• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်ကို ယုံတဲ့ သူရဦးအောင်ကို

by ဧရာဝတီ
22 March 2022
in ဆောင်းပါး
A A
သူရဦးအောင်ကို / ဧရာဝတီ

သူရဦးအောင်ကို / ဧရာဝတီ

9.3k
VIEWS
Share on FacebookShare on Twitter

ခေတ်အဆက်ဆက် စစ်ဘက်အရပ်ဘက် ထိပ်တန်းရာထူးများ တာဝန်ယူခဲ့သည့် သူရဦးအောင်ကိုတယောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ၂၁ ရာစု အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် အဂတိစွပ်စွဲချက်များ ဖြင့် အကျဉ်းချခံထားရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး တာဝန်ယူခဲ့သည့် သူရဦးအောင်ကိုသည် အာဏာသိမ်းစစ်တပ်၏ ပထမဆုံး ပစ်မှတ်ထား ဖမ်းဆီးသူများ ထဲတွင် ပါဝင်ခဲ့ပြီး အင်းစိန်ထောင်တွင်း ချုပ်နှောင်ခံရသလို မိသားစုနှင့်လည်း တွေ့ဆုံခွင့်မရပေ။

အင်စိန်းထောင်တွင်း ချုပ်နှောင်ထားစဉ် ၎င်းတာဝန်ယူခဲ့စဉ်က သာသနာဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြင့်ရာ၌ သက်ဆိုင်သူအချို့ထံ မှ ငွေလက်ခံရယူခြင်း၊ ၂၀ ကျပ်သားခန့်ရှိ ရွှေပန်းကန် ၁ ချပ်အား ရယူခဲ့ခြင်းနှင့် သိန်း ၁ ထောင်ကျော်တန် ကား ၁ စီးအား ငွေအကျေပေးချေခြင်း မရှိဘဲ ရယူခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲကာ အဂတိမှုလေးမှုဖြင့် တရားစွဲခဲ့သည်။

စွပ်စွဲမှုအပေါ် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ၁ နှစ်နီးပါးကြာ စစ်ဆေးကြားနာပြီးနောက် မတ် ၁၄ ရက်တွင် ၁ မှုလျှင် ထောင် ၃ နှစ်နှုန်းဖြင့် စုစုပေါင်း ထောင် ၁၂ နှစ် ကျခံစေရန်နှင့် ရွှေပန်းကန်နှင့် ကားအား နိုင်ငံပိုင်သိမ်းဆည်းကြောင်း အာဏာသိမ်း စစ်ကောင်စီက ကြေညာခဲ့သည်။

ထိုစွပ်စွဲမှုအပေါ် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ၁ နှစ်နီးပါးကြာ စစ်ဆေးကြားနာပြီးနောက် မတ် ၁၄ ရက်တွင် ၁ မှုလျှင် ထောင် ၃ နှစ်နှုန်းဖြင့် စုစုပေါင်း ထောင် ၁၂ နှစ် ကျခံစေရန်နှင့် ရွှေပန်းကန်နှင့် ကားအား နိုင်ငံပိုင်သိမ်းဆည်းကြောင်း အာဏာသိမ်း စစ်ကောင်စီက ကြေညာခဲ့သည်။

သို့သော် စွပ်စွဲချက်များ မှားယွင်းကြောင်း တရားခွင်တွင် သက်သေပြနိုင်ခဲ့သည်ဟု ၎င်းနှင့်နီးစပ်သူများက ထုတ်ဖော်ပြော ဆိုခဲ့ကြပြီး ရွှေပန်းကန်မှာ ဒေါ်အောင်ဆန်းစုကြည် တည်ထားသည့် ထာဝရငြိမ်းချမ်းရေးစေတီတွင် လှူဒါန်းရန်ဖြစ်ပြီး ကားမှာလည်း သမီးဖြစ်သူက အရစ်ကျဝယ်ယူထားခြင်းသာ ဖြစ်ကြောင်း ဆိုကြသည်။

မည်သို့ပင်ဖြစ်စေ အစိုးရ၊ လွှတ်တော်များတွင် ထိပ်တန်းရာထူးများ ထမ်းဆောင်ခဲ့ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှု များကြောင့် လူသိများခဲ့သည့် အသက် ၇၄ နှစ်အရွယ် သူရဦးအောင်ကိုသည် လက်ရှိတွင် အင်းစိန်ထောင်နံရံများကြား လုံလောက်သည့် ဆေးကုသခွင့်မရဘဲ ရင်ဆိုင်ဖြတ်သန်းနေရသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ဇာတိဖြစ်သည့် သူရဦးအောင်ကိုသည် စစ်တက္ကသိုလ်အပတ်စဉ် ၁၁ တွင် တက်ရောက်ခဲ့ပြီး ၁၉၆၉ မှ ၁၉၉၇ ခုနှစ်အတွင်း ဗိုလ်မှူးချုပ်အဆင့်ထိ စစ်မှုထမ်းခဲ့ကာ သူရဘွဲ့ရရှိခဲ့သူ ဖြစ်သည်။

ယခုလက်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ပါတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းနှင့် စစ်တက္ကသိုလ်တပတ်စဉ်ထဲ ဖြစ်သည်။

စစ်တပ်တာဝန်ထမ်းဆောင်စဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရလက်ထက်တွင် သာသနာရေး ဒုဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာ ဒုဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တွင်လည်း ဗဟိုကော်မတီဝင်တဦးအဖြစ် ပါဝင်ခဲ့သည်။

စစ်တပ်တာဝန်ထမ်းဆောင်စဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရလက်ထက်တွင် သာသနာရေး ဒုဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာ ဒုဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တွင်လည်း ဗဟိုကော်မတီဝင်တဦးအဖြစ် ပါဝင်ခဲ့သည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင်မူ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး လွှတ်တော်နိုင်ငံရေးထဲ ဝင်ရောက်လာခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်စဉ် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။

၂၀၁၉ စက်တင်ဘာအတွင်းက ပြုလုပ်သည့် အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနားတွင် တွေ့ရစဉ် (ဓာတ်ပုံ/ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေး ဦးတည်ရေးဆွဲထားသည်ဟု NLD ထောက်ခံသူအများစု ယူဆထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)နှင့် ပတ်သက်၍လည်း ဆိုင်းငံ့ထားရန် ထုတ်ဖော်ပြောဆိုခဲ့သူ ဖြစ်သည်။

စစ်တပ်ပြုပြင်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့တွင် ထုတ်ဖော်ပြောဆိုမှုကြောင့် ပိုမို လူသိများလာခဲ့ သည့် သူရဦးအောင်ကိုအား NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်း တို့ကြား ရင်းနှီးမှုရစေရန် လုပ်ဆောင်ခဲ့သူတဦးအဖြစ်လည်း ရှုမြင်ကြသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ ကြံ့ခိုင်ရေးပါတီတွင် အာဏာလုပွဲ ဖြစ်ပွားပြီးနောက် သူရဦးအောင်ကိုသည် သူရဦးရွှေမန်းနှင့်အတူ ပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အပြတ်အသတ်အနိုင်ရခဲ့ပြီး အစိုးရဖွဲ့ချိန် တွင် သူရဦးအောင်ကိုသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးဖြစ်လာခဲ့ပြီး သာသနာရေးဆိုင်ရာများအား တကျော့ပြန် ကိုင်တွယ်ခွင့်ရခဲ့သည်။

ထိုစဉ်က NLD အစိုးရနှင့် သာသနာရေးဝန်ကြီး ဖြစ်သူတို့အတွက် ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများကြား စိန်ခေါ်မှု များပြားသည့်ကာလ ဖြစ်ခဲ့ကာ ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး အစွန်းရောက်ဘာသာကြီးတခုအဖြစ် သုံးနှုန်းပြောဆိုခဲ့မှု ကြောင့် အစ္စလာမ်ဘာသာဝင်များ၏ ကန့်ကွက်ရှုတ်ချမှု ကြုံခဲ့ရသည်။

သူရဦးအောင်ကိုသည် စစ်တပ်ထောက်ခံပြီး ဘာသာရေးသွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်လေ့ရှိသည့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အဖွဲ့အား ၂၀၁၇ တွင် ဖျက်သိမ်းရန် ကြိုးပမ်းရာ၌ အဓိကကျခဲ့သူ ဖြစ်သည်။

တဖက်တွင်လည်း သူရဦးအောင်ကိုသည် စစ်တပ်ထောက်ခံပြီး ဘာသာရေးသွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်လေ့ရှိသည့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အဖွဲ့အား ၂၀၁၇ တွင် ဖျက်သိမ်းရန် ကြိုးပမ်းရာ၌ အဓိကကျခဲ့သူ ဖြစ်သည်။

ယင်းအတွက် မ.သ.ဘ အဖွဲ့ဝင်များနှင့် အမျိုးသားရေးအမည်ခံများက ၎င်းအား ရာထူးမှနုတ်ထွက်ပေးရန် နေပြည်တော်ထိ သွားရောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နုတ်ထွက်ရန် ဆန္ဒပြသူများနှင့် ပတ်သက်ပြီး သူရဦးအောင်ကိုက “ကြေးစားမဟုတ်တဲ့ ပြည်သူတွေကို များများမစည်းရုံးရပါ ဘူး။ တပတ်လောက် စည်းရုံးရင် ရပါတယ်။ ပြည်သူ ၁ သိန်းနဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဖို့ ဆန္ဒထုတ်ဖော်မယ်၊ ၁ သိန်း နည်း သေးရင် ပြည်သူ ၁ သန်းနဲ့ ဆန္ဒထုတ်ဖော်မယ်။ ၁ သန်း နည်းသေးရင် တနိုင်ငံလုံး ထွက်ပြီးတော့မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ ဆန္ဒထုတ်ဖော်မယ်။ ပြင်ပေးမလား၊ ပြင်ပေးမယ်ဆိုရင် ဝန်ကြီးဆိုတဲ့ရာထူးလေးက ဘာမှမဟုတ်ပါဘူး။ အသေးအဖွဲလေးပါ။ ထွက်ရုံတင်မကဘူး ရှိတာတောင်မှ အကုန်လုံး နိုင်ငံတော်ကို လှူသွားနိုင်ပါတယ်။ ပိုင်ဆိုင်မှုတွေ ရှိတာလေး မဖြစ်စလောက်လေးပါ။ လှူသွားနိုင်ပါတယ်၊ စိန်ခေါ်ပါတယ်၊ စိန်ခေါ်ပါတယ်” ဟု တုန့်ပြန်ပြောဆိုခဲ့သည်။

၂၀၁၉ စက်တင်ဘာအတွင်းက ပြုလုပ်သည့် အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးအောင်ကိုတို့ကို အတူ တွေ့ရစဉ် (ဓာတ်ပုံ/ဧရာဝတီ)

ထို့ပြင် ၎င်း သာသနာရေးဝန်ကြီးအဖြစ် စတင်တာဝန်ယူပြီးနောက် ခေတ်အဆက်ဆက် ဘုရားဖူးပြည်သူများအပေါ် အနှောင့် အယှက် ဖြစ်စေခဲ့သည့် နာမည်ကြီးထင်ရှားသော ဘုရားစေတီများမှ အလှူခံကန်ထရိုက်များအား ဖျက်သိမ်းနိုင်ခဲ့ပြီး နှစ်စဉ် အလှူငွေ ရရှိမှုများလည်း ကျပ်ဘီလီယံချီကာ တိုးတက်များပြားစေခဲ့သည်။

စစ်ဘက်တွင် တာဝန်ထမ်းဆောင်စဉ်ကလည်း ၎င်းကိုယ်၎င်း လောဘ၊ ဒေါသ၊ မောဟနည်းသူအဖြစ် အမွှန်းတင်ခဲ့ပြီး ကိုယ်ပိုင်ကားပင်မရှိဘဲ အစိုးရဌာနကပေးသည့် ကားကိုသာစီးကြောင်းလည်း သူရဦးအောင်ကိုက ပြောဆိုဖူးသည်။

စစ်ဘက်အရပ်ဘက်တွင် ထိပ်တန်းရာထူးများ တာဝန်ထမ်းဆောင်ခဲ့သူတဦး အနေဖြင့် ယခုကဲ့သို့ ကိုယ်ပိုင်ကားပင်မရှိဟု ဆိုခြင်းအပေါ် လူအများ ယုံရခက်ခဲ့ပြီး နိုင်ငံတော်သမ္မတထံ လျှို့ဝှက်ပေးပို့ထားရသည့် ဝန်ကြီးများ၏ ပိုင်ဆိုင်မှုအပေါ် မေးခွန်းထုတ်မှုများလည်း ရှိခဲ့သည်။

ဦးဝီရသူနှင့် ဘူးလက်လှဆွေတို့အား အမှုဖွင့် တရားစွဲစေခဲ့သော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိသည့် ရဲတပ်ဖွဲ့အပေါ် အစိုးရက အုပ်ချုပ်နေခြင်း မဟုတ်ဘဲ မည်သည့်အဖွဲ့က အုပ်ချုပ်နေသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း သူရဦးအောင်ကို၏ မှတ်ချက်ပေး ပြောဆိုခဲ့သည်။

အစိုးရအပေါ် ပုတ်ခတ်ပြောဆိုပြီး စစ်တပ်အား ဘုရားလိုကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့သည့် ဦးဝီရသူနှင့် ဘာသာရေး လှုံ့ဆော်ဟောပြောသူ ဘူးလက်လှဆွေတို့အား အမှုဖွင့်တရားစွဲစေခဲ့သော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိသည့် ရဲတပ်ဖွဲ့အပေါ် အစိုးရက အုပ်ချုပ်နေခြင်း မဟုတ်ဘဲ မည်သည့်အဖွဲ့က အုပ်ချုပ်နေသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း သူရဦးအောင်ကို၏ မှတ်ချက်ပေး ပြောဆိုမှုကြောင့်လည်း စစ်တပ်နှင့် အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။

ယင်းအတွက် စစ်တပ်အနေဖြင့် သူရဦးအောင်ကိုအား အရေးယူပေးရန်အထိ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် သူရဦးအောင်ကို၏ ပြောဆိုချက်သည် မှန်ကန်ခဲ့သည်ဟု သုံးသပ်ရမည်ဖြစ်ပြီး ဦးဝီရသူနှင့် ဘူးလက်လှဆွေ နှစ်ဦး လုံးအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘဲ ၎င်းတို့ကိုယ်တိုင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ လာရောက်အဖမ်းခံမှသာ တရား ရုံး တင်နိုင်ခဲ့သည်။

သို့သော် စစ်တပ် လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံခဲ့သည့် ၎င်းတို့နှစ်ဦးလုံး ထောင်ထဲတွင် ခေတ္တသာနေထိုင်ခဲ့ရပြီး စစ်တပ်က အာဏာသိမ်းပြီး မကြာခင်ပင် ၎င်းတို့အား အမှုရုတ်သိမ်းကာ ပြန်လွှတ်ပေးလိုက်သည်။

အသက် ၇၄ နှစ်အရွယ် သွေးအားနည်းခြင်းနှင့် ဆီးချိုရောဂါဝေဒနာ ခံစားနေရသည့် သူရဦးအောင်ကိုတယောက် မိသားစုနှင့် တွေ့ဆုံခွင့်မရဘဲ ထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသမှုလည်း မရှိသည့်အတွက် ၎င်း၏ ကျန်းမာရေး အခြေအနေ အား စိုးရိမ်ကြောင်း မိသားစုဝင်များက ထုတ်ဖော်ပြောဆိုထားကြသည်။

လက်ရှိတွင်မူ အာဏာသိမ်းစစ်တပ်အား ဘုရားလိုကိုးကွယ်ခိုင်းခဲ့သူ ဦးဝီရသူတို့ လွတ်လာခဲ့ရာ အင်းစိန်ထောင်အတွင်းတွင် စစ်တပ်၏ စွပ်စွဲမှုများကြောင့် သူရဦးအောင်ကိုတယောက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရထားပြီး အခက်အခဲများ ရင်ဆိုင် ကာ ဖြတ်သန်းနေရသည်။

အသက် ၇၄ နှစ်အရွယ် သွေးအားနည်းခြင်းနှင့် ဆီးချိုရောဂါဝေဒနာ ခံစားနေရသည့် သူရဦးအောင်ကိုတယောက် မိသားစုနှင့် တွေ့ဆုံခွင့်မရဘဲ ထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသမှုလည်း မရှိသည့်အတွက် ၎င်း၏ ကျန်းမာရေး အခြေအနေ အား စိုးရိမ်ကြောင်း မိသားစုဝင်များက ထုတ်ဖော်ပြောဆိုထားကြသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
480
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
487
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187

You may also like these stories:

မောက်မာပြီး ဘဝင်မြင့်မှု ကမ်းကုန်နေသော အာဏာသိမ်း စစ်ခေါင်းဆောင်

ဦးမြင့်ဆွေအတွက် လမ်းနှစ်သွယ်

မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

နောက်တက်မယ့် တပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလား

Your Thoughts …
Tags: စစ်ကောင်စီစစ်ဘက်အရပ်ဘက်သူရဦးအောင်ကိုအဂတိမှုအင်းစိန်ထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့ကို ဖနွမ်းပင်တွင် အတူတကွ မြင်ရစဉ် / AFP

ASEAN အစီအစဉ် စစ်ကောင်စီ လေးစားရန် ကမ္ဘောဒီးယားနှင့် ဂျပန်ခေါင်းဆောင်များ တိုက်တွန်း

ANP ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ  / ANP/Facebook

ANP ၌ တာဝန်ဆက်ယူရန် ရှိမရှိ ပါတီခေါင်းဆောင်များ အကြောင်းမပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved