• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

တရုတ်ထောက်ခံမှုအသစ်က စစ်ကောင်စီကို ကယ်နိုင်ဖွယ် မရှိ

by Zachary Abuza
22 November 2024
in Military, Politics, သူ့အတွေး သူ့အမြင်
A A
တရုတ်ထောက်ခံမှုအသစ်က စစ်ကောင်စီကို ကယ်နိုင်ဖွယ် မရှိ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဟာမဲခေါင်ဒေသခွဲဖိုရမ် တက်ရန် ယူနန်ပြည်နယ်၊ ကူမင်းမြို့လေဆိပ်သို့ ဆိုက်ရောက်စဉ်

6k
VIEWS
Share on FacebookShare on Twitter

ဖရိုဖရဲစစ်ကောင်စီနှင့် လူမွဲစာရင်းဝင်စီးပွားရေးကို ကျားကန်ရန် မျှော်လင့်ချက်ကင်းမဲ့သော အားထုတ်မှုအဖြစ် စစ်အာဏာရှင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်သို့ ငါးရက်ကြာသွားပြီး နောက်ထပ် အကူအညီကတိများဖြင့် ပြန်လာသည်။

မင်းအောင်လှိုင်ကို ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဖိုရမ်တက်ရန် ဖိတ်ခေါ်ပြီး ယူနန်ပြည်နယ်မြို့တော် ကူမင်းတွင်သာ ကန့်သတ်ထားသည်။

သူမျှော်လင့်ထားသည့် သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တရားဝင်မှုပေးမည့် အစည်းအဝေး မပြုလုပ်ခဲ့ရသော်လည်း ဝန်ကြီးချုပ် မစ္စတာ လီချန်းနှင့် ဆွေးနွေးခဲ့သည်။

စစ်ခေါင်းဆောင်တွင် ထိပ်တန်းဦးစားပေးတခု ရှိသည်။ တရုတ်ထံမှ နောက်ထပ် စစ်ရေးအကူအညီ ရရေးဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အတိုက်အခံများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပရန် အသင့်ရှိကြောင်း ပြောသော်လည်း အတိုက်အခံများက “စစ်မှန်သောငြိမ်းချမ်းရေး လိုလားမှသာ”၊ “တိုက်ခိုက်မှုရပ်မှသာ” ဆွေးနွေးမည်ဟု ပြောသည်။

သူ၏ အစီအစဉ်တွင် အခြားကိစ္စများလည်း ပါဝင်သည်။

မင်းအောင်လှိုင်သည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို ဝန်ကြီးချုပ်များနှင့်လည်း တွေ့ဆုံခဲ့သည်။ စစ်ကောင်စီသည် ထိုသို့ သံတမန်ရေးတရားဝင်မှုကို ပထမဆုံး ရခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်စီးပွားရေးသမားများ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့်လည်း တွေ့ဆုံခဲ့ပြီး စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် လျှပ်စစ်မော်တော်ယာဉ်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုအတွက် အခွန်ဆိုင်းငံ့မှုများ ပေးမည်ဟု ကတိပြုသည်။

ရင်းနှီးမြှုပ်နှံမှု အငမ်းမရ လိုအပ်နေသောကြောင့် မင်းအောင်လှိုင်က စီမံကိန်းအားလုံးကို အမေရိကန် ဒေါ်လာအစား တရုတ်ယွမ်ငွေနှင့် မြှုပ်နှံနိုင်ကြောင်း ပြောသည်။ စစ်တပ်ကျောထောက်နောက်ခံပြု စီးပွားရေးသမား အများအပြားနှင့် သွားရောက်ခဲ့သော်လည်း ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုကတိ မရဘဲ ပြန်လာရသည်။

ရင်းနှီးမြှုပ်နှံမှု အငမ်းမရ လိုအပ်နေသောကြောင့် မင်းအောင်လှိုင်က စီမံကိန်းအားလုံးကို အမေရိကန် ဒေါ်လာအစား တရုတ်ယွမ်ငွေနှင့် မြှုပ်နှံနိုင်ကြောင်း ပြောသည်။ စစ်တပ်ကျောထောက်နောက်ခံပြု စီးပွားရေးသမား အများအပြားနှင့် သွားရောက်ခဲ့သော်လည်း ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုကတိ မရဘဲ ပြန်လာရသည်။

တရုတ်သည် အပစ်အခတ်ရပ်စဲရေးအတွက် ဆက်လက် တွန်းအားပေးနေပြီး ရွေးကောက်ပွဲ ကျင်းပရန် တိုးတက်မှုကို ထောက်ခံသည်။

တချိန်တည်းတွင် တရုတ်အစိုးရသည် စစ်တပ်ကို ထောက်ခံမှု အရှိန်မြှင့်တင်ပြီး ထိုသို့လုပ်ခြင်းသည် အောက်တိုဘာလ ၁၈ ရက်နေ့က မန္တလေးရှိ ကောင်စစ်ဝန်ရုံးကို လက်ပစ်ဗုံးတိုက်ခိုက်မှုကြောင့် ဖြစ်နိုင်သည်။

အတိုက်အခံနှင့် နိုင်ငံသားများအကြားတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် ယခုလောက် တခါမှ မမြင့်မားဖူးပေ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းတို့ မဟာမဲခေါင်ဒေသခွဲဖိုရမ်အတွင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် တွေ့ဆုံစဉ်/ AFP

နယ်စပ်ကုန်သွယ်ရေး၊ ရထားလမ်း တည်ဆောက်ရေး

တရုတ်ဝန်ကြီးချုပ် လီချန်းသည် မင်းအောင်လှိုင်နှင့် တွေ့ဆုံသောအခါ ဆက်စပ်နေသည့် ဦးစားပေး နှစ်ခုရှိသည်။

ပထမဦးစားပေးမှာ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ရေးဖြစ်သည်။ ထိုးစစ်များ ရပ်ဆိုင်းရေးအတွက် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် နယ်စပ်ဂိတ်များ အားလုံးနီးပါးကို သိမ်းပိုက်ထားသည့် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဖိအားပေးရန် နယ်စပ်ကုန်သွယ်ရေးကို တရုတ်က ပိတ်ပင်ထားသည်။

ဒုတိယ ဦးစားပေးသည် တရုတ်နယ်စပ်မြို့ ရွှေလီမှ တရုတ်လုပ်ကိုင်ခွင့်ရ ကျောက်ဖြူသို့ ရထားလမ်းနှင့် အဝေးပြေးလမ်း တည်ဆောက်ရေး ဖြစ်သည်။ ကျောက်ဖြူတွင် တရုတ်လုပ်ငန်းများသည် အထူးစီးပွားရေးဇုန်နှင့် ရေနက် ကုန်သေတ္တာဆိပ်ကမ်း တည်ဆောက်နေသည်။

အမေရိကန် ပြည်ထောင်စုနှင့် အလားအလာရှိသော တင်းမာမှုများ ရင်ဆိုင်ရသောအခါ ကပ္ပလီပင်လယ် ဆိပ်ကမ်းသည် မလက္ကာရေလက်ကြားကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့နိုင်သောကြောင့် စိုးရိမ်နေသည့် တရုတ်အစိုးရအတွက် သေနင်္ဂဗျူဟာ ဦးစားပေးဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးကို အကြီးအကျယ် မှီခိုရသည့် ဒေသခံပြည်သူများ၏ စီးပွားရေး ထိခိုက်သော်လည်း KIA နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့သည် တရုတ်ကို ဆက်လက်အာခံကြသည်။

နယ်စပ်စခန်း ငါးခုအနက် လက်ရှိအချိန်တွင် မိုင်းလားတခုသာ ဖွင့်ထားသည်။ တရုတ်သည် ဒဏ်ခတ်သည့်အနေဖြင့် နယ်စပ်မြို့များသို့ လျှပ်စစ်နှင့် အင်တာနက် ဖြတ်တောက်ထားသည်။

တရုတ်ဖိအားကြောင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) သည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မပူးပေါင်းကြောင်း ကြေညာရသည်။ (MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို လားရှိုးပြန်အပ်ရေး ဖိအားပေးသည့်အနေဖြင့် ဖမ်းဆီးထားကြောင်း ကနဦးသတင်းများ ထွက်လာပြီး တရုတ်အစိုးရက ဆေးကုသရန် ဆေးရုံတက်နေကြောင်း သတင်းထုတ်ပြန်သည်။)

သို့သော် ၎င်းတို့သည် တရုတ်ကို ဆက်လက်အာခံကြပြီး စစ်ဆင်ရေးများကို ဆက်လက် ဆောင်ရွက်ကြသည်။

ဇူလိုင်လမှ စတင်ပြီး KIA သည် နောက်ထပ် မြို့ပေါင်း ၁၂ မြို့ကို ဆက်လက် သိမ်းပိုက်ကာ ချီဖွေမှ စစ်ကောင်စီသစ္စာခံ နယ်ခြားစောင့်တပ်ကို ချေမှုန်းသည်။ နောက်ဆုံး နယ်စပ်ဖြတ်ကျော်ရေးစခန်းကို သိမ်းပိုက်ပြီး နယ်စပ်ဒေသတခုလုံးတွင် အုပ်ချုပ်ရေး ထူထောင်သည်။

နယ်စပ်ဒေသအပြင် KIA သည် ကျောက်စိမ်းတူးဖော်သည့် ဖားကန့်မြို့ ပတ်ဝန်းကျင်တွင်လည်း စစ်ဆင်ရေးများ ဆက်လက် ပြုလုပ်သည်။ KIA သည် စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းမှ မြို့ ခြောက်မြို့ကိုလည်း သိမ်းပိုက်ထားသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်နှင့် မြန်မာနိုင်ငံအကြား ဒုက္ခသည်များ ဖြတ်ကူးသည်ကို စောင့်ကြည့်နေသည့် ထိုင်းတပ်ဖွဲ့ဝင်များ / Reuters

တန်ပြန်ထိုးစစ်

စစ်ကောင်စီတပ်သည် ရှမ်းပြည်မြောက်ပိုင်းတွင် တန်ပြန်ထိုးစစ်ကို အရှိန်မြှင့်တင်သည်။ လူမှုအသိုက်အဝန်းများသည် ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုကို ခံရပြီး တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် မြေပြင်ထိုးစစ် ပြင်းထန်နေသည်။

နောင်ချိုကို ထိန်းချုပ်ထားသောကြောင့် TNLA သည် စစ်တပ်အရာရှိများကို မွေးထုတ်ပေးနေသည့် စစ်တက္ကသိုလ်ရှိသော အရေးပါသည့် ပြင်ဦးလွင်ကို အမြောက်ဖြင့် ပစ်ခတ်နိုင်သည့် အကွာအဝေးသို့ ရောက်နေသည်။

နောင်ချိုကို ထိန်းချုပ်ထားသောကြောင့် TNLA သည် စစ်တပ်အရာရှိများကို မွေးထုတ်ပေးနေသည့် စစ်တက္ကသိုလ်ရှိသော အရေးပါသည့် ပြင်ဦးလွင်ကို အမြောက်ဖြင့် ပစ်ခတ်နိုင်သည့် အကွာအဝေးသို့ ရောက်နေသည်။

ပြင်ဦးလွင်တွင် စစ်ကောင်စီတပ်များသည် ကတုတ်ကျင်းများနှင့် စစ်ဆေးရေးစခန်းများ အပါအဝင် ခံစစ်တည်ဆောက်နေသည့် သတင်းများ ထွက်နေသည်။

တိုက်ပွဲများ ပိုမိုဖြစ်ပွားသော်လည်း စစ်တပ်သည် အသေအချာ ပြင်ဆင်ထားသည့် MNDAA, TNLA တို့နှင့် အခက်အခဲများကို ရင်ဆိုင်နေရသည်။

စစ်တပ်သည် အတိုက်အခံဘက်တွင် လက်နက်ခဲယမ်း မလုံလောက်သည်ကို အခွင့်ကောင်းယူပြီး ကယားပြည်နယ်၊ လွိုင်ကော်မှ ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည် သိမ်းပိုက်ရန် ပိုမိုအားထုတ်နေသည်။

မြန်မာနိုင်ငံအနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့ကို စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ ဆက်လက် တိုက်ခိုက်နေသည်။

ထိုမြို့ မကျဆုံးသေးသော်လည်း စစ်တပ်သည် တပ်ကူအများအပြား ပို့နေရသည်။

ထိုသို့တိုက်ခိုက်နေစဉ် စစ်တပ်သည် မြေပြင်တိုက်ခိုက်မှုကြောင့် Mi-17 ရဟတ်ယာဉ်တစင်းကို ဆုံးရှုံးသည်။

နယ်ချင်းစပ်နေသည့် ချင်းပြည်နယ်မှ တော်လှန်ရေးအင်အားစုများသည် ဆုတ်ခွာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးသည့် သတင်းများ ထွက်နေသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့တွင် တွေ့ရသည့် ပြည်သူများ / AFP

AA သည် ကျောက်ဖြူကို မသိမ်းသေးသော်လည်း ပတ်ဝန်းကျင် ပိုင်နက်အားလုံးကို ထိန်းချုပ်ထားသည်။ လက်ရှိအချိန်တွင် AA သည် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၀ ခုကို ထိန်းချုပ်ထားသည်။

စစ်ကောင်စီသည် ဆုံးရှုံးနယ်မြေများ ပြန်လည် သိမ်းပိုက်ရေးနှင် အမ်းမှ အဝိုင်းခံနေရသော တပ်များအတွက် ဖိအားသက်သာစေရန် ကမ်းရိုးတန်း အဝေးပြေးလမ်းတလျှောက် တန်ပြန်ထိုးစစ်အတွက် ရခိုင်ပြည်နယ်မှ တောင်ဘက်အကျဆုံးမြို့ဖြစ်သည့် ဂွတွင် လူသူလက်နက်များ ပို့ထားသည်။

နိုဝင်ဘာလ အစောပိုင်းတွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့အနီး တိုက်ပွဲတခုတွင် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတာ် (KNLA) တို့သည် ထိုင်းနယ်စပ်မှ စစ်ကောင်စီစခန်းတခုကို သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး ဖမ်းဆီးခံရပြီး ၁၄ ဦး သေဆုံးသည်။.

လေကြောင်းအားကို အလွန်အကျွံအားကိုးနေ

စစ်တပ် စစ်ဆင်ရေးများ၏ဒဏ်ကို နိုင်ငံအလယ်ပိုင်းမှ ဗမာလူမျိုးစုများ အဓိက ခံကြရသည်။

BPLA သည် အညာဒေသအတွင်း တိုးချဲ့အခြေချလာသောအခါ စစ်တပ်သည် လုံးဝ ရိုင်းစိုင်းမှုဖြင့် တုံ့ပြန်ပြီး အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်သည်။ စစ်ကိုင်းတိုင်း၊ ဘုတလင်တွင် ခေါင်းများကိုဖြတ်ကာ တိုင်များတွင် ထိုးထားကြသည်။

ဒရုန်းစွမ်းရည် တိုးတက်လာသောကြောင့် စစ်ကောင်စီတပ်များသည် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် ချေမှုန်းလာသည်။ ယခုအခါ ဒရုန်းများကို စစ်ဆင်ရေးတိုင်းတွင် အသုံးပြုပြီး ထိရောက်မှု တိုးတက်လာသည်။

အတင်းအကျပ် စစ်သားစုဆောင်းပြီး အင်အားတိုးချဲ့သော်လည်း စစ်တပ်သည် တပ်ပြေးခြင်း၊ လက်နက်ချခြင်းများကို ရင်ဆိုင်နေရပြီး ပြည်သူအများအပြားကလည်း အတင်းအကျပ် စစ်သားစုဆောင်းမှုကို တိမ်းရှောင်ကြသည်။

အတင်းအကျပ် စစ်သားစုဆောင်းခြင်းမှ တိမ်းရှောင်သူများကို အပြစ်ပေးမည်ဟု စစ်သားစုဆောင်းရေး အစီအစဉ်တာဝန်ခံ စစ်ကောင်စီ တတိယခေါင်းဆောင်က လူသိရှင်ကြား ခြိမ်းခြောက်သည်။

စစ်ကောင်စီသည် လေကြောင်းကို ပိုမိုအားကိုးလာပြီး ၂၀၂၄ ခုနှစ်၊ ၁၀ လအတွင်းတွင်ပင် အရပ်သား ၅၄၀ ကျော် သေဆုံးစေကာ စာသင်ကျောင်းပေါင်း ၂၀၀ ကျော် ပျက်စီးစေသည်။ နောက်ဆုံး လေကြောင်းတိုက်ခိုက်မှုတွင် ဇူလိုင်လက TNLA သိမ်းပိုက်ထားသည့် ပတ္တမြားထွက်ရာ မိုးကုတ်မြို့ကို ဗုံးကြဲသည်။

သို့သော် အတိုက်အခံများ၏ အောင်ပွဲများသည် စစ်ကောင်စီ လေတပ်စခန်းများကို ပစ်ခတ်နိုင်သည့် အကွာအဝေးသို့ ရောက်လာသည်။ နိုဝင်ဘာလ ၅ ရက်နေ့တွင် မင်းအောင်လှိုင်နှင့်အဖွဲ့ တရုတ်နိုင်ငံ၊ ကူမင်းသို့ ထွက်ခွာပြီး မကြာမီ ဒရုန်းတစင်းက နေပြည်တော် လေဆိပ်ပေါ်သို့ ဗုံးတလုံးချသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အတိုက်အခံတပ်များသည် မိတ္ထီလာမှ ရှမ်းတဲ လေတပ်စခန်းကို ဒုံးကျည်များဖြင့် ပစ်ခတ်သည်။

မိတ္ထီလာသည် စစ်တပ်အခြေစိုက်စခန်း အများအပြားနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းများရှိရာ အချက်အခြာဒေသဖြစ်ပြီး ထိုလေတပ်စခန်းသည် ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းများသို့ လေကြောင်းစစ်ဆင်ရေး ဗဟိုချက်ဒေသ ဖြစ်သည်။

မိတ္ထီလာသည် စစ်တပ်အခြေစိုက်စခန်း အများအပြားနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းများရှိရာ အချက်အခြာဒေသဖြစ်ပြီး ထိုလေတပ်စခန်းသည် ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းများသို့ လေကြောင်းစစ်ဆင်ရေး ဗဟိုချက်ဒေသ ဖြစ်သည်။

စစ်တပ်သည် မန္တလေးတိုင်းမှ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်အချက်အခြာဒေသ မြင်းခြံအနောက်တောင်ဘက် ဧရာဝတီမြစ်တဖက်ကမ်းမှ ပခုက္ကူတွင် လေယာဉ်ကွင်းငယ်တခုကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်နေကြောင်း ဂြိုဟ်တု အထောက်အထားများမှတဆင့် တွေ့ရသည်။ မန္တလေးတိုင်းတွင်လည်း အတိုက်အခံတပ်များက တိုက်ခိုက်မှု အရှိန်မြှင့်တင်နေသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရပြီးနောက် မြင်ကွင်း / Mai So Jar / AFP

စစ်ကောင်စီသည် စစ်ဆင်ရေးများတွင် လောင်စာခြွေတာရန် အမာခံဒေသများမှ လေယာဉ်ကွင်းငယ်များသို့ ရွှေ့ပြောင်းနေပုံရသည်။ ၎င်းတို့သည် လေယာဉ်ဆီကို ဘေးကင်းစွာ သယ်ယူပို့ဆောင်ရန် မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးကိုလည်း ပိုမိုအားကိုးလာသည်။

ယခုပွင့်လင်းရာသီတွင် စစ်တပ်သည် လွန်ခဲ့သောတနှစ်က ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဆုံးရှုံးခဲ့သည့် နယ်မြေများကို ပြန်လည်သိမ်းယူရန် အခွင့်အလမ်းရှိသည်ဟု မြင်သည်။ ၎င်း၏ စွမ်းဆောင်ရည်ကို တရုတ်က သံသယရှိသော်လည်း မင်းအောင်လှိုင်သည် တရုတ်ထံမှ အကူအညီများ ထပ်မံရသည်။

သို့သော် ထူးခြားသော စစ်မြေပြင်အများအပြားတွင် တရုတ်ကို အလျှော့ပေးရန် ငြင်းဆန်နေသည့် အတိုက်အခံများအား ရင်ဆိုင်ရန် ထိုအထောက်အပံ့သည် မလုံလောက်ပေ။

(RFA ပါ Zachary Abuza ၏ Fresh Chinese support may not be enough to save Myanmar junta ကို ဘာသာပြန်သည်။ ဇာကာရီအဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ် ပါမောက္ခနှင့် ဂျော့တောင်းတက္ကသိုလ်တွင်လည်း ဧည့်ပါမောက္ခဖြစ်သည်။)

You may also like these stories:

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
377
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
602
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
179

MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ထိန်းသိမ်းထားမှု တရုတ်ငြင်း

တရုတ်ဖိအားကြား လားရှိုးကို MNDAA အင်အားဖြည့်

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ

တရုတ် ကျားကန်မှုဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမည်

အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAABPLAKIAKNLAMNDAATNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တော်လှန်ရေးအင်အားစုဒရုန်းတိုက်ခိုက်မှုနပခနယ်စပ်ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုရွေးကောက်ပွဲလေကြောင်းတိုက်ခိုက်မှုအတင်းအကျပ် စစ်သားစုဆောင်းမှုအမျိုးသားညီညွတ်ရေးအစိုးရ
Zachary Abuza

Zachary Abuza

ဇာချာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့တောင်း တက္ကသိုလ်မှ အချိန်ပိုင်း ပါမောက္ခဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အုတ်ဖို မင်းလှ၌ လူငယ်များကို စစ်မှုထမ်းရန် အဓမ္မစုဆောင်း

အုတ်ဖို မင်းလှ၌ လူငယ်များကို စစ်မှုထမ်းရန် အဓမ္မစုဆောင်း

ဝရမ်းပြေး နှမ ယင်းလတ် ပြန်လာနိုင်မည်ဟု သက်ဆင် မျှော်လင့်

ဝရမ်းပြေး နှမ ယင်းလတ် ပြန်လာနိုင်မည်ဟု သက်ဆင် မျှော်လင့်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved