• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တက္ကသိုလ်ပညာ အင်္ဂလိပ်လိုသင်မည်

by ဖီးနစ်
26 October 2022
in သူ့အတွေး သူ့အမြင်
A A
စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

6.8k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ် ဆိုရှယ်လစ်အမည်ခံ ဗဟိုထိန်းချုပ်မှုများတဲ့ ပညာရေးစနစ်ကို အဓိကနေရာကနေ ကူညီပံ့ပိုးပေးခဲ့သူ တဦးကတော့ ဒေါက်တာ ညီညီပဲ ဖြစ်ပါတယ်။

၁၉၇၆ ခုနှစ်မှာ ဒေါက်တာ ညီညီက “တက္ကသိုလ်ပညာရေး မြန်မာလိုသင်မည်” ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးသားခဲ့တယ်။ ဆောင်းပါးကတော့ ပုဂံတိုက်ထုတ် “စနစ်သစ်ပညာရေး” ဆိုတဲ့ စာအုပ်မှာ ပါတာပါ။ ထိုနှစ်ပိုင်းတွေက ထွက်ရှိတဲ့ စာအုပ်တွေရဲ့ ထုံးစံအတိုင်း အဲဒီစာအုပ်ဟာလည်း လက်ဝဲအငွေ့အသက်တွေ ပျံ့လွင့်လို့ နေပါတယ်။ အဆိုပါ ဆောင်းပါးထဲမှာ ပါဝင်တဲ့ ဒေါက်တာ ညီညီဆိုလိုတဲ့ အကြောင်းအရာတွေကို ခြုံငုံတင်ပြရမယ်ဆိုရင် အင်္ဂလိပ်တွေဟာ မြန်မာနိုင်ငံသားတို့ရဲ့ ဇာတိသွေး၊ ဇာတိမာန် တက်ကြွမလာအောင် ချိုးနှိမ်ထားလိုတဲ့အတွက် တက္ကသိုလ်မှာ အင်္ဂလိပ်လို သင်ကြားစေခဲ့ခြင်း ဖြစ်တယ်။ တက္ကသိုလ်ပညာရပ်တွေကို မြန်မာဘာသာနဲ့ သင်ကြားမယ်ဆိုရင် မြန်မာတို့အနေနဲ့ အဆင့်မြင့် ပညာရပ်တွေကို ပိုမိုနားလည်လိမ့်မယ်လို့ ယူဆကြောင်း ရေးသားခဲ့ပါတယ်။

ဒေါက်တာ ညီညီရဲ့ ရေးသားချက်တွေကို ခြုံငုံကြည့်လိုက်ရင် ဇာတိမာန်ကို အလေးပေးလွန်းခြင်း၊ ပညာရေးဟာ နိုင်ငံရေး ဦးတည်ချက်အောက် ရောက်နေတာတွေကို တွေ့မြင်နိုင်ပါတယ်။ ထို့ပြင် ဒေါက်တာ ညီညီရဲ့ ရေးသားချက်ဖြစ်တဲ့ မြန်မာဘာသာနဲ့ တက္ကသိုလ် ပညာရပ်ဆိုင်ရာ စာအုပ်တွေကို ထုတ်ဝေမယ်ဆိုပါက မြန်မာတို့အနေနဲ့ အဆင့်မြင့် ပညာရပ်တွေကို ပိုပြီး နားလည်မယ်ဆိုတဲ့ အချက်ကိုလည်း ကျနော့်အနေနဲ့ သဘောမတူပါ။

ဒါ့ပြင် “တက္ကသိုလ်ပညာရေး စနစ်သစ်၏ ထူးခြားချက်များ” ဆိုတဲ့ ဆောင်းပါးမှာလည်း မဆလခေတ် ပညာရေးနဲ့ ကိုလိုနီခေတ်၊ ပညာရေးတို့ကို နှိုင်းယှဉ်ပြီး ရေးသားထားတာကို တွေ့ရှိရတယ်။ အဲဒီလို နှိုင်းယှဉ်ရေးသားရာမှာလည်း မဆလခေတ် ပညာရေးဟာ ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်‌ရေးကို ဦးတည်ခြင်း ဖြစ်တဲ့အတွက် ပိုပြီး အဆင့်မြင့်ကြောင်း ရေးသားထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
92
သဇင်ပန်း

သဇင်ပန်း

10 January 2026
122
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3k

အထက်ပါ ဒေါက်တာ ညီညီရဲ့ ရေးသားချက်တွေကို ခြုံငုံကြည့်လိုက်ရင် ဇာတိမာန်ကို အလေးပေးလွန်းခြင်း၊ ပညာရေးဟာ နိုင်ငံရေး ဦးတည်ချက်အောက် ရောက်နေတာတွေကို တွေ့မြင်နိုင်ပါတယ်။ ထို့ပြင် ဒေါက်တာ ညီညီရဲ့ ရေးသားချက်ဖြစ်တဲ့ မြန်မာဘာသာနဲ့ တက္ကသိုလ် ပညာရပ်ဆိုင်ရာ စာအုပ်တွေကို ထုတ်ဝေမယ်ဆိုပါက မြန်မာတို့အနေနဲ့ အဆင့်မြင့် ပညာရပ်တွေကို ပိုပြီး နားလည်မယ်ဆိုတဲ့ အချက်ကိုလည်း ကျနော့်အနေနဲ့ သဘောမတူပါ။

အားလုံး သိကြတဲ့အတိုင်းပဲ မြန်မာ့တက္ကသိုလ် ပညာရေးဟာ မဆလခေတ်ကစပြီး နိမ့်ကျခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို နိမ့်ကျရခြင်းရဲ့ အဓိက အကြောင်းရင်းက ဗဟိုချုပ်ကိုင်မှု များပြားတာ၊ တက္ကသိုလ်ရဲ့ မူဝါဒများတွေမှာ နိုင်ငံရေး ဝင်ရောက်စွက်ဖက်ခြင်းတွေ ဖြစ်ပေမယ့် မြန်မာဘာသာနဲ့ သင်ရိုးစာအုပ်တွေ ရေးသားခြင်းဟာလည်း တခုအပါအဝင် ဖြစ်တယ်လို့ ဆိုရပါမယ်။

နဝတခေတ်မှာ အင်္ဂလိပ်ဘာသာနဲ့ သင်ကြားခြင်းကို ပြန်လည် ရှေ့တန်းတင်ခဲ့ပေမယ့် တက္ကသိုလ်ပညာရေးဟာ နိမ့်ကျဆဲဖြစ်ပြီး အစိုးရ အဆက်ဆက် ပြုလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်းများမှာလည်း ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။ ယခုအခါမှာလည်း သာမန်လူထုများကြားမှာ တက္ကသိုလ်ပညာရပ်တွေကို မြန်မာလိုသင်မယ်ဆိုရင် ပိုပြီး အကျိုးရှိမယ်ဆိုတဲ့ အသံတွေကို ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ အဲ့ဒါကြောင့် တက္ကသိုလ်ရဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းတွေကို အဘယ့်ကြောင့် အင်္ဂလိပ်ဘာသာဖြင့်သာ ရေးသားထုတ် ဝေသင့်ကြောင်းကို ရှင်းပြလိုပါတယ်။

ပညာရပ်ဆိုင်ရာ ဝေါဟာရအခက်အခဲ

တက္ကသိုလ်ပညာရပ်တွေကို မြန်မာလို စသင်မယ်ဆိုရင် ပထမဆုံးကြုံရမှာက ပညာရပ်ဆိုင်ရာ ဝေါဟာရတွေကို ဘာသာပြန်ရမယ့် အခက်အခဲပါပဲ။ ဘာသာရပ် တခုစီ တခုစီတိုင်းမှာ အဲ့ဒီ ဘာသာရပ်တွေနဲ့ သက်ဆိုင်တဲ့ ပညာရပ်ဆိုင်ရာ အသုံးအနှုန်း technical/ academic term တွေဆိုတာ ရှိပါတယ်။ အဲ့ဒီ အသုံးအနှုန်းတွေရဲ့နောက်မှာ အဓိပ္ပာယ်ကြီးတွေ ရှိပါတယ်။ ဒီလို ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတိုင်းအတွက် သူနဲ့ကိုက်ညီမယ့် မြန်မာဝေါဟာရကို ပြန်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။

ဖြစ်နိုင်မယ်ဆိုရင်တောင် အချိန်အား၊ ငွေအား၊ ပညာရှင်အားတွေ အများအပြား စိုက်ထုတ်ပြီး လုပ်ရမယ့် စီမံကိန်းမျိုးပါ။ မြန်မာနိုင်ငံလို နှစ်ပေါင်း ရာစုနှစ်ဝက်လောက် ပညာရှင်မျိုးဆက် ခါးပြတ်ထားတဲ့၊ ဓနအားရော ဉာဏအားပါ ချိနဲ့နေတဲ့ နိုင်ငံမျိုးမှာ ဒီပရောဂျက်က လုံးဝမဖြစ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ပြီးတော့ နေ့စဉ်နေ့စဉ် အသစ်အသစ် ပေါ်ပေါက်လာနေတဲ့ နယ်ပယ်တိုင်းက ပညာရပ်ဆိုင်ရာ စာလုံးအသစ်တွေကို ချက်ချင်းလက်ငင်း ဘာသာပြန်ပစ်ဖို့ကလည်း လုံးဝမဖြစ်နိုင်တဲ့ အခြေအနေမျိုးပါပဲ။

ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေကို ခက်ဆစ်ပြန်ဖွင့်တဲ့ အဘိဓာန်စီမံကိန်းမျိုးတောင် တော်တော်လုပ်ယူရမယ့် သဘောမျိုးရှိပါတယ်။ အရင်ကတော့ တက္ကသိုလ် ဘာသာပြန် စာပေအသင်းကြီးကနေပြီး “တက္ကသိုလ်ပညာရပ် ဝေါဟာရများ“ စာအုပ် ထုတ်ခဲ့ဖူးပါတယ်။ အဲဒီစာအုပ်က ရှိသမျှ ပညာရပ်နယ်ပယ် (အများစုကသိပ္ပံ ပညာရပ်တွေ) ထဲက ဝေါဟာရတွေကို မြန်မာလိုပြန်ထားပါတယ်။ ဒါပေမယ့် မြန်မာလို တိုက်ရိုက် ဘာသာပြန်ထားခြင်း ဖြစ်ပြီး အဓိပ္ပာယ်တွေကို ရှင်းလင်းမဖော်ပြထားလို့ ကျောင်းသားတွေအတွက် အထောက်အကူဖြစ်မယ် မထင်ပါ။

ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေကို ခက်ဆစ်ပြန်ဖွင့်တဲ့ အဘိဓာန်စီမံကိန်းမျိုးတောင် တော်တော်လုပ်ယူရမယ့် သဘောမျိုးရှိပါတယ်။ အရင်ကတော့ တက္ကသိုလ် ဘာသာပြန် စာပေအသင်းကြီးကနေပြီး “တက္ကသိုလ်ပညာရပ် ဝေါဟာရများ“ စာအုပ် ထုတ်ခဲ့ဖူးပါတယ်။ အဲဒီစာအုပ်က ရှိသမျှ ပညာရပ်နယ်ပယ် (အများစုကသိပ္ပံ ပညာရပ်တွေ) ထဲက ဝေါဟာရတွေကို မြန်မာလိုပြန်ထားပါတယ်။ ဒါပေမယ့် မြန်မာလို တိုက်ရိုက် ဘာသာပြန်ထားခြင်း ဖြစ်ပြီး အဓိပ္ပာယ်တွေကို ရှင်းလင်းမဖော်ပြထားလို့ ကျောင်းသားတွေအတွက် အထောက်အကူဖြစ်မယ် မထင်ပါ။

ဒီဘက်ခေတ်မှာတော့ ပိုစ့်ကိုလိုနီရယ် Post-Colonial အဘိဓာန်တို့လို စာအုပ်တွေ ထွက်လာတာရှိပေမယ့် ပိုစ့်ကိုလိုနီရယ် နယ်ပယ်မှာ အထူးပြုတဲ့ ပညာရှင်တယောက်ကနေ ရေးသားခြင်း မဟုတ်လို့ အနက်ကောက်ရာမှာ လွဲမှားတာတွေ တွေ့ရသလို ပိုစ့်ကိုလိုနီရယ် နယ်ပယ်က မြန်မာပြည်မှာ သိပ်မထွန်းကားတာမို့ ပေါက်ပေါက်ရောက်ရောက်လည်း သိပ်မရှိခဲ့ပါဘူး။

ဒါ့အပြင် နိုင်ငံတကာ တက္ကသိုလ်တွေမှာ ကျောင်းမတက်ခင်ကတည်းက စာဖတ်ဖို့ဆိုပြီး စာရင်းနဲ့ စာအုပ်တွေ ပေးလိုက်တာရှိပါတယ်။ တက္ကသိုလ်တက်မယ့် ကျောင်းသားတွေဟာ ပညာရပ်တခုကို တစိုက်မတ်မတ် ထဲထဲဝင်ဝင် အထူးပြုလေ့လာကြမယ့်သူတွေမို့ သူတို့ဖတ်ရမယ့် ပညာရပ်ဆိုင်ရာ စာပေတွေဟာ ခက်ခဲနက်နဲပြီး မြန်မာဘာသာကို ဘာသာပြန်ဆိုရတာလည်း ခက်ခဲပါတယ်။

နိုင်ငံတကာက ထုတ်ဝေတဲ့ စာအုပ် သုံး၊ လေးအုပ်ထဲက ကောင်းနိုးရာရာလေးတွေ ထုတ်နုတ်ဘာသာပြန်ပြီး ပြဌာန်းစာအုပ်တွေ ပုံသေသတ်မှတ်ကာ သင်ကြားလို့ ပညာရပ်အဆင့်အတန်းတွေ နိမ့်ကျပြီးပါပြီ။ တက္ကသိုလ်မှာ ပညာသင်မယ့် ကျောင်းသားတဦးသာ အင်္ဂလိပ်စာ၊ အထူးသဖြင့် ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာကို ကောင်းကောင်းကြီး ရေးတတ်ဖတ်တတ်ဖို့ လိုပါတယ်။

အချို့ တက္ကသိုလ်မှာတော့ ဥပစာတန်းမှာ Academic English ရေးနည်းကို သင်ပေးလေ့ရှိပါတယ်။ တက္ကသိုလ်ကျောင်းသားတွေ အနေနဲ့ နိုင်ငံတကာမှာ နေ့စဉ်ထုတ်ဝေနေတဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ်တွေကို ဖတ်ရှုနိုင်မှသာလျှင် စာသင်ခန်းထဲမှာ ဆရာတွေ၊ အခြားကျောင်းသားတွေနဲ့ ငြင်းခုန်နိုင်မှာ ဖြစ်ပါတယ်။ အဲ့လိုဖြစ်ဖို့ဆိုရင် အင်္ဂလိပ်စာ သင်ကြားနည်းတွေကို ပြောင်းလဲပစ်ဖို့ လိုပါ့မယ်။

ကမ္ဘာ့အဆင့်မီ စာတမ်းတွေထွက်ဖို့

မြန်မာနိုင်ငံက တက္ကသိုလ်ကျောင်းသားတွေ ပါရဂူဘွဲ့အတွက် ‌ရေးသားတင်သွင်းတဲ့ ကျမ်းတော်တော်များများဟာ ကိုးကားဖတ်ရှုသူ မရှိကြတဲ့အတွက် (ရှိတော့ရှိတယ်။ တကယ့်ပညာရှင်တွေနည်းပြီး ဝါသနာရှင်တွေသာ များပါတယ်။) တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ရဲ့ စင်လေးတွေအပေါ်မှာ မျက်နှာငယ်စွာနဲ့ ထိုင်နေရရှာပါတယ်။

ရန်ကုန်တက္ကသိုလ် / ဧရာဝတီ

အဲ့ဒီလို ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေကို အရင်းစစ်လိုက်မယ်ဆိုရင် ဗဟိုချုပ်ကိုင်မှု များလွန်းခြင်း၊ အစိုးရပေါ်လစီအောက်က မထွက်ရခြင်းနဲ့ တီထွင်စမ်းသစ်မှု မရှိတာတွေ ကြောင့်ပါပဲ။ အခု ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ ပိုဆိုးလာပါတယ်။ NLD အစိုးရ လက်ထက်ကတည်းကိုက စာတမ်းတင်သွင်းမယ်ဆိုရင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ နာမည်တွေကို ထည့်ရေးတဲ့အခါမှာ ရာထူးနဲ့ ရှေ့က ဦး၊ ဒေါ်၊ ဒေါက်တာ တပ်ရေးပေးရတဲ့ မူဝါဒရှိပါတယ် (နိုင်ငံတကာမှာတော့ အစိုးရအဖွဲ့ဝင်ရဲ့ Surname ကိုပဲ ရေးလေ့ရှိပါတယ်)။

ဒါ့အပြင် သုတေသန စည်းဘောင်ကိုလည်း အစိုးရက ကန့်သတ်ထားတာတွေ ရှိပါတယ်။ ဥပမာ ၁၉၆၂ ခုနှစ် အာဏာသိမ်းတာကို ရေးတဲ့အခါမှာ အာဏာသိမ်းမှုဆိုပြီး သုံးလို့မရပါဘူး။ နိုင်ငံတော်၏ ယိုယွင်းလာသော အခြေအနေများကို ထိန်းသိမ်းစိမ့်သောငှာ တပ်မတော်မှ နိုင်ငံတော်အာဏာကို လက်လွှဲယူလိုက်သည် စသဖြင့်ပဲ သုံးရပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာဆိုရင် ရိုဟင်ဂျာအကြောင်း စာတမ်းရေးခွင့် မရှိပါ။

တီထွင်စမ်းသစ်မှု မရှိတာကလည်း မြန်မာနိုင်ငံက စာတမ်းတွေ၊ ကျမ်းတွေ ကမ္ဘာကို မပေါက်မြောက်ရခြင်းရဲ့ အကြောင်းအရင်း တခုပါပဲ။ ဥပမာ သမိုင်းဌာနဆိုပါစို့။ ဌာနက ဆရာ ဆရာမတွေ ပါရဂူဘွဲ့အတွက် ကျမ်းရေးတယ်ဆိုရင် ပုဂံအကြောင်းပဲ ရေးကြတာ များပါတယ်။ ပုဂံမဟုတ်တဲ့ တခြားအကြောင်းအရာတွေကို ရေးသားရာမှာလည်း ကိုးကားတဲ့ ကျမ်းရင်းတွေဟာ လွန်ခဲ့တဲနှစ်ပေါင်း ရာစုနှစ်ဝက်လောက်က ရေးသားပြုစုခဲ့တဲ့ ခေတ်နောက်ကျနေတဲ့ စာရွက်စာတမ်းတွေပဲ များပါတယ်။ ဒါဟာ ဘွဲ့ကြိုသင်တန်း တက်စဉ်အခါက ခေတ်မီတဲ့ ပညာရပ်ဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ထိတွေ့ခွင့်မရခဲ့တဲ့ အကျိုးဆက်ပါပဲ။

ဒါ့အပြင် သုတေသန စည်းဘောင်ကိုလည်း အစိုးရက ကန့်သတ်ထားတာတွေ ရှိပါတယ်။ ဥပမာ ၁၉၆၂ ခုနှစ် အာဏာသိမ်းတာကို ရေးတဲ့အခါမှာ အာဏာသိမ်းမှုဆိုပြီး သုံးလို့မရပါဘူး။ နိုင်ငံတော်၏ ယိုယွင်းလာသော အခြေအနေများကို ထိန်းသိမ်းစိမ့်သောငှာ တပ်မတော်မှ နိုင်ငံတော်အာဏာကို လက်လွှဲယူလိုက်သည် စသဖြင့်ပဲ သုံးရပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာဆိုရင် ရိုဟင်ဂျာအကြောင်း စာတမ်းရေးခွင့် မရှိပါ။

ဒါ့အပြင် Primary source တွေကိုသာ သုံးရမယ်ဆိုပြီး အပေါ်က ချမှတ်ပေးတဲ့ မူဝါဒကြောင့် Source တွေရဲ့နောက်က Hidden meaning တွေကို မကြည့်ဘဲ Face value အတိုင်းယူတဲ့ သာဓကတွေကို ကြုံတွေ့ရပါတယ်။ ဒီလိုကိစ္စတွေ မဖြစ်ဖို့ဆိုရင် ဝိဇ္ဇာနဲ့ လူမှုသိပ္ပံ ဘာသာရပ်တွေမှာ Source အဓိပ္ပာယ်ကောက်နည်းတွေ သင်ကြားဖို့ လိုပါမယ်။ Diverse ဖြစ်တဲ့ Source တွေနဲ့ ထိတွေ့နိုင်ဖို့ဆိုရင် အင်္ဂလိပ်လို ဖတ်နိုင်မှသာလျှင် အဆင်ပြေမှာ ဖြစ်ပါတယ်။

ဒီကိုလိုနိုက်ဇေးရှင်း

ဒုတိယကမ္ဘာစစ် အပြီးကစလို့ ကိုလိုနီအစိုးရတွေ ထားရစ်ခဲ့တဲ့ ယဉ်ကျေးမှု၊ ပညာရေး အမွေအနှစ်တွေကို ဖယ်ထုတ်ရှင်းလင်းတဲ့ လှုပ်ရှားမှု ကမ္ဘာပေါ်က နိုင်ငံတွေမှာ ဖြစ်ပွားပါတယ်။ အဲ့ဒီလှုပ်ရှားမှုကို “ဒီကိုလိုနိုက်ဇေးရှင်း Decolonization ” လှုပ်ရှားမှုလို့ ခေါ်ပြီး အဲဒီလှုပ်ရှားမှုဟာ လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ ဖြစ်ပွားနေဆဲပဲ ဖြစ်ပါတယ်။

တက္ကသိုလ်တွေမှာတော့ ကိုလိုနီခေတ်အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှု ခံခဲ့ရတဲ့ အသိပညာတွေကို ဒီကိုလိုနိုက်ဇ် လုပ်တာတွေ လုပ်လေ့ရှိကြပါတယ်။ ဥပမာပြောရရင် ကိုလိုနီနယ်ချဲ့တွေရဲ့ ဒေသခံလူမျိုးတွေမှာ ယဉ်ကျေးမှု၊ စာပေတွေ မရှိဘူး၊ လူရိုင်းသာသာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို အချက်အလက်ပြပြီး ပြန်လည် ချေပခြင်းမျိုးပါပဲ။

တက္ကသိုလ်တွေမှာတော့ ကိုလိုနီခေတ်အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှု ခံခဲ့ရတဲ့ အသိပညာတွေကို ဒီကိုလိုနိုက်ဇ် လုပ်တာတွေ လုပ်လေ့ရှိကြပါတယ်။ ဥပမာပြောရရင် ကိုလိုနီနယ်ချဲ့တွေရဲ့ ဒေသခံလူမျိုးတွေမှာ ယဉ်ကျေးမှု၊ စာပေတွေ မရှိဘူး၊ လူရိုင်းသာသာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို အချက်အလက်ပြပြီး ပြန်လည် ချေပခြင်းမျိုးပါပဲ။

မြန်မာနိုင်ငံမှာတော့ မဆလခေတ်မှာ စပြီး ကိုလိုနီခေတ်အမွေတွေ ချေဖျက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် တလွဲဆံပင်ကောင်းပြီး ကားမောင်းတဲ့စနစ်တွေ ပြောင်းတာမျိုးကို ပြုလုပ်ခဲ့ပေမယ့် ပညာရပ်ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဒီကိုလိုနိုက်ဇေးရှင်း ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး။ တက္ကသိုလ်တွေနဲ့ ပညာရှင်အသိုင်းအဝိုင်းဟာ အစိုးရရဲ့ Burmese superiority နဲ့ Xenophobic narrative တွေကို စာရွက်ပေါ်တင်ပေးတဲ့ လက်ကိုင်တုတ် သာသာဖြစ်ခဲ့ရပါတယ်။

မဆလခေတ်မှာဆိုရင်တော့ တက္ကသိုလ်က ပြဌာန်းစာအုပ်တွေကို မြန်မာလိုပြုစုတာ၊ ပဉ္စမတန်းမှာ အင်္ဂလိပ်လို သင်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပညာရေး အဆင့်နိမ့်ကျ သွားတာသာလျှင် အဖတ်တင်ခဲ့ပါတယ်။ တလွဲဆံပင်ကောင်းလို့ အကျိုးဆက်ကို ခံစားရတာပါပဲ။ ကိုလိုနီခေတ် အမွေတွေကို ချေဖျက်ပြီး ဒီကိုလိုနိုက်ဇေးရှင်း လုပ်မယ်ဆိုရင် အင်္ဂလိပ်ဘာသာနဲ့ သင်ကြားခြင်းကို ချေဖျက်ရမှာ မဟုတ်ဘဲ ရိုးရာဒေသခံ Source (ဥပမာ – မြန်မာဘက်က မှတ်တမ်းတွေ၊ ရာဇဝင်တွေ) တွေကို အသုံးချပြီး အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာကို ပေါက်အောင် ပညာရှင်ဆန်ဆန် ရေးသားရမှာ ဖြစ်ပါတယ်။

ပြန်ပြီးချုံ့ရမယ် ဆိုရင်တော့ ပြန်လည်ထူထောင်ရေး ကာလမှာ ပြန်ပြီး ပြုပြင် ပြောင်းလဲရမယ့် အရာတွေထဲမှာ တက္ကသိုလ်ပညာရေး၊ အထူးသဖြင့် ဝိဇ္ဇာသိပ္ပံ ပညာရပ်တွေကလည်း တခုအပါအဝင်ပါပဲ။ ပြောင်းရမယ်ဆိုရာမှာ ဆိုရှယ်လစ်ခေတ်ရဲ့ အမွေတွေဖြစ်တဲ့ ဗဟိုချုပ်ကိုင်မှု များပြားတာတွေ၊ ပြဌာန်းစာအုပ် တအုပ်တည်းကို အသေကိုင်ဆွဲပြီး သင်ကြားတာတွေကို ပြုပြင်ရမှာ ဖြစ်သလို အားနည်းခဲ့တဲ့ သုတေသန နည်းနာတွေကိုလည်း အရှိန်မြှင့် သင်ကြားရမှာ ဖြစ်ပါတယ်။ အဲ့ဒါမှသာလျှင် မြန်မာပြည်ရေး ပြန်လည်တိုးတက်လာမှာ ဖြစ်ပါတယ်။

(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။)

You may also like these stories:

ပညာရေး ဒုဝန်ကြီးဟောင်း ဒေါက်တာညီညီ ကွယ်လွန်

ဆရာကန်တော့ပွဲဓလေ့ တက္ကသိုလ်ပညာရေးအတွက် အဆိပ်အတောက်လား

ပေါက်မြို့နယ် NUG ကျောင်းမှ ဆရာ ၁ ဦး ရက်စက်စွာ အသတ်ခံရ

ဖမ်းဆီးခံရသည့် မန္တလေးတက္ကသိုလ် CDM ဝန်ထမ်းတချို့ ပြန်လွတ်

Your Thoughts …
Tags: ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်‌ရေးဒေါက်တာ ညီညီနဝတခေတ်ပညာရေးမဆလခေတ်မြန်မာဘာသာသင်ကြားရေးသုတေသနအင်္ဂလိပ်ဘာသာ
ဖီးနစ်

ဖီးနစ်

ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။

Similar Picks:

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

by ဧရာဝတီ
28 February 2024
12.7k

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်နှင့် တောင်ငူတို့တွင် UTCs များရှိကြောင်း စစ်ကောင်စီ၏ ကြေးမုံသတင်းစာက ဖော်ပြသည်။

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

အာဏာရှင် ဦးနေဝင်း ချန်ခဲ့သော အမွေဆိုး

by မွန်မွန်မြတ်
26 July 2024
6.2k

အာထူးနှင့် ဝေါတားစ်တို့၏ စာအုပ်တွင် နေဝင်း၏ ဗမာဇာတ်သွင်းရေးမူဝါဒ မဏ္ဍိုင်ကြီး သုံးခုကို ဖော်ထုတ်ထားသည်။

သူတို့ ပျော်မနေကြပါ

သူတို့ ပျော်မနေကြပါ

by သာဦး
28 December 2024
4.9k

“ကျနော် ၁၆ နှစ်ကတည်းက တပ်ထဲဝင်တာ။ အိမ်ပြန်မရောက်တာ နှစ်ပေါက်နေပါပြီ။ အမေ့ဆီ ဖုန်းဆက်တော့ ‘နင် ပြန်မလာနဲ့၊ ရွာက နင့်ကို သတ်ချင်နေတာ၊ ရွာလည်း မီးရှို့ခံရလို့ ကုန်ပြီ’ လို့ ပြောတယ်”

တရားရုံးက ကြားဖြတ် မတားဆီးခင် ထရမ့်အမိန့်ကြောင့် အမေရိက ကမောက်ကမဖြစ်

တရားရုံးက ကြားဖြတ် မတားဆီးခင် ထရမ့်အမိန့်ကြောင့် အမေရိက ကမောက်ကမဖြစ်

by ဧရာဝတီ
30 January 2025
3.6k

ထရမ့်၏ အမိန့်သည် ဒီမိုကရက်တစ်ပြည်နယ် ရှေ့နေချုပ်များထံမှ နောက်ထပ် စိန်ခေါ်မှုတခုကိုလည်း ရင်ဆိုင်ရသည်။

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

by အောင်ဇော်
26 February 2024
3.6k

နောက်ဆုံးတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေသည် မြန်မာအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။

နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

by Rajeev Bhattacharyya
21 November 2023
2.8k

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွင် အမျိုးသမီးများသည် တိုက်ခိုက်ရေးအခန်းကဏ္ဍမှ ဖြစ်စေ၊ တိုက်ခိုက်ရေး မဟုတ်သည့် တော်လှန်ရေး လှုပ်ရှားမှုမှဖြစ်စေ ၆၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။

Next Post
စစ်ကောင်စီသည် လူမှုကွန်ရက်များကို ပိတ်ပင်ခဲ့သော်လည်း ပြည်သူလူထုက VPN များကို အသုံးပြုပြီး လူမှုကွန်ရက်ကို ဆက်လက်အသုံးပြုကြသည်  / AFP

အင်တာနက် ထိန်းချုပ်မှုကို လက်နက်သဖွယ် အသုံးပြုလာခြင်း

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့က လန်ဒန်ရှိ ဘက်ကင်ဟမ်နန်းတော်တွင် ဗြိတိန်ဘုရင် ချားလ်စ်က ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်သစ် ရီရှီ ဆူနက်ကို လက်ခံတွေ့ဆုံစဉ်

ဗြိတိန်ဝန်ကြီးချုပ်သစ် ဆူနက် ကြီးမားသော တာဝန်များကို ရင်ဆိုင်ရမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved