓိက ကျောင်းသူကပြောပါတယ်။

သူမလိုပဲ ဆန္ဒပြနေတဲ့အသက် ၂၀ အရွယ် မသိမ့်မျက်ချယ် ကလည်း တတိယနှစ် တက္ကသိုလ်ကျောင်းသူတဦးဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ပထမဆုံးမဲကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပေးခဲ့ပါတယ်။

“ပြည်သူတွေက လွတ်လပ်စွာနဲ့ ဒီမိုကရေစီနည်းလမ်းကျကျမဲပေးထားတယ်။ မဲကလည်း အပြတ်အသတ် ကွာနေတယ်။ ဒီလိုဟာမျိုးကို ပြည်သူတွေကို မထေမဲ့မြင်လုပ်ပြီး သူတို့အာဏာရအောင် လုပ်ချင်တိုင်းလုပ်သွားတာကို သည်းမခံနိုင်လို့ ထွက်လာတာပါ။ အဲ့လိုမျိုး မတရားလုပ်တာကို မကျေနပ်တာ” လို့ သူက ဆိုပါတယ်။

ဒီလူငယ်ကျောင်းသူနှစ်ဦးလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပေါ်ထွက် ဆန္ဒပြသူ ရန်ကုန်မြို့တမြို့ထဲမှာ သိန်းနဲ့ချီပါတယ်။ အဲဒီလူငယ်မျိုးဆက်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လက်ရှိအုံကြွမှုမှာ တက်ကြွစွာပါဝင်နေတဲ့ အဓိကအင်အားစုဖြစ်ပါတယ်။ ဒီလူငယ်အင်အားစုသစ်တွေနဲ့ သူတို့ရဲ့တီထွင်ဆန်းသစ်တဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေကို အာဏာသိမ်းခေါင်းဆောင်တွေ ကြိုတင်မှန်းဆနိုင်ခဲ့ပုံ မရပါဘူး။

သဘောက စစ်ဗိုလ်ချုပ်တွေဟာ သူတို့နိုင်ငံရဲ့သမိုင်းသင်ခန်းစာတွေကို မလေ့လာမိခဲ့ကြဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ်ကနေ ပြီးခဲ့တဲ့ရာစုနှစ်အတွင်း စစ်အစိုးရအဆက်ဆက် ကျနော်တို့နိုင်ငံရဲ့ မတရားဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတိုင်းမှာ လူငယ်တွေကတပ်ဦးကနေ ပါဝင်ခဲ့ကြတာပါ။ လူငယ်တွေက မျိုးဆက်တိုင်းမှာအမြဲတမ်းရဲရင့်သူတွေပါ။

လူငယ်ကျောင်းသားတွေအနေနဲ့ သူတို့ဟာ မြန်မာ့သမိုင်းကြောင်းတလျှောက် တပ်ဦးမှာအမြဲရှိခဲ့တဲ့အတွက်သမိုင်းဝင်ကျောင်းသားသမဂ္ဂရဲ့ ခွပ်ဒေါင်းအလံဟာ နိုင်ငံသမိုင်းတလျှောက်လုံး လွတ်လပ်ရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီတိုက်ပွဲတွေရဲ့သင်္ကေတဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားသမဂ္ဂအလံမှာသာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံမှာပါ လူငယ်ကျောင်းသားတွေကိုဂုဏ်ပြုပြီး ခွပ်ဒေါင်းပုံကို အသုံးပြုကြတာပါ။

ဒါပေမယ့် အရင်မျိုးဆက်တွေနဲ့ Generation Z မျိုးဆက်အကြား မတူညီတဲ့အချက်ကတော့ သူတို့တွေဟာ အင်တာနက်၊ လူမှုကွန်ရက်နှင့် ကမ္ဘာတဝှမ်းက နည်းပညာတွေကို အကျွမ်းတဝင်ဖြစ်သူတွေ ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီနည်းပညာသစ်တွေကို သူတို့က အရင်စစ်အစိုးရ အာဏာကို စတင်ဖြေလျှော့ပြီးနောက် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အုံကြွမှုဟာ သူတို့ရဲ့တီထွင်ဆန်းသစ်တဲ့ ခွန်အားကို အမှန်တကယ်ပဲ လိုအပ်ပါတယ်။ ဒါပေမယ့် Gen Z မျိုးဆက်ဟာ ဒီအုံကြွမှုမှာ သူတို့ဘာလုပ်ပြီး၊ ဘယ်နေရာကရပ်တည်ရမယ်ဆိုတာ သိကြပါတယ်။

သူတို့ဟာ စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက နိုင်ငံရဲ့ ဦးဆောင် နိုင်ငံရေးအင်အားစုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရွေးကောက်ခံခေါင်းဆောင်တွေကို ထောက်ခံကြပါတယ်။

အင်အားစု ၄ ခု

ဒီကနေ့ အုံကြွမှုမှာ အဓိကအင်အားစု ၄ စုပါဝင်တဲ့ လူထုလှုပ်ရှားမှုလို့ပြောနိုင်ပါတယ်။ သူတို့ကတော့ အထက်မှာပြောခဲ့တဲ့ Gen Z ၊ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၈၈ မျိုးဆက်အပါအဝင် ယခင်နိုင်ငံရေးမျိုးဆက်တွေ၊ လူမှုအာဏာဖီဆန်မှု သို့မဟုတ် CDM ဆောင်ရွက်နေတဲ့ပြည်သူ့ဝန်ထမ်းတွေ နဲ့ ရွေးကောက်ခံအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ပဲဖြစ်ပါတယ်။ ပြည်သူလူထုကတော့ ဒီအင်အားစု ၄ ခုနဲ့အတူရှိနေပါတယ်။

ဒီ အဓိက အင်အားစု ၄ ခုဟာ လက်ရှိ အုံကြွမှုကို သီးခြားစီ ဦးဆောင်နေပါတယ်။ သီခြားစီ လှုပ်ရှားနေပေမယ့် ဟန်ချက်ညီညီဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သူတို့တွေရဲ့ အဓိကတောင်းဆိုချက်တွေကို ကြည့်လိုက်မယ်ဆိုရင် “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ”၊ “ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် ချက်ခြင်းလွှတ်” နဲ့ သူတို့ပေးခဲ့တဲ့မဲတွေကိုလေးစားဖို့ စတာတွေပဲဖြစ်ပါတယ်။ ဒီတောင်းဆိုချက်တွေရဲ့ အနှစ်သာရကို ကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့တောင်းဆိုချက်တွေက စစ်အစိုးရ နုတ်ထွက်ရေး၊ ရွေးကောက်ခံခေါင်းဆောင်တွေပြန်လွှတ်ပေးရေးနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့မဲပေးခဲ့တဲ့ပါတီကို အာဏာလွှဲပြောင်းပေးရေး တို့ပဲဖြစ်ပါတယ်။

သူတို့ဟန်ချက်ညီတယ်လို့ ပြောရတဲ့အကြောင်းကတော့ သူတို့တွေ ယှဉ်ပြိုင်နေခြင်းမရှိဘဲ တစုကို တခြားတစုက အပြန်အလှန်ပံ့ပို့ပေးနေလို့ပါပဲ။ တနည်းအားဖြင့် ပြောရရင်တော့ သူတို့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သူတို့ရဲ့ နိုင်ငံရေးဦးဆောင်အင်အားစုအဖြစ်သာမက အစိုးရဖွဲ့ဖို့ ပြည်သူတွေက တရားဝင် အခွင့်အာဏာ အပ်နှင်းထားတဲ့ ပါတီဆိုတာ ရှင်းရှင်းလင်းလင်းမြင်ကြပါတယ်။

ဒီအဓိက အင်အားစု ၄ စုကမောင်းနှင်တဲ့ လူထုလှုပ်ရှားမှုရဲ့ တခုတည်းသော ရည်မှန်းချက်က စစ်အာဏာရှင်စနစ်ကို ပယ်ချဖို့၊ ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းပြီး ရွေးကောက်ခံအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကို အာဏာပြန်လည်အပ်နှင်းဖို့ပဲဖြစ်ပါတယ်။ ဒါပါပဲ။

ဒါကြောင့်လည်း အာဏာသိမ်းပြီး ပထမဆုံးရက်ကတည်းက စစ်အစိုးရရဲ့အဓိက ပစ်မှတ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ သူတို့က ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ပါတီခေါင်းဆောင်အချို့ကို ချက်ခြင်းဖမ်းဆီးပါတယ်။ နောက်တော့ အထူးသဖြင့် ညဖက်တွေမှာ နိုင်ငံတဝှမ်းက ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်တွေအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေကို ဆက်လက်ဖမ်းဆီးပါတယ်။ အခုအချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ဝန်ကြီး၊ ဝန်ကြီးချုပ်တွေနဲ့ ပါတီဝင်တွေ ၁၃၀ ခန့် ဖမ်းဆီးခံထားရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ညမှာတော့ စစ်တပ်က ရန်ကုန်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ကို ဝင်ရောက်စီးနင်းပါတယ်။ ပါတီရုံးရဲ့ တာဝန်ရှိသူ ဦးစိုးဝင်းရဲ့အဆိုအရ စစ်သားတွေဟာ ဌာနချုပ်ဝင်ပေါက်ကို ချိုးဖျက်ဝင်ရောက်ပြီး စီစီတီဗွီ ကင်မရာတွေ၊ ကွန်ပျူတာဆာဗာတွေကို ဖျက်ဆီးပြီး မီးခံသေတ္တာထဲက ငွေစုစာအုပ်တွေနဲ့ ငွေတချို့ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။ အစောပိုင်းကတည်းက စစ်တပ်ဟာ အခြားမြို့တွေမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ရွေးကောက်ခံ ကိုယ်စားလှယ်အများအပြားဟာ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ရှောင်တိမ်းပုန်းအောင်းနေကြပါတယ်။ ပုန်းအောင်းနေတဲ့နေရာတွေကတဆင့် သူတို့ဟာ ဆက်လက်လှုပ်ရှားပြီး အများပြည်သူအတွက် ကြေညာချက်တွေ ထုတ်ပြန်နေကြပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပစ်မှတ်ထား ဖြိုခွင်းမှုက ဒီပါတီဟာ တရားဝင်အခွင့်အာဏာ အပ်နှင်းခံရလို့ ပြည်သူလူထုထောက်ခံမှုရလို့ အဓိက ပစ်မှတ်အဖြစ် ထင်ရှားပါတယ်။အာဏာသိမ်းမှုဟာ တရားဝင်ဖြစ်ကြောင်း ပြည်သူလူထုနဲ့ ကမ္ဘာကို ပြသဖို့ ဒါကို စစ်တပ်က ချက်ခြင်းကိုင်တွယ် ဆောင်ရွက်နေတာပါ။

စစ်တပ်က ပစ်မှတ်ထားတဲ့ ဒုတိယအုပ်စုကတော့ လူထု အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ပြီး အရှိန်အဟုန် ရလာနေတဲ့ ပြည်သူ့ဝန်ထမ်းတွဖြစ်ပါတယ်။ အခြားအင်အားစုတွေဖြစ်တဲ့ Gen Z ၊ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈မျိုးဆက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ဝန်ထမ်းတွေ ဒီလှုပ်ရှားမှုမှာ ဆက်လက်ပါဝင်ပြီး စစ်အစိုးရယန္တရား ရပ်ဆိုင်းသွားအောင်လုပ်ဖို့ ဆက်လက်တောင်းဆိုနေပါတယ်။ ဌာနပေါင်းစုံက ပြည်သူ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ကြပြီး အစိုးရလုပ်ငန်းတွေကို ထိခိုက်နေပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၂ ရက်အတွင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်က အများပြည်သူကို မိန့်ခွန်း နှစ်ကြိမ်ပြောခဲ့ပြီး အဲဒီမိန့်ခွန်းမှာ ဝန်ထမ်းတွေ လုပ်ငန်းခွင်ကို ပြန်လာဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရဲတွေက အချို့ပြည်သူ့ဝန်ထမ်းတွေကို အတင်းအကျပ် အလုပ်ပြန်ဆင်းခိုင်းဖို့ နေအိမ်တွေနဲ့ဆေးရုံတွေကို ဝင်ရောက်စီးနင်းပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့အားထုတ်မှုက လက်ရှိအချိန်အထိ အောင်မြင်မှုမရှိသေးပါဘူး။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
131
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
95
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
5.4k

ကိုမင်းကိုနိုင်နဲ့ လွတ်မြောက်နေဆဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလယ်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေဟာ ဒီလူထုလုပ်ရှားမှုမှာ နိုင်ငံရေးအရ ဗျူဟာကျတဲ့ အုပ်စုတွေဖြစ်ပြီး သူတို့ရဲ့ အများပြည်သူသို့ မေတ္တာရပ်ခံချက်တွေက ထိထိရောက်ရောက်ရှိပါတယ်။ စစ်အစိုးရကတော့ သူတို့ကို ပစ်မှတ်ထားတာဖြစ်ပေမယ့် သူတို့က တိမ်းရှောင်နေလို့ မချေမှုန်းနိုင်သေးပါဘူး။

တချိန်တည်းမှာပဲ စစ်အစိုးရဟာ ဆန္ဒပြပွဲတွေ စတင်တဲ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က စတင်ပြီး ယနေ့အထိ လူ ၄၀၀ကျော် ဖမ်းဆီးခဲ့ပေမယ့် Gen Z နဲ့ လမ်းပေါ်က ဆန္ဒပြသူတွေကို မချေမှုန်းသေးပါဘူး။ ဒီလိုဆိုတဲ့အတွက် ဗိုလ်ချုပ်တွေက Gen Z တွေရဲ့တီထွင်ဆန်းသစ်တဲ့ အာခံမှုတွေကို သည်းခံနေတယ်လို့မဆိုလိုပါဘူး။ ဗိုလ်ချုပ်တွေက သူတို့အတွက် ပိုအရေးကြီးတဲ့ ရန်သူတွေကို ပစ်မှတ်ထားရင်း အလုပ်များနေလို့ဖြစ်ပါတယ်။

မကြာခင်မှာ စစ်အစိုးရက Gen Z နဲ့ လမ်းပေါ်က အခြားဆန္ဒပြသူတွေကို အင်အားအလုံးအရင်းနဲ့ တိုက်ရိုက်ဖြိုခွဲလာနိုင်ပါတယ်။ ဒါပေမယ့် ဒီ လူငယ်မျိုးဆက်က ဒါကို ရင်ဆိုင်ဖို့၊ သူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကိုဖြုတ်ချပြီး ဒီမိုကရေစီကိုပြန်ထူထောင်ဖို့၊ သူတို့ ရွေးကောက်ထားတဲ့ ခေါင်းဆောင်တွေကိုအာဏာပြန်အပ်ဖို့ ပိုမိုဆန်းသစ်တဲ့ နည်းလမ်းတွေ သုံးလာဦးမှာလို့ ယုံကြည်ရပါတယ်။

Gen Z မျိုးဆက်ရဲ့ဆန်းသစ်ထိရောက်တဲ့ အာဏာရှင်အံတုမှုတွေက သူတို့နောင်တော်မျိုးဆက်တွေနဲ့ ကမ္ဘာကြီးကိုအံ့ဩစေဦးမှာအသေအချာပါ။

(Kyaw Zwa Moe ၏ Defying Myanmar Military Regime in Harmony: Gen Z and Other Main Forces ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်သည်မှာ ရဲတပ်ဖွဲ့ မဟုတ်ဟု ငြင်း

ဒီတကြိမ် လူထုအရေးတော်ပုံ အောင်မြင်မလား

ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုတွက်ကိန်းလွဲသွားလဲ

Your Thoughts …
Tags: ၈၈ မျိုးဆက်CDMGen ZNLDစစ်အာဏာရှင်မင်းကိုနိုင်လူမှုအာဏာဖီဆန်မှုအတုအဓိက အင်အားစုများ
ကျော်စွာမိုး

ကျော်စွာမိုး

ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်းအယ်ဒီတာ ဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
ရန်ကုန်မြို့လယ်တွင်တွေ့ရသည့် ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်  / ဧရာဝတီ

လူထုသန်းချီပါဝင်တဲ့ ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ် စတင်

ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြနေသည့် ပြည်သူများ / ဧရာဝတီ

နိုင်ငံခြားသံရုံးများ မြန်မာ့အရေး ဝင်မစွက်ဖက်ရန် စစ်ကောင်စီ သတိပေး

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved