ကိုဗစ်နိုင်တင်း ကူးစက်မှုနှင့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုမတိုင်မီက အာရှတွင် ဆွဲဆောင်မှု အရှိဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်မားဆုံး ဇာတ်လမ်းများအနက် တခုဖြစ်သော မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို လေ့လာရန် ဈေးကွက်သစ်ဝင်ရောက်ရေး ကျွမ်းကျင်သူများအား ၂၀၁၁ ခုနှစ်မှ စတင်ပြီး ရင်းနှီးမြျုပ်နှံသူများက တသုတ်ပြီး တသုတ် အလုပ်ခေါ်ယူခဲ့ကြသည်။
ရင်းနှီးမြှုပ်နှံသူတိုင်း အမြတ်ရကြသည် မဟုတ်ဘဲ စိန်ခေါ်မှုများသော လုပ်ငန်းပတ်ဝန်းကျင်နှင့် ပတ်သက်၍ ကျယ်ကျယ်လောင်လောင် သတိပေးမှုများလည်း ရှိခဲ့သည်။ ရွေးကောက်ခံအစိုးရသည် စီမံကိန်းတချို့ကို အကောင်အထည်ဖော်ရေး နိုင်ငံတကာ မိတ်ဖက်များနှင့် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသည်။ သို့သော် စစ်အာဏာသိမ်းမှုကြောင့် ထိုကာလများသည် နေခြည်ဖြာပြီး ပုံမှန်တိုးတက်နေသည့် ကာလများနှင့် တူသွားစေသည်။
ယခုမြန်မာနိုင်ငံတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများသည် ရှေ့ဆက်လုပ်ရမည်များအတွက် အခြေအနေကို စဉ်းစားသုံးသပ်ရန် လိုအပ်လာသည်။ အခြေအနေသည် ဈေးကွက်မှ ဆုတ်ခွာရခြင်းသို့ ဦးတည်စေသည့် စိတ်ညစ်ညူးစရာများဆီ ခေါ်ဆောင်သွားနေသည်။ ထင်ရှားသော လုပ်ငန်းများ ရင်ဆိုင်နေရသည့်အတိုင်း ထိုလုပ်ငန်းစဉ်က ရှည်လျား၊ ရှုပ်ထွေးပြီး မရေရာပေ။
ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှု ပြီးလျှင်ပြီးခြင်း ပြည်တွင်းစီးပွားရေးနှင့် အကျိုးစီးပွားရှိနေသည့် ကုမ္ပဏီများက ထုတ်ပြန်သည့် ဈေးကွက်မှ ပြန်ထွက်ရေး ကြေညာချက်များကို ကျနော်တို့ တွေ့လာနေရသည်။
ယခုမြန်မာနိုင်ငံတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများသည် ရှေ့ဆက်လုပ်ရမည်များအတွက် အခြေအနေကို စဉ်းစားသုံးသပ်ရန် လိုအပ်လာသည်။ အခြေအနေက ဈေးကွက်မှ ဆုတ်ခွာရခြင်းသို့ ဦးတည်စေသည့် စိတ်ညစ်ညူးစရာများဆီ ခေါ်ဆောင်သွားနေသည်။
မြန်မာနိုင်ငံမှ အလုအယက် ထွက်ခွာမှုများသည် ဂုဏ်သိက္ခာ ကျဆင်းမည့် အန္တရာယ်အတွက် အရေးပေါ် လိုအပ်ချက်များနှင့် ရင်ဆိုင်ရနိုင်ပြီး တချိန်တည်းတွင် လုပ်ငန်းဆိုင်ရာနှင့် သေနင်္ဂဗျူဟာဆိုင်ရာ ပြဿနာများကလည်း အလွန်ဆိုးရွားသည့် ပုံစံဖြင့် ကူးစက်ပျံ့နှံ့လာသည်။ မြန်မာ့စီးပွားရေးသည် ယခုနှစ် စက်တင်ဘာလကကုန်အထိ ၁၈ ရာခိုင်နှုန်းကျုံ့သွားမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ သို့သော် အကြမ်းဖက်မှုနှင့် အုံကြွမှုများနှင့်အတူ အခြေအနေမှန်ကို မည်သူမျှ မသိနိုင်ပေ။
မြေပြင်ပေါ် ရှုပ်ထွေး ဖရိုဖရဲဖြစ်နေသည့်အခြေအနေတွင် မြန်မာနိုင်ငံမှ ကောင်းမွန်စွာ ဆုတ်ခွာရေး အကောင်အထည်ဖေါ်ရခြင်းသည် အကြောင်းမျိုးစုံကြောင့် စိန်ခေါ်မှုများပြားသည်။
ပထမဆုံးအချက်မှာ စစ်တပ်နှင့် ပတ်သက်သူ လူသစ်များက နေပြည်တော်မှ အစီအစဉ်ကို မောင်းနှင်နေပြီး ယခင်က မှီခိုအားထားလောက်သည့် ဆုံးဖြတ်ချက်ချသူများမှာ ဖမ်းဆီးခံ သို့မဟုတ် ပုန်းအောင်းနေကြရသည်။ ခိုင်မာသောဆက်ဆံရေးအတွက် စိတ်ရှည်စွာ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့မှုက ယခုအခါ အခြေအနေ အချိန်အခါနှင့် ကိုက်ညီခြင်း မရှိတော့ပေ။
ဒုတိယအချက်မှာ နိုင်ငံ၏ ငွေကြေးကဏ္ဍအခြေအနေသည် လွန်စွာပြဿနာများလှသည်။ ယခုနှစ် အစောပိုင်း ငွေထုတ်စက်များမှ လူတန်းရှည်ကြီးများက ဖေါ်ပြခဲ့သည့်အတိုင်း ဘဏ်များသည် ဖိအားအောက် ရောက်နေသည်။ လက်ကျန် အရင်းအနှီးများ ပြည်ပသို့ ပြန်လည်ပို့ဆောင်ရေးသည် လွန်စွာခက်ခဲသည်။
မြေပြင်ပေါ် ရှုပ်ထွေး ဖရိုဖရဲဖြစ်နေသည့်အခြေအနေတွင် မြန်မာနိုင်ငံမှ ကောင်းမွန်စွာ ဆုတ်ခွာရေး အကောင်အထည်ဖေါ်ရခြင်းသည် အကြောင်းမျိုးစုံကြောင့် စိန်ခေါ်မှုများပြားသည်။
တတိယအချက်မှာ ပြဿနာများမှာ မဆုံးနိုင်ဖြစ်နေသောကြောင့် အလယ်အလတ်ကာလအတွင်း မြန်မာနိုင်ငံအခြေအနေ မည်သို့ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း လုံးဝမရှိဖြစ်နေသည်။ အချို့သူများက ဆက်နေပြီး မုန်တိုင်းကို ကြံ့ကြံ့ခံလျှင် ပိုကောင်းမလား စဉ်းစားနေကြသည်။
နယ်မြေခံလုပ်ငန်းများ၏ ရှုပ်ထွေးနေသော ချည်ငင်ကို ဖြေရှင်းခြင်းသည် မပြီးဆုံးနိုင်သော လုပ်ငန်းဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမှ သြစတြေးလျနိုင်ငံ ပါ့သ်မြို့အထိမှ ကော်ပိုရိတ်လုပ်ငန်း အမှုဆောင်များ သဘောပေါက်ထားကြသည်။ ကုမ္ပဏီတခု၏ သတင်းထုတ်ပြန်ချက်တစောင်ကို ပြုစုရေးသားရန် အချိန် ၂၄ နာရီခန့်သာ လိုနိုင်သော်လည်း ရှုပ်ထွေးလှသော ပိုင်ဆိုင်မှုစနစ်များကို ရှင်းလင်းရခြင်းသည် လပေါင်းများစွာကြာပြီး လွန်စွာခက်ခဲသည်။
အထိအနာဆုံး ကုမ္ပဏီများအနက်တခုမှာ နော်ဝေးမှ ဆက်သွယ်ရေးလုပ်ငန်းကြီး တယ်လီနောဖြစ်ပြီး ထိုလုပ်ငန်းသည် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင် မြန်မာလုပ်ငန်းမှ စာရင်းထည့်သွင်းတွက်ချက်ခြင်း မပြုတော့ဘဲ မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၇၅၀ အရှုံးပြခဲ့သည်။ ထို ကုမ္ပဏီ၏ လတ်တလော လုပ်ငန်းတာဝန်မှာ မြန်မာနိုင်ငံမှ ၎င်းတို့တဦးတည်းပိုင်လုပ်ငန်းခွဲနှင့် ပိုင်ဆိုင်မှုများကို ဝယ်ယူသူရှာရန်နှင့် စစ်ကောင်စီ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာန်ိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်တောင်းခံရန် ဖြစ်သည်။
ကုမ္ပဏီတခု၏ သတင်းထုတ်ပြန်ချက်တစောင်ကို ပြုစုရေးသားရန် အချိန် ၂၄ နာရီခန့်သာ လိုနိုင်သော်လည်း ရှုပ်ထွေးလှသော ပိုင်ဆိုင်မှုစနစ်များကို ရှင်းလင်းရခြင်းသည် လပေါင်းများစွာကြာပြီး လွန်စွာခက်ခဲသည်။
သြစတြေးလျ ဓါတ်ငွေ့လုပ်ငန်းကြီးဖြစ်သော Woodside Energy သည်လည်း အလားတူ စိတ်ရှုပ်ထွေးစရာ အနေအထားကို ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံမှ ၎င်းတို့၏ ဆုံးဖြတ်ချက်များအားလုံးကို ပြန်လည်သုံးသပ်နေကြောင်း ထိုလုပ်ငန်းကပြောသည်။ သို့သော် ၎င်းတို့၏ ပိုင်ဆိုင်မှုများသည် နှစ်ရှည်ပိုင်ဆိုင်မှုများ၊ လုပ်ငန်းအများအပြား ပူးပေါင်းပိုင်ဆိုင်မှုများနှင့် ကြီးမားသော အခြေခံအဆောက်အအုံ လုပ်ငန်းဖြစ်သောကြောင့် အလျင်အမြန်ဆုတ်ခွာခြင်းသည် လက်တွေ့မကျသလို ရှယ်ယာရှင်များကလည်း လိုလားမည်မဟုတ်ပေ။
မြန်မာနိုင်ငံမှ ဆုတ်ခွာသည့် သေနင်္ဂဗျူဟာကို ကပ်ရောဂါကလည်း ပိုမိုရှုပ်ထွေးစေပြန်သည်။ ခရီးသွားလာမှု ကန့်သတ်ချက်များ၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများ တင်းကျပ်သော ကွာရင်တင်းဝင်ရန် လိုအပ်ခြင်း၊ စိတ်ဒဏ်ရာရပြီး ကြောက်လန့်နေရသော ပြည်သူများနှင့် ရက်စက်ကြမ်းကြုတ်စွာ ပြန်လည် ခေါင်းထောင်ထလာသော စစ်ဘက်ယန္တရား စသည့် အခက်အခဲများ ရှိနေသည်။
ထို့ကြောင့် မည်သည်တို့ကို နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ စဉ်းစားရန် လိုသနည်း။ အထူးသဖြင့် လွယ်ကူသော ရွေးစရာလမ်းမရှိလျှင် မည်သည်တို့ကို စဉ်းစားရန် လိုသနည်း။
စစ်အာဏာသိမ်းမှု ခိုင်မာလာမည်ဆိုလျှင် မြန်မာအခြေစိုက် စီးပွားရေးလုပ်ငန်းများသည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားသည့် အပျက်အစီးများမှ ဖရိုဖရဲ နာလန်ထရန် ဆယ်စုနှစ်တခု ထည့်သွင်းတွက်ချက်ရန် လိုသည်။ ထိုကဲ့သို့သော အခြေအနေအောက်တွင် တရုတ်၊ ဗီယက်နမ်၊ ထိုင်းနှင့် စင်္ကာပူတို့သာ အခြေအနေနှင့် ကိုက်ညီသည်။ စီးပွားရေးသည် ၁၉၉၀ ခုနှစ်များက စတင်ခဲ့သော ပုံစံသို့ ပြန်ရောက်ပြီး စစ်တပ်နှင့် ပတ်သက်သည့် ခရိုနီများနှင့် စစ်တပ်တို့သာ လုပ်ငန်းကြီးများကို လုပ်ရန် အခွင့်ထူးရကြမည်ဖြစ်သည်။
သို့သော် စစ်အာဏာသ်ိမ်းမှု ကျဆုံးလျှင် (ယင်းကို ထည့်မတွက်လို့ မရပါ) စီးပွားရေးလုပ်ငန်းများသည် မတူညီသည့် စိန်ခေါ်မှုများသော စဉ်းစားသုံးသပ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဒီမိုကရေစီခေတ်က ရင်းနှီးသိကျွမ်းသူများ ပြန်ပေါ်လာမည်ဖြစ်သည်။ စီးပွားရေးသည် တစစီကြေမွသွားမည်ဖြစ်သော်လည်း ပြည်တွင်း အလုပ်သမားများသည် ၎င်းတို့၏ ဘဝများကို ပြန်လည်တည်ဆောက်လိုကြမည်ဖြစ်သည်။ စစ်အာဏာသိမ်းမှုအလွန်တွင် ဆက်လက်လုပ်ကိုင်နေသည့် စစ်တပ်အကျိုးစီးပွားကို အကျိုးမပြုသော စီးပွားရေးလုပ်ငန်းများ ဂုဏ်ပြုခံရမည်ဖြစ်သည်။
စစ်အာဏာသိမ်းမှုအလွန်တွင် ဆက်လက်လုပ်ကိုင်နေသည့် စစ်တပ်အကျိုးစီးပွားကို အကျိုးမပြုသော စီးပွားရေးလုပ်ငန်းများ ဂုဏ်ပြုခံရမည်ဖြစ်သည်။
မြန်မာပြည်သူများသည်လည်း ရွေးချယ်မှုများ ပြုလုပ်နေကြသည်။ တယ်လီနောသည် ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်သောအခါ အောင်မြင်သည်။ ထိုသို့အောင်မြင်ခြင်းမှာ တယ်လီနောသည် စစ်တပ်နှင့်မပတ်သက်သည့် မိုဘိုင်းဖုန်းဝန်ဆောင်မှု ဖြစ်သည်ဟု မြန်မာပြည်သူများက ဆုံးဖြတ်ရွေးချယ်သောကြောင့် ဖြစ်သည်။ Woodside သည် အစိုးရအမျိုးမျိုးနှင့် လုပ်ကိုင်ရန် စီစဉ်ရသည်။ သို့သော် ၎င်းတို့၏ လုပ်ငန်းများသည် စစ်အုပ်ချုပ်ရေးကို ချမ်းသာကြွယ်၀စေသည်ဟု အမြင်ခံရ့ပါက နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးမှုကို မျှော်လင့်ရနိုင်သည်။
မြန်မာနိုင်ငံသို့ အောင်မြင်စွာ ဝင်ရောက်ခြင်းအတွက် များပြားလှသော မိတ်ဖက် ပါဝင်ပတ်သက်သူများနှင့် ရှင်သန်သည့် နိုင်ငံရေး သေနင်္ဂဗျူဟာများ လိုအပ်သကဲ့သို့ပင် မြန်မာနိုင်ငံမှ ထိထိရောက်ရောက် ပြန်လည်ထွက်ခွာခြင်းသည်လည်း အလားတူ ရှုပ်ထွေးသည်။ ထွက်ခွာရန် စဉ်းစားနေသူများသည် အလွန်ကျွမ်းကျင်သော ကုမ္ပဏီများ၏ အရည်အချင်းကိုပင် စမ်းသပ်နေသည့် ကျင့်ဝတ်ဆိုင်ရာ အတားအဆီးများ ရှိသော ဆိုးဆိုးရွားရွား ဆုတ်ယုတ်နေသည့် စီးပွားရေးရှုခင်းတွင် လမ်းကြောင်းရှာရန် လိုသည်။
မြန်မာနိုင်ငံမှ အဓိကကျသည့် နိုင်ငံစုံလုပ်ငန်းများအနေဖြင့် ပြည်တွင်းလုပ်ငန်းများ ဆက်လက်လည်ပတ်နေသည့် တချိန်တည်းတွင် တာဝန်သိသော စီးပွားရေးလုပ်ငန်း အလေ့အထ ထိန်းသိမ်းထားနိုင်ခြင်းက ပိုမိုအမှတ်ရစရာ ဖြစ်သည်။
သဘောတရားအရဆိုပါက ထိုလမ်းကြောင်းလည်း ဖြစ်နိုင်သည်။ သို့သော် အမှန်တကယ် ဆုံးရှုံးနိုင်ခြေနှင့် လေးနက်သော ကျင့်ဝတ်ဆိုင်ရာ အကျပ်အတည်းဖြစ်မည်ကို သံသယရှိရန် မလိုပေ။ လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများကို စီမံခန့်ခွဲရာတွင် အောင်မြင်သော မည်သည့် စီးပွားရေးမဆိုသည် မြန်မာနိုင်ငံ ပြန်လည်ကောင်းမွန်ရေးတွင် ရေရှည်ကိုကြည့်သော အခန်းကဏ္ဍမှ ပါဝင်ခြင်းဖြင့် အဆုံးသတ်နိုင်ပါသည်။
(နစ်ကိုးလပ် ဖာရယ်လီ နှင့် အဲလစ် ဒေါ်ကင် တို့သည် အာရှဗဟိုပြု သေနင်္ဂဗျုဟာ ပြဿနာများကို အထူးပြုသော သြစတြေးလျ အတိုင်ပင်ခံလုပ်ငန်း Lydekker မှ သုတေသီများဖြစ်ကြသည်။ Nikkei Asia ပါ ၎င်းတို့၏ No easy exit for investors from post-military takeover Myanmar ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြား တယ်လီနော ပိတ်မိ
မြန်မာစစ်ဗိုလ်များ နိုင်ငံကြီးပွားရေးအစား စီးပွားပျက်ရန်သာ လုပ်တတ်သည်
Vpower ၏ LNG လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ တွက်ချေမကိုက်၍ ရပ်နားထားရ
ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စရန် အခက်ကြုံ