• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ဖက်ဒရယ်ဒီမိုကရေစီ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာ

by ဧရာဝတီ
28 May 2022
in အင်တာဗျူး
A A
NUG ယာယီသမ္မတ ဒူဝါလရှီးလ

NUG ယာယီသမ္မတ ဒူဝါလရှီးလ

14.4k
VIEWS
Share on FacebookShare on Twitter

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်တွင် ပေါ်ထွက်လာသည်။

NUG သည် အစိုးရအဖြစ်ဖွဲ့စည်းပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းကာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့်အပြင်၊ မြန်မာနိုင်ငံရှိ ဒေသတချို့၌ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များထူထောင်၍ ပညာရေး၊ ကျန်းမာရေးနှင့် တရားစီရင်ရေး စနစ်များထူထောင်လာသည်။

NUG ၏ အစိုးရသက်တမ်း ၁ နှစ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ အပါအဝင် ရှေ့ဆက်လုပ်ဆောင်သွားမည့် မူဝါဒများအား ပိုမိုသိရှိနိုင်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလအား ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
351
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
505

မေး။ ။ ပထမဆုံးမေးချင်တာက NUG အစိုးရ အဖွဲ့ရဲ့ သက်တမ်း ၁ နှစ်ပြည့်အတွင်းမှာ သမ္မတကြီးတို့ အစိုးရအဖွဲ့အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေး အတွက် ဘာတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ပါသလဲ။

ဖြေ။ ။ အားလုံးသိကြတဲ့အတိုင်းပဲ စစ်တပ်က အာဏာရှင်စနစ် ပြန်အသက်သွင်းဖို့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အာဏာသိမ်းပြီး ကြိုးစားပါတယ်။ ဒါကို ပြည်သူလူထုက မကျေနပ်တော့ ကျေးလက်ဒေသနဲ့ မြို့ပြ နိုင်ငံအနှံ့မှာ ငြိမ်းချမ်းစွာဆန္ဒပြပြီး ဆန့်ကျင်ခဲ့ကြပါတယ်။ တနိုင်ငံလုံးမှာ ပြည်သူ့ဝန်ထမ်းများကလည်း CDM လို့ ခေါ်တဲ့ Civil Disobedience Movement မှာပါဝင်ပြီးတော့ စစ်အာဏာရှင်ကို မလိုလားကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါကို အကြမ်းဖက်စစ်ကောင်စီက ရက်ရက်စက်စက် နှိမ်နင်းလို့ ပြည်သူလူထုကို ကာကွယ်ဖို့ ပြီးခဲ့တဲ့ မေလ ၅ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ကို ဖွဲ့စည်းတာ အခုဆိုရင် တပ်ရင်းပေါင်း ၂၅၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

အာဏာသိမ်းခါစမှာ PDF တွေ စိုးမိုးထားတဲ့နေရာဟာ လုံးဝ မရှိခဲ့ပါဘူး။ အခုဆိုရင် တိုင်းပြည်ရဲ့ ၁၅ ရာခိုင်နှုန်းကို စိုးမိုးနိုင်ပြီဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စိုးမိုးထိန်းချုပ်မှုနဲ့ ပေါင်းမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေစိုးမိုးထားတဲ့ နယ်မြေဟာ တဝက်လောက်ရှိနေပါပြီ။

အာဏာသိမ်းခါစမှာ PDF တွေ စိုးမိုးထားတဲ့နေရာဟာ လုံးဝ မရှိခဲ့ပါဘူး။ အခုဆိုရင် တိုင်းပြည်ရဲ့ ၁၅ ရာခိုင်နှုန်းကို စိုးမိုးနိုင်ပြီဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စိုးမိုးထိန်းချုပ်မှုနဲ့ ပေါင်းမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေစိုးမိုးထားတဲ့ နယ်မြေဟာ တဝက်လောက်ရှိနေပါပြီ။ သံတမန်ရေးကို ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီဟာ အရှုံးကြီးရှုံးနေပြီ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေ၊ အိမ်နီးချင်း နိုင်ငံတွေရဲ့ ဖယ်ကျဉ်ခြင်းကို ခံရပြီးတော့ အာဆီယံ ထိပ်သီးအဆင့်မှာ ဖယ်ရှားခံရတာ ၁ နှစ်နီးပါးရှိနေပါပြီ။

ပြီးခဲ့တဲ့ အာဆီယံ-US ထိပ်သီးဆွေးနွေးပွဲမှာလည်း စစ်ကောင်စီကို ဖယ်ရှား၊ ဖယ်ကျဉ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ NUG က ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေနဲ့ အစကတော့ လျှို့ဝှက်တွေ့ဆုံဆွေးနွေး လုပ်နေကြရာကနေ အခုကတော့ Formally၊ Publicly လူထုရှေ့မှာပဲ ကျနော်တို့ ဆွေးနွေးခွင့်ကို ရနေကြပြီ ဖြစ်ပါတယ်။ အာဆီယံ-US အစည်းအဝေးမှာ စစ်ကောင်စီကို မဖိတ်ပေမယ့် NUG နိုင်ငံခြားရေးဝန်ကြီးကို ခေါ်ပြီးတော့ နိုင်ငံရေးထိပ်တန်းခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း တရားဝင်လူသိရှင်ကြားတွေ့ဆုံပါတယ်။ ဒါက ပြည်သူလူထုရဲ့ အောင်မြင်မှု ဖြစ်ပါတယ်။

ဒါတင်မကပါဘူး။ NUG ဟာ PDF တွေ စိုးမိုးတဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေကို တည်ဆောက်ကာ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှု စတဲ့ ဝန်ဆောင်မှုတွေကိုလည်း အစိုးရ တရပ်အနေနဲ့ လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်ဆိုတာ ပြောချင်ပါတယ်။

မေး။ ။ စိုးမိုးနယ်မြေ တဝက်လောက်ရှိပြီဆိုတော့ အဲဒီနယ်မြေတွေက တော်လှန်ရေးအင်အားစုတွေ အပြည့်အဝ ထိန်းချုပ်ထားတာမျိုးလား။ ဘယ်လိုမျိုးပါလဲ။

ဖြေ။ ။ ဥပမာဆိုပါစို့ ကျနော်တို့ရဲ့ စစ်ကိုင်းတိုင်းတို့၊ မကွေးတိုင်းတို့လို ဒေသတွေမှာ ကျနော်တို့က ကျေးလက်ဒေသပေါ့။ ကျေးလက်ဒေသကို ကျနော်တို့ စိုးမိုးထားပါတယ်။ ဒါကြောင့်မို့လို့ တွေ့ကြမှာပါ။ ဆန္ဒပြတဲ့ အထဲမှာ PDF တွေက လိုက်ပြီးတော့ လုံခြုံရေးယူ ဆန္ဒပြနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ကျေးလက်တော်တော် များများကို PDF တွေက ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်သူတွေက အုပ်ချုပ်နိုင်တဲ့ နေရာဒေသတွေ တော်တော်များများဖြစ်လာပါပြီ။

EAO ဒေသတွေကတော့ သူတို့ရဲ့ နဂိုကတည်းကိုက လွတ်မြောက်နယ်မြေအဖြစ်ရှိနေပြီး ဖြစ်ပါတယ်။ အဲဒါတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ပြောတာပါ။ ဒါကြောင့်မို့လို့ KIO (ကချင်လွတ်လပ်ရေးအဖွဲ့) ဧရိယာတို့၊ KNU (ကရင်အမျိုးသားအစည်းရုံး) ဧရိယာတို့၊ နောက်တခါ ကရင်နီဒေသတွေမှာ၊ အခုဆိုရင် ချင်းတောင်ဘက်မှာလည်း တော်တော်များများကို ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။ သူတို့ (စစ်ကောင်စီ) ကတော့ မြို့ပေါ်လောက်ပဲ ရှိတော့တာပေါ့။ မြို့ပေါ်မှာတောင်မှ သူတို့ရဲ့ အနေအထားဟာ မလုံခြုံတော့ဘူးဆိုတာ ပြောချင်တာပါ။

မေး။ ။ စစ်ကောင်စီဘက်က ပြောနေတာက NUG ကို ပြည်ပြေးအစိုးရ၊ လေလှိုင်းပေါ်က အစိုးရ စသဖြင့် ပြောနေတာ ရှိတယ်။ ဒါနဲ့ ပတ်သက်လို့ သမ္မတကြီးတို့ဘက်က ဘာပြောချင်လဲ။ NUG ဟာ မြန်မာပြည်တွင်း ထဲမှာပဲ ရှိနေသလား။

ဖြေ။ ။ ဒီလိုဘဲ စစ်လော်ဘီတွေကတော့ ပြောမှာပါ။ တကယ်တော့ လေလှိုင်းပေါ်ကပဲ မဟုတ်ဘူးဆိုတာ သူတို့တွေ့ရပါပြီ။ ရန်ကုန်မှာ ကျနော်တို့ရဲ့ လက်ရာတွေအများကြီး လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ သူတို့သိပြီးသားပါ။ လျှောက်ပြီး လော်ဘီလုပ် နေတာဖြစ်ပါတယ်။ NUG အစိုးရဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ဖြစ်ပေါ်လာတဲ့ တရားဝင် အစိုးရတရပ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာ Free and Fair ဆိုတဲ့ လွတ်လပ်တရားမျှတစွာနဲ့ ရွေးချယ်ထားတဲ့ အနိုင်ရ လွှတ်တော်အမတ်အများနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကနေ ဖွဲ့စည်းပေးတဲ့ အစိုးရဖြစ်ပါတယ်။ ဒါတင်မကပါဘူး၊ အနိုင်ရ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေ စတဲ့ နိုင်ငံရေး အင်အားစုအားလုံး ပါဝင်တဲ့ NUCC လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီက အသိအမှတ်ပြုထားသလို၊ ပြည်သူ့ညီလာခံကနေလည်း အသိအမှတ်ပြုထားတဲ့ အစိုးရဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေး အောင်မြင်ဖို့အတွက် ပြည်တွင်းပြည်ပ ဟန်ချက်ညီညီ လုပ်ဆောင်နေတဲ့ အစိုးရဖြစ်တယ်။ အထူးသဖြင့် သံတမန်ရေးရာ လိုအပ်ချက်အရ ပြည်ပမှာ လှုပ်ရှားနေကြတာ တချို့ရှိပါတယ်။ ဒါပေမယ့် ကျနော်အပါအဝင် ဝန်ကြီးချုပ်နဲ့တကွ၊ ဝန်ကြီးတော်တော်များများဟာ ပြည်တွင်းမှာပဲ နေပြီး ပြည်သူနဲ့ မခွာဘဲ၊ အတူတကွ လှုပ်ရှားနေကြတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေး အောင်မြင်ဖို့အတွက် ပြည်တွင်းပြည်ပ ဟန်ချက်ညီညီ လုပ်ဆောင်နေတဲ့ အစိုးရဖြစ်တယ်။ အထူးသဖြင့် သံတမန်ရေးရာ လိုအပ်ချက်အရ ပြည်ပမှာ လှုပ်ရှားနေကြတာ တချို့ရှိပါတယ်။ ဒါပေမယ့် ကျနော်အပါအဝင် ဝန်ကြီးချုပ်နဲ့တကွ၊ ဝန်ကြီးတော်တော်များများဟာ ပြည်တွင်းမှာပဲ နေပြီး ပြည်သူနဲ့ မခွာဘဲ၊ အတူတကွ လှုပ်ရှားနေကြတာဖြစ်ပါတယ်။ ဆိုလိုတာက မြေပေါ်မှာလည်း ကျနော်တို့ ကြီးစိုးထားပြီးတော့ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ကာကွယ်ရေးကို PDF တွေနဲ့ ပူးပေါင်းလုပ်နေသလို၊ အုပ်ချုပ်ရေးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်နေပြီ ဖြစ်ပါတယ်။ အခုဆိုရင် မြို့နယ်ပေါင်း ၃၆ မြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒါက ကျနော်တို့ဟာ လေလှိုင်းပေါ်ကပဲ မဟုတ်ဘူးဆိုတဲ့ သက်သေတွေဖြစ်ပါတယ်။ ကျနော်တို့ဟာ ပြည်ပြေးအစိုးရလည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ ပြည်သူ့အစိုးရ ဖြစ်တယ်ဆိုတာကို ထပ်ပြီးအသိပေးချင်ပါတယ်။

မေး။ ။ NUG အနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တောင်းဆိုချက်၊ လိုလားချက်တွေ၊ အဓိကအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးပေါ့၊ ဒီအပေါ်မှာ ဘယ်လို သဘောထားရှိပါသလဲ။ တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို ဘယ်လိုနည်းလမ်းနဲ့ အကောင်အထည်ဖော် ပေးသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူလူထုရဲ့ အသံကို အမြဲနားထောင်ဆောင်ရွက်နေတဲ့ အစိုးရဖြစ်ပါတယ်။ တိုင်းရင်းသားတွေလိုလားတဲ့ ပင်လုံစာချုပ်ကတိအတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးဆိုတာ ပြည်သူတွေ လိုလားတဲ့၊ တောင်းဆိုတဲ့ အရာဖြစ်တယ်။ အမျိုးသား ညီညွတ်ရေး အစိုးရဟာ ဖက်ဒရယ် ဒီမိုကရေစီချာတာအရ ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်သလိုပဲ ဖက်ဒရယ်ချာတာထဲမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ကျနော်တို့ အတိအလင်း ကြေညာထားပြီး ဖြစ်ပါတယ်။

ကျနော် ကချင်လူမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ကချင်လူမျိုးသာ မကဘူး။ ဗမာပဲ ဖြစ်ဖြစ်၊ ချင်းပဲဖြစ်ဖြစ်၊ ရှမ်းပဲဖြစ်ဖြစ်၊ မွန်ပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ် ဒီတော်လှန်ရေးမှာ ပြည်သူလူထု အားလုံးလိုလားတဲ့ စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင် ရေးမှာ ပါဝင်ပြီး ဦးဆောင်နေသူအနေနဲ့ ချာတာထဲက အတိုင်း အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ နိုင်ငံတော် တည်ဆောက်ရေးကို တည်ဆောက်နေတာဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။

မေး။ ။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးမေးချင်တာက တချို့တိုင်းရင်းသားတွေ၊ ဥပမာ ရခိုင်လိုမျိုး ဆိုရင် ကွန်ဖက်ဒရိတ်အဆင့် တောင်းနေတာရှိတယ်။ ဝ လိုဒေသတွေဆိုရင်လည်း သူတို့က ပြည်နယ်အဆင့်အတန်း တောင်းနေတာရှိတယ်။ အဲဒီလို EAO တွေရဲ့ လိုလားချက်တွေအပေါ် NUG ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ NUG အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) က ရေးဆွဲထားတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ချာတာအရ ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် ဖက်ဒရယ်ဒီမိုကရက်တစ် ချာတာကို ကြားကာလ ဖွဲ့စည်းပုံအနေနဲ့ အသုံးပြုတဲ့ အစိုးရဖြစ်ပါတယ်။ ခုနကလိုပေါ့ ဘယ်သူတွေကို ဘယ်အဆင့်ပေးမလဲ။ ဖက်ဒရယ်လား၊ ကွန်ဖက်ဒရယ်လားဆိုတာက ကြားကာလအချိန်မှာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရေးမှာ ထည့်သွင်း စဉ်းစားရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ အဓိက တိုင်းရင်းသားအားလုံးရဲ့ အရေးကို စဉ်းစားနေတဲ့ NUCC ပလက်ဖောင်းပေါ်မှာပဲ ဆွေးနွေးရမယ့် ခေါင်းစဉ်တွေ ဖြစ်ပါတယ်။

ကျနော်တို့ NUG အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) က ရေးဆွဲထားတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ချာတာအရ ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် ဖက်ဒရယ်ဒီမိုကရက်တစ် ချာတာကို ကြားကာလ ဖွဲ့စည်းပုံအနေနဲ့ အသုံးပြုတဲ့ အစိုးရဖြစ်ပါတယ်။

NUG အစိုးရဟာ ချာတာက အပ်နှင်းထားတဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို အာမခံတဲ့ မြန်မာနိုင်ငံတော်သစ်ကို ထူထောင်ဖို့ တာဝန်ကို ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။ ဒါတွေက တိုင်းရင်းသားအားလုံး စုံစုံညီညီနဲ့ဆွေးနွေးရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ ပေါ်လစီကတော့ ချာတာထဲက ပေါ်လစီအတိုင်းဆောင်ရွက်နေတဲ့ အစိုးရပဲ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ အားလုံး အခွင့်အရေး တန်းတူညီမျှရဖို့ပဲ ပြောလိုပါတယ်။ သူတို့အတွက် အဆင်ပြေတဲ့၊ သူတို့ကိုယ်တိုင်အုပ်ချုပ်လို့ရတဲ့ဟာ ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကျနော်တို့ အလေးအနက်ပြောချင်တာက အသွင်ကူးပြောင်းရေးကာလမှာ အနုစိတ် အချိန်ယူဆွေးနွေးဖို့ စဉ်းစားထားတာရှိပါတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ မကြာသေးခင်က NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနက ကြေညာတဲ့ စာတမ်းမှာ ခွဲထွက်ခွင့်ဆိုတာ အစွန်းရောက်အယူအဆတခု ဆိုပြီးပါပါတယ်။ တကယ်တော့ ခွဲထွက်ခွင့်ဆိုတာက ပင်လုံစာချုပ်မှာလည်း တရားဝင်ပါတဲ့အချက်ပါ။ မေးချင်တာက ခွဲထွက်ခွင့် ဆိုတာက အစွန်းရောက် အယူအဆလို့ NUG က တကယ်ပဲ ယူဆပါသလား။

ဖြေ။ ။ ကျနော်တို့ အစိုးရအနေနဲ့ အဲဒါတွေ သီးခြားဆွေးနွေးခဲ့တာတော့ မရှိဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးက တခုချွတ်ယွင်းသွားခဲ့တာ သူ့အနေနဲ့ စာစောင်မှာ မစီစစ်ဘဲ ပါသွားတယ်ဆိုတာကို အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ တကယ်တော့ ဒါက ဖက်ဒရယ်ရဲ့ ပညာရှင်အမြင်ပါ။ ဖက်ဒရယ်ဆိုတာ ခွဲထွက်ခွင့်ကို ပေးထားရမယ်။ Check and Balance ပေါ့။ ခွဲထွက်ခွင့်ပေးထားမှ အစိုးရတွေက ခွဲမထွက်ချင်အောင် အရမ်းကောင်းတဲ့ အစိုးရဖြစ်အောင် လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် Check and Balance စနစ်ပဲ ဖြစ်ပါတယ်။ ပညာရှင်အမြင်အရပေါ့။ ဒါပေမယ့် အခုအချိန်မှာ ခွဲထွက်ခွင့်ပေးတယ် ဆိုတာလည်း ဘာမှ မဆွေးနွေးရသေးပါဘူး။ ဒီဟာတွေက မူဝါဒကို NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီမှာ အားလုံးအကြေအလည် ပါဝင်ဆွေးနွေးပြီးတော့ ပြည်သူလူထုကို ပြန်လည်ချပြဆွေးနွေးရမယ့် အချက်တွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အရမ်းအလွယ်တကူ ပြောလို့မရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အလေးအနက်ထားပြီး ဝိုင်းဆွေးနွေးရမယ့် ကိစ္စဖြစ်ပါတယ်။

မေး။ ။ NUG နဲ့ လက်ရှိ EAO တွေအကြား မြေပြင်မှာ ဘယ်လိုအာဏာခွဲဝေ အုပ်ချုပ်နေပါသလဲ။ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်ကဆိုရင်လည်း NUG ပြည်ထဲရေးဝန်ကြီးဌာနက ကရင်နီဒေသထဲမှာ CDM ဝန်ထမ်းများ အုပ်ချုပ်မှု ကော်မတီကို ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနဆိုပြီး ပြောင်းခဲ့တာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး KNPP ရဲ့ ပြည်ထဲရေးဝန်ကြီးက သူတို့ကို မတိုင်ပင်ဘဲ ဖွဲ့လိုက်တာ ဖြစ်တယ်၊ ဒီလိုဖွဲ့လိုက်တာကို လက်မခံဘူးလို့ ကြေညာချက်ထုတ်ခဲ့တာ ရှိတယ်။ ဒီကိစ္စက ဘယ်လိုဖြစ်တာပါလဲ။

ဖြေ။ ။ အဲဒါက ထုတ်လိုက်တာက ပြည်ထဲရေးက ထုတ်လိုက်တယ်လို့ ကျနော်တို့ ကြားပါတယ်။ ဆိုတော့၊ ကရင်နီဘက်ကနေ Complaint တက်လာတာပေါ့။ ကျနော်တို့ ဒီကိစ္စကို ဆွေးနွေးပြီး ဘယ်လို လုပ်ရမယ် ဆိုတာက ပြန်ပြီးတော့ တည့်မတ်ပေးပြီး ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ အာဏာခွဲဝေတဲ့ ကိစ္စကို ဖက်ဒရယ်ဒီမိုကရေစီ ချာတာ အပိုဒ် ၅၂ မှာ ပဋိညာဉ်ပါ ဖက်ဒရယ်တည်ဆောက်မှု အခြေခံဖြင့် ပြည်နယ်ဖက်ဒရယ် ယူနစ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အရ သက်ဆိုင်ရာ ဖက်ဒရယ်ပြည်နယ် ယူနစ်များ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားများကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ ပါပြီးသား ဖြစ်ပါတယ်။ ပုဒ်မ ၅၃ မှာ ပြည်ထောင်စုနှင့် ဖက်ဒရယ် ယူနစ်များအကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကိစ္စများကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ရမယ်လို့လည်း ပါရှိထားပြီး ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အကောင်အထည် ဖော်တဲ့အခါမှာ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အခြေခံဥပဒေဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို အကောင်အထည် ဖော်တဲ့အခါမှာ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ ကြားကာလမှာပေါ့။ အဲဒီအတိုင်းပဲ။ ဒါထက်ကျော်ပြီးတော့ ကျနော်တို့က လုပ်ဆောင်လို့မရပါဘူး။ ပြည်ထဲရေးက ထုတ်ပြန်တဲ့ NUG အစိုးရရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ချာတာ မပေါ်ခင်က တိုင်းပြည်ရဲ့ လိုအပ်ချက်အရ CRPH က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အမိန့်စာကို ရည်ညွှန်းပြီး ထုတ်ပြန်ခဲ့တာလို့ ကျနော်တို့ သိရှိရပါတယ်။ ဒါကြောင့်လည်း ကရင်နီပြည်နယ်က Stakeholders အသီးသီးနဲ့ ပြန်လည် ညှိနှိုင်းပြီး ၂ ဖက်အကြားမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ပြီး ဖြစ်ပါတယ်။

ဖြေရှင်းလို့ အဆင်ပြေသွားပြီဆိုတာကိုလည်း မေလ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ NUG ဟာ EAO တွေ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံနဲ့ အလုပ်လုပ်နေတာ ဖြစ်လို့ လွဲချော်လို့မရပါဘူး။ အဲဒီလို မဖြစ်အောင်လည်း အမြဲထိတွေ့၊ တွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ နည်းစနစ်ကို လုပ်ဆောင်နေတာ ဖြစ်တာကြောင့် တတ်နိုင်သမျှ အမှားအယွင်းနည်းအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ တချို့ ခဲရာခဲဆစ်ဖြစ်တဲ့ ရှမ်းပြည်နယ် ဖယ်ခုံက ကိစ္စတွေ။ အဲဒီမှာ အများဆုံးက ကရင်နီတွေဖြစ်တယ်။ ဒါပေမယ့် ရှမ်းပြည်နယ်ထဲမှာ ပါနေတယ်။ ဒီလိုကိစ္စတွေကို အရမ်းအရမ်း မလုပ်ကြဖို့ ကျနော်လည်း အစည်းအဝေးမှာ ညွှန်ကြားထားပြီးဖြစ်ပါတယ်။

မေး။ ။ လက်ရှိကာလမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က EAO တွေနဲ့ တဖွဲ့ချင်း လူကိုယ်တိုင် တွေ့ဆုံချင်တယ်ဆိုပြီး ဖိတ်ခေါ်ထားတယ်။ သူ့ရဲ့ ဖိတ်ခေါ်ချက်မှာတော့ NUG တို့ PDF တို့ မပါဘူးလို့ သိရပါတယ်။ ဒီဖိတ်ခေါ်ချက်ကို စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ EAO အဖွဲ့ကြီးတွေကတော့ အားလုံးမပါဝင်တဲ့အတွက် မတက်ဘူးလို့ ပြောထားတာပေါ့။ မေးချင်တာက ဒီဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီး သမ္မတကြီးတို့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျာ။

ဖြေ။ ။ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ဘယ်လိုမှ အကျိုးမရှိနိုင်ဘူးဆိုတာ သာမန်အမျှော်အမြင်ရှိတဲ့ သူတိုင်းသိပါတယ်။ အထူးသဖြင့် နိုင်ငံရေးသမားတွေအပါအဝင် အားလုံးက သိပြီးသားပဲ။ လုံးဝတောင် စိတ်ဝင်စားစရာ မကောင်းတဲ့ဟာပါ။ ဒါကို သူက လိမ်ညာပြီး ရဦးမလားဆိုပြီး သူလုပ်ဆောင်ကြည့်ခြင်း ဖြစ်ပါတယ်။ တကယ်လို့ သူ့ရဲ့နှလုံးသားကို X-ray နဲ့ ရိုက်ကြည့်မယ်ဆိုရင် မဟုတ်ပါဘူး၊ မဟုတ်ပါဘူးလို့ပဲ အဖြေထွက်မှာပါ။ သူကိုယ်တိုင်လည်း သိပါတယ်။ လိမ်ဖို့ ညာဖို့ လုပ်နေတဲ့ အတွက်ကြောင့် ဘယ်လိုမှ အောင်မြင်မှာလည်း မဟုတ်ပါဘူး။

သူက လိမ်ညာပြီး ရဦးမလားဆိုပြီး သူလုပ်ဆောင်ကြည့်ခြင်း ဖြစ်ပါတယ်။ တကယ်လို့ သူ့ရဲ့နှလုံးသားကို X-ray နဲ့ ရိုက်ကြည့်မယ်ဆိုရင် မဟုတ်ပါဘူး၊ မဟုတ်ပါဘူးလို့ပဲ အဖြေထွက်မှာပါ။ သူကိုယ်တိုင်လည်း သိပါတယ်။

ကျနော်တို့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့လည်း ချိန်ထိုး ကြည့်မယ်ဆိုရင် အားလုံး ပါဝင်ရမယ်ဆိုတဲ့ အချက်ပေါ့။ ကျနော်တို့ကိုလည်း သူက မထည့်ထားဘူး။ ကျနော်တို့ကလည်း သူမထည့်ထားလေ ကောင်းလေပါပဲ။ ကျနော်တို့လည်း သူနဲ့ စကားပြောဖို့တောင် မတန်ဘူးလို့ပဲ ထင်ပါတယ်။ သူကပဲ လူထုကို ဒီလောက်နှိပ်စက်ပြီး အကြမ်းဖက်နေတာ။ ကျနော်တို့က အကြမ်းဖက်တယ်ဆိုပြီး မခေါ်ချင်ဘူး လုပ်နေတော့ ကျနော်တို့က ဘာမှ ထိခိုက်စရာ အကြောင်းမရှိဘူး။ သူပဲ ထိခိုက်၊ သူပဲ ဆက်ပြီး နာမည်ပျက်မှာပဲ။

ကျနော်တို့ စဉ်းစားထားတာက တကယ်လို့များ ကမ္ဘာက ဖိအားပေးလို့၊ ပြည်သူလူထုက ဖိအားပေးလို့ ဆွေးနွေးရမယ်ဆိုရင်တောင်မှ Talk for the Talk ပထမဆုံး တွေ့ဖို့ ဒါမျိုးအဆင့်ပဲရှိတယ်။ ဘာမှ လေးလေးနက်နက် နိုင်ငံရေး ဆွေးနွေးစရာအကြောင်းလဲမရှိပါဘူး။ အခုလည်း RCSS နဲ့ ဆွေးနွေးတာတွေ ထွက်လာတာတွေ့ရပါတယ်။ ယောင်ဝါးပြီးတော့ ဖက်ဒရယ်ကိုသူက သဘောတူတယ်တဲ့။ ခဏခဏ တွေ့ဆုံရဖို့တဲ့။ ဒါက သူတို့ရဲ့ Strategy (မဟာဗျူဟာ) ပါ။ ဒါမျိုးနဲ့ ဆွဲပြီး ၁၀ နှစ်လောက်ကြာကောင်း ကြာနိုင်ပါတယ်။

မေး။ ။ သမ္မတကြီးတို့ အစိုးရအဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘာတွေဆက်လုပ်သွားမလဲ ဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အာဏာရှင် အမြစ်ပြတ်ခြေမှုန်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းနဲ့ ဘက်ပေါင်းစုံကနေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုဆို PDF ကို ဖွဲ့စည်းပြီး သင်တန်းတွေ ပေးနေပြီ။ လက်နက်တပ်ဆင်ပြီး ပြည်သူတွေကို တကယ်ကာကွယ်ရေး လုပ်ငန်းတွေမှာ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက် နေပါတယ်။ ထိန်းချုပ်စိုးမိုးထားတဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေ တည်ဆောက်နေပြီဖြစ်ပါတယ်။ မကြာခင်မိမိတို့ရဲ့ စစ်ရှိန်ကို မြှင့်တင်ဆောင်ရွက်ပြီးတော့ နယ်မြေစိုးမိုးမှုကို ပိုမိုအားကောင်းလာအောင်လုပ်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သံတမန်ရေးဘက်မှာလည်း နိုင်ငံတကာအဖွဲ့အစည်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ UN (ကုလသမဂ္ဂ) အဖွဲ့အစည်းတွေနဲ့လည်း အဆင်ပြေအောင် ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။

အရေးအကြီးဆုံးဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အခြေခံအုတ်မြစ်တွေ ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ၊ သဘောတူညီမှုတွေကို သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပါတီခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ ဒါတွေ ဆောင်ရွက်နေလို့ အခုအချိန်မှာ စစ်ကောင်စီကို သံတမန်အဆင့် လျှော့ချပြီး ဆက်ဆံတာတွေ နိုင်ငံတော်တော်များများက လုပ်နေကြပြီဖြစ်ပါတယ်။ ဒါက ကျနော်တို့ရဲ့ လုပ်ဆောင်ချက်ကို သူတို့ ထောက်ခံတယ်ဆိုတဲ့ သဘောပါပဲ။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာ ပြည်သူပါတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် မအောင်မြင်စရာအကြောင်းတော့ မရှိပါဘူး။

ကျနော်တို့က ကိုယ်ထူကိုယ်ထ ဖြစ်တဲ့အတွက်ကြောင့် သိကြတဲ့အတိုင်းပဲ၊ ကိုယ့်ရဲ့ လက်လုပ်သေနတ်တွေနဲ့ပဲ စလာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကျနော်တို့ Auto လက်နက်တွေလည်း တော်တော်များများ တပ်ဆင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပြောရရင် အရှိန်အဟုန်တော်တော်များလာပြီ။

ကျနော်တို့ စစ်ရေးကိုလည်း အရမ်းဂရုစိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ ပုဂ္ဂိုလ်တွေ ပြောတယ်ပေါ့၊ အာဏာရှင်ဆိုတာက အရှင်ထွက်မထွက်ပါဘူး။ ခေါင်းအင်မတန်မာတယ်။ အသေထွက်ထွက်မှ ပြီးသွားမယ်ဆိုတာမျိုးလည်း ရှိတယ်။ သူတို့က ဘယ်တော့မှလည်း အရှုံးပေးမှာ မဟုတ်ဘူး။ အမှားကို ဝန်ခံမှာမဟုတ်ဘူးဆိုတာ ကျနော်တို့လည်း သူတို့သဘောထား တီးခေါက်မိပါတယ်။ ဒါကြောင့်လည်း စစ်ရေးအရ အရှိန်မြှင့်ရမယ်။ ဒါပေမယ့် စစ်ရေးအရှိန်မြှင့်ဖို့ကို ကျနော်တို့က ကိုယ်ထူကိုယ်ထ ဖြစ်တဲ့အတွက်ကြောင့် သိကြတဲ့အတိုင်းပဲ၊ ကိုယ့်ရဲ့ လက်လုပ်သေနတ်တွေနဲ့ပဲ စလာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကျနော်တို့ Auto လက်နက်တွေလည်း တော်တော်များများ တပ်ဆင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပြောရရင် အရှိန်အဟုန်တော်တော်များလာပြီ။ သူတို့တောင် ကျနော်တို့ကို မယှဉ်နိုင်တဲ့ အနေအထား ဖြစ်လာပြီဆိုတာ ကျနော်တို့ မျက်မြင်ဖြစ်ပါတယ်။

ဒါကြောင့် ကျနော်တို့က စစ်ရေးအားမပေးဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျနော်တို့က ဘက်ပေါင်းစုံ လုပ်ပါတယ်။ Non-violence ရော၊ လက်နက်ကိုင် တော်လှန်ရေးရော။ ကျနော်တို့ရဲ့ လမ်းစဉ်က Non-violence တခုတည်းနဲ့ အောင်မြင်မယ်လို့ ပုံသေ မမှတ်ပါဘူး။ လက်နက်ကိုင်ပြီးတော့ အပြီးဆော်လိုက်မယ် ဆိုတာလည်း မဟုတ်ပါဘူး။ လိုအပ်ချက်ကတော့ အကုန် နိုင်ငံတကာနဲ့လည်း ဆက်သွယ်မယ်၊ လက်နက်ကိုင်ပြီး ပြည်သူလူထုကိုလည်း ကာကွယ်ရမယ်။ ဒါကြောင့် PDF ဆိုတာ ပြည်သူလူထုကို တကယ်ကာကွယ်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ခက်တာက အခုအချိန်အထိ ဘယ်နိုင်ငံမှ ကျနော်တို့ကို လက်နက်တွေ မပေးသေးပါဘူး။

ကျနော်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာကြံတပ်ဆင်နေရတာ ဖြစ်ပါတယ်။ လက်နက်ကိစ္စက ငွေလည်း ရေလို သုံးရပါတယ်။ ကျနော်တို့ NUG က တရားဝင် အခွန်ကောက်နိုင်တာလည်း မဟုတ်တဲ့ အခါကျတော့ ပြည်သူလူထုဆီက လှူဒါန်းတဲ့ ငွေတွေနဲ့ပဲ အတတ်နိုင်ဆုံး တပ်ဆင်ပြီးတော့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အချိန်က နဲနဲကြာသွားသလိုတော့ ဖြစ်တယ်ပေါ့။ ဒါပေမယ့် လူထုရဲ့စိတ်ဓာတ်က ဒီဂရီ အမြင့်ဆုံး အနေအထား ဖြစ်တဲ့အတွက် ပစ္စည်းတွေက ရလာမှာပါ။ ကျနော်တို့က ဓမ္မဘက်က ဖြစ်တဲ့အတွက် ဓမ္မကို တရားစောင့်ပါတယ်။ အဆင်ပြေသွားမယ်လို့ လုံးဝယုံကြည်ပါတယ်။

You may also like these stories:

တော်လှန်ရေးဟုသာ ခေါ်ပါ

မြန်မာစစ်တပ်သည် ‘တပ်မတော်’ အမည်နှင့် မထိုက်တန်

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး

NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်

ရခိုင်စစ်ပွဲ ပြန်ဖြစ်တဲ့အခါ

Your Thoughts …
Tags: NUGPDFခွဲထွက်ခွင့်စစ်ကောင်စီတရားစီရင်ရေးတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံပြည်သူ့အစိုးရပြည်သူ့အုပ်ချုပ်ရေးဖက်ဒရယ်ယာယီသမ္မတဒူးဝါးလရှီးအမျိုးသားညီညွတ်ရေးအစိုးရအာဏာသိမ်းအုပ်ချုပ်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပြည်သူဒုက္ခရောက်နေချိန် မကာကွယ်ရင် လက်နက်ကိုင် အဖွဲ့တွေက အပြစ်အကြီးဆုံးပဲ (ရုပ်/သံ)

ပြည်သူဒုက္ခရောက်နေချိန် မကာကွယ်ရင် လက်နက်ကိုင် အဖွဲ့တွေက အပြစ်အကြီးဆုံးပဲ (ရုပ်/သံ)

၂၀၂၂  မေလ ၂၄ ဆီးနိတ်တံခါးပိတ်အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံနေသော  အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနယ် / AFP

NUG ကို ဘိုင်ဒင်အစိုးရ ထောက်ခံမှု မက်ကောနယ် မေးခွန်းထုတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved