• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

NUG သမ္မတ တိုက်တွန်းချက်၊ သူ၏ NUG ဝန်ကြီးများနှင့် ဒီမိုကရေစီတော်လှန်ရေး မှတ်ကျောက်

by ကျော်ထင်
30 November 2024
in သူ့အတွေး သူ့အမြင်
A A
NUG သမ္မတ တိုက်တွန်းချက်၊ သူ၏ NUG ဝန်ကြီးများနှင့် ဒီမိုကရေစီတော်လှန်ရေး မှတ်ကျောက်

၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်‌နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စစ်ကောင်စီ ဆန့်ကျင်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်စဉ် / AFP

2.1k
VIEWS
Share on FacebookShare on Twitter

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်ပရောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ပြည်တွင်းသို့ ပြန်လာရန် အလေးအနက် တိုက်တွန်းကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားလိုက်သည်။ အဆိုပါ ဆင့်ခေါ်မှုသည် ပြည်သူများအကြား တဟုန်ထိုး ပျံ့နှံ့သွားသည်ကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ဆန္ဒသဘောထားနှင့် မည်မျှ ထင်ဟပ်နေသည်ကို သိနိုင်ပါသည်။

သို့သော် ထိုသို့ဆင့်ခေါ်ပြီး ပြန်လာရန်တိုက်တွန်းမှုကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မည်သို့ တုံ့ပြန်သည်ကို ပြည်သူများ မေ့မေ့လျော့လျော့ဖြစ်မရဘဲ အထူးတလည် စောင့်ကြည့်ရမည် ဖြစ်သည်။ NUG သည် ယခုအချိန်အခါတွင် ပြည်တွင်းပြည်ပတွင် စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး ဖိအားမျိုးစုံနှင့် ကြုံတွေ့နေရချိန်ဖြစ်သည်။

အခက်အခဲဆုံးအချိန်တွင် ပြည်သူ့အစိုးရဟု သတ်မှတ်ခံထားရသည့် ဒီမိုကရေစီအစိုးရဝန်ကြီးများသည် ပြည်သူ့အခွင့်အာဏာ အပ်နှင်းခြင်းခံရသည့် နိုင်ငံတော်အကြီးအကဲတဦး၏ ညွှန်ကြားချက်ကို လိုက်နာခြင်း၊ မလိုက်နာခြင်းသည် တော်လှန်ရေး၏ အဆုံးအဖြတ်တခုလည်း ဖြစ်လာပေလိမ့်မည်။

ထိုအခက်အခဲဆုံးအချိန်တွင် ပြည်သူ့အစိုးရဟု သတ်မှတ်ခံထားရသည့် ဒီမိုကရေစီအစိုးရဝန်ကြီးများသည် ပြည်သူ့အခွင့်အာဏာ အပ်နှင်းခြင်းခံရသည့် နိုင်ငံတော်အကြီးအကဲတဦး၏ ညွှန်ကြားချက်ကို လိုက်နာခြင်း၊ မလိုက်နာခြင်းသည် တော်လှန်ရေး၏ အဆုံးအဖြတ်တခုလည်း ဖြစ်လာပေလိမ့်မည်။

တော်လှန်ရေး၏ လက်ရှိအခြေအနေ

တော်လှန်ရေးသည် စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး စသည်ဖြင့် ဘက်ပေါင်းစုံ ကဏ္ဍစုံလင်ပြီး အားတက်ဖွယ်၊ စိတ်ပျက်ဖွယ် အဖြစ်အပျက်များစွာနှင့် ထုံမွှမ်းနေသည်။ သို့သော် အဓိကပန်းတိုင်မှာ နိုင်ငံတော်၏ ပြည်သူ့အာဏာကို လုယူထားသည့် စစ်ကောင်စီထံမှ ပြည်သူ့အစိုးရနှင့် တော်လှန်ရေးအင်အားစုများက ပြန်လည်ရယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက်၊ ပြည်ထောင်စုအသစ်အတွက် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။ နယ်မြေအရ သူတင်ကိုယ်တင် ဖြစ်လာသော်လည်း တော်လှန်ရေးအင်အားစုများ သိမ်းယူထားသည့် နယ်မြေများသည် ပြန့်ကျဲနေသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့်လည်း စစ်ကောင်စီ ပြိုကျသည့်အခါ မည်သူက တာဝန်ယူကာ တိုင်းပြည်ကို တည်ငြိမ်အောင်ဆောင်ရွက်မည်နည်း ဆိုသည်ကို စိုးရိမ်လျက်ရှိသည်။ ထိုသို့သော အခက်ခဲဆုံးအချိန်တွင် တော်လှန်ရေးခေါင်းဆောင်များ အားလုံးသည် ဖြစ်ပေါ်လာမည့် မတည်ငြိမ်မှုများကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ရန် လူထုနှင့် နီးကပ်စွာရှိနေရန် လိုအပ်ပေသည်။

ပြည်သူနှင့် အတူ

ပြည်သူသည် တော်လှန်ရေး စတင်သည့်အချိန်ကတည်းက အသက်အန္တရာယ်၊ ဘဝလောကဓံများသာမက စစ်ဒဏ်၊ စီးပွားရေးကျဆင်းမှုဒဏ်၊ ရေပြတ်မီးပြတ်မှစ၍ အိမ်ယာများ မီးရှို့ဖျက်ဆီးခံရသည့် ဒဏ်များအထိ ရင်စီးခါးစီးခံကာ တော်လှန်ခဲ့ကြသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ

မိမိတို့ပြည်သူ့အစိုးရကိုလည်း အားပေးထောက်ခံကာ လိုအပ်ချက်များအရ ပြည်ပမှ ကြိုးပမ်းပေးမှုများကို နားလည်ပေးခဲ့ကြသည်။ သို့သော် ပြည်သူ့ဆန္ဒမှာ ဒူဝါလရှီးလ၏ တိုက်တွန်းမှုနှင့် တထပ်တည်းသာ ဖြစ်သည်။

မိမိတို့ပြည်သူ့အစိုးရကိုလည်း အားပေးထောက်ခံကာ လိုအပ်ချက်များအရ ပြည်ပမှ ကြိုးပမ်းပေးမှုများကို နားလည်ပေးခဲ့ကြသည်။ သို့သော် ပြည်သူ့ဆန္ဒမှာ ဒူဝါလရှီးလ၏ တိုက်တွန်းမှုနှင့် တထပ်တည်းသာ ဖြစ်သည်။

မိမိတို့ခေါင်းဆောင်များ၊ ဝန်ကြီးများကို မိမိတို့နှင့်အတူ လက်တွဲကာ တိုက်ပွဲဝင်စေလိုကြသည်။ မိမိတို့၏ လိုလားချက်၊ လိုအပ်ချက်များကို အသေးစိတ် သိရှိစေလိုကြသည်။ မဟာမိတ်များနှင့် တပူးတွဲတွဲ မြေပြင်တွင် ခိုင်မာသည့်ဆက်ဆံရေးများ တည်ဆောက်စေလိုကြသည်။

သို့သော် အစောပိုင်းကာလများတွင် လွတ်မြောက်နယ်မြေများ နည်းပါးကာ တာဝန်ထမ်းဆောင်ရန် မလွယ်ကူသည့်ကာလ ဖြစ်သည့်အတွက် ပြည်သူတို့က မိမိတို့ခေါင်းဆောင်များကို မလိုလားအပ်သည့် အန္တရာယ်များ မကျရောက်စေလိုကြပါ။ သို့သော် ယခုအချိန်သည် လွတ်မြောက်နယ်မြေများတွင် ဝန်ကြီးများ၏ တာဝန်များ ပြည်သူနှင့်အတူ ထမ်းဆောင်နိုင်မည်ဟု ယူဆရပါသည်။

လုပ်ငန်းတာဝန်များ

NUG အစိုးရသည် ဝန်ကြီးဌာန ၁၇ ခုဖြင့် ဖွဲ့စည်းထားပြီး ရုံးလုပ်ငန်းများစွာ ပုံမှန်အစိုးရသဖွယ် ဆောင်ရွက်နေရသည့် တော်လှန်ရေးအစိုးရကြီး ဖြစ်သည်။ ထို့ကြောင့် အင်တာနက်မှစ၍ ရေမီး မပြည့်စုံသည့် လွတ်မြောက်နယ်မြေများသို့ ဌာနများအကုန်လုံး ရုံးများ လာရောက်ဖွင့်လှစ်ရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဝန်ကြီးဌာနများ၏ ရုံးလုပ်ငန်းများ ချောမွေ့လုံခြုံစွာ ဆောင်ရွက်နိုင်ရေးအတွက် ရုံးအများစုကို ပြည်ပတွင် ထားရှိသည်ဆိုဦးတော့ မူဝါဒများ ချမှတ်ပေးရမည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် ပြည်သူများနှင့် အနီးစပ်ဆုံးနေရာများတွင် ရှိနေရမည်ဖြစ်သည်။

အထူးသဖြင့် သာမန်ကာလမျိုးမဟုတ်ဘဲ တော်လှန်ရေးကာလဖြစ်သည့်အတွက် လိုအပ်ချက်နှင့် ပြဿနာများမှာ မြေပြင်တွင် တိုက်ရိုက် ဖြေရှင်းရသည်များ ပိုမိုများပြားသည်ကို တွေ့ရသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
75
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
993

ဥပမာ ကာကွယ်ရေးဝန်ကြီးသည် မြေပြင်တွင် မဟာမိတ်များနှင့် နီးနီးကပ်ကပ် ဆောင်ရွက်နေသော်လည်း ၎င်းဌာန၏ လုပ်ငန်းအကောင်အထည်ဖော်သည့် ရုံးအများစုကို ပြည်ပတွင် ထားရှိသည်ပင် ဖြစ်သည်။

တော်လှန်ရေးဝန်ကြီးများသည် တော်လှန်ရေးနှင့် ကိုက်ညီသည့် မူဝါဒများကို ချမှတ်ရာတွင် မည်သည့်နေရာကမဆို ဆောင်ရွက်နိုင်သည်ဖြစ်ရာ မူဝါဒများကို တိုက်ရိုက်ခံစားရမည့် လူထုနှင့် နီးကပ်လေလေ နားလည်မှု၊ မြန်ဆန်မှု၊ ထိရောက်မှုများ ရှိလေလေ ဖြစ်မည်ဖြစ်သည်။

တော်လှန်ရေးဝန်ကြီးများသည် တော်လှန်ရေးနှင့် ကိုက်ညီသည့် မူဝါဒများကို ချမှတ်ရာတွင် မည်သည့်နေရာကမဆို ဆောင်ရွက်နိုင်သည်ဖြစ်ရာ မူဝါဒများကို တိုက်ရိုက်ခံစားရမည့် လူထုနှင့် နီးကပ်လေလေ နားလည်မှု၊ မြန်ဆန်မှု၊ ထိရောက်မှုများ ရှိလေလေ ဖြစ်မည်ဖြစ်သည်။

မဟာမိတ်နှင့် နိုင်ငံတကာ

မဟာမိတ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၎င်းတို့သက်ဆိုင်ရာ ဒေသအသီးသီးတွင် အခြေချ ဦးဆောင်သူများ ဖြစ်ကြသည်။ အနည်းဆုံး နယ်စပ်ဒေသများတွင် နေထိုင်ကာ ၎င်းတို့ သက်ဆိုင်ရာလူထုနှင့် နီးကပ်စွာ အခြေချကြသည်။

အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ရန် နယ်စပ်တနေရာတွင် လူငယ်များ စစ်သင်တန်းတက်နေကြစဉ်

ထိုကဲ့သို့သော မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်ကြရာတွင် ပြည်သူ့အစိုးရ၊ ပြည်ထောင်စုအစိုးရသည် ဒေသအလိုက် ယူနစ်အစိုးရဖြစ်လာမည့် အဖွဲ့အစည်းများကဲ့သို့ပင် နိုင်ငံအတွင်းတွင် ရှိနေခြင်းက သိက္ခာလည်းရှိသလို ပြည်သူလည်း ယုံကြည်မည် ဖြစ်ပေသည်။ မဟာမိတ်များ၏ လေးစားခြင်း၊ ယုံကြည်ခြင်းကိုလည်း ခံရမည်ဖြစ်သည်။

နိုင်ငံတကာအနေဖြင့်လည်း လက်ရှိတွင် စစ်ကောင်စီသည် နေပြည်တော်ကို အုပ်စိုးကာ ပြည်ပထွက်ခွာသူများ၏ နိုင်ငံကူးလက်မှတ်များကအစ ၎င်းတို့ နိုင်ငံတကာသံရုံးများမှ ချုပ်ကိုင်နိုင်သည့် De Facto အာဏာ ရှိနေသည်ကို သတိပြုမိသည်။

အထူးသဖြင့် စစ်ကောင်စီနှင့် ပြိုင်ဘက်ဆိုသည့် အစိုးရဝန်ကြီးများ၏ နိုင်ငံကူးလက်မှတ်များပင်လျှင် ပယ်ဖျက်ခံရကာ ပြည်ပနိုင်ငံများတွင် နေထိုင်နေရသည့်အစိုးရကို ပြည်သူ့အစိုးရ နိုင်ငံတော်အဆင့်များအဖြစ် သတ်မှတ်ရန်မှာ ခက်ခဲလှသည်။

NUG ၏ အာဏာ သက်ဆင်းရာသည် လူထုဖြစ်သည်။ လူထုနှင့် နီးကပ်နေပါက ခေါင်းဆောင်များတွင် နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခံရ၍ ပြည်ပသို့ သွားလာနိုင်ခြင်း မရှိလျှင်ပင် နိုင်ငံတကာသည် လူထုနှင့် တသားတည်းရှိနေသည့် အစိုးရကို နေပြည်တော်တွင် ရုံးထိုင်နေသည့် စစ်ကောင်စီထက် အလေးထားမည် ဖြစ်သည်။

ပြည်သူ့အစိုးရနှင့် ပြည်သူ

ပြည်သူတို့သည် ပြည်သူ့အစိုးရ၏ ဥပဒေများ၊ ညွှန်ကြားချက်များကို မြေပြင်တွင်ပါ လိုက်နာဆောင်ရွက်နေကြခြင်းကြောင့် NUG အား နိုင်ငံတကာနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကပါ အလေးထားနေရခြင်း ဖြစ်သည်။

ပြည်သူ့အစိုးရဟုဆိုရာဝယ် သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးဌာနများကို ဆိုလိုခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲမှလာသည့် အသိအမှတ်ပြုခံထားရသော De Jure နှင့် နယ်မြေထိန်းချုပ်မှု အခွင့်အာဏာရှိနေသော De Facto တို့ဖြင့် ပြည်သူ့တော်လှန်ရေးကို ဦးဆောင်နေသည့် အစိုးရကို လေးစားလိုက်နာကြခြင်းဖြစ်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလသည် ထိုတရားဝင်မှုတို့က ဒီမိုကရေစီနည်းအရ ခန့်အပ်ထားသည့် နိုင်ငံ့ခေါင်းဆောင်ဖြစ်ပြီး ထိုအကြီးအကဲ၏ တိုက်တွန်းတောင်းဆိုမှုကို NUG အစိုးရဝန်ကြီးများကိုယ်တိုင်ပင် လိုက်နာခြင်း ရှိ၊ မရှိ သည် NUG ၏ တရားဝင်မှုကို စမ်းသပ်သည့် မှတ်ကျောက်ဖြစ်သည်။

အစိုးရ ဝန်ကြီးများကိုယ်တိုင်ပင်လျှင် မလိုက်နာပါက အစိုးရက ထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာနေသည့် ပြည်သူများအတွက် စာနာရမည်ဖြစ်ပြီး ဆန့်ကျင်လိုနေသည့် မြေပြင်အဖွဲ့အစည်း တချို့ကိုလည်း ထိန်းသိမ်း၍ ရမည် မဟုတ်တော့ပေ။

(ကျော်ထင်သည် နိုင်ငံရေးနှင့်လုံခြုံရေး လေ့လာသုံးသပ်သူ ဖြစ်သည်။)

You may also like these stories:

တော်လှန်ရေးမြန်မြန်ပြီးအောင် ပြန်ခေါ်တာဖြစ်တယ် (ရုပ်/သံ)

တော်လှန်ရေးအပေါ် တရုတ်ဖိအားပေးမှု အကျိုးမရှိဟု NUG ပြော

မြန်မာ့တော်လှန်ရေး ကွန်ရက်သစ်

နိုင်ငံတော်၊ အချုပ်အခြာအာဏာနှင့် တော်လှန်ရေး

ဖက်ဒရယ်ဒီမိုကရေစီ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာ

Your Thoughts …
Tags: NUGစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးကျဆင်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုနွေဦးတော်လှန်ရေးလွတ်မြောက်နယ်မြေအမျိုးသားညီညွတ်ရေးအစိုးရ
ကျော်ထင်

ကျော်ထင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း တောင်းဆိုမှု နောက်ဆက်တွဲ ဘာတွေ အသုံးချသင့်သလဲ

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း တောင်းဆိုမှု နောက်ဆက်တွဲ ဘာတွေ အသုံးချသင့်သလဲ

မားကို့စ်နှင့် ဒူတာတေး မိသားစုကြားက ရန်ငြိုး

မားကို့စ်နှင့် ဒူတာတေး မိသားစုကြားက ရန်ငြိုး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved