• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စံနမူနာ ဖြစ်လာနိုင်သော ပထမဆုံး ချင်းဖွဲ့စည်းပုံအခြေခံဥပဒေ

by June N.S
3 January 2024
in သူ့အတွေး သူ့အမြင်
A A
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စံနမူနာ ဖြစ်လာနိုင်သော ပထမဆုံး ချင်းဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းက ကျင်းပသည့် ပထမဆုံးအကြိမ် ချင်းပြည်ကောင်စီ ညီလာခံကို ဗစ်တိုးရီးယားစခန်းတွင် ကျင်းပစဉ် / ချင်းပြည်ကောင်စီ

3.4k
VIEWS
Share on FacebookShare on Twitter

ချင်းတိုင်းရင်းသားများ ရေးဆွဲသော ပထမဆုံး ဖွဲ့စည်းပုံ ပဋိညဉ်ဖြစ်သည့် ချင်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ချင်းပြည်ကောင်စီသည် ချင်းအစိုးရမဏ္ဍိုင် သုံးခုဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့ကို ကြီးကြပ်မည့် နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းအဖြစ် တရားဝင် သတ်မှတ်သည်။ ကောင်စီသည် ထိုမဏ္ဍိုင် သုံးခုကို လာမည့်လတွင် အပြည့်အဝ ထူထောင်မည်ဟု မျှော်လင့်ရသည်။

ထို ဖွဲ့စည်းပုံအခြေခံဥပဒေ ညီလာခံကို ချင်းအမျိုးသားတပ်ဦး (CNF)၊ မြို့နယ်နှင့် ဒေသအခြေစိုက် အုပ်ချုပ်ရေးဆိုင်ရာ ချင်းအဖွဲ့အစည်းများ၊ ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ မတူညီသည့် ချင်းလူ့အဖွဲ့အစည်း အင်အားစုမှ အထူးဖိတ်ကြားထားသူများမှ စုစုပေါင်း ၂၃၅ ဦး တက်ရောက်ခဲ့ပြီး အခြေခံဥပဒေကို ဒီဇင်ဘာလ ၆ ရက်နေ့တွင် အတည်ပြုပြဌါန်းခဲ့သည်။

ထိုဖွဲ့စည်းပုံသည် ချင်းပြည်သမိုင်းတွင် ချင်းတိုင်းရင်းသားများ ရေးဆွဲ အတည်ပြုသည့် ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။ ချင်းတောင်တန်းအက်ဥပဒေ ကို ၁၈၉၆ ခုနှစ်တွင် ဗြိတိသျှတို့က ရေးဆွဲပြဌါန်းခဲ့ပြီး ၁၉၄၇ ခုနှစ်အထိ ချင်းဒေသကို အုပ်ချုပ်ခဲ့သည်။ ချင်းဖိုရမ် (Chin Forum) ဦးဆောင်မှုဖြင့် ၁၉၉၈ ခုမှ ၂၀၀၈ ခုနှစ်အထိ ချင်းပြည် အမြဲတမ်း ဖွဲ့စည်းပုံကို မူကြမ်း (၅) ခုအထိ ရေးဆွဲသော်လည်း အတည်မပြုနိုင်ခဲ့ပေ။

ထိုဖွဲ့စည်းပုံသည် ချင်းပြည်သမိုင်းတွင် ချင်းတိုင်းရင်းသားများ ရေးဆွဲ အတည်ပြုသည့် ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။ ချင်းတောင်တန်းအက်ဥပဒေ ကို ၁၈၉၆ ခုနှစ်တွင် ဗြိတိသျှတို့က ရေးဆွဲပြဌါန်းခဲ့ပြီး ၁၉၄၇ ခုနှစ်အထိ ချင်းဒေသကို အုပ်ချုပ်ခဲ့သည်။ ချင်းဖိုရမ် (Chin Forum) ဦးဆောင်မှုဖြင့် ၁၉၉၈ ခုမှ ၂၀၀၈ ခုနှစ်အထိ ချင်းပြည် အမြဲတမ်း ဖွဲ့စည်းပုံကို မူကြမ်း (၅) ခုအထိ ရေးဆွဲသော်လည်း အတည်မပြုနိုင်ခဲ့ပေ။

ထိုအခြေခံဥပဒေကို ရေးဆွဲသူများသည် အခြေခံဥပဒေနှင့် ထိုဥပဒေအရ ဖွဲ့စည်းမည့် ကြားကာကောင်စီကိုသာမက ချင်းပြည်၏ အနာဂတ်ကိုလည်း ထည့်သွင်းစဉ်းစားကြောင်း ချင်းတိုင်းရင်းသားများ ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းက ဖော်ပြနေသည်။

ချင်းပြည်ကောင်စီတွင် အုပ်စုသုံးစုမှ အဖွဲ့ဝင် ၁၁၂ ဦး ပါဝင်သည်။ CNF မှ ၂၇ ဦး၊ ပါလီမန် ကိုယ်စားလှယ် ၁၇ ဦးနှင့်၊ မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များမှ ၆၈ ဦး ပါဝင်သည်။

ရောထွေးနေသော တုံ့ပြန်မှု

ချင်းပြည်ကောင်စီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ချင်းလူမှုအသိုက်အဝန်း၏ တုံ့ပြန်မှုသည် ရောထွေးနေသည်။ အချို့က ထိုဖွဲ့စည်းပုံသည် ချင်းသမိုင်းတွင် မှတ်တိုင်တခုအဖြစ် ချီးကျူးကြပြီး အချို့ကမူ ထိုဖွဲ့စည်းပုံ ရေးဆွဲစဉ်က သက်ဆိုင်သူအချို့ မပါဝင်သောကြောင့် တရားဝင်မှုနှင့် အားလုံးအကျုံးဝင်မှုကို သံသယရှိကြသည်။

ကောင်စီမှ ချင်းလွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်အနက် ၁၇ ဦးသည် နွေဦးတော်လှန်ရေးတွင် တက်ကြွလှုပ်ရှားသူများဖြစ်ပြီး အားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဖြစ်သည်။ အခြား လွှတ်တော်ကိုယ်စားလှယ်များ (အများစုမှာ တီးတိန်နှင့် ဖလမ်းမြို့နယ်များမှ) သည် အတွေးအခေါ် သဘောထားကွဲခြင်းနှင့် အကျိုးစီးပွား မတူသောကြောင့် ကောင်စီတွင် ပါဝင်ခြင်း မရှိဟု ပြောကြသည်။

မြို့နယ်နှင့် ဒေသ အုပ်ချုပ်ရေးအဖွဲ့များသည် ချင်းပြည်ကာကွယ်ရေးပူးပေါင်းကော်မတီ (CJDC) ကိုအခြေခံခြင်းဖြစ်ပြီး ၁၇ ဖွဲ့ရှိသည့် အနက် ၁၄ ဖွဲ့က ကောင်စီတွင် ပါဝင်ကြသည်။ သို့ရာတွင် ဖလမ်း၊ တီးတိန်နှင့် မင်းတပ် စသည့် မြို့နယ် သုံးခုမှ မြို့နယ်အခြေပြု အုပ်ချုပ်ရေး အဖွဲ့အစည်းများက ကောင်စီတွင် ပါဝင်ခြင်းမရှိသေးပေ။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ၁၇ ဖွဲ့တွင် ၎င်းတို့၏ သီးခြားလက်နက်ကိုင်တပ်များရှိကြသည်။ CJDC တွင် မပါဝင်သည့် အုပ်စုများကလည်း ချင်းပြည်ကောင်စီကိစ္စအပေါ် သဘောထား ကွဲလွဲသည်။ ဖလမ်းမြို့နယ်မှ ဒေသအုပ်ချုပ်ရေးအဖွဲ့တခုက ထောက်ခံကြောင်း ဖော်ပြပြီး မတူပီမြို့နယ်မှ အခြားတဖွဲ့က ကောင်စီကို ကန့်ကွက်ထားသည်။

ခြုံ၍ပြောရပါက မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၏ ၈၀ ရာခိုင်နှုန်းကျော်က ချင်းပြည်ကောင်စီနှင့် ပူးပေါင်းပါဝင်ကြသည်။

သို့သော် အချို့ဒေသများတွင် ချင်းပြည်ကောင်စီ အဖွဲ့ဝင်များရော ကောင်စီကို မထောက်ခံသူများကပါ ၎င်းတို့ နယ်မြေဖြစ်သည်ဟု ကြေညာထားသောကြောင့် လူထုထောက်ခံမှုနှင့် နယ်မြေထိန်းချုပ်နိုင်မှုအရ ချင်းပြည်နယ်တခုလုံးကို မည်သည့် အတိုင်းအတာအထိ သြဇာသက်ရောက်နိုင်သည်ကို ရှင်းလင်းစွာ မသိရသေးပေ။

ဖွဲ့စည်းပုံ၏ အနှစ်သာရ

ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “ချင်းပြည်နယ်” ကို “ချင်းပြည်” ဟူသော အသုံးအနှုန်းဖြင့် အစားထိုးထားသည်။ သီးခြား အမျိုးသားအလံနှင့် ကိုယ်ပိုင်ရုံးသုံးဘာသာစကားများကိုလည်း အတည်ပြုကာ ဒေသဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့များကို ဆက်လက်တည်ရှိရေး အသိမှတ်ပြုထားသော်လည်း ချင်းအမျိုးသား တပ်မတော် (can) ကို တခုတည်းသော အမျိုးသားတပ်မတော်ဟု အတည်ပြုသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းက ကျင်းပသည့် ပထမဆုံးအကြိမ် ချင်းပြည်ကောင်စီ ညီလာခံတွင် ချင်းအလံတော်ဖြင့် ချင်းပြည်ကောင်စီအဖွဲ့ဝင်များ ကတိသစ္စာပြုကြစဉ် / ချင်းပြည်ကောင်စီ

ချင်းပြည်မှ ပြည်သူများသည် ချင်းပြည်၏ မြေ၊ သဘာဝ သယံဇာတများနှင့် အချုပ်အခြာအာဏာတို့၏ မူးရင်းပိုင်ရှင် အဖွဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသစ်က အသိအမှတ်ပြုသည်။ ချင်းပြည်အစိုးရနှင့် ဒေသန္တအစိုးရများဟူ၍ အဆင့် နှစ်ဆင့်ရှိသော အုပ်ချုပ်မှုစနစ်သစ်တခုကိုလည်း ကောင်စီက ချမှတ်ပြီး ထိုအုပ်ချုပ်ရေးစနစ်သည် ၂၀၀၈ မြန်မာ ဖွဲ့စည်းပုံ၏ အုပ်ချုပ်မှုစနစ်နှင့် အလွန်ကွဲပြားသည်။ အုပ်ချုပ်ရေးမဏ္ဍိုင်တွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနှင့် လူဝင်မှုကြီးကြပ်ရေး အပါအဝင် ဝန်ကြီးဌာန ၁၅ ခု ဖွဲ့စည်းရန် ကောင်စီက သဘောတူသည်။

ထိုဖွဲ့စည်းပုံတွင် ပြည်ထောင်စုအစိုးရနှင့် အာဏာခွဲဝေသည့် မည်သည့်အခန်းမှ ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့် ထိုဖွဲ့စည်းပုံသည် ခွဲထွက်ရေးလက္ခဏာများ ပြသသည်ဟု ပြည်ထောင်စုသမားများ အကြားတွင် ခန့်မှန်းပြောဆိုမှုများ ဖြစ်စေသည်။ သို့သော် ချင်းလက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှု၏ ရည်မှန်းချက်ပန်းတိုင်သည် “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု” ဖြစ်သည်ဟု ထိုဖွဲ့စည်းပုံ၏ နိဒါန်းတွင် အတိအလင်း ဖော်ပြထားသည်။

ထိုဖွဲ့စည်းပုံတွင် ပြည်ထောင်စုအစိုးရနှင့် အာဏာခွဲဝေသည့် မည်သည့်အခန်းမှ ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့် ထိုဖွဲ့စည်းပုံသည် ခွဲထွက်ရေးလက္ခဏာများ ပြသသည်ဟု ပြည်ထောင်စုသမားများ အကြားတွင် ခန့်မှန်းပြောဆိုမှုများ ဖြစ်စေသည်။ သို့သော် ချင်းလက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှု၏ ရည်မှန်းချက်ပန်းတိုင်သည် “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု” ဖြစ်သည်ဟု ထိုဖွဲ့စည်းပုံ၏ နိဒါန်းတွင် အတိအလင်း ဖော်ပြထားသည်။

ထိုဖွဲ့စည်းပုံတွင် ပြည်ထောင်စုအစိုးရနှင့် အာဏာခွဲဝေသည့် မည်သည့်အခန်းမှ ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့် ထိုဖွဲ့စည်းပုံသည် ခွဲထွက်ရေးလက္ခဏာများ ပြသသည်ဟု ပြည်ထောင်စုသမားများ အကြားတွင် ခန့်မှန်းပြောဆိုမှုများ ဖြစ်စေသည်။ သို့သော် ချင်းလက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှု၏ ရည်မှန်းချက်ပန်းတိုင်သည် “ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု” ဖြစ်သည်ဟု ထိုဖွဲ့စည်းပုံ၏ နိဒါန်းတွင် အတိအလင်း ဖော်ပြထားသည်။

လိုက်လျောညီထွေရှိသော အဖွဲ့အစည်းလော

ဆက်လက်လုပ်ဆောင်ရန် လိုအပ်ချက်များ ရှိသော်လည်း ချင်းပြည်ကောင်စီသည် ချင်းပြည်တွင် အားလုံးပါဝင်မှု အများဆုံးရှိသော ပြည်နယ်လုံးဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်လာသည်။ CNF နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များသည် ပိုင်နက်နယ်မြေနှင့် အောက်ခြေအဆင့်မှ ပြည်သူများကို တိုက်ရိုက် သြဇာသက်ရောက်သောကြောင့် ၎င်းတို့ ပါဝင်ခြင်းသည် လက်တွေ့တရားဝင်မှု (De-facto) ကို အကျိုးပြုသည်။ ရွေးကောက်ခံ ပါလီမန်ကိုယ်စားလှယ်များ ပါဝင်ခြင်းကလည်း ဥပဒေအရ တရားဝင်မှု (De-jure) ကို ဖြစ်စေပြီး ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေက ၎င်းတို့ကို ၂၀၂၅ ခုနှစ်နောက်ပိုင်းအထိ ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို ဆက်လက် ထိန်းသိမ်းထားစေရန် အခွင့်အာဏာ ပေးအပ်ထားသည်။

NLD လွှတော်ကိုယ်စားလှယ်များသည် NLD ဗဟိုအလုပ်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကောင်စီတွင် ပါဝင်ခြင်း ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရပေ။ သို့သော် အချို့ NLD ပါလီမန်ကိုယ်စားလှယ်များသည် ပါဝင်ရန် ငြင်းဆန်သောကြောင့် ပြည်နယ်အဆင့်တွင် သဘောထားကွဲနေကြောင်း ထင်ရှားသည်။ ထိုသို့သော အခြေအနေတွင် ချင်းပြည်ကောင်စီနှင့် အလုပ်လုပ်ခြင်းသည် NLD ဗဟိုအနေဖြင့် မလွှဲရှောင်နိုင်သည့်ကိစ္စ ဖြစ်နိုင်သည်။ ထိုသို့မလုပ်ပါက NLD သည် ချင်းပြည်နယ်မှ အဖွဲ့ဝင်အများအပြားအပေါ် သြဇာ ဆုံးရှုံးသွားနိုင်သည်။

လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် မည်သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမှ ချင်းပြည်ကောင်စီကို လူသိရှင်ကြား ထောက်ခံကြိုဆိုခြင်းမရှိသေးပေ။ မည်သည့်အတွက် ထိုသို့နှောင့်နေရသည့် အကြောင်းရင်းကို မသိရပေ။

လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် မည်သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမှ ချင်းပြည်ကောင်စီကို လူသိရှင်ကြား ထောက်ခံကြိုဆိုခြင်းမရှိသေးပေ။ မည်သည့်အတွက် ထိုသို့နှောင့်နေရသည့် အကြောင်းရင်းကို မသိရပေ။ သို့သော် ထိုသို့ ထောက်ခံအတည်ပြုပေးရန် ပျက်ကွက်ခြင်းသည် ပြည်ထောင်စုဝါဒီများနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လိုလားသော လှုပ်ရှားသူများအကြား အတွေးအခေါ်ကွာဟမှု ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပြီး အကျိုးဆက်အားဖြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လိုလားသူများ၏ နိုင်ငံရေးအမြင်ကို ပြောင်းလဲသွားစေနိုင်သည်။

ချင်းပြည်ကောင်စီက ပြောသည့်အတိုင်း ၎င်း၏ အုပ်ချုပ်ရေးဒေသသို့ ဝန်ဆောင်မှုပေးခြင်းသည် ၎င်း၏ အဓိကလုပ်ငန်းတာဝန် ဖြစ်သည်။ ချင်းပြည်ကောင်စီသည် ဒေသခံများ၊ နိုင်ငံတကာမှ ပါဝင်ပတ်သက်သူများအနေဖြင့် ထိတွေ့ဆက်ဆံရန် အခြေအနေနှင့် လိုက်လျောညီထွေအရှိဆုံး အဖွဲ့အစည်းဖြစ်သည်။ ချင်းအုပ်စုများသည် နိုင်ငံတကာ နယ်စပ်ကုန်သွယ်ရေးစခန်း အပါအဝင် ချင်းပြည်၏ အိန္ဒိယနှင့် နယ်စပ်တခုလုံးနီးပါးကို သိမ်းပိုက်ထားပြီးဖြစ်သည်။ အိန္ဒိယသည် နယ်စပ်ဒေတွင် တည်ငြိမ်မှုကို အမှန်တကယ် လိုလားပါက ထိုကိစ္စသည် တော်လှန်ရေး အင်အားစုများအပေါ်၊ အထူးသဖြင့် ချင်းပြည်ကောင်စီအပေါ် အိန္ဒိယက ချဉ်းကပ်ပုံအမြင်ကို ပြန်လည်သုံးသပ်ရန် အခွင့်အလမ်းကောင်းဖြစ်သည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
31
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
993
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.1k

ကျော်ဖြတ်ရမည့် စိန်ခေါ်မှုများ

ချင်းလူမှုအသိုက်အဝန်းအဆင့်တွင် လူမျိုးစု ကွဲပြားမှုနှင့် ဘုံနိုင်ငံရေးရည်မှန်းချက် မရှိသောကြောင့် ချင်းပြည်ကောင်စီက ကိုင်တွယ်ဖြေရှင်းရမည့် သိသာသော စိန်ခေါ်မှုများ ရှိနေသည်။ ယခုအချိန်အထိ လက်မခံသေးသော အုပ်ချုပ်ရေးအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် တံခါးဖွင့်ထားမည်ဟု ကောင်စီက ပြောသည်။ အဖွဲ့ဝင်သစ်ဖြစ်ရန် လိုအပ်ချက်များ ပျော့ပျောင်းခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလွယ်ပြင် ဖြစ်နေမှုကြောင့် အချို့အုပ်စုများနှင့် တသီးပုဂ္ဂလပုဂ္ဂိုလ်များ ကောင်စီနှင့် ပူးပေါင်းရန် ပြန်လည် စဉ်းစားလာနိုင်သည်။

သို့သော် မပါဝင်သူအချို့သည် နောက်သမိုင်းဆိုင်ရာကြောင်း အမြစ်တွယ်နေသောကြောင့် သို့မဟုတ် အခြားသော နိုင်ငံရေး ရည်မှန်းချက်ကြောင့် ဖြစ်သဖြင့် ၎င်းတို့ကို အဖွဲ့ဝင်ဖြစ်စေရန် အားထုတ်မှုများသည် အချည်းနှီးသော အားထုတ်မှုဖြစ်နိုင်သည်။

ဒေသအစိုးရများအတွက် အုပ်ချုပ်ရေးဆိုင်ရာများ ပိုင်းခြားဖြေရှင်းရေးသည် အခက်ခဲဆုံး စိန်ခေါ်မှု ဖြစ်လာနိုင်သည်။ ကောင်စီအောက်မှ ဒေသန္တရအစိုးရများသည် ရှိရင်းစွဲ မြို့နယ်နှင့် ဒေသအဖွဲ့များအခြေခံ ၍ ဖွဲ့စည်းထားသည်။ သို့သော် ထိုဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် နယ်နိမိတ် ရှင်းရှင်းလင်းလင်း သတ်မှတ်ထားခြင်း မရှိပေ။

ဒေသအခြေပြုအုပ်ချုပ်ရေးဆိုသည်မှာ ထုံးစံအားဖြင့် အနည်းဆုံး မြို့နယ်တခုမကတွင် နေထိုင်သည့် “မျိုးနွယ်စု” အုပ်စုတခုက ကိုယ်ပိုင်အုပ်ချုပ်ရေးကို စီမံခြင်းဖြစ်ပြီး အချို့နေရာတွင် မတူညီသော မျိုးနွယ်စုများသည် တရွာတည်းတွင် နေထိုင်ကြသည်။ ထို့ကြောင့် ကောင်စီသည် တပေါင်းတစည်းတည်း ကောင်းစွာ ထူထောင်ထားသည့် အုပ်ချုပ်ရေးဖြစ်စေရန် မြို့နယ်နှင့် ဒေသအုပ်စုများအကြားတွင်သာမက ဒေသများ သို့မဟုတ် မျိုးနွယ်စုအုပ်စုများအကြား ညှိနှိုင်းမှုများကိုပါ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ရနိုင်သည်။

ယခုကောင်စီဝင်များ အားလုံးနီးပါးဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလက ပထမဆုံး ဖွဲ့စည်းသည့်ကောင်စီဖြစ်သော ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ၏ အခန်းကဏ္ဍကလည်း မရေမရာဖြစ်လာသည်။

ယခုကောင်စီဝင်များ အားလုံးနီးပါးဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလက ပထမဆုံး ဖွဲ့စည်းသည့်ကောင်စီဖြစ်သော ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ၏ အခန်းကဏ္ဍကလည်း မရေမရာဖြစ်လာသည်။

CNF သည် ICNCC မှ ယခုနှစ် မတ်လတွင် တရားဝင် နုတ်ထွက်ပြီး နိုင်ငံရေးပါတီများ၊ လူမှုအခြေပြုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် လွတ်တော်ကိုယ်စားလှယ်များကလည်း အဖွဲ့တွင်း သဘောထားကွဲလွဲမှုများကြောင့် ICNCC မှ နုတ်ထွက်သွားကြသည်။

ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုသည့်နေ့မှစ၍ ICNCC နှင့် ၎င်း၏လုပ်ပိုင်ခွင့်များကို ချင်းပြည်ကောင်စီသို့ လွှဲအပ်သည်ဟု မှတ်ယူရမည်ဟု ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉၈ တွင် ဖော်ပြထားသည်။ ယခင် ICNCC အဖွဲ့ဝင်အများစုက ထိုအချက်ကို သဘောတူကြသည်။

သို့သော် လက်ရှိ ICNCC အဖွဲ့ဝင်အချို့က ကောင်စီသစ်ကို ဝေဖန်ပြီး ICNCC ကို ဖျက်သိမ်းခြင်းအား ကန့်ကွက်ကြသည်။ ICNCC ပြုပြင်ပြောင်းလဲရေး အလားအလာကို ချင်းပြည်ကောင်စီဝင် မဟုတ်သူများအကြား ဆွေးနွေးနေသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။ ထိုသို့ ပြုပြင်ပြောင်းလဲလိုက်သည့် အခြေအနေတွင်ပင် ICNCC သည် ချင်းပြည်ကောင်စီ၏ တရားဝင်မှုကို ပြင်းထန်သော ခြိမ်းခြောက်မှု ဖြစ်စေမည့် လက္ခဏာ မရှိပေ။

ထိုအဖွဲ့သည် ကောင်စီသစ်ထက် ပိုမိုအားလုံးအကျုံးဝင်မည့် အခွင့်အလမ်းလည်း လွန်စွာနည်းသည်။ မည်သို့ဆိုစေ ပြန်လည်သင့်မြတ်ခြင်းသည် ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအကြား ကောင်းမွန်သော အပြန်အလှန်ဆက်စပ်မှု တည်ဆောက်ရန် ချင်းပြည်ကောင်စီအတွက် လိုအပ်ချက်တခု ဖြစ်နိုင်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ June N.S ၏ The First Chin-Written Constitution: A New Template For Self-Determination? ကို ဘာသာပြန်သည်။ )

You may also like these stories:

ဖလမ်းမြို့ဝန်းကျင်အား ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်

NUG အစိုးရနှင့် ပထမဆုံး ပူးပေါင်းလိုက်သည့် ချင်းအမျိုးသား တပ်ဦး (CNF)

အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ

နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၁)

Your Thoughts …
Tags: CANCJDCCNFCRPHICNCCNLDNUCCNUGကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကြားဖြတ် ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီချင်းချင်းပူးတွဲကာကွယ်ရေးကော်မတီချင်းပြည်ကောင်စီချင်းအမျိုးသား တပ်မတော်ချင်းအမျိုးသားတပ်ဦးစစ်ကောင်စီစစ်အာဏာသိမ်းမှုတော်လှန်ရေးအင်အားစုနယ်စပ်ကုန်သွယ်ရေးနွေဦးတော်လှန်ရေးပင်လုံစာချုပ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အိန္ဒိယ
June N.S

June N.S

June N.S သည် မြန်မာ အထူးသဖြင့် နိုင်ငံ အနောက်မြောက်ပိုင်းမှ ပဋိပက္ခနှင့် နိုင်ငံရေး ပြဿနာများအကြောင်း သရုပ်ခွဲလေ့လာမှုများ ပုံမှန်ရေးသားသည့် လွတ်လပ်သော သုတေသီဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

ဒရုန်းခေတ်ရောက်ပြီ

ဒရုန်းခေတ်ရောက်ပြီ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved