၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း လူထု၏ ဆန့်ကျင်လှုပ်ရှားမှုများ ပြင်းပြင်းထန်ထန်ထွက်ပေါ်လာပြီး လပိုင်းအတွင်း တပြည်လုံးအနှံ့အပြား လက်နက်ကိုင်ပုန်ကန်မှုများ ဖြစ်ပွားခဲ့သည်ကို တွေ့ရပေသည်။
ထိုသို့သော အခြေအနေအောက်တွင် ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးဆိုသည်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာသူတချို့ တွေ့ရသကဲ့သို့ လက်တွေ့တွင်လည်း တွေ့ဆုံဆွေးနွေး အဖြေရှာရေး ကြိုးပမ်းနေသူတချို့နှင့် အဖွဲ့အစည်းတချို့ကို တွေ့လာရသည်။
ဤသည်နှင့်ပတ်သက်၍ အမြင်မတူမှုများ၊ ငြင်းခုံမှုများ၊ ဝေဖန်တိုက်မှုများကိုလည်း တွေ့နေရ၏။
မူအရ ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးဆိုသည်ကို ငြင်းပယ်ရန်မရှိပေ။ သို့သော်လည်း တဖက်ကကြည့်လျှင် စစ်ဆိုသည်မှာ နိုင်ငံရေး၏ အဆက်ဖြစ်သည်ကို လက်ခံရန်လိုအပ်သည်။
တကျော့ပြန်ပြည်တွင်းစစ်နှင့် ပတ်သက်၍ မည်သူ့ကြောင့် ကျယ်ပြန့်ကြီးထွားလာသည်ကိုလည်း လက်တွေ့ကျကျ သုံးသပ်ကြည့်ရန်လိုအပ်သည်။
ထို့အပြင် ၂၀၂၁ နွေဦးတော်လှန်ရေးနှင့်တကွ ပေါ်ပေါက်လာသည့် တကျော့ပြန်ပြည်တွင်းစစ်နှင့် ပတ်သက်၍ မည်သူ့ကြောင့် ကျယ်ပြန့်ကြီးထွားလာသည်ကိုလည်း လက်တွေ့ကျကျ သုံးသပ်ကြည့်ရန် လိုအပ်သည်။
ဦးစွာရှင်းလင်းရန် လိုသည်မှာ ၂၀၂၁ တွင် တကျော့ပြန်အားကောင်းလာသော မြန်မာပြည်တွင်းစစ်သည် မည်သူ့ကြောင့် ပေါ်လာသနည်းဆိုသည့် အချက်ဖြစ်၏။
လက်ရှိခုခံစစ်ပွဲသည် အကြောင်းမဲ့ပေါ်ပေါက်လာသည် မဟုတ်ပေ။ လက်ရှိ ခုခံစစ်ပွဲဆင်နွှဲနေသော လူထုသည် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး တက်လာမည့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် ကိုဗစ်ကာလကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးဒဏ်ရာဒဏ်ချက်များအား တက်ညီလက်ညီ ကုစားရုန်းထကြရန် ပြင်ဆင်နေခဲ့သည့် လူထုဖြစ်၏။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီအထိ သူတို့တွင် လက်နက်ကိုင်ရန် စိတ်ကူး စိုးစဉ်းမျှ မရှိကြပေ။ ထိုကာလက စစ်တပ်ကို လက်နက်ကိုင်တိုက်မှရမည်ဟူ၍ သူတို့အား သွားရောက် စည်းရုံးလှုံ့ဆော်ပါက လက်ခံကြလိမ့်မည်လည်း မဟုတ်ပေ။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရွေးကောက်ပွဲနည်းလမ်းနှင့် ဆက်သွားနေပါက ဤတသက် အာဏာ ပြန်မရနိုင်တော့မည်ကို သိနေကြသည့် မြန်မာစစ်တပ်ခေါင်းဆောင်များသည် ၎င်းတို့၏ လောဘကြောင့် ယခင်စစ်ခေါင်းဆောင်များ ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများကို ဖျက်ဆီးပြီး လက်နက်ကိုင်အကြမ်းဖက် အာဏာသိမ်းယူခဲ့ကြသည်။
လူထု၏ ဆန့်ကျင်ဆန္ဒပြမှုများကို လုံးဝ စေ့စပ်ဆွေးနွေးမှု မပြုလုပ်ဘဲ၊ လက်နက်ကိုင်အကြမ်းဖက် အင်အားသုံးနှိမ်နင်းခဲ့၏။
လက်နက်မဲ့ ဆန္ဒပြသူများက လက်နက်ဖြင့် အကြမ်းဖက်သည့် မြန်မာစစ်တပ်ကို လောက်လေးခွကိုင်ကာ ဦးစွာ တုန့်ပြန်ခဲ့ကြသည့် မှတ်တမ်းကို ၂၀၂၁ မတ်လ ၁၃ ရက်နေ့ မှတ်တမ်း ဓာတ်ပုံတပုံတွင် တွေ့နိုင်သည်။
ခုခံကာကွယ်သူများက လက်နက်အရင်ကိုင်ခဲ့ကြသည် မဟုတ်ပေ။ ဖြစ်ရပ်မှန်မှာ မြန်မာစစ်တပ်က ဦးစွာ လက်နက်ကိုင်အကြမ်းဖက်ခဲ့၍ ခုခံကာကွယ်သူများက မလွှဲမရှောင်သာ လက်နက်ပြန်ကိုင်၍ တုန့်ပြန်ခဲ့ရခြင်းဖြစ်၏။
သို့ဖြစ်ရာ လက်ရှိ တကျော့ပြန်ပြည်တွင်းစစ် အားကောင်းလာခြင်း၏ တာဝန်ရှိသူနှင့် တရားခံမှာ မြန်မာစစ်တပ် ဖြစ်၏။ မြန်မာပြည်ကို ပြည်တွင်းစစ်အတွင်း တွန်းပို့သည့် တရားခံမှာ မြန်မာစစ်တပ်ဖြစ်သည်ကို ရှင်းလင်းစွာ သိမြင်စေလိုပါသည်။
ထို့ကြောင့် လက်ရှိ မြန်မာပြည်တွင် ဖြစ်ပွားနေသော စစ်ပွဲ၏ ဆိုးကျိုး သက်ရောက်မှုများ အားလုံးအတွက် အဓိကတာဝန်ရှိသူမှာ မြန်မာစစ်တပ်ခေါင်းဆောင်များ ဖြစ်သည်ကို ရှင်းလင်းစွာ မြင်ကြရန် လိုပေသည်။
ယနေ့ကာလတွင် တိုင်းရင်းသား လက်နက်ကိုင်များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲဟု ခေါင်းစဉ်တပ်ပြီး “နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးရန်”၊ “ကြိုတင် စည်းကမ်းသတ်မှတ်ချက်မထားဘဲ၊ ဆွေးနွေးရန်” မြန်မာ စစ်ခေါင်းဆောင်များက ဖိတ်ခေါ်နေသည်ကို တွေ့ရ၏။
အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် လူထုကို မည်သည့် နိုင်ငံရေး ဆွေးနွေးမှုမှမပြုဘဲ၊ လက်နက်ကိုင်၍ အကြမ်းဖက် နှိမ်နင်းမှု ပြုလုပ်ခဲ့သည့် မြန်မာစစ်တပ်၏ ဖိတ်ခေါ်ချက်သည် ယုံတမ်းစကားသဖွယ် ဖြစ်နေတော့သည်။
လက်နက်ကိုင်၍ အကြမ်းဖက် အာဏာ သိမ်းခဲ့သည့်အပြင်၊ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် လူထုကို မည်သည့် နိုင်ငံရေး ဆွေးနွေးမှုမှမပြုဘဲ၊ လက်နက်ကိုင်၍ အကြမ်းဖက် နှိမ်နင်းမှု ပြုလုပ်ခဲ့သည့် မြန်မာစစ်တပ်၏ ဖိတ်ခေါ်ချက်သည် ယုံတမ်းစကားသဖွယ် ဖြစ်နေတော့သည်။
ထို့အပြင် မြန်မာစစ်တပ်သည် ပြည်မနိုင်ငံရေး အင်အားစုများကို ကိုယ်စားပြုသည့် NUG ၊ CRPH၊ NUCC နှင့် PDF တို့အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီး နိုင်ငံရေးအရ ဖြေရှင်းမည့် ဆွေးနွေးပွဲစားပွဲဝိုင်းမှနေ၍ ဖယ်ထုတ်ထားသည်ကို တွေ့ရ၏။
ထိုသို့သော အခြေအနေအောက်တွင် မြန်မာပြည်တွင်း တည်ငြိမ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးဖြေရှင်းရန် ယခုအချိန်တွင် နိုင်ငံတကာ အဖွဲ့အစည်းနှစ်ခုအပေါ် ကိုယ်စားပြုသူနှစ်ဦးကို တွေ့ရ၏။
တဦးမှာ အာစီယံ အထူးကိုယ်စားလည်ဖြစ်ပြီး တဦးမှာ ဂျပန်နိပွန်ဖောင်ဒေးရှင်းမှ မစ္စတာ ဆာဆာကာဝါဖြစ်သည်။ ယခင် မြန်မာ ငြိမ်းချမ်းရေးတွင် ပါဝင်နေခဲ့ကြသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ အထူးကိုယ်စားလည်နှင့် တရုတ်အထူးသံတမန်တို့က နောက်ဆုတ်သွားပြီး အာစီယံ အထူးကိုယ်စားလည်မှတဆင့် ၎င်းတို့ သဘောထားကို ဖော်ပြနေသည်ကို တွေ့ရ၏။
လက်ရှိအချိန်တွင် မြန်မာ့အရေး ဆွေးနွေး ဖြေရှင်းရေးတွင် ရှေ့တန်း ရောက်နေသည်မှာ အာစီယံ အထူးကိုယ်စားလည်နှင့် မစ္စတာဆာဆာကာဝါတို့ ဖြစ်နေကြသည်။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် မြန်မာ့အရေး ဆွေးနွေး ဖြေရှင်းရေးတွင် ရှေ့တန်းရောက်နေသည်မှာ အာစီယံ အထူးကိုယ်စားလည်နှင့် မစ္စတာဆာဆာကာဝါတို့ ဖြစ်နေကြသည်။
အာစီယံ၏ မူဝါဒမှာ လက်ရှိမြန်မာပြည်တည်ငြိမ်ရေးနှင့်ပတ်သက်၍ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်ရေး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့အပြင် NUG တို့အပါ ဆွေးနွေးဖြေရှင်းရန်ဖြစ်သည်။
မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်အပါအဝင် အားလုံးပါဝင်ရေးကို ပယ်ချထားသဖြင့် ၂၀၂၁ အတွင်း အာစီယံအထူးကိုယ်စားလည်အဖြစ် ဘရူနိုင်းက ဆောင်ရွက်စဉ် မြန်မာစစ်တပ်အပါအဝင် မည်သူနှင့်မျှ တွေ့ဆုံမှု မပြုခဲ့ပေ။
၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဒီယားနိုင်ငံမှ အာစီယံ ကိုယ်စားလည်အဖြစ် ဆောင်ရွက်ရာတွင် ဘရူနိုင်းထက်ပို၍ ပျော့ပြောင်းသည့် သဘောထားကို ဖော်ပြပြီး မြန်မာစစ်တပ်နှင့် စတင်ဆက်ဆံခဲ့၏။
သို့သော် ဆွေးနွေးပွဲတွင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ ပါဝင်ရေးကို ဆက်လက်ဆုပ်ကိုင် ထားခဲ့သည်။
မြန်မာစစ်တပ်က ဦးစွာ လက်နက်ကိုင်အကြမ်းဖက်ခဲ့၍ ခုခံကာကွယ်သူများက မလွှဲမရှောင်သာ လက်နက်ပြန်ကိုင်၍ တုန့်ပြန်ခဲ့ရခြင်းဖြစ်၏။
ကမ္ဘောဒီးယား ကိုယ်စားလည်ကို အားဖြည့်လာသူမှာ ဆာဆာကာဝါဖြစ်၏။ ဆာဆာကာဝါ၏ သဘောထားမှာ အာစီယံ၏ အားလုံးပါဝင်ရေးကို မူအရထောက်ခံသည်။ သို့သော် ပါဝင်နိုင်သည့်သူများက တဆင့် စတင်သင့်သည်ဟူ၍ ဖြစ်၏။ ဆာဆာကာဝါ၏ သဘောထားမှာ အကျိုးအကြောင်း သင့်သည်ဟု ယူဆနိုင်သော်လည်း အငြင်းပွားဖွယ်ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာစစ်တပ်လိုလားသည်နှင့် တူညီနေ၍ ဖြစ်၏။
လက်ရှိ မြန်မာစစ်တပ်လိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးနှင့် အပစ်ရပ်ရေးဆိုသည်မှာ NUG၊ CRPH၊ PDF နှင့် ပြည်တွင်း နိုင်ငံရေးအင်အားစုများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ခွဲထုတ်ပြီး ဦးတည်နှိမ်နင်းရန်အတွက် ကြံရွယ်သည်ဟု အားလုံးက နားလည်ထားကြသည်။
ဆာဆာကာဝါ၏ သဘောထားမှာ အကျိုးအကြောင်း သင့်သည်ဟု ယူဆနိုင်သော်လည်း အငြင်းပွားဖွယ်ဖြစ်နေသည်။
လက်တွေ့တွင် ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ (ကယား)၊ ရှမ်းမြောက် ပြည်နယ်များတွင် PDF များနှင့် EAO များဖြစ်သည့် KIA၊ CNF၊ KNU၊ KNPP၊ TNLA တို့အား ခွဲထုတ်စဉ်းစားရန် မဖြစ်နိုင်သည့် အခြေအနေတွင် ရှိ၏။
ထို့အပြင် လက်ရှိ စစ်တပ်နှင့် တိုက်ခိုက်ခြင်းမရှိသည့် EAO အဖွဲ့များသည်ပင် စစ်ကိုင်း၊ မကွေးတိုင်းတွင်း ကျေးရွာများအား မြန်မာစစ်တပ်က ရက်စက်စွာ နှိပ်ကွပ်နေသည်ကို မပြတ်စောင့်ကြည့်နေကြပြီး “ဗမာ လူမျိုးအချင်းချင်းတောင် ဒီလောက်ရက်စက်လျှင် ငါတို့ တိုင်းရင်းသားများအပေါ် ပိုဆိုးမည်” ဟူ၍ ကြည့်မြင်ကာ မြန်မာစစ်တပ်ကို ပို၍ အယုံအကြည်မရှိ ဖြစ်နေကြသည်။ ထို့အပြင် ပြည်တွင်းအင်အားစုများ ဖြိုခွဲခံရပြီးပါက EAO များဘက် အလှည့်ကျလာမည်ကို EAO များ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများအရ ကောင်းစွာ သဘောပေါက်ကြ၏။
ပြည်နယ်များတွင် PDF များနှင့် EAO များဖြစ်သည့် KIA ၊ CNF ၊ KNU ၊ KNPP ၊ TNLA တို့အား ခွဲထုတ်စဉ်းစားရန် မဖြစ်နိုင်သည့် အခြေအနေတွင်ရှိ၏။
မြန်မာပြည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးပြဿနာသည် ၂၀၂၁ ထဲတွင် ယခင်နှင့်မတူဘဲ၊ ပြောင်းလဲသွားပြီ ဖြစ်၏။ ယခင်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ နိုင်ငံရေး ဆွေးနွေး ဖြေရှင်းရေးသည် အဓိကဖြစ်၏။ ယခုမူ ပြည်တွင်း နိုင်ငံရေး အင်အားစုများနှင့်ပါ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးသည် ရှေ့တန်းရောက်လာသည့် ပြဿနာဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။
ပြည်မနိုင်ငံရေးအင်အားစု၊ လက်နက်ကိုင်အင်အားစုများက “သွေးကြွေးကို ဆွေးနွေးစရာမရှိ” ဟူ၍ ကြွေးကြော်သည်က နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးကို အဟန့်အတားဖြစ်စေသည် မဟုတ်ပေ။
မြန်မာစစ်တပ်က ပြည်မနိုင်ငံရေး အင်အားစုများအား နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန် ငြင်းပယ်နေခြင်းကသာ နိုင်ငံရေးနည်းလမ်းဖြင့် ပြဿနာဖြေရှင်းရန် အဓိက အဟန့်အတားဖြစ်နေပေ၏။
မြန်မာစစ်တပ်က တွန်းပို့၍ မလွှဲမရှောင်သာ ခုခံစစ်ပွဲကို ဆင်နွှဲ နေရသော်လည်း နိုင်ငံရေးဆွေးနွေးရေး လမ်းကြောင်းကို ပစ်ပယ်ရန်မလိုပေ။
ပြည်မနိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်အင်အားစုများကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်း၊ အိုးအိမ်များသိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်း၊ ပြင်းထန်သောပြစ်ဒဏ်များ ချမှတ်ခြင်း၊ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းတို့ကို မြန်မာစစ်တပ်က တဆင့်ပြီးတဆင့် ပိုတိုးပြုလုပ်နေခြင်းသည် မြန်မာ့ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန် လက်တွေ့ပို၍ ဆိုးရွားစေပေသည်။
ပြည်မနိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်အင်အားစုများ အဖို့ဆိုလျှင်လည်း တွေ့ဆုံဆွေးနွေးရေးသည် မလိုအပ်သည့် နည်းလမ်းမဟုတ်ပေ။ မြန်မာစစ်တပ်က တွန်းပို့၍ မလွှဲမရှောင်သာ ခုခံစစ်ပွဲကို ဆင်နွှဲ နေရသော်လည်း နိုင်ငံရေးဆွေးနွေးရေး လမ်းကြောင်းကို ပစ်ပယ်ရန် မလိုပေ။
ယူကရိန်းစစ်ပွဲတွင် ရုရှား၏ ကျူးကျော်မှု ခုခံစစ်ဆင်နေသော ယူကရိန်းတို့သည် ခုခံစစ်ဆင်နွှဲနေရင်းမှ တွေ့ဆုံဆွေးနွေးရေးကို ပစ်ပယ်ခြင်းမရှိပေ။ ထို့ကြောင့်လည်း စစ်ဆိုသည်မှာ သွေးထွက်သော နိုင်ငံရေးဖြစ်ပြီး နိုင်ငံရေးဆိုသည်မှာ သွေးမထွက်သော စစ်ပွဲဟုဆိုကြခြင်းဖြစ်၏။ ထို့အပြင် နိုင်ငံရေးနည်းလမ်းဆို၍ ကိုင်ထားသော လက်နက်များကို စွန့်လွှတ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
စားပွဲဝိုင်း ထိုင်ခြင်းဆိုသည်မှာ လက်နက်ချခြင်း၊ နိုင်ငံရေးရည်မှန်းချက်ကို စွန့်လွှတ်ခြင်းမျိုး မဟုတ်ပေ။ နိုင်ငံရေး ရည်မှန်းချက်ကို နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည် ဖော်ခြင်းသာဖြစ်သည်။
မြန်မာပြည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် တဖက်က နိုင်ငံရေးဆွေးနွေးသကဲ့သို့ တဖက်ကလည်း ၎င်းတို့၏ လက်နက်ကို မြဲမြဲဆုပ်ကိုင်ထားကြသည်သာ ဖြစ်၏။ နိုင်ငံရေးအရ ဖြေရှင်းခြင်း၊ စားပွဲဝိုင်း ထိုင်ခြင်းဆိုသည်မှာ လက်နက်ချခြင်း၊ နိုင်ငံရေးရည်မှန်းချက်ကို စွန့်လွှတ်ခြင်းမျိုး မဟုတ်ပေ။ နိုင်ငံရေး ရည်မှန်းချက်ကို နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည် ဖော်ခြင်းသာဖြစ်သည်။
လက်တွေ့တွင် မြန်မာ့အရေးအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးအတွက် စဉ်းစားနေသူများ အဓိက သတိပြုရန်ရန်မှာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ငြင်းပယ်ပြီး လက်နက်ကိုင်အကြမ်းဖက် အင်အားသုံးသည့် နည်းလမ်းကို ရွေးချယ်သည်မှာ မြန်မာစစ်တပ်ဖြစ်သည်၊ ယခုတိုင်လည်း ငြင်းပယ်နေဆဲ ဖြစ်သည်ဆိုသည့် အချက်ဖြစ်၏။
အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာခံထားရသူများနှင့် ဆွေးနွေးခြင်းမပြုနိုင်ဟု မြန်မာစစ်တပ်က ပြောဆိုနေခြင်းမှာလည်း ၎င်းတို့လုပ်ရပ်ကို ကြည့်ပါက ရှေ့နောက် မညီညွတ်ပေ။ ၂၀၂၀ နိုဝင်ဘာလအတွင်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာစစ်တပ်တို့ ဆွေးနွေးညှိနှိုင်းကာ အပစ်ရပ်ခဲ့သည်ကို တွေ့ရမည်ဖြစ်၏။
တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို မြန်မာစစ်တပ်က ငြင်းပယ်နေရာ ဖြစ်နိုင်ချေ လွန်စွာနည်းပါးသည်ဟု ဆိုရပေမည်။
ထို့အပြင် လက်ရှိမြန်မာ့အရေးကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ဦးတည်လိုသူများ အနေဖြင့် NUG ၊ CRPH၊ NUCC ၊ PDF စသည့် ပြည်တွင်းနိုင်ငံရေး အင်အားစုများ၊ လက်နက်ကိုင်အင်အားစုများကို ဘေးဖယ်ထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်သာ တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ပါက ဖြစ်နိုင်ခြေ နည်းပါးမည့် အပြင်၊ မြန်မာအရေးကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။
တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည် မြန်မာ့အရေးကို ထိခိုက်နာကျင်မှု အနည်းဆုံးဖြင့် ဖြေရှင်းကောင်း ဖြေရှင်းနိုင်ပေလိမ့်မည်။ သို့သော်လည်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို မြန်မာစစ်တပ်က ငြင်းပယ်နေရာ ဖြစ်နိုင်ချေ လွန်စွာနည်းပါးသည်ဟု ဆိုရပေမည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
ဂျပန်အထူးကိုယ်စားလှယ်၏ စည်းရုံးမှု အလုပ်ဖြစ်မလား
PDF တွေ ကျေးလက်ဒေသများစွာကို စိုးမိုးထိန်းချုပ်ထားဟု ဦးရည်မွန် ပြော
“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”
ရွာလုံးကျွတ်မီးတိုက်သည့် စစ်တပ်ကြောင့် ပြာပုံဘ၀ရောက်ကြရသူများ
Myanmar Diaries က စစ်ကောင်စီအောက် အသက်အန္တရာယ်ကြီးကြောင်း မီးမောင်းထိုးပြနေသည်