တော်လှန်ရေးဟုသာ ခေါ်ပါ

Matthew B. Arnold
ကယားပြည်နယ်၊ ဒီမောဆိုးတွင် ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် ကရင်နီ တပ်မတော် (KA) တို့ စစ်သင်တန်း လေ့ကျင့်နေစဉ် / AFP

နိုင်ငံတကာအသိုက်အဝန်းက၊ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှတဆင့် မြန်မာ ပဋိပက္ခတွင် နှစ်ဘက်အကြား ကြားဝင်ဆောင်ရွက်ပေးရန် တွန်းအားပေးမှုများက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည်များကို လုံးဝနား မလည်ကြောင်း ဖော်ပြခြင်းဖြစ်သည်။

မြန်မာပဋိ့ပက္ခသည် နှစ်ဘက်လုံးက လူထုထောက်ခံမှုရှိနေသည့် ပဋိပက္ခ မဟုတ်ပေ။ မြန်မာတွင် ယခုဖြစ်နေသော ကိစ္စသည် တော်လှန်ရေး ဖြစ်သည်။ ပြည်တွင်းစစ်ဆိုသည်မှာ နိုင်ငံတခုတည်းမှ အုပ်စုများအကြား ဖြစ်ပွားနေသည့် စစ်ကိုခေါ်သည် ရိုးရှင်းသော စကားလုံးဖြစ်သည်။ ထိုသို့ အဓိပ္ပါယ်ဖွင့်ဆိုခြင်းသည်ပင် ယေဘုယျအားဖြင့် မြန်မာကို ယခင်ဆယ်စုနှစ်များကဲ့သို့ပင်ဟူသော သဘောသက်ရောက်စေသည်။ သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပျက်လာသည်များ၏ ပိုမိုကြီးမားသော အရေးပါမှုကို ထိုပည်တွင်းစစ်ဆိုသည့် စကားလုံးက ဖော်ပြနိုင်ခြင်း မရှိတော့ပေ။

တော်လှန်ရေးဆိုသည်မှာ စနစ်သစ်တခု ပေါ်ပေါက်စေရေးအတွက် အစိုးရ သို့မဟုတ် စနစ်တခုကို အင်အားသုံး ဖြုတ်ချခြင်းပင်ဖြစ်သည်။ ထို့အပြင် ၎င်းသည် နိုင်ငံရေးအာဏာ အပြောင်းအလဲကိုလည်း ဖြစ်စေပြီး ပြည်သူများ တော်လှန်သောအခါ ပေါ်ပေါက်လာသည့် နိုင်ငံရေး အဖွဲ့အစည်းကိုလည်း ပေါ်ပေါက်စေသည်။

တော်လှန်ရေးဆိုသည်မှာ စနစ်သစ်တခု ပေါ်ပေါက်စေရေးအတွက် အစိုးရ သို့မဟုတ် စနစ်တခုကို အင်အားသုံး ဖြုတ်ချခြင်းပင်ဖြစ်သည်။ ထို့အပြင် ၎င်းသည် နိုင်ငံရေးအာဏာ အပြောင်းအလဲကိုလည်း ဖြစ်စေပြီး ပြည်သူများ တော်လှန်သောအခါ ပေါ်ပေါက်လာသည့် နိုင်ငံရေး အဖွဲ့အစည်းကိုလည်း ပေါ်ပေါက်စေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ရပ်များကို မြန်မာပြည်သူများက ‘နွေဦးတော်လှန်ရေး’ ဟု ခေါ်သည်မှာ ကြာပြီဖြစ်သည်။ ထိုဝေါဟာရ၏ ထူးခြားသော အနှစ်သာရသည် နိုင်ငံတကာ အသိုက်အဝန်းတွင် ပျောက်ဆုံးနေသည်။

မြန်မာပြည်သူများသည် စစ်တပ်ဟု ခေါ်သည့် အဖွဲ့အစည်းတခုက နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုဘဝကို လူသတ် စိုးမိုးသော လူမှုစနစ်တခုကို တော်လှန်ရေး ဆင်နွှဲနေသည်။ အဆိပ်အတောက် ဖြစ်စေသော လွှမ်းမိုးလိုစိတ်က မောင်းနှင်ပြီး လှေကြီးပေါ် လှေငယ် တည်ဆောက်နေသည့် အဖွဲ့အစည်းအဖြစ် တည်ရှိနေသည့် စစ်တပ်နှင့် ၎င်း၏ နိုင်ငံကို ချုပ်ကိုင်မှုသည် ယခုဖြစ်ပွားနေသော တော်လှန်ရေးကို ပေါ်ပေါက်စေသည့် စနစ်သာဖြစ်သည်။

တရားမျှတသော ရွေးကောက်ပွဲတခုကို ပယ်ဖျက်ခြင်းနှင့် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများကြောင့် ပြည်သူများသည် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်နှင့် လမ်းခွဲရသည့် အနေအထားရောက်သွားသည်။ ၎င်းတို့၏ ကိုယ်ကျိုးအတွက် ပြည်သူလူထုကို အစဉ်အမြဲ လည်မျိုညှစ်နေသည့် စစ်တပ် လုံးဝမပါဝင်သော စနစ်သစ်တခုဖြစ်သော ဖက်ဒရယ် ဒီမိုကရက်တစ် စနစ်ကို ထူထောင်ရန် ကြိုးစားကြသည်။

စစ်ကောင်စီနှင့် ကြားဝင်စေ့စပ်ပေးခြင်း၊ ညှိနှိုင်းခြင်းကို အလေးထားမှုတို့က ဤနေရာတွင် အရာမရောက် ဖြစ်သွားသည်။ စေ့စပ်ညှိနှိုင်းသည် ဆိုရာတွင် အပေးအယူနှင့် နောက်ဆုံးတွင် ပြဿနာ ပြေလည်ခြင်းတို့ ပါဝင်ရမည်။

စစ်ဆင်ရေး လုပ်ထုံးလုပ်နည်းအဖြစ် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည့် စစ်တပ်ကို ပြည်သူများက လက်မခံနိုင်တော့ပေ။ ထိုအဖွဲ့အစည်းသည် တည်ရှိခွင့် မရှိသော အဖွဲ့အစည်းဖြစ်သည်။ စစ်တပ်သည် တစုံတရာ လူထုထောက်ခံမှုရှိသော အဖွဲ့အစည်းဖြစ်သည်ဆိုသည့် ပြောဆိုမှုမျိုးသည် အနှစ်သာရ ကင်းမဲ့လှသည်။

စစ်အာဏာသိမ်းပြီး ပထမလများအတွင်း ကန့်ကွက်ဆန္ဒပြခဲ့သည့် ပြည်သူ သန်းဆယ်ပေါင်း များစွာမှသည် ပြည်သူ့ဝန်ထမ်း သိန်းပေါင်းများစွာ သပိတ်မှောက်သည့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် အကြိမ်ပေါင်းများစွာသော အသံတိတ် သပိတ်များအထိ မြန်မာသည် စစ်တပ်ကို တော်လှန်နေသော နိုင်ငံတခုဖြစ်သည်။

နိုင်ငံတဝန်းမှ တော်လှန်ရေး၏ နက်ရှိုင်းမှုသည် ကောင်းစွာ ထင်ရှားသည်။ စစ်အာဏာသိမ်းပြီး ပထမလများအတွင်း ကန့်ကွက်ဆန္ဒပြခဲ့သည့် ပြည်သူ သန်းဆယ်ပေါင်း များစွာမှသည် ပြည်သူ့ဝန်ထမ်း သိန်းပေါင်းများစွာ သပိတ်မှောက်သည့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် အကြိမ်ပေါင်းများစွာသော အသံတိတ် သပိတ်များအထိ မြန်မာသည် စစ်တပ်ကို တော်လှန်နေသော နိုင်ငံတခုဖြစ်သည်။

ထိပ်ဆုံးမှ ပါဝင်နေသော လှုပ်ရှားမှုမှာ တနိုင်ငံတနံတလျားတွင် ပေါ်ပေါက်လာသော ဒေသအလိုက် လက်နက်ကိုင်ခုခံရေး တပ်ဖွဲ့ ရာပေါင်းများစွာ ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် အတိတ်က စစ်တပ်ကို အတိုင်းအတာအထိ ထောက်ခံခဲ့သော ဗမာလူများစုသည်ပင် စစ်တပ်ကို အကြွင်းမဲ့ ဆန့်ကျင်လာကြသည်။

နိုင်ငံ၏ အလယ်ဗဟို ဒေသများဖြစ်သော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့သည် ယခုအခါ ခုခံရေးအင်အားစု၏ ဗဟိုချက်ဖြစ်နေသည်ဆိုသည့် အချက်ကြောင့် ထိုဆန့်ကျင်မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သံတမန်များနှင့် သုတေသီများသည် အရှိကို အရှိအတိုင်း ပြောနိုင်သည့် စွမ်းရည်ကင်းမဲ့သောကြောင့် အကျိုးမဲ့သော မူဝါဒဆိုင်ရာ အကျိုးဆက်များကို ဖြစ်စေသည်။ အထင်ရှားဆုံးမှာ လက်ရှိ စစ်အုပ်စုသည် နိုင်ငံ၏ အနာဂတ်တွင် အခန်းကဏ္ဍ တခုခုမှ ပါဝင်မည် ဆိုသည့် အယူအဆသည် ကျင့်ဝတ်အရသာမက လက်တွေ့အရပါ လမ်းဆုံးသွားစေသည်။

ရှင်းရှင်းပြောရလျှင် စစ်တပ်က ညှိနှိုင်းဆွေးနွေးသည် ဆိုသည်မှာ ၎င်းတို့ အတွက်သာ ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုများသည် အနှစ်သာရ ကြီးကြီးမားမားမရှိပေ။ အခြေခံအားဖြင့် ပြောရပါက ထိုအကြောင်းကြောင့်ပင် မြန်မာပြည်သူများက စစ်တပ်နှင့် ညှိနှိုင်းဆွေးနွေးသည်ကို လက်မခံကြခြင်းဖြစ်သည်။

မည်သည့် တွေ့ဆုံဆွေးနွေးမှုတွင်မဆို နောက်ဆုံးတွင် နိုင်ငံကို မျိုးဆက်ပေါင်းများစွာ ဖျက်ဆီးခဲ့သည့် အဆိပ်အတောက်အဖွဲ့အစည်း ဖြစ်သော စစ်တပ်ကို နေရာပေးရခြင်းသာဖြစ်သည်ဟု အဓိပ္ပါယ်သက်ရောက်သည်။

လက်ရှိ ဖြစ်ပျက်နေသည်များ၏ အနှစ်သာရကို နားမလည်နိုင်ခြင်းက တနည်းအားဖြင့်ဆိုရပါက တော်လှန်ရေးဟု နားမလည်ခြင်းကို ပြသနေသည်။ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး‌ဆွေးနွေးပွဲများတွင် ပါဝင်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ဖြစ်ပေါ်နေသည်မှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်သည်။

လက်ရှိ ဖြစ်ပျက်နေသည်များ၏ အနှစ်သာရကို နားမလည်နိုင်ခြင်းက တနည်းအားဖြင့်ဆိုရပါက တော်လှန်ရေးဟု နားမလည်ခြင်းကို ပြသနေသည်။ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး‌ဆွေးနွေးပွဲများတွင် ပါဝင်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ဖြစ်ပေါ်နေသည်မှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်သည်။

ထိုကဲ့သို့သော ဆွေးနွေးပွဲများ၏ အရင်းခံအကြောင်းတရားမှာ စစ်တပ်သည် နိုင်ငံ၏ အနာဂတ် နိုင်ငံရေးပြဿနာ ပြေလည်ရေးတွင် တစုံတရာ နေရာပေးရမည့် အဖွဲ့အစည်းဖြစ်သည်ဆိုသည့် အယူအဆသာဖြစ်သည်။

အနောက်တိုင်းအစိုးရများက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဲ့သို့သော အဖွဲ့အစည်းများ၏ လုပ်ရပ်များကို အသေးအဖွဲမှအစ အပြစ်ရှာခြင်းသည် လမ်းလွဲနေသည်။ တော်လှန်ရေးသည် မြန်မာ့လူ့အဖွဲ့အစည်း၏ လူထုလှုပ်ရှားမှုဖြစ်သည်။ တော်လှန်ရေး၏ အရေးပါမှုသည် ကိုယ်စားပြု တသီးပုဂ္ဂလများနှင့် အသိုက်အဝန်းများ၏ စိတ်ပိုင်းဖြတ်မှုများမှ ထွက်ပေါ်လာသည်။

ထိုအချက်ကို ရှည်ကြာပြီး ပြင်းထန်လာသည့် လက်နက်ကိုင်ခုခံမှု ဖြစ်နေသော နေရာများတွင် အထင်အရှား တွေ့နိုင်သလို CDM ပြုလုပ်ခြင်း၊ အစိုးရကို ပေးရမည့် အခွန်များကို သပိတ်မှောက်ခြင်းနှင့် တနိုင်ငံလုံး အသံတိတ် သပိတ်ဆင်နွဲခြင်း စသည့် တနိုင်ငံလုံးအကျုံးဝင်သည့် လူထုလှုပ်ရှားမှုများတွင်လည်း သိသိသာသာ မြင်တွေ့နိုင်သည်။

ကမ္ဘာအနေဖြင့် မြန်မာကို နားလည်လိုပါက ပိုမိုကောင်းမွန်သည့် အနာဂတ်ကို လိုချင်ပြီး တိုက်ပွဲဝင်ရန်လည်း စိတ်အားထက်သန်နေသည့် လူ့အဖွဲ့အစည်း တခုလုံးမှ ကြီးမားသော အပြောင်းအလဲကို ခြေတလှမ်းဆုတ်ပြီး ကြည့်ရမည်ဖြစ်သည်။

ထို့အပြင် ကမ္ဘာအနေဖြင့် တော်လှန်ရေးကို မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ထောက်ခံအားပေးရန် အခွင့်အလမ်းတခုအဖြစ် မြင်သင့်သည်။ ဆိုလိုသည်မှာ တော်လှန်ရေးမှတဆင့် သဘာဝအလျောက် ပေါ်ပေါက်လာသည့် အရာများကို ထောက်ခံအားပေးခြင်းပင်ဖြစ်သည်။

တော်လှန်ရေး လုပ်ငန်းစဉ်သည် မြန်မာ့အနာဂတ် နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ပိုကောင်းမွန်လာစေရေးမှလွဲပြီး အခြားဘာမှ မဟုတ်ပေ။ ရေရှည် နိုင်ငံရေးပြဿနာပြေလည်မှုကို သဘောတူရန် သို့မဟုတ် တရားဝင်စေရန် အနာဂတ် ဆွေးနွေးညှိနှိုင်းမှုများ ရှိသော်လည်း တော်လှန်ရေးသည်သာ အပြောင်းအလဲ၏ အဓိက မောင်းနှင်အားဖြစ်သည်။

ရှင်းရှင်းပြောရပါက ပိုမိုပြီး အာဏာရှင်ဆန်လာသော ကမ္ဘာတွင် မြန်မာ့တော်လှန်ရေးသည် ဖက်ဒရယ်ဒီမိုကရေစီဆိုသည့် ဘုံရည်မှန်းချက်ကြောင့် ကောင်းမြတ်ခြင်းအတွက် မောင်းနှင်အား တခုဖြစ်သည်။

ရှင်းရှင်းပြောရပါက ပိုမိုပြီး အာဏာရှင်ဆန်လာသော ကမ္ဘာတွင် မြန်မာ့တော်လှန်ရေးသည် ဖက်ဒရယ်ဒီမိုကရေစီဆိုသည့် ဘုံရည်မှန်းချက်ကြောင့် ကောင်းမြတ်ခြင်းအတွက် မောင်းနှင်အား တခုဖြစ်သည်။

တော်လှန်ရေးသည် ၎င်းတို့ကို ၎င်းတို့ နိုင်ငံအုပ်ထိန်းသူများအဖြစ် မြင်သော်လည်း အနှစ်သာရအားဖြင့် သားသတ်သမားသာဖြစ်သော အဆိပ်အတောက် စစ်အုပ်စု၏ လွှမ်းမိုးမှုကို ဖယ်ရှားပြီး နိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုဖွဲ့စည်းပုံကို ပြောင်းလဲစေသော လုပ်ငန်းစဉ်ကြီး ဖြစ်သည်။

ခေါင်းဆောင်သစ်များ ပေါ်ထွက်လာနေကြသည်။ မြေပြင်မှ နိုင်ငံရေးပကတိတရားများကို ထူထောင်နေကြပြီး လူမှုဆက်ဆံရေးများကိုလည်း ပြန်လည် ပုံဖော်နေကြသည်။ ထို့အပြင် နိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်ရာတွင် ၎င်းတို့သည် တိုက်ရိုက်အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဆိုသည့် လူမှုအသိုက်အဝန်းများ၏ နိုးကြားမှုလည်း ရှိနေပြန်သည်။

အရေးအကြီးဆုံးအချက်မှာ မျိုးဆက်သစ်လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ကို ဖွင့်ဆိုရာတွင် ၎င်းတို့ကိုယ်၎င်းတို့ အခိုင်အမာ နေရာချထားနေကြသည်။

အနှစ်သာရအရဆိုပါက တော်လှန်ရေးသည် သက်ရောက်မှုရှိသည့် နိုင်ငံရေးထူထောင်မှု ဖြစ်သည်။ ထိုတော်လှန်ရေးသည် ငြင်းပယ်ခံရသော ရွေးကောက်ပွဲများမှ စတင်ခဲ့ပြီး နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် တင်ပေးရန် ရည်ရွယ်သည်။

ထို့အပြင် ဖက်ဒရယ်စနစ်သည် နောင်တွင်မှ ဖော်ဆောင်ရန် မဟုတ်ဘဲ တော်လှန်ရေးမှ ဖန်တီးပေးနေသည့် ထုတ်ကုန် ဖြစ်သည်။ အတိုင်ပင်ခံကောင်စီများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပုံစံဖြင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နေပြီး အနာဂတ်တွင် ဆွေးနွေးညှိနိုင်းရမည့် ကိစ္စအဖြစ် မသတ်မှတ်ပေ။

လက်တွေ့တွင် နိုင်ငံတဝှမ်း တော်လှန်ရေးဆင်နွှဲသည့် လုပ်ငန်းသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကဲ့သို့သော အဆိပ်အတောက်ဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထက် ဖက်ဒရယ်စနစ်ကို ပိုမိုထူထောင်ပေးနိုင်သည်။ ထိုပကတိ အရှိတရားသည် ယခုစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကဲ့သို့သော ခြံစည်းရိုးပေါ်ခွထိုင်သူများ မမြင်နိုင်သည့် အရှိတရားဖြစ်သည်။

မြန်မာပြည်သူများ အားလုံးသည် တော်လှန်ရေးသမားများဖြစ်သည်။ အနှောင့်အယှက်များအား မည်သူက အောင်မြင်အောင် ဖြေရှင်းမည်ကို ငြိမ်သက်စွာ စောင့်ကြည့်နေသူများ မဟုတ်ကြပေ။

တိုက်ပွဲမှ ပြန်လာသည့် လူငယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ကျေးရွာသားများက ပန်းများပေးနေသည့် ပျံ့နှံ့နေသော ဗီဒီယိုများသည် ရိုးရှင်းသော အချက်တခုကို မီးမောင်းထိုးပြနေသည်။ မြန်မာပြည်သူများ အားလုံးသည် တော်လှန်ရေးသမားများဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။ အနှောင့်အယှက်များအား မည်သူက အောင်မြင်အောင် ဖြေရှင်းမည်ကို ငြိမ်သက်စွာ စောင့်ကြည့်နေသူများ မဟုတ်ကြပေ။

စစ်အုပ်စု၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှု မမြောက်သည့် အခြေအနေမျိုးကို ရှာတွေ့ရန် မဖြစ်နိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်လွန်းသောကြောင့် ပြည်သူလူထုသည် နိုင်ငံရေးလုပ်ရာတွင် မြေအောက်တွင်သာ လျှို့ဝှက်လုပ်ကိုင်နေရသည်။

သို့သော် ထိုသို့ဆိုသောကြောင့် ၁၉၆၂ နှစ်မှ စတင်သည့် စစ်တပ်လွှမ်းမိုးမှု အပေါ်တွင် တည်ဆောက်ထားသည့် အဆိပ်အတောက်စနစ်ကို မြန်မာလူထုက မှောက်ပစ်နေသည်ဆိုသည့် အချက်ကို ဖုံးကွယ်မထားသင့်ပေ။

ပြဿနာသည် စစ်တပ်ပင်ဖြစ်ပြီး ထိုစစ်တပ်သည် အဖြေ၏ အစိတ်အပိုင်း မဟုတ်ကြောင်း ပြည်သူလူထုက ရှင်းလင်းစွာမြင်သည်။ ထိုအချက်ကို ပြင်ပနိုင်ငံများက မြန်မြန်မြင်လေ ထာဝရ နိဂုံးချုပ်ပစ်ရမည့် အဆိပ်အတောက် အဖွဲ့အစည်းကို အဆင်ပြေ တရားဝင်အောင် လုပ်မပေးတော့ဘဲ မြန်မာပြည်သူများကို ၎င်းတို့ ပိုမိုလျင်မြန်စွာ ထောက်ခံလေပင်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Matthew B. Arnold ၏ Call It What It Is: A Revolution
ကို ဘာသာပြန် ဖော်ပြသည်။ Matthew B. Arnold သည် လွတ်လပ်သော မူဝါဒ သုတေသီဖြစ်ပြီး မြန်မာနိုင်ငံရေးနှင့် အုပ်ချုပ်ရေးကို ၂၀၁၂ ခုနှစ်မှ စတင်လေ့လာနေသူ ဖြစ်သည်။)

You may also like these stories:

မြန်မာစစ်တပ်သည် ‘တပ်မတော်’ အမည်နှင့် မထိုက်တန်

နှစ်ပေါင်းသုံးဆယ်ကျော် အကြာမှာ ပြန်တိုက်ယူနိုင်ခဲ့တဲ့ သေ့ဘော့ဘိုး စခန်း

မြန်မာ့အ‌ရေး အာဆီယံ ချဉ်းကပ်ပုံ အလုပ်မဖြစ်သေး

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး

စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်

Loading