• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး ပြိုကွဲနိုင်ငံ ဆီးရီးယား ညီညွတ်ရေးရနိုင်မလား

by Ali Mamouri
25 March 2025
in သူ့အတွေး သူ့အမြင်
A A
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး ပြိုကွဲနိုင်ငံ ဆီးရီးယား ညီညွတ်ရေးရနိုင်မလား

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ဟုမ်းစ်မြို့တွင် ပျက်စီးနေသည့် တင့်ကားတစီးရှေ့၌ ဆီးရီးယားနိုင်ငံသားတဦး သစ်သီးဝလံ ရောင်းချနေစဉ် / AFP

1.1k
VIEWS
Share on FacebookShare on Twitter

ဆီးရီးယားတွင် ဘာရှား အယ်လ်-အာဆတ် အာဏာရှင်အစိုးရ ပြုတ်ကျပြီးနောက် မကြာမီ သူပုန်ခေါင်းဆောင် အာမက် အယ်လ်-ရှာရားက ဆီးရီးယားများကို ညီညွတ်စေပြီး နိုင်ငံတွင် “လူထုငြိမ်းချမ်းရေး” ထူထောင်မည်ဟု ကတိပြုသည်။

မကြာသေးမီ ရက်များအတွင်း ထိုထိခိုက်လွယ် ငြိမ်းချမ်းရေးသည် သွေးတိုးစမ်းခံနေရသည်။ မတ်လဆန်း ရက်များတွင် အစိုးရလုံခြုံရေးတပ်များနှင့် အာဆတ် လိုလားသည့် ပြည်သူ့စစ် အကြွင်းအကျန်များအကြား ယခင်သမ္မတ၏ အမာခံ အနောက်မြောက်ဒေသ လာတာကီယာ ပြည်နယ်တွင် ပဋိပက္ခ ဖြစ်ပွားသည်။ လူ ၁ ထောင်ကျော် သေဆုံးပြီး အများစုသည် အရပ်သားများဖြစ်သည်။

အပြုသဘောဆောင်သည့် လက္ခဏာမှာ အစိုးရနှင့် ဆီးရီးယားအရှေ့မြောက်ပိုင်းမှ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသမှ အခြားလက်နက်ကိုင်အုပ်စုတခု ဖြစ်သော ဆီးရီးယား ဒီမိုကရက်တစ် တပ်များ (SDF) တို့ အရေးပါသည့် သဘောတူညီချက်တခုရသည်။ SDF သည် ၎င်း၏တပ်များနှင့် အင်စတီကျူးရှင်းများ
အားလုံးကို ဒမတ်စကတ်မှ ဗဟိုအစိုးရနှင့် ပေါင်းစည်းရန် သဘောတူသည်။

သို့သော် ပြိုကွဲနေသောနိုင်ငံတွင် အကြမ်းဖက်မှု ပိုမိုဖြစ်လာမည့် ခြိမ်းခြောက်မှု ဆက်လက်ရှိနေသည်။ ထိုကိစ္စကြောင့် အယ်လ်-ရှာရား၏ ရည်မှန်းချက် အောင်မြင်နိုင်၊ မအောင်မြင်နိုင်ကို သံသယများ အထူးသဖြင့် ဖြစ်စေသည်။

သို့သော် ပြိုကွဲနေသောနိုင်ငံတွင် အကြမ်းဖက်မှု ပိုမိုဖြစ်လာမည့် ခြိမ်းခြောက်မှု ဆက်လက်ရှိနေသည်။ ထိုကိစ္စကြောင့် အယ်လ်-ရှာရား၏ ရည်မှန်းချက် အောင်မြင်နိုင်၊ မအောင်မြင်နိုင်ကို သံသယများ အထူးသဖြင့် ဖြစ်စေသည်။

မကြာသေးမီက အကြမ်းဖက်မှုများ ဘာကြောင့်ဖြစ်သနည်း

လာတာကီယာမှ မကြာသေးမီက မတည်ငြိမ်မှုသည် အာဆတ် လိုလားသည့် သေနတ်သမားများက အစိုးရလုံခြုံရေးတပ်များ (အဓိကအားဖြင့် ယခင် သူပုန်များဖြင့် ဖွဲ့စည်းထားသည်) ကို မတ်လ ၆ ရက်နေ့က ခြုံခိုတိုက်ခိုက်ရာမှ စတင်ဖြစ်ပေါ်သည်။

ထိုကိစ္စသည် ၁၃ နှစ်ကြာ ပြည်တွင်းစစ်၏ ဒဏ်ရာဟောင်း ပြန်လည်ပေါ်ပေါက်ခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင် သမ္မတ အာဆတ် ပြုတ်ကျပြီးနောက် လူအသေအပျောက် အများဆုံး အကြမ်းဖက်မှု ဖြစ်သည်။

ဆီးရီးယား ကြားဖြတ်သမ္မတ အာမက် အယ်လ်-ရှာရား (ယာ) က ကာ့ဒ်ဦးဆောင်သော ဆီးရီးယား ဒီမိုကရက်တစ်တပ်များ (SDF) မှ တပ်မှူးနှင့် ဒမတ်စကတ်တွင် မတ်လ ၃ ရက်နေ့က တွေ့ဆုံစဉ် / SANA / AP

ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အဆိုအရ ထိုအကြမ်းဖက်မှုတွင် အယ်လာဝိုက် လူနည်းစု (ရှီအိုက်မွတ်စလင်လူမျိုးစု) မှ အများစုပါဝင်ပြီး ခရစ်ယာန်အချို့လည်းပါသည့် အရပ်သား အနည်းဆုံး ၁,၀၆၈ ဦး သေဆုံးသည်။

ကလေးများအပါအဝင် မိသားစုလိုက် သတ်ဖြတ်သည့် “အလွန်စိတ်ထိခိုက်စရာ” သတင်းများ ရရှိကြောင်း ကုလသမဂ္ဂက ပြောသည်။

အာဆတ် မိသားစုနှင့် သူ့အစိုးရအဆင့်မြင့် အရာရှိ အများအပြားသည် အယ်လာဝိုက်လူမျိုးစုမှ ဖြစ်သည်။ အာဆတ် သစ္စာခံများနှင့် ရှီအိုက် ဆန့်ကျင်ရေး ဂျီဟတ်ဝါဒီ ဆွန်နီအုပ်စုများ လွှမ်းမိုးသည့် အစိုးရသစ်အကြား တင်းမာမှု မြင့်မားနေသည်။

အာဆတ် လိုလားသည့် တပ်ဖွဲ့များကို စစ်ဆင်ရေးလုပ်‌ဆောင်မှု မတ်လ ၃ ရက်နေ့တွင် ပြီးဆုံးကြောင်း အစိုးရက ပြောသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးနေကြောင်းလည်း အယ်လ်-ရှာရားက ဝန်ခံသည်။

အာဆတ် လိုလားသည့် တပ်ဖွဲ့များကို စစ်ဆင်ရေးလုပ်‌ဆောင်မှု မတ်လ ၃ ရက်နေ့တွင် ပြီးဆုံးကြောင်း အစိုးရက ပြောသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးနေကြောင်းလည်း အယ်လ်-ရှာရားက ဝန်ခံသည်။

သို့သော် အယ်လ်-ရှာရားက အာဆတ်ကို ထောက်ခံသည့် အုပ်စုများက အကြမ်းဖက်မှုကို လှုံ့ဆော်သည်ဟု အဓိက အပြစ်တင်သည်။ ထိုဖြိုခွဲမှုကို ကာကွယ်ပြောဆိုပြီး လုံခြုံရေးတပ်များအနေဖြင့် တုံ့ပြန်မှု အလွန်အကျွံ မလုပ်သင့်ကြောင်းလည်း ၎င်းကပြောသည်။

ထိုအကြမ်းဖက်မှုအပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာကို ရူဘီရိုက ဆီးရီးယားမှ ဘာသာရေး လူမျိုးစု၊ လူနည်းစုများနှင့် အတူရပ်တည်ကြောင်း ကြေညာပြီး ကျူးလွန်သူများကို အရေးယူရန် ကြားဖြတ်အစိုးရကို တောင်းဆိုသည်။

“အားလုံး အကျုံးဝင်သည့် အသွင်ကူးပြောင်းမှု” ကို ထောက်ခံရန် ကန့်သတ်ချက်အချို့ကို မကြာသေးမီက လျှော့ပေါ့ပေးခဲ့သည့် ဥရောပသမဂ္ဂကလည်း ထိုအကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချသည်။

လူထောင်ချီ သတ်ဖြတ်ခံရသော လာတာကီယာမြို့ တည်ရှိရာပြ မြေပုံ/BBC

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အရေးပါ

ကွဲပြားစုံလင်ပြီး နက်ရှိုင်းစွာ သဘောထားကွဲလွဲနေသည့် ဆီးရီးယားကဲ့သို့သော နိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာကြာသည့် အာဏာရှင်စနစ်သည် အမျိုးသားရေးလက္ခဏာကို ထိခိုက်စေပြီး ဂိုဏ်းဂဏပဋိပက္ခလည်း ဖြစ်စေသည်။ ထို့ကြောင့် ကျယ်ပြန့်သော အသွင်ကူးပြောင်းရေးကာလတွင် တရားမျှတမှု လုပ်ငန်းစဉ်သည် အရေးပါသည်။

ထိုသို့သော လုပ်ငန်းစဉ်သည် ကွဲပြားသော လူမျိုးစု၊ ဘာသာရေး လူမှုအသိုက်အဝန်းများ အကြား သဘောထားကွဲလွဲမှုများကို ပေါင်းကူးပေးနိုင်သည်။ ထိုလုပ်ငန်းသည် အမျိုးသားညီညွတ်ရေးကို အားပေးပြီး အုပ်စုတခုစီ၏ ထူးခြားသော ဝိသေသ လက္ခဏာများကို လေးစားရာရောက်သည်။

အစိုးရသစ်သည် လူမှုညီညွတ်ရေး၏ အရေးပါမှုကို အလေးထားသော်လည်း ၎င်း၏ တပ်များသည် ထိုကတိကို ဆန့်ကျင်ပြီး တရားလက်လွတ် သတ်ဖြတ်နေသည်ဟု စွပ်စွဲခံရသည်။ အစိုးရ လိုလားသော ခေါင်းဆောင်များထံမှ ဂိုဏ်းဂဏ စကားများကလည်း တင်းမာမှုကို ပိုမိုမြင့်မားစေသည်။

ထို့ပြင် အယ်လာဝိုက်များသည် အများပြည်သူလုပ်ငန်းများမှ အလုပ်ဖြုတ်ခံရခြင်း၊ လစာ ဖြတ်တောက်ခြင်းနှင့် ပစ်မှတ်ထားဖိနှိပ်ခြင်း အပါအဝင် ချိုးနှိမ်ဆက်ဆံမှု ပိုမိုခံရသည်။

ထိုဖြစ်ရပ်များက ဆီးရီးယားတွင် လွတ်လပ်သော အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ကော်မတီတခု အရေးပေါ် လိုအပ်ကြောင်း ပြသနေသည်။ အာဆတ် အစိုးရ လက်အောက်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများ တာဝန်ခံရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စနစ်ကျသော နည်းလမ်း မရှိပါက နိုင်ငံသည် ဖိနှိပ်မှု သံသရာတခုကို နောက်တဖန် ရင်ဆိုင်ရမည့် အန္တရာယ်ရှိနေသည်။ ထိုကိစ္စသည် ထိခိုက်နစ်နာမှုများကို မပျောက်ကင်းစေဘဲ ပိုမိုနက်ရှိုင်းစေမည် ဖြစ်သည်။

ထိုဖြစ်ရပ်များက ဆီးရီးယားတွင် လွတ်လပ်သော အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ကော်မတီတခု အရေးပေါ် လိုအပ်ကြောင်း ပြသနေသည်။ အာဆတ် အစိုးရ လက်အောက်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများ တာဝန်ခံရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စနစ်ကျသော နည်းလမ်း မရှိပါက နိုင်ငံသည် ဖိနှိပ်မှု သံသရာတခုကို နောက်တဖန် ရင်ဆိုင်ရမည့် အန္တရာယ်ရှိနေသည်။ ထိုကိစ္စသည် ထိခိုက်နစ်နာမှုများကို မပျောက်ကင်းစေဘဲ ပိုမိုနက်ရှိုင်းစေမည် ဖြစ်သည်။

ယခင် အစိုးရကြောင့်ဖြစ်သည့် စိတ်ဒဏ်ရာများကို ကျော်လွှားပြီး တည်ငြိမ်ကာ အားလုံးပါဝင်သော အနာဂတ် တည်ဆောက်ရန် ဆီးရီးယားအတွက် ကောင်းမွန်သည့် တရားစီရင်ရေးစနစ် လိုအပ်သည်။

ဆီးရီးယားရှိ လက်နက်ကိုင်တပ်ဖွဲ့အသီးသီး ထိန်းချုပ်ရာပြ မြေပုံ/BBC

ညီညွတ်သော ဆီးရီးယားဖြစ်ရေး စိန်ခေါ်မှုများ

လက်ရှိ ဖရိုဖရဲအခြေအနေများအကြားတွင် ဆီးရီးယား ဒီမိုကရက်တစ်တပ်များ (SDF) နှင့် အယ်လ်-ရှာရား အစိုးရအကြား လက်မှတ်ရေးထိုးသည့် မကြာသေးမီက သဘောတူညီချက်ကြောင့် နိုင်ငံသည် ညီညွတ်ရေးကို ထိန်းသိမ်းပြီး အစိတ်စိတ်အမွှာမွှာကွဲခြင်းကို ရှောင်ရှားနိုင်မည့် အခွင့်အလမ်းရှိလာသည်။

သို့သော် SDF တပ်များကို မည်သို့ ပေါင်းစည်းမည်ဆိုသည့် အသေးစိတ်များအား ရှင်းလင်းစွာ မသိရသေးပေ။ ကာ့ဒ်များသည် ၎င်းတို့၏ ကာလရှည်ကြာ တောင်းဆိုချက် ဖြစ်သော ဖက်ဒရယ်နိုင်ငံအတွင်း တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရမည်လား။ သို့မဟုတ် ထိုပေါင်းစည်းခြင်းသည် ၎င်းတို့၏ မျှော်မှန်းချက်များ နိဂုံးလား။

ဆီရီးယား အနောက်ပိုင်းနှင့်တောင်ပိုင်းဒေသများမှ အယ်လာဝိုက်နှင့် ဒရုဇ် လူမှုအသိုက်အဝန်းများတွင်လည်း ၎င်းတို့ကို ထောက်ခံသည့် အင်အားကြီးမားသော ဒေသတွင်း အင်အားစု နှစ်ခု ရှိနေသောကြောင့် အခြေအနေသည် အလားတူ ရှုပ်ထွေးနေသည်။

အစ္စရေးသည် ဆီးရီးယားတောင်ပိုင်း ဒရုဇ်ဒေသများကို အကြီးအကျယ် ထိုးဖောက်ဝင်ရောက်ထားပြီး လိုအပ်လျှင် ဒရုဇ်များကို ကာကွယ်ရန် ကမ်းလှမ်းသည်။ အလားတူစွာပင် အီရန်ကလည်း အယ်လာဝိုက်များကို ဆက်လက် ထောက်ခံပြီး ဆီးရီးယားအစိုးရသစ်ကို အုံကြွမှုဖြစ်လာမည်ဟု အီရန်ခေါင်းဆောင်ပိုင်းက ပြောသည်။

ထိုအရွေ့များသည် ဆီးရီးယား ညီညွတ်ရေးအတွက် ပြင်းထန်သည့် အတားအဆီးများ ဖြစ်သည်။ ထိုသို့ ကွဲပြားနေသည့် ပတ်ဝန်းကျင်တွင် ဖက်ဒရယ်စနစ်သည် နိုင်ငံညီညွတ်ရေး ထိန်းသိမ်းရန် နောက်ဆုံး လက်တွေ့ကျသည့် ရွေးချယ်စရာဖြစ်နိုင်သည်။

ထိုအရွေ့များသည် ဆီးရီးယား ညီညွတ်ရေးအတွက် ပြင်းထန်သည့် အတားအဆီးများ ဖြစ်သည်။ ထိုသို့ ကွဲပြားနေသည့် ပတ်ဝန်းကျင်တွင် ဖက်ဒရယ်စနစ်သည် နိုင်ငံညီညွတ်ရေး ထိန်းသိမ်းရန် နောက်ဆုံး လက်တွေ့ကျသည့် ရွေးချယ်စရာဖြစ်နိုင်သည်။

သို့သော် အစိုးရသစ်သည် ထိုအတွေးအခေါ်ကို ဆက်လက် ဆန့်ကျင်နေပါက နိုင်ငံသည် အစိတ်စိတ်အမွှာမွှာကွဲပြီး ပိုမိုအကြမ်းဖက်မည်မှာ သံသယရှိစရာမလိုသည့် အန္တရာယ်ရှိသည်။

(The Conversation ပါ Ali Mamouri ၏ After mass killings in Syria, can a fragmented country stay united? ကို ဘာသာပြန်သည်။ အလီ မာမော်ရီသည် ဩစတေးလျနိုင်ငံ၊ ဒီကန် တက္ကသိုလ် [Deakin University]၊ အရှေ့အလယ်ပိုင်း လေ့ရာရေးဌာနမှ သုတေသီ ဖြစ်သည်။)

You may also like these stories:

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
70
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
506

ဆီးရီးယားနှင့် မြန်မာ တော်လှန်ရေး ၂ ခုကို နှိုင်းယှဉ်ကြည့်ခြင်း

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

ဆီးရီးယား သူပုန်ခေါင်းဆောင် ဂိုလာနီ ဘယ်သူလဲ

ရုရှား-အီရန်-အာဆတ် မဟာမိတ် ဆီးရီးယားမှာ ပြိုကွဲ

Your Thoughts …
Tags: SDFဆီးရီးယားပြည်တွင်းစစ်လူ့အခွင့်အရေး ချိုးဖောက်မှုအကြမ်းဖက်မှုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအစ္စရေးအမေရိကန်အသွင်ကူးပြောင်းရေးအီရန်ဥရောပသမဂ္ဂ
Ali Mamouri

Ali Mamouri

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

by Bertil Lintner
6 December 2023
20k

မြန်မာစစ်တပ်ပြိုကွဲကာ ခုခံတော်လှန်ရေး၏ နောက်ဆုံးပန်းတိုင် ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီသို့ ဦးတည်စေမည့် လမ်းကြောင်းသို့ နိုင်ငံကို ပို့ဆောင်နိုင်စေမည်လား။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
စစ်ကောင်စီ၏ လှုပ်ရှားခံစစ်နှင့် ပြန်လှန်ထိုးစစ်များ (ရုပ်/သံ)

စစ်ကောင်စီ၏ လှုပ်ရှားခံစစ်နှင့် ပြန်လှန်ထိုးစစ်များ (ရုပ်/သံ)

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved