မြန်မာသည် နိုင်ငံတော် မဟုတ်သော အဖွဲ့အစည်းများ လွှမ်းမိုးသည့် ပကတိ နိုင်ငံတော်ဖြစ်နေသည်။ ပေါ့ပေါ့ဆဆ ပြောဆိုမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ မြန်မာသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်း အစိတ်အပိုင်းများကဲ့သို့ ကျဆုံးနိုင်ငံတခု မဟုတ်ခြင်းပင်။
လူမျိုးစုကွဲပြားပြီး လူဦးရေ ၅၅ သန်းရှိ မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေသော ပြည်တွင်းစစ်၌ အကြမ်းဖက်မှုများ အနှံ့ရှိနေသော်လည်း လုပ်ငန်းများ လည်ပတ်နေဆဲ ဖြစ်သည်။ နိုင်ငံတော် မဟုတ်သော အဖွဲ့အစည်းများ ပါဝင်သည့် ကြားကာလ နိုင်ငံတော်အဖြစ် မြန်မာကို နားလည်ခြင်းနှင့် ပြန်လည် စဉ်းစားသုံးသပ်ခြင်း မရှိသေးသမျှ ပြည်တွင်းစစ်နှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းသော စစ်ကောင်စီအလွန် နိုင်ငံသစ် ပြန်လည်ထူထောင်ခြင်းကို ရှေ့ဆက်ရန် ခက်ခဲမည် ဖြစ်သည်။
နိုင်ငံတော် မဟုတ်သော အဖွဲ့အစည်းများ ပါဝင်သည့် ကြားကာလ နိုင်ငံတော်အဖြစ် မြန်မာကို နားလည်ခြင်းနှင့် ပြန်လည် စဉ်းစားသုံးသပ်ခြင်း မရှိသေးသမျှ ပြည်တွင်းစစ်နှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းသော စစ်ကောင်စီအလွန် နိုင်ငံသစ် ပြန်လည်ထူထောင်ခြင်းကို ရှေ့ဆက်ရန် ခက်ခဲမည် ဖြစ်သည်။
အာဏာသိမ်းပြီးနောက် သုံးနှစ်ကြာ ပြည်တွင်းစစ်အတွင်း စစ်ကောင်စီသည် အာဏာချုပ်ကိုင်မှု ဆုံးရှုံးနေကြောင်း ထင်ရှားသည်။ မြန်မာမှ စစ်ရေး အတွေ့အကြုံရှိ စစ်တပ်သည် သမားရိုးကျ မဟုတ်သည့် လူငယ်လက်နက်ကိုင် တပ်ပေါင်းစုဖြစ်သည့် ပြည်သူကာကွယ်ရေးတပ် (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ၏ တိုင်းရင်းသားတပ်မတော်များကို စစ်ရှုံးနိုင်သည်ဟု ယခင်က စဉ်းစားသည့် သုတေသီ အနည်းငယ်သာရှိသည်။ သို့သော် PDF တပ်များသည် EAOs များထံမှ ပိုမိုကောင်းမွန်သော လေ့ကျင့်မှုနှင် လက်နက်ရပြီး EAOs များနှင့် ပိုမို ညှိနှိုင်းဆောင်ရွက်လာသောအခါ အာဏာသိမ်းပြီး တနှစ်အကြာတွင် စစ်မြေပြင်ချိန်ခွင်လျှာ ပြောင်းလဲလာသည်။
မင်းအောင်လှိုင်၏ သေလောက်သော အမှားမှာ ပြည်သူလူထု ထောက်ခံမှုမရှိဘဲ စစ်မျက်နှာ နှစ်ခုတွင် တိုက်ခြင်းဖြစ်ပြီး အစဉ်အလာ ရန်သူများဖြစ်သည့် EAOs များကို တိုက်ရုံသာမက နိုင်ငံ၏ လူများစုကို ကိုယ်စားပြုသည့် ဗမာပြည်သူများကို ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို တော်လှန်ပြီး နိုင်ငံကို ပြန်လည်ထူထောင်ရေးသည် အားလုံး၏ အရေးဖြစ်သည်ဟု သတ်မှတ်ထားသည့် PDFs နှင့် EAOs ၏ ပြင်းထန်သော ခုခံတော်လှန်မှုသည် အရပ်သား ဦးဆောင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်သို့ တဖြည်းဖြည်း ရောက်လာနေသည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်သည့် ညီနောင်မဟာမိတ်များက တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်းတွင် ညှိနှိုင်း ထိုးစစ် စတင်ပြီး မြို့ပေါင်း နှစ်ဒါဇင်ကျော်နှင့် အရေးပါသော စစ်တပ်စခန်းများကို မသိမ်းပိုက်မီကပင် စစ်ကောင်စီအတွက် ရှင်းလင်းသော လက္ခဏာများကို ပြသနေပြီးဖြစ်သည်။ လူအင်အားနှင့် စိတ်ဓာတ် ကျဆင်းနေသောကြောင့် တိုက်လေ ရှုံးလေပင် ဖြစ်နေသည်။
စစ်ကောင်စီသည် တခုတည်းသော ထိရောက်သည့် အာဏာပိုင် မဟုတ်တော့ပေ။ စစ်ကောင်စီသည် မြန်မာ နိုင်ငံတော်ကို ကိုယ်စားပြုသည်ဟု ယူဆရသော်လည်း နိုင်ငံပိုင်နက်များကို ပိုမိုဆုံးရှုံးလာပြီး ပြည်သူလူထု ထောက်ခံမှု လုံးဝမရတော့ပေ။
စစ်ကောင်စီသည် တခုတည်းသော ထိရောက်သည့် အာဏာပိုင် မဟုတ်တော့ပေ။ စစ်ကောင်စီသည် မြန်မာ နိုင်ငံတော်ကို ကိုယ်စားပြုသည်ဟု ယူဆရသော်လည်း နိုင်ငံပိုင်နက်များကို ပိုမိုဆုံးရှုံးလာပြီး ပြည်သူလူထု ထောက်ခံမှု လုံးဝမရတော့ပေ။ ထိန်းချုပ်ထားနိုင်ဆဲဖြစ်သော ဗမာအဓိကနေရာများဖြစ်သည့် မြို့ကြီးများကဲ့သို့သော နေရာများတွင်ပင် စစ်ကောင်စီသည် ပြင်းထန်သော ဆန့်ကျင်တော်လှန်မှုကို ရင်ဆိုင်နေရသည်။ ထိန်းချုပ်ထားနိုင်ရန် စစ်ကောင်စီ တိုက်ခိုက်နေရသည့် နေရာအရေအတွက် တနိုင်ငံလုံးတွင် ပိုပို၍ များလာသည်။
စစ်ကောင်စီတပ်များ၏ လေကြောင်းနှင့် အမြောက် အားသာချက်ရှိသော်လည်း PDFs နှင့် EAOs များက စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသောကြောင့် စစ်ကောင်စီသည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး ကဲ့သို့သော အဓိကကျသည့် မြို့ကြီးများကို ထိန်းချုပ်ရန် အောင်မြင်ဖွယ် မရှိသည့် အားထုတ်မှုများကိုသာ လုပ်ဆောင်နေရသည်။
စစ်ကောင်စီသည် ၁၉၄၅ ခုနှစ် ဘာလင်ကျဆုံးသကဲ့သို့ သို့မဟုတ် ၁၉၇၅ ခုနှစ်တွင် ဆိုင်ဂုံ ကျဆုံးသကဲ့သို့ ကြီးမားသည့် သက်ရောက်မှုဖြင့် ကျဆုံးနိုင်ဖွယ် မရှိပေ။ တပ်များက အမိန့်မနာခံဘဲ တိုက်ခိုက်လိုစိတ် မရှိတော့သောကြောင့် မြန်မာစစ်ကောင်စီ ကျဆုံးမှုသည် အင်အားချိနဲ့ ကျဆုံးမည့် အခြေအနေမျိုး ဖြစ်နိုင်သည်။
စစ်ကောင်စီက လူငယ် အမျိုးသား အမျိုးသမီးများကို မကြာသေးမီက အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် စစ်တပ်၏ အဆင့်နှင့် စိတ်ဓာတ်ကျဆင်းနေကြောင်း ပြသသည့် မျှော်လင့်ချက် ကင်းမဲ့သော လက္ခဏာဖြစ်သည်။ ထိုသို့ အတင်းအကျပ် စုဆောင်းခံရမည့်သူများ ထွက်ပြေး သို့မဟုတ် လာဘ်ထိုးပြီး ရှောင်ရှားမည်မှာ အံ့သြဖွယ် မဟုတ်ပေ။
ထိုရလဒ်များသည် တခါက ရှိနေသည့် နိုင်ငံတော် အင်အားချိနဲ့လာသည်ကို ပြသနေသည်။ ထိုသို့ ဆိုသောကြောင့် မြန်မာတွင် ဥပဒေကင်းမဲ့ခြင်း သို့မဟုတ် အစိုးရ ကင်းမဲ့လာသည်ဟု မဆိုလိုပေ။ အုပ်ချုပ်မှုနှင့် အာဏာသည် ပြန်လည်နေရာချထား ပြုပြင်ပြောင်းလဲသည့် လုပ်ငန်းစဉ်နှင့် ရောထွေးလာသည်။
ဥပမာအားဖြင့် ထိုင်းနယ်စပ် ကရင်နီ (ကယား) ပြည်နယ်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီအမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) တို့သည့် စစ်ကောင်စီကို အရေးပါသည့် အောင်ပွဲများရရှိပြီး ပြည်နယ်အတွင်းမှ လွတ်မြောက်ဒေသ အများအပြားသည့် ကရင်နီ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (KIEC) အုပ်ချုပ်ရေးအောက်သို့ ရောက်လာသည်။
နိုင်ငံတော် မဟုတ်သော အဖွဲ့အစည်းများသည် နေရာအနှံ့အပြားတွင် ခိုင်မာလွှမ်းမိုးလာသောကြောင့် ၄င်တို့အားလုံးပေါင်းသည် စစ်ကောင်စီက မြန်မာကို ထိန်းချုပ် အုပ်ချုပ်သည်ထက် ပိုမို အုပ်ချုပ် ထိန်းချုပ် လာကြသည်။
နိုင်ငံတော် မဟုတ်သော အဖွဲ့အစည်းများသည် နေရာအနှံ့အပြားတွင် ခိုင်မာလွှမ်းမိုးလာသောကြောင့် ၄င်တို့အားလုံးပေါင်းသည် စစ်ကောင်စီက မြန်မာကို ထိန်းချုပ် အုပ်ချုပ်သည်ထက် ပိုမို အုပ်ချုပ် ထိန်းချုပ် လာကြသည်။ မြန်မာနှင့် ကပ်လျက် အိမ်နီးချင်းများနှင့် ပိုမိုကျယ်ပြန့်သော အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အတွက် ပြဿနာမှာ ပြည်တွင်းစစ် ဖြစ်ပွားနေစဉ် နိုင်ငံအနာဂတ်အတွက် တော်လှန်ရေး အင်အားစုများအကြား ဆွေးနွေးညှိနှိုင်းများ လုပ်နေသည့် ကြားကာလအတွင်း နိုင်ငံတော်မဟုတ်သည့် အာဏာပိုင်များ ပါဝင်သော မြန်မာနှင့် မည်သို့ ထိတွေ့ဆက်ဆံရမည်ကို လေ့လာရေးဖြစ်သည်။
အာဆီယံသည် နိုင်ငံတော် ဗဟိုပြုအဖွဲ့အစည်း ဖြစ်သောကြောင့် အဖွဲ့ဝင်နိုင်ငံများသည် ထွန်းသစ်စ မြန်မာနိုင်ငံသစ်နှင့် ဆက်ဆံရေးကို ကိုင်တွယ်စီမံရာတွင် အားနည်းကြသည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ချမှတ်သည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်သည် စစ်ကောင်စီကို အဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်ဆံရေးကို အခြေခံသောကြောင့် အောင်မြင်ခြင်း မရှိပေ။
ဘုံသဘောတူညီချက် ၅ ချက်တွင် အာဆီယံ လူသားချင်းစာနာမှု အကူအညီနှင့် သဘာဝဘေးအန္တရယ် စီမံခန့်ခွဲရေး ညှိနှိုင်းမှုဌာန (AHA Center) ကို ထည့်သွင်းထားခြင်းသည် အာဆီယံ၏ မြန်မာနှင့်ပတ်သက်သော နိုင်ငံတော်ဗဟိုပြု ချဉ်းကပ်ပုံ မှားယွင်းကြောင်း ပြသသည့် လက္ခဏာဖြစ်သည်။ AHA Center သည် ငြိမ်းချမ်းသော ကာလအတွင်း သဘာဝ ဘေးအန္တရာယ်ကို ဒေသတွင်း စီမံခန့်ခွဲရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး ပြည်တွင်းစစ်တခုတွင် လူသားချင်းစာနာမှု ကြားခံ မဟုတ်ပေ။
ပြည်တွင်းစစ်ကြောင့် ဆိုးကျိုးခံစားရသည့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှ မြန်မာပြည်သူများကို ကူညီရန် ထိုင်းနိုင်ငံက မကြာသေးမီတွင် ကြေညာခဲ့သည့် လူသားချင်းစာနာမှု အစီအစဉ်သည်လည်း အလားတူ ချို့ယွင်းချက်များကိုသာ ဖြစ်စေသည်။ နိုင်ငံတော် အချင်းချင်းအဆင့် အခြေခံ ကိုင်တွယ်ဖြေရှင်းသည့် အကျင့် ပါနေသောကြောင့် ထိုင်းနိုင်ငံ၏ အစီအစဉ်သည် တိုင်းရင်းသားဒေသများမှ အရေးပါသည့် နိုင်ငံတော်အဆင့် မဟုတ်သည့် သက်ဆိုင်သူများနှင့် ကြိုတင်တိုင်ပင်ခြင်း မရှိဘဲ လုပ်ဆောင်ခဲ့သည့် အစီအစဉ် ဖြစ်သည်။
ထိုသို့ မလုပ်ဘဲ ထိုင်းနိုင်ငံ၏ အစီအစဉ်သည် စစ်ကောင်စီလက်အောက်မှ ဗျူရိုကရက် အဖွဲ့အစည်းဖြစ်သည့် မြန်မာကြက်ခြေနီအသင်းကို မှီခိုသည်။ မြန်မာကြက်ခြေနီအသင်း ပါဝင်ပတ်သက်ခြင်းသည် စစ်ကောင်စီ မဟုတ်သော သက်ဆိုင်သူများနှင့် ထိုင်းအစိုးရ တည်ဆောက်ရန် လိုသည့် ယုံကြည်မှုကို ထိခိုက်စေသည်။
NUG, PDFs, EAOs နှင့် ၎င်းတို့၏ အမျိုးမျိုးသော အရပ်သားအုပ်ချုပ်ရေး အဖွဲ့အစည်းများမှ တိုင်းရင်းသားနှင့် ဗမာနိုင်ငံတော် မဟုတ်သော သက်ဆိုင်သူများသည် အိမ်နီးချင်းများနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိတွေ့ဆက်ဆံနိုင်သည့် သီးခြားနိုင်ငံတော် အာဏာပိုင်ဖြစ်လာစေရေး ညှိနှိုင်းဖွဲ့စည်းရန် လိုအပ်သည်။
နိုင်ငံတော်အဆင့် မဟုတ်သည့် အဖွဲ့အစည်းများသည် သဘာဝအားဖြင့် အမျိုးမျိုးကွဲပြားနေပြီး တခုတည်းသော အလုပ်ဖြစ်သည့် အေဂျင်စီ မရှိသောကြောင့် ပူးပေါင်းဆောင်ရွက် ထိတွေ့ဆက်ဆံရန် ခက်ခဲသည်။ NUG, PDFs, EAOs နှင့် ၎င်းတို့၏ အမျိုးမျိုးသော အရပ်သားအုပ်ချုပ်ရေး အဖွဲ့အစည်းများမှ တိုင်းရင်းသားနှင့် ဗမာနိုင်ငံတော် မဟုတ်သော သက်ဆိုင်သူများသည် အိမ်နီးချင်းများနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိတွေ့ဆက်ဆံနိုင်သည့် သီးခြားနိုင်ငံတော် အာဏာပိုင်ဖြစ်လာစေရေး ညှိနှိုင်းဖွဲ့စည်းရန် လိုအပ်သည်။
ထိုသို့ လုပ်ဆောင်ရန်မှာ ကြားကာလအတွင်း ခက်ခဲပင်ပမ်းသောကိစ္စ ဖြစ်သော်လည်း မြေပြင်အခြေအနေတွင် စစ်ကောင်စီသည် မြန်မာပြည်သူများကို ကိုယ်စားပြုသည်ဆိုသည့် အခြေအနေထက် ကျော်လွန်နေပြီ ဖြစ်သည်။ ယခုအချိန်အတွက် ပြဿနာမှာ မြန်မာ၏ နိုင်ငံတော် မဟုတ်သေးသည့် နိုင်ငံတော်ကို နိုင်ငံသစ်အဖြစ် မည်သို့ တည်ဆောက်မည်နည်းဆိုသည့် ပြဿနာဖြစ်သည်။
(Bangkok Post ပါ Thitinan Pongsudhirak ၏ Understanding Myanmar as Interim ‘Non-State’ State ကို ဘာသာပြန်သည်။ ဒေါက်တာ သီတီနန် ပေါင်ဆူဒီရက်သည် ဘန်ကောက်ရှိ ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခနှင့် လုံခြုံရေးနှင့်နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ ဝါရင့်သုတေသီ ဖြစ်သည်။)
You may also like these stories:
ဒုက္ခသည်တွေ ကူညီမှာလား၊ စစ်ကောင်စီကို ကူညီမှာလား
အာဆီယံအသိုက်အဝန်းသို့ ပြန်ဝင်ရန် မြန်မာ မျှော်မှန်း
ထိုင်း၏ လူသားချင်းစာနာမှု အကူအညီ အစီအစဉ် အလုပ်ဖြစ်မည်မဟုတ်
လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ














