• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

စစ်အာဏာသိမ်း မုန်တိုင်းကင်းမှ ဆီမီးရောင်ဝါ လင်းနိုင်မည်

by ဧရာဝတီ
18 October 2021
in အယ်ဒီတာ့အာဘော်
A A
သီတင်းကျွတ်ကာလ ဗျောက်အိုးသံအစား သေနတ်သံ၊ မိုင်းကွဲသံ၊ ဗုံးကွဲသံများက ပိုမိုကျယ်လောင်စွာ ကြားလာနေရသည်

သီတင်းကျွတ်ကာလ ဗျောက်အိုးသံအစား သေနတ်သံ၊ မိုင်းကွဲသံ၊ ဗုံးကွဲသံများက ပိုမိုကျယ်လောင်စွာ ကြားလာနေရသည်

40.5k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက သီတင်းကျွတ်ကာလ လူသားချင်းစာနာမှု အထိမ်းအမှတ်အနေဖြင့် အာဏာသိမ်းခြင်းကို ဆန့်ကျင်သဖြင့် အမှုဖွင့်ခံထားရသူ၊ ဖမ်းဆီးကာ ထောင်ဒဏ်ချထားခံရသူများထဲမှ တချို့ကို ကောင်းမှုကုသိုလ် ပြုလုပ်ရန် လွှတ်ပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၏ ယနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

အမှုရုပ်ပေးခြင်း၊ လွှတ်ပေးခြင်းကြောင့် ဖမ်းဆီးခံရသူများအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသော်လည်း ယင်းသည် လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးမှ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို ချန်လှပ်ထားမည်ဟု အာဆီယံအသင်းက ဆုံးဖြတ်အပြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဤလုပ်ရပ်ကြောင့် အာဆီယံက မူလဆုံးဖြတ်ချက်ကို ပြင်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြန်လည်ဖိတ်ကြားမည်ဟု စစ်ကောင်စီက မျှော်လင့်နေပုံ ရသည်။

မြန်မာ အာဏာသိမ်း စစ်ကောင်စီသည် သံတမန်ရေး ဖိအားများသာမက ပြည်တွင်း၌လည်း နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်ပုန်ကန်မှုကို ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရသည်။ သီတင်းကျွတ်ကာလ ဗျောက်အိုးသံအစား သေနတ်သံ၊ မိုင်းကွဲသံ၊ ဗုံးကွဲသံများက ပိုမိုကျယ်လောင်စွာ ကြားလာနေရသည်။

ရဟန်းသာမဏေတို့ သုံးလတာ ဝါဆိုဝါကပ် သီတင်းသုံးခြင်းမှ လွတ်မြောက်လာခြင်းကြောင့် သီတင်းကျွတ်ဟု ခေါ်ဆို ပြီး ပုဂံခေတ်ကျောက်စာတွင် သန်တူလဟု ရေးထိုး၏။ သန်ပုဒ်သည် ကောက်စပါးဟု အဓိပ္ပါယ်ရပြီး၊ တူပုဒ်ကမူ ထောင်သည် မတ်သည် စိုက်သည်ဟူ၍ ဖြစ်သည်။

ဤလုပ်ရပ်ကြောင့် အာဆီယံက မူလဆုံးဖြတ်ချက်ကို ပြင်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြန်လည်ဖိတ်ကြားမည်ဟု စစ်ကောင်စီက မျှော်လင့်နေပုံ ရသည်။

ရှေ့လာမည့် တန်ဆောင်မုန်းဆိုလျှင်လည်း ထိုထောင်မတ်နေသည့် စပါးပင်တို့သည် သန္ဓေရင့်ကာ ရိတ်သိမ်းရတော့မည် ဖြစ်ရာ ကောက်ပဲသီးနှံဈေးကွက်ကို ကြည့်ပါက အားရစရာမရှိ။ လယ်သမားအတွက် စိုက်စရိတ်ပင် ကျေပါမည်လော။

တိုင်းပြည်၏ စပါးကျီဖြစ်သည့် ရွှေဘိုခရိုင် မူးမြစ်တလျှောက် တိုက်ပွဲများဖြစ်ပွားနေရာ လယ်ယာလုပ်သားတို့လည်း မိမိ၏ မိသားစု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် ယာမြေကို စွန့်၍ တူမီးကို ကိုင်စွဲလျှက် အိုးစားဖက်ရှာကာ တိုက်ပွဲဝင်နေရသည်မှာ အများအသိဖြစ်သည်။

စပါးစိုက်တောင်သူလည်း စပါးမရိတ်နိုင်၊ နှမ်းစိုက်တောင်သူလည်း နှမ်းမသိမ်းနိုင် ဖြစ်ခဲ့ရာ စစ်တပ်သည် ပြည့်ဝမ်းကို ဖောက်လိုက်ချေပြီဟု ဆိုရမည်။

မြို့ကြီးပြကြီးများဆီသို့ လှမ်းကြည့်လိုက်ပါဦး။ ပစ်ခတ်မှုများ၊ စစ်ဆေးမှုများကြား လာလမ်းမသာ၊ သွားလမ်းမဖြောင့်ချိန် ကုန်ဈေးနှုန်းက ထပ်ဆင့်လိုက်သည့်အခါ ပြည်သူ့ဘဝမှာ မလူးသာမလွန့်သာ အခြေတွင်ဆိုက်နေ၏။

သီတင်းကျွတ်ကို စည်ကားစွာ ကျင်းပသည့် ရန်ကုန်မြို့ ရေကျော်ရပ်ကွက်တွင် ပွဲတော် မရှိသလို၊ ဘုရားပွဲအစ ဘုရားသုံးဆူက ဆိုသည့် မန္တလေးသည်ပင် ယခုနှစ်တွင်လည်း ဆိုင်းသံ အငြိမ်သံတို့ တိတ်မြဲ တိတ်နေဦးမည်။

မိမိကိုယ်ကျိုးကို ကြည့်က စစ်တပ်အာဏာသိမ်းမှုက အရာရာကို ဖျက်ဆီးခဲ့လေပြီ၊ လူနှင့် ရဟန်း စိတ်ဝမ်းကွဲခဲ့သလို လူအချင်းချင်းလည်း စိတ်ဝမ်းကွဲခဲ့ရ၏၊ ၁၀ နှစ်အတွင်း တည်ဆောက်ထားခဲ့ရသည့် စီးပွားရေး အခြေခံကောင်းများသည်လည်း အညွှန့်တလူလူဖြင့် တက်မည့်ဟန်ပြင်နေစဉ်မှာပင် ချိုးနှိမ်ခြင်းကိုခံရကာ နိုင်ငံဂုဏ်သိက္ခာသည် ကမ္ဘာ့အလယ်သာမက ဒေသတွင်းရှိ အာဆီယံအဖွဲ့ အတွင်းပင်လျှင် ကျဆင်းခဲ့ရပြီဖြစ်သည်။

သူတည်းတယောက် ကောင်းဖို့ရောက်မူ တပြည်လုံးမှာ ပျက်လင့်ကစား ဓမ္မတာတည်းဟု ဆိုရမလို ဤသို့အဆင်မပြေမှုများ၊ ခက်ခဲကြမ်းတမ်းမှုများသည် ပြည်သူများအနေဖြင့် မိမိတို့ လုံလဥဿဟကြောင့် ဖြစ်လာရသည်မဟုတ်ဘဲ လူတဦးတယောက်၊ အဖွဲ့အစည်းတဖွဲ့၏ ကြောင်းကျိုး ညီညွတ်မျှတခြင်း မရှိသည့် ပယောဂကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို ခံစားနေရခြင်း ဖြစ်သည်။

ထိုသို့သော အနိဋ္ဌာရုံများ ပြည့်နှက်နေသည့် အခြေအနေတွင် ပြည်သူများအနေဖြင့် အရှုံးမပေးဘဲ အားတင်းကာ တဦးနှင့် တဦးဖေးမ ကူညီခြင်းဖြင့် ထိုစိတ်ညစ်ညူးစရာ အခြေအနေဆိုးကို ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ကြောင်း တင်ပြအပ်ပေသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
486
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.1k

You may also like these stories:

မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ရန် ASEAN ဆုံးဖြတ်ချက် အမေရိကန် ကြိုဆို

၁၉၈၈ ကလို ၂၀၂၁ က စစ်ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်

အာဏာသိမ်းမြန်မာမှ ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ထွက်ခွာရန် မလွယ်

မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ

Your Thoughts …
Tags: ASEAN ဆုံးဖြတ်ချက်စစ်အာဏာသိမ်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သီတင်းကျွတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.5k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

by ဉာဏ်လင်း
26 February 2024
4.7k

ဥပဒေကို လိုက်နာသော၊ အရပ်သား အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသော၊ ပြည်သူလူထုကို ကာကွယ်သော၊ နိုင်ငံရေးကင်းရှင်းသော တပ်မတော်တရပ် လိုအပ်သည်

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

Next Post
ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ရဲတပ်ဖွဲ့က မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်အနီးရှိ အိမ်များ ကို စက်ယန္တရားလူအင်အားသုံးကာ ဖြိုဖျက်စဉ် / CJ

မြစ်ကြီးနား နည်းပညာတက္ကသိုလ်အနီးရှိ နေအိမ်အချို့ စစ်ကောင်စီအင်အားသုံး ဖယ်ရှား

ဖမ်းဆီးခံထားရသည့် အနုပညာရှင်များ

ဖမ်းဆီးခံအနုပညာရှင်များကို ယနေ့မှစတင်၍ လွှတ်ပေးသွားမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved