• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

၂၀၂၄ ခုနှစ် အမျိုးသားညီညွတ်ရေးအစိုးရအပေါ် သုံးသပ်ချက်

by ဗညားအောင်
11 January 2025
in သူ့အတွေး သူ့အမြင်
A A
၂၀၂၄ ခုနှစ် အမျိုးသားညီညွတ်ရေးအစိုးရအပေါ် သုံးသပ်ချက်

၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်‌နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စစ်ကောင်စီ ဆန့်ကျင်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်စဉ် / AFP

2.3k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး မကြာမီတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ပြည်မ နွေဦးအင်အားစု အများစုကို ကိုယ်စားပြုရန် ကြိုးစားသည့် အဖွဲ့အစည်းတရပ်အဖြစ် ပေါ်ပေါက်လာခဲ့သည်။

မြန်မာစစ်တပ်ကို လက်နက်ကိုင် အန်တုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အင်အားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒီမိုကရက်များနှင့် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်းစသည့် တိုင်းရင်းသား အင်အားစုများ၏ နိုင်ငံရေးစုစည်းမှုအဖြစ် ပေါ်ပေါက်လာသည်ဟု ဆိုနိုင်၏။

NUG ကို အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ပုံဖော်ထားသော်လည်း လက်တွေ့တွင် အစိုးရတရပ် ဆိုသည်ထက် ပြည်မရှိ နွေဦးအင်အားစုများ၊ PDF များကို ခေါင်းဆောင်သည့် အဖွဲ့အစည်းတရပ်၊ အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအရ နားလည်မှု တည်ဆောက်ပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးစားနေသည့် အဖွဲ့အစည်းဖြစ်၏။

အဓိကအားဖြင့် NUG ၏ တာဝန်သည် စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် PDF နှင့် လူထုအား ခေါင်းဆောင်ရန် ဖြစ်သည်။

NUG သည် လက်နက်ကိုင်တိုက်ပွဲကို ဦးဆောင်ရွက်ရမည်ဖြစ်ရာ PDF လက်နက်ကိုင်တပ်ဖွဲ့များအား လေ့ကျင့်ရေး၊ စုဖွဲ့ရေး၊ လက်နက်ခဲယမ်း တပ်ဆင်ရေး၊ အမိန့်ပေးစနစ် ထူထောင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပေါင်းစပ်တိုက်ပွဲဝင်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့အတွက် လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေ ရှာဖွေရေး၊ စစ်ဆင်ရေးစီမံချက်များ ရေးဆွဲရေးအပြင် တပ်ဖွဲ့ဝင်များ၏ ရိက္ခာ၊ ခဲယမ်း ဖြည့်တင်းရေး၊ ဆေးကုသရေး၊ ဒုက္ခိတဖြစ်သွားသည့် ရဲဘော်များပြဿနာ ဖြေရှင်းရေးတို့သည် ဦးစားပေးလုပ်ငန်းများ ဖြစ်၏။

မိမိတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေရှိ လူထုနှင့်ပတ်သက်၍ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အခွန်ကောက်ခံ‌ရေး စသည့် ပြဿနာများ၊ စစ်ဘေးဒုက္ခသည် ပြဿနာများကို အဆင့်ဆင့် ကွပ်ကဲဆောင်ရွက်ရန် လိုအပ်သည်။ လက်တွေ့လည်း ဆောင်ရွက်နေကြ၏။

ထို့အတူ မိမိတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေရှိ လူထုနှင့်ပတ်သက်၍ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အခွန်ကောက်ခံ‌ရေး စသည့် ပြဿနာများ၊ စစ်ဘေးဒုက္ခသည် ပြဿနာများကို အဆင့်ဆင့် ကွပ်ကဲဆောင်ရွက်ရန် လိုအပ်သည်။ လက်တွေ့လည်း ဆောင်ရွက်နေကြ၏။

NUG ကာကွယ်ရေးဌာန၏ လက်အောက်တွင် စစ်ဒေသများဖွဲ့၍ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့တွင် PDF တပ်ရင်းများ ဖွဲ့စည်းလှုပ်ရှားနေသည်။ ရန်ကုန်တိုင်းတွင်လည်း PDF များ ဖွဲ့စည်းနေပြီး ဝင်ရောက်လှုပ်ရှားရန် ပြင်ဆင်နေသည်ကို တွေ့ရသကဲ့သို့ ဧရာဝတီတိုင်းတွင်း PDF များ စတင် ဝင်ရောက်နေပြီကို တွေ့ရ၏။

PDF တို့တွင် လက်နက်တပ်ဆင်မှု အားနည်းနေသေးသော်လည်း အချိန်တိုအတွင်း တပ်ဆင်နိုင်စွမ်း မြင့်သည်။ လက်ရှိ PDF များသည် မြို့သိမ်းတိုက်ပွဲ၊ စစ်ကြောင်းချေမှုန်းရေးတိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲ အတွေ့အကြုံများ ရှိ၏။ လက်နက်ခဲယမ်း လိုအပ်ချက်အား ဖြည့်ဆည်းရန်သာ လို၏။ ကာကွယ်ရေးဌာန တာဝန်ရှိသူများကိုလည်း မြေပြင်တွင် တွေ့ရ၏။

NUG ဘဏ္ဍာရေးဌာန၏ ဘဏ္ဍာငွေ ရှာဖွေနိုင်စွမ်းသည် လေးနှစ်ကာလသို့ ရောက်ရှိလာသော်လည်း ကျဆင်းမသွားဘဲ ကောင်းစွာရှာနိုင်စွမ်းရှိပြီး လူထုထောက်ခံမှု၊ ဝိုင်းဝန်းမှုရဆဲဖြစ်၏။ ထို့ပြင် ထိန်းချုပ်နယ်မြေများမှ အခွန်အကောက်များလည်း ရရှိသည်။

NUG နိုင်ငံခြားရေးအနေဖြင့် သံတမန် ဆက်ဆံမှုများကို သိသာထင်ရှားစွာ ပြုလုပ်နိုင်ပြီး ကုလသမဂ္ဂ၌ သံအမတ်နေရာကို ရထားခြင်းသည် NUG အတွက် အားသာချက်ဖြစ်၏။

ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်) တို့နှင့် အခြားဌာနများ၏ လှုပ်ရှားမှုများကိုလည်း တွေ့ရ၏။ အချို့ဌာနများကမူ စစ်ကာလနှင့် ကိုက်ညီမှုမရှိ၍ လှုပ်ရှားမှု မတွေ့ရပါ။ ပြည်တွင်း ထိန်းချုပ်နယ်‌မြေများ၌ လိုအပ်ချက် အကြီးဆုံး ဖြစ်နေသော်လည်း အစွမ်းမပြနိုင်သည်ကတော့ ပြည်ထဲရေး၊ အုပ်ချုပ်ရေးပိုင်းနှင့် တရားရေးဖြစ်၏။

NUG တွင် အလုပ်မဖြစ်သည့် ဝန်ကြီးဌာနများဖွဲ့စည်းထားသော်လည်း ဝါဒဖြန့်ချိရေးအတွက် သတင်းနှင့် ပြန်ကြားရေးဌာနတခု မဖွဲ့စည်းနိုင်ပေ။ မိမိသတင်း၊ မိမိအခြေအနေများ၊ မိမိတို့ မူဝါဒများကို သုံးသပ်ခြင်း၊ ရှင်းလင်းပြခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများကို စနစ်တကျ အချိန်ကိုက် ထုတ်ပြန်ခြင်း၊ ရန်သူ့စစ်တပ် ဖြိုခွဲရေးအတွက် စနစ်တကျ အချိန်ကိုက် ဝါဒဖြန့်ခြင်းတို့ကို စီမံကိန်းရှိရှိ ပြုလုပ်ရန် လိုအပ်သည်။

ထို့ပြင် NUG တွင် အလုပ်မဖြစ်သည့် ဝန်ကြီးဌာနများဖွဲ့စည်းထားသော်လည်း ဝါဒဖြန့်ချိရေးအတွက် သတင်းနှင့် ပြန်ကြားရေးဌာနတခု မဖွဲ့စည်းနိုင်ပေ။ မိမိသတင်း၊ မိမိအခြေအနေများ၊ မိမိတို့ မူဝါဒများကို သုံးသပ်ခြင်း၊ ရှင်းလင်းပြခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများကို စနစ်တကျ အချိန်ကိုက် ထုတ်ပြန်ခြင်း၊ ရန်သူ့စစ်တပ် ဖြိုခွဲရေးအတွက် စနစ်တကျ အချိန်ကိုက် ဝါဒဖြန့်ခြင်းတို့ကို စီမံကိန်းရှိရှိ ပြုလုပ်ရန် လိုအပ်သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲ အောင်ပွဲရပြီးနောက် ပြည်သူများအား NUG ကာကွယ်ရေးဝန်ကြီး တွေ့ဆုံစဉ် / NUG – MOD

ယခုအခါ မီဒီယာများ၊ နိုင်ငံရေးသုံးသပ်သူများ၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) လုပ်သူများက ရန်သူ့စစ်တပ်ကို ထိုးနှက်ဖြိုခွဲခြင်း၊ ဝါဒဖြန့်ချိခြင်းတို့ကို ၎င်းတို့အသိ၊ ၎င်းတို့အမြင်ဖြင့် လုပ်ကိုင်နေကြသည် ဖြစ်သော်လည်း NUG ကိုယ်တိုင်က စနစ်တကျဖွဲ့ စည်းလုပ်ဆောင်ရန် လိုအပ်သည်။

NUG အတွက် အားနည်းချက်တခုမှာ ယာယီသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးတာဝန် ယူထားသူအချို့ ပြည်တွင်း၌ ရှိနေသော်လည်း အချို့ ပြည်ပတွင် အချိန်ကြာမြင့်စွာ ရောက်ရှိနေခြင်း ဖြစ်၏။

NUG နှင့် အဝေးရောက်ပြဿနာ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် NUG ၏ ၂၈/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ တာဝန်ယူထားသည့် ဒူဝါလရှီးလက အင်အားများ စုစည်း၍ ပြည်တွင်း၌ အခြေစိုက်ရန်၊ NUG အစိုးရသည် “အဝေးရောက်အစိုးရ” ဖြစ်၍ မရဘဲ လက်တွေ့ကျကျ မြေပြင်တွင် အင်အားတည်ဆောက်ရန် တိုက်တွန်းခဲ့ပြီး အစိုးရအဖွဲဝင်အားလုံး ပြည်တွင်းမှာ လာစုကြပြီး လက်တွေ့ကျကျ အားထုတ်စေချင်‌ကြောင်း ပြောကြားသည်ကို တွေ့ရ၏။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီဟု ပြောနိုင်သကဲ့သို့ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီဟုလည်း ပြောနိုင်သည်ဟု ထောက်ပြခဲ့၏။

ဤအချက်သည် ၂၀၂၄ ခုနှစ်အတွင်း NUG အတွက် တပ်လှန့်သံဖြစ်၏။ အထက်တွင် ဖော်ပြသကဲ့သို့ NUG သည် လက်နက်ကိုင်တိုက်ပွဲကို ဦးဆောင်နေသည်ဖြစ်ရာ မြေပြင်တွင် အနီးကပ် ကွပ်ကဲဦးဆောင်‌နေရန် လိုသည်။ အဝေးရောက်အစိုးရ ဖြစ်၍ မရပေ။ လက်တွေ့မြေပြင်တွင် လုပ်ပြနိုင်ဖို့ လိုသည်။ အခြား တိုင်းရင်းသားတပ်ဖွဲ့များကို ကြည့်ပါက ပြည်တွင်းတွင် မိမိတပ်ဖွဲ့ကို ဦးဆောင်ပြီး လက်တွေ့ပြဿနာများကို ဖြေရှင်းနေသည်ကို တွေ့မြင်နိုင်သည်။ ပြည်ပမှ အဝေးရောက် ဦးဆောင်နေသည် မဟုတ်ပေ။

NUG သည် တက်ကြွလှုပ်ရှားသူများ စုစည်းထားသည့် အဖွဲ့အစည်း မဟုတ်ပေ။ နိုင်ငံတကာ၏ စာနာထောက်ခံမှုနှင့် အကူအညီရယူမှုကို အဓိက ဇောင်းပေးရမည့်အဖွဲ့အစည်း မဟုတ်ပေ။ မိမိ ပြည်တွင်းအင်အားကို မိမိ တည်ဆောက် တိုက်ပွဲဝင်ပြီး အောင်ပွဲရယူရမည့် အဖွဲ့အစည်းဖြစ်၏။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
22
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
679
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
198

ပြည်ပဆက်ဆံရေး လိုအပ်သည်ဆိုသော်လည်း NUG ခေါင်းဆောင်အားလုံး ထွက်လုပ်ရန် မလိုအပ်ပေ။ တဦး၊ နှစ်ဦးကိုသာ တာဝန်ပေးရန် လိုအပ်သည်။ ယာယီသမ္မတ ဒူဝါလရှီးလ ပြောသကဲ့သို့ လက်ရှိတွင် ပြည်ပတွင် အချိန်ပေးသင့်တာထက် ပို၍ ပေးခဲ့ပြီဖြစ်၏။

လက်တွေ့ မြန်မာ ပြည်တွင်း ပြည်နယ်များတွင် တိုင်းရင်းသားလက်နက် ကိုင်တပ်များ၏ ထိန်းချုပ်မှုနှင့် အုပ်ချုပ်ရေး ရှိနေပြီဖြစ်ရာ NUG အနေဖြင့် တိုင်းများကို အာရုံစိုက်ရပေမည်။ လက်ရှိ PDF တို့ အများစု စိုးမိုးထိန်းချုပ်နိုင်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် NUG ၏ ကျစ်လစ်ခိုင်မာသည့် အုပ်ချုပ်ရေးကို ဖော်ဆောင်ရန် လိုအပ်နေသည်။ အလားတူ PDF တပ်များ လှုပ်ရှားမှုရှိသည့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့အပြင် လှုပ်ရှားရန် ရည်ရွယ်နေသည့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့ အတွက်လည်း ပြင်ဆင်ရန် လိုအပ်၏။

ယခုအခါ ထိုဒေသများတွင် အောက်ခြေ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များနှင့် ပတ်သက်၍ လူထု၏ တိုင်တန်းမှုများ များပြားနေပြီး အရေးယူရန် ဆောင်ရွက်လိုသည်ဟု ဆိုနေသည်ကို တွေ့ရ၏။ ဤနေရာတွင် အရေးယူရန် လိုအပ်သည်ဆိုသည်မှာ အဆိုပါ ပအဖ၊ ပလဖ များကို လူပုဂ္ဂိုလ်အရ အရေးယူရန် အပြစ်ပေးရန် ဆိုသည်ထက် NUG ဝန်ကြီးဆိုသူများ၊ တာဝန်ရှိသူများ၊ တာဝန်ယူထားသူများက မြေပြင်တွင်ဆင်း၍ ကွပ်ကဲရန်၊ လက်တွေ့ပြဿနာများကို ဖြေရှင်းပြီး ခေါင်းဆောင်ပြရန် လိုအပ်သည်။

သူသေကိုယ်ရှင် တိုက်ပွဲဝင်နေပြီး ကြမ်းတမ်းသည့် စစ်မြေပြင်ကို အဝေးက ခေါင်းဆောင်၍ မရနိုင်ပေ။ ၁၉၈၈ နောက်ပိုင်း ပေါ်ပေါက်လာသည့် NCGUB အဝေးရောက်အစိုးရသည် အောင်မြင်မှု မရခဲ့သကဲ့သို့ ဆီးရီးယားတွင်လည်း အဝေးရောက်အစိုးရများ ဘေးရောက်သွားသည်ကို တွေ့မြင်နိုင်သည်။

NUG ၌ တရားဝင်ခေါင်းဆောင်မှု ရယူထားသူများ လက်တွေ့မြေပြင်တွင် ပြည်တွင်း၌ ခေါင်းဆောင်ရန် လိုအပ်သည်။ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များကို အတုယူလေ့လာရန် လိုအပ်သည်။ ပြည်တွင်း၌ ခက်ခဲမည်၊ လုံခြုံရေးအရ စိုးရိမ်ရသည်၊ စစ်မြေပြင်နှင့်ဝေးတောင်မှ အချိန်မရွေး ဗုံးကြဲခံရနိုင်သည်။

NUG ၌ တရားဝင်ခေါင်းဆောင်မှု ရယူထားသူများ လက်တွေ့မြေပြင်တွင် ပြည်တွင်း၌ ခေါင်းဆောင်ရန် လိုအပ်သည်။ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များကို အတုယူလေ့လာရန် လိုအပ်သည်။ ပြည်တွင်း၌ ခက်ခဲမည်၊ လုံခြုံရေးအရ စိုးရိမ်ရသည်၊ စစ်မြေပြင်နှင့်ဝေးတောင်မှ အချိန်မရွေး ဗုံးကြဲခံရနိုင်သည်။

ဤသို့သော အခြေအနေကို ရင်ဆိုင်နေကြသည့် အခြားတိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်များနည်းတူ၊ မိမိပြည်သူများနည်းတူ NUG ဝန်ကြီးဆိုသူ ခေါင်းဆောင်များသည် မြေပြင်တွင် လက်တွေ့ အလုပ်လုပ်ကြရန် လိုအပ်သည်။

အကယ်၍ အကြောင်းကြောင်းကြောင့် မြေပြင်တွင် လက်တွေ့ လုပ်ကိုင်နိုင်ခြင်း မရှိပါက နုတ်ထွက်ပေးကြပြီး လက်တွေ့ လုပ်ကိုင်နိုင်သူများကို နေရာပေးရန် လိုအပ်သည်။ အကြောင်းကြောင်းကြောင့် ပြည်တွင်းသို့ မလာနိုင်သူများအနေဖြင့် ခေါင်းဆောင်နေရာများအား စွန့်လွှတ်ပြီး တက်ကြွလှုပ်ရှားသူ၊ ပြည်ပ ထောက်ပို့များအဖြစ် ပြောင်းလဲရပ်တည်သင့်သည်။

NUG ကဲ့သို့ပင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၌ တာဝန်ယူထားသူများသည် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် တရားဝင်မှုကို ဆက်လက် ရယူလိုပါက ပြည်တွင်း၌ တိုက်ပွဲဝင်နေသည့် ပြည်သူများနှင့်အတူ ရှိနေရန် လိုအပ်သည်။

အကယ်၍ ပြည်တွင်းသို့ ပြန်မလာနိုင်ပါက ထိုတာဝန်ယူမှုကို စွန့်လွှတ်ပြီး သာမန်တက်ကြွလှုပ်ရှားသူ၊ ပြည်ပထောက်ပို့အဖြစ် ရပ်တည်သည်က ပို၍သင့်တော်၏။ ခေါင်းဆောင်အဖြစ် ဆက်ရှိလိုပါက လက်တွေ့ ခေါင်းဆောင်ရန် လိုသည်။

လက်ရှိ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသများတွင် အုပ်ချုပ်ရေးပြဿနာများ ပေါ်နေသည် ဆိုသည်မှာ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ပြည်ထဲရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူကယ်ပြန်တို့နှင့် ပတ်သက်သော NUG ခေါင်းဆောင်များ မြေပြင်တွင် မရှိ၍ဖြစ်သည်။

NUG ခေါင်းဆောင်ဆိုသူများက အနီးကပ် ကြီးကြပ်ကွပ်ကဲမှသာ အဆိုပါ ပြဿနာများကို အချိန်နှင့်တပြေးညီ ဖြေရှင်းနိုင်ပေလိမ့်မည်။ လက်ရှိ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့တွင် NUG ခေါင်းဆောင်ဆို၍ ကာကွယ်ရေးတာဝန် ယူထားသူကိုသာ အချိန်အများစု တွေ့မြင်ရပြီး ကျန်ခေါင်းဆောင်အများစုကို တွေ့မြင်ရခြင်း မရှိပေ။

လက်ရှိအချိန်တွင် ရှမ်းမြောက်၊ ကချင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီတို့သည် တဆက်တစပ်တည်း ရှိသကဲ့သို့ ကရင်နီ၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်တို့သည် တဆက်တည်းရှိ၏။ NUG အနေဖြင့် အုပ်စုနှစ်စုခွဲ၍ တာဝန်ယူရန် လိုအပ်ပြီး စစ်ရေးတာဝန်ရှိသူကဲ့သို့ပင် အုပ်ချုပ်ရေး တာဝန်ရှိသူအများစုသည် မြောက်ဘက်ပိုင်းတွင် တာဝန်ယူရန် လိုအပ်ပေမည်။

NUG ၌ ပြည်တွင်း၌ စွဲစွဲမြဲမြဲ တာဝန်ယူနေသူများအား အသိမှတ်ပြုရန် လိုအပ်သကဲ့သို့ ပြည်ပရောက် အဖွဲ့ဝင်များအနေဖြင့် သတိပြုရန်လိုအပ်သည်မှာ ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံများအရ အဝေးရောက်များသည် ဘေးရောက်သွားသည့်အချက်ဖြစ်၏။

NUG ပြန်လည် ဖွဲ့စည်းရေးပြဿနာ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို သိမ်းပိုက်ပြီးနောက် မန္တလေး PDF အဖွဲ့ဝင်များကို ဇူလိုင်လ ၁၇ ရက်က တွေ့ရစဉ် / မန္တလေး PDF

လက်ရှိ NUG သည် နွေဦးတော်လှန်ရေးအား ဦးဆောင်ရန် လုံးပန်းနေသည့် အဖွဲ့အစည်းတရပ်အဖြစ် လိုအပ်သည်မှာ ငြင်းပယ်ရန် မရှိပေ။ NUG ခေါင်းဆောင် အားလုံးမှာလည်း အတိုင်းအတာတခုအထိ စွန့်လွှတ်ပေးဆပ်ခဲ့ကြသူများ ဖြစ်သည်ကို ငြင်းပယ်ရန် မရှိသကဲ့သို့ အသိအမှတ်ပြုရန်လည်း လိုပါသည်။

သို့သော် တဖက်ကလည်း လက်ရှိ NUG ဖွဲ့စည်းပုံသည် ပုံမှန်အခြေအနေတွင် အစိုးရတရပ် ဖွဲ့စည်းသကဲ့သို့ ဖွဲ့စည်းထားသည်ဖြစ်ရာ ဖောင်းပွနေ၏။ လက်တွေ့အလုပ်လုပ်၍ မရနိုင်သည့် ဝန်ကြီးဌာနများလည်း ရှိနေသည်။

စစ်ကာလနှင့် ကိုက်ညီသည့် ကျစ်လစ်သော ဖွဲ့စည်းပုံမျိုးကို ပြင်ဆင်ဖွဲ့စည်းရန် ပြီးခဲ့သော သုံးနှစ်ကျော်ကာလက အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖွဲ့စည်းရန် လို၏။ မလိုအပ်သေးသည့် ဝန်ကြီး ဌာနများကို ဖျက်သိမ်း၊ ပူးပေါင်းပြီး စစ်ကာလနှင့် ကိုက်ညီအောင် ကျစ်လစ်စွာ ပြန်လည် ဖွဲ့စည်းရန် လိုအပ်၏။

ဤသို့သော အခြေအနေအောက်တွင် စစ်ကာလနှင့် ကိုက်ညီသည့် ကျစ်လစ်သော ဖွဲ့စည်းပုံမျိုးကို ပြင်ဆင်ဖွဲ့စည်းရန် ပြီးခဲ့သော သုံးနှစ်ကျော်ကာလက အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖွဲ့စည်းရန် လို၏။ မလိုအပ်သေးသည့် ဝန်ကြီး ဌာနများကို ဖျက်သိမ်း၊ ပူးပေါင်းပြီး စစ်ကာလနှင့် ကိုက်ညီအောင် ကျစ်လစ်စွာ ပြန်လည် ဖွဲ့စည်းရန် လိုအပ်၏။

ဒုတိယပြဿနာမှာ NUG သည် အမျိုးသားညီညွတ်ရေးအစိုးရ ဆိုသော်လည်း တကယ်တမ်းအားဖြင့် တိုင်းရင်းသားလူမျိုး ဒေသများအား အုပ်ချုပ်နိုင်ခြင်း မရှိပေ။ ရခိုင်၊ တအာင်း ပလောင်၊ ကိုးကန့် မဆိုထားနှင့် လက်ရှိ NUG နှင့် ပူးပေါင်းနေသည့် ကချင်၊ ကရင်၊ ချင်း၊ မွန်တို့ ထိန်းချုပ်ဒေသများတွင်လည်း အုပ်ချုပ်ရေးအာဏာ မသက်ရောက်ပေ။ NUG အုပ်ချုပ်ရေးအာဏာ သက်ရောက်သည်မှာ ပြည်မ တိုင်းများတွင်သာ ဖြစ်၏။

ဤပြဿနာအား NUG အနေဖြင့် ချက်ချင်း ဖြေရှင်းနိုင်မည် မဟုတ်သော်လည်း ရေရှည် ဖြေရှင်းရန်အတွက် စဉ်းစားထားချက်ရှိရန် လိုအပ်ပြီး ဒေသအလိုက်၊ ပြည်နယ်အလိုက် ထိန်းချုပ်မှုရှိသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ရိုက် ညှိနှိုင်းမှုရန် လိုအပ်သည်။ ဤပြဿနာကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှတဆင့် ဖြေရှင်းခြင်းအား တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အားလုံး သဘောတူရန် မလွယ်ကူပေ။

တတိယပြဿနာမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့ စဉ်းစားလာသည့် ပြဿနာဖြစ်သည်။ ၎င်းမှာ NUG နေရာတွင် တိုင်းရင်းသားတပ်ဖွဲ့များမှ ကိုယ်စားပြုသူများ ပါဝင်သည့် အဖွဲ့အစည်းတရပ်နှင့် အစားထိုးရေးဖြစ်၏။ သို့မှသာ တပြည်လုံးကို ကိုယ်စားပြုနိုင်မည်ဟူသည့် စဉ်းစားချက်မှ လာခြင်းဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော်ရန် ‌မှာ အခက်အခဲရှိမည်ဖြစ်သည့်အပြင် ပြည်မ နွေဦးတော်လှန်အင်အားစုများနှင့် မြောက်ပိုင်းရင်းသား လက်နက်ကိုင်များ ပူးပေါင်းသည်ကို ဆန့်ကျင်သည့် တရုတ်၏ ဖိအားကိုလည်း ရင်ဆိုင်ရမည်ဖြစ်၏။ သို့သော် ကြိုးစားရန် လိုအပ်၏။

NUG အစိုးရတာဝန်ရှိသူတဦးက အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (Transitional National Unity Government – TNUG) ဖွဲ့စည်းဆောင်ရွက်မည်ဟု ပြောဆိုသည်ကို တွေ့ရ၏။ မည်သို့ဖြစ်စေ လက်တွေ့ အလုပ်ဖြစ်သည့်ပုံစံဖြစ်ရန် လို၏။

နိဂုံး

NUG တွင် အားနည်းချက်များရှိသည်မှာ အမှန်ပင်ဖြစ်သကဲ့သို့ NUG အား ထောက်ပြဝေဖန်မှု အများအပြားကိုလည်း တွေ့ရ၏။ ထို့အတူ NUG ဘာလုပ်လုပ် ဝေဖန်တိုက်ခိုက်နေသည်များကိုလည်း တွေ့ရ၏။ ဝေဖန်မှုများ လိုအပ်သော်လည်း NUG ခေါင်းဆောင်များသည် အတိုင်းအတာတခု ပေးဆပ်ထားသည်ကို အသိအမှတ်ပြုရန် လိုသည်။ ထို့ပြင် လက်တွေ့၌ NUG နေရာတွင် အစားထိုးနိုင်မည့် အဖွဲ့အစည်း ပေါ်ပေါက်အောင် စွမ်းဆောင်နိုင်သည့်အဖွဲ့ မရှိ‌သဖြင့် NUG သည် မိမိတာဝန်ကို ဆက်လက်ယူရပေမည်။

အခက်အခဲများ၊ ပြဿနာများ ရှိသော်လည်း လက်ရှိတွင် NUG သည် PDF များ၊ ပြည်မရှိ တိုင်း‌ဒေသအုပ်ချုပ်ရေးများကို တောင့်တင်းအောင် ဆောင်ရွက်ရန်လို၏။ NUG အား အဝေးရောက်အစိုးရ မဖြစ်စေဘဲ စစ်မြေပြင်တွင် လက်တွေ့ကျကျ ခေါင်းဆောင်သည့် အဖွဲ့အစည်းအဖြစ် တည်ဆောက်ရန်လို၏။

သို့မှသာ မြေပြင်ပြဿနာများကို လျင်မြန်စွာ အချိန်နှင့်တပြေးညီ ဖြေရှင်းနိုင်ပေလိမ့်မည်။ ဤအချက်များကို NUG သမ္မတ၏ ၂၀၂၄ နှစ်သစ်ကူးမိန့်ခွန်းတွင် တွေ့ရပြီဖြစ်သကဲ့သို့ NUG ခေါင်းဆောင်များကလည်း ပြုပြင်ပြောင်းလဲမည်ဟု ဆိုနေကြပြီဖြစ်ရာ လိုအပ်သည်မှာ လက်တွေ့ အကောင်အထည်ဖော်ကြရန်သာ ဖြစ်သည်။

NUG ၏ အနာဂတ်သည် ဝေဖန်၊ ပြစ်တင်၊ ရှုတ်ချနေသူများပေါ် မူတည်ခြင်း မရှိပါ။ NUG ၏ အခိုင်အမာ လုပ်ဆောင်မှုများကသာ NUG ၏ အကောင်းအဆိုးနှင့် NUG ၏ အနာဂတ်ကို ဆုံးဖြတ်ပေးပေလိမ့်မည်။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

မြို့ပေါင်း ၃၅၀ အနက် စစ်ကောင်စီ တရာအောက်သာ ထိန်းချုပ်နိုင်တော့ဟု NUG ဆို

NUG ကိုယ်တွင်းက နတ်ဆိုး

စစ်တမ်း ကောက်ခံချက်အရ NUG ကို တခဲနက် ထောက်ခံ

၂၀၂၅ မှာ NUG အပြောင်းအလဲက သိပ်အရေးကြီးတယ် (ရုပ်/သံ)

NUG အစိုးရအဖွဲ့ကို လူထုမျှော်နေပြီ

NUG သမ္မတ တိုက်တွန်းချက်၊ သူ၏ NUG ဝန်ကြီးများနှင့် ဒီမိုကရေစီတော်လှန်ရေး မှတ်ကျောက်

Your Thoughts …
Tags: CDMNLDNUCCNUGPDFSliderTNUGကုလသမဂ္ဂစစ်ကောင်စီစစ်ဘေးရှောင်စစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဒုက္ခသည်နွေဦးတော်လှန်ရေးပြောက်ကျားတိုက်ပွဲမြို့သိမ်းတိုက်ပွဲအမျိုးသားညီညွတ်ရေးအစိုးရ
ဗညားအောင်

ဗညားအောင်

ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သရုပ်ဆောင်မင်းသား ပြန်ရှာတွေ့လည်း ထိုင်းခရီးသွားလုံခြုံရေး တရုတ်တွေ စိုးရိမ်

သရုပ်ဆောင်မင်းသား ပြန်ရှာတွေ့လည်း ထိုင်းခရီးသွားလုံခြုံရေး တရုတ်တွေ စိုးရိမ်

ဘန်ကောက်တွင် နိုင်ငံရေးသမားကို လုပ်ကြံသူအား ကမ္ဘောဒီးယားရဲ ဖမ်းဆီး

ဘန်ကောက်တွင် နိုင်ငံရေးသမားကို လုပ်ကြံသူအား ကမ္ဘောဒီးယားရဲ ဖမ်းဆီး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved