• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

by ဝေမင်းထွန်း
17 June 2025
in သူ့အတွေး သူ့အမြင်
A A
တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

မိမိထိန်းသိမ်းရမည့် နိုင်ငံရေး ရပ်တည်ချက်၊ သိက္ခာ၊ ကျင့်ဝတ်များကို မစောင့်စည်းသူများကို နိုင်ငံရေး ဇာတ်ပျက်များဟု ခေါ်ဝေါ်သမုတ်ကြခြင်း ဖြစ်သည်

2.5k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့နိုင်ငံရေးပဋိပက္ခသည် မျှော်လင့်ထားသည်ထက် ပိုမိုကြီးမားပြင်းထန်သည်ကို တွေ့မြင်ရ၏။ ထိုသို့သော အခြေအနေအောက်တွင် မတူသော နိုင်ငံရေးအမြင် ရပ်တည်ချက်များဖြင့် ပြောဆိုရေးသားကြသူများကို တွေ့မြင်ကြရပြီး အခြေခံအားဖြင့် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံကြသူများ၊ စစ်တပ်ထောက်ခံသူများနှင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင့်ကြသူများဟူ၍ ကွဲကွဲပြားပြား တွေ့ကြရသည်။

စစ်တပ်ထောက်ခံသူများ၊ စစ်တပ်လော်ဘီများ

စစ်တပ်ထောက်ခံသူများ၊ စစ်တပ်လော်ဘီများအပြင် စစ်တပ်ဘက်က ရပ်ခံပြောဆိုကြသူများတွင် နိုင်ငံရေးဇာတ်ပျက်များ၊ နိုင်ငံကြောင်များလည်း ပါဝင်နေသည့်အပြင် ထိုသူများက စစ်တပ်ထောက်ခံသူများထက်ပင် ပို၍ မသိသားဆိုးဝါးနေသည်ကို တွေ့မြင်နေရသည်က စိတ်ပျက်စရာ ကောင်းသည်ဟု ဆိုရမည်။

စစ်တပ်ထောက်ခံသူများထဲတွင် ဦးရဲထွဋ်၊ ဒေါက်တာ နေစိုးမောင်၊ အောင်မြင်သူ၊ ဦးကျော်ဇေယျ စသူတို့သည် စစ်ဘက်အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ဖူးကြပြီး စစ်တပ်ကို ဝေဖန်၍ ဖမ်းဆီးခံထားရသည်။ သူတို့ ဖမ်းဆီးခံထားရသည်မှာ စစ်တပ်ကို ဆန့်ကျင်၍ သို့မဟုတ် စစ်တပ်ကို အပြုတ်တိုက်လိုကြ၍ ဖမ်းဆီးခံထားရသည် မဟုတ်ပေ။ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်တပ်၏ အမှားများကို ထောက်ပြဝေဖန်ကြ၍ အဖမ်းခံရသူများဖြစ်၏။ သူတို့ ဝေဖန်ထောက်ပြသည်မှာ စစ်တပ်ကို ပြောင်းလဲစေလို၍သာ ဖြစ်သော်လည်း စစ်ခေါင်းဆောင်များက သူတို့အာဏာ ထိပါးသည်ဟု ယူဆပြီး ဖမ်းဆီးခြင်းဖြစ်သည်။

ထို့ပြင် စစ်တပ်လော်ဘီဟု အသိများသည့် ငါးမင်းဆွေ၊ ဇော်ဘုန်းဟိန်း၊ ဇော်ယုထွန်း စသူတို့မှာလည်း စစ်တပ်အမှားများကို ဝေဖန်ပြောဆိုသဖြင့် ဖမ်းဆီးခံထားရ၏။ အခြား လော်ဘီများဖြစ်ကြသည့် ကျော်စိုးဦး၊ ပေါက်ကိုယ်တော်၊ မပုတု (မဟာသွေး) တို့သည်လည်း တကြိမ် ဖမ်းဆီး ခေါ်ယူစစ်ဆေးခံထားရပြီး သတိပေးခံထားရသည်။

လက်ရှိ စစ်တပ်ထောက်ခံသူများမှာ ဟန်ငြိမ်းဦး အုပ်စုကဲ့သို့ စစ်တပ်ဘာလုပ်လုပ် လုပ်သမျှမှန်တယ်ဟူ၍ ထောက်ခံကြသူများ၊ အဖြစ်အပျက်မှန်များကို လိမ်လည်ပြောဆိုဝါဒ ဖြန့်ကြသူများ၊ မမှန်သတင်းများဖြင့် လိမ်ညာပြောဆိုသူများဖြစ်ကြသည့် အပေါစား စစ်တပ်လော်ဘီများသာ ရပ်တည်ခွင့်ရကြသည့် အနေအထားဖြစ်၏။

ဦးရဲထွဋ်၊ ဒေါက်တာ နေစိုးမောင်တို့ကဲ့သို့ စစ်ဘက်တွင် တာဝန်ကြီးယူခဲ့ဖူးပြီး စစ်တပ်ကို ထောက်ပြဝေဖန်သူများသည်လည်းကောင်း၊ သာမန် စစ်တပ်လော်ဘီများသည်လည်းကောင်း စစ်ကောင်စီ၏ အဖမ်းအဆီးကြောင့် စစ်တပ်အားနည်းချက်များကို ထောက်ပြခြင်းများ လျော့ကျ နှုတ်ဆိတ်လာကြတော့သည်။ မည်သို့ဖြစ်စေ စစ်တပ်ထောက်ခံသူများထဲတွင် စစ်တပ်အားနည်းချက်နှင့် အမှားများကို ထောက်ပြဝေဖန်သူတို့ ရှိသေးသည်ဟု ဆိုရမည်။

သို့ဖြစ်ရာ ဦးရဲထွဋ်၊ ဒေါက်တာ နေစိုးမောင်တို့ကဲ့သို့ စစ်ဘက်တွင် တာဝန်ကြီးယူခဲ့ဖူးပြီး စစ်တပ်ကို ထောက်ပြဝေဖန်သူများသည်လည်းကောင်း၊ သာမန် စစ်တပ်လော်ဘီများသည်လည်းကောင်း စစ်ကောင်စီ၏ အဖမ်းအဆီးကြောင့် စစ်တပ်အားနည်းချက်များကို ထောက်ပြခြင်းများ လျော့ကျ နှုတ်ဆိတ်လာကြတော့သည်။ မည်သို့ဖြစ်စေ စစ်တပ်ထောက်ခံသူများထဲတွင် စစ်တပ်အားနည်းချက်နှင့် အမှားများကို ထောက်ပြဝေဖန်သူတို့ ရှိသေးသည်ဟု ဆိုရမည်။

မသိသား ဆိုးဝါးသူများ

စစ်တပ်ထောက်ခံသူများ၊ စစ်တပ်လော်ဘီများက စစ်တပ်ဘက်က ရပ်ခံခြင်း၊ စစ်တပ်အားနည်းချက်ကို ထောက်ပြခြင်းတို့ကို တွေ့နေရသော်လည်း ထိုသူများထက် ဆိုးဝါးသူများကမူ စစ်တပ်ဘာလုပ်လုပ် ထောက်ခံနေကြပြီး စစ်တပ်အားနည်းချက်၊ စစ်တပ်အမှားကို တခွန်းတလေမှ မဟဘဲ စစ်တပ်လုပ်သမျှ အကာအကွယ်ပေးပြီး တော်လှန်ရေးအင်အားစုများကို ထိုးနှက်နေကြသူများဖြစ်သည်။

နိုင်ငံရေးဇာတ်ပျက်များ

ထိုသို့ စစ်တပ်ကို ကာကွယ်ပြီး တော်လှန်ရေးအင်အားစုများကို ထိုးနှက်ရန် ကြိုးစားနေသည့် အုပ်စုတစုကမူ နိုင်ငံရေးဇာတ်ပျက်များ ဖြစ်၏။ ထိုသူများသည် တချိန်တခါက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ဖူးကြသူများ ဖြစ်သည်။

ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ခေတ် နိုင်ငံရေးအုပ်စုနှင့် ၁၉၆၂ မျိုးဆက်ကမူ အသက်အရွယ်အရ အများစု မရှိကြတော့ပြီဖြစ်သကဲ့သို့ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ မျိုးဆက်ဆိုသည်မှာလည်း အများစု အသက် ၇၀ တန်းနှင့်အထက်ဖြစ်ရာ ကွယ်လွန်သူကွယ်လွန်၊ ဇရာထောင်းသူထောင်းဖြစ်သဖြင့် အများစု မလှုပ်ရှားနိုင်ကြတော့ပေ။ ၁၉၈၈ နှင့် နောက်ပိုင်းမျိုးဆက်များသာ အများဆုံး ကျန်ရှိတော့သည့်ကာလ ဖြစ်သည်။

ကျန်ရှိသည့် ယခင်မျိုးဆက်များမှ လူဟောင်းအများစုသည် အသက်အရွယ်အရ၊ ကျန်းမာရေးအရ၊ အကြောင်းကြောင်းများကြောင့် ကိုယ်တိုင် မပါဝင်နိုင်ကြသော်လည်း နွေဦးတော်လှန်ရေးတွင် တတ်နိုင်သရွေ့ အားပေးကူညီကြ၊ လက်ဆင့်ကမ်းပေးကြသည်ကို တွေ့မြင်ရ၏။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုအား ရန်ကုန်တွင် ဆန့်ကျင်ဆန္ဒပြစဉ် / ဧရာဝတီ

သို့သော် စုန်းပြူးတချို့ကိုမူ တွေ့မြင်ရသည်။ ယခင်အခါ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ဘာရေး ညာရေးများကို အော်ဟစ်လုပ်ကိုင်ဖူးကြသည့် နိုင်ငံရေးဇာတ်ပျက်အချို့သည် ယခုအခါ စစ်အာဏာရှင်များကို သဲကြီးမဲကြီး ကာကွယ်နေသည်ကို တွေ့ရသည်မှာ ရွံစရာပင်ကောင်းပေသည်။

ထိုထိုဤဤသော နိုင်ငံရေးဇာတ်ပျက်များသည် ကမ္မဝါလည်းဖတ်တတ်သည့် ဘုန်းကြီးတစ္ဆေများဖြစ်ကြရာ စစ်တပ်ထောက်ခံသူများ၊ သာမန် စစ်တပ်လော်ဘီများထက်ပင် ပို၍ ဆိုးဝါးနေသည်ကို တွေ့ရ၏။ အပေါစား စစ်တပ်လော်ဘီများနှင့် တတန်းတစားတည်းဖြစ်နေသည်ကို တွေ့ရ၏။

ထိုထိုဤဤသော နိုင်ငံရေးဇာတ်ပျက်များသည် ကမ္မဝါလည်းဖတ်တတ်သည့် ဘုန်းကြီးတစ္ဆေများဖြစ်ကြရာ စစ်တပ်ထောက်ခံသူများ၊ သာမန် စစ်တပ်လော်ဘီများထက်ပင် ပို၍ ဆိုးဝါးနေသည်ကို တွေ့ရ၏။ အပေါစား စစ်တပ်လော်ဘီများနှင့် တတန်းတစားတည်းဖြစ်နေသည်ကို တွေ့ရ၏။

နိုင်ငံရေးဇာတ်ပျက်များသည် တတိယအင်အားစု ဂိုက်ဖမ်း၍တမျိုး၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟူ၍တဖုံ၊ မတူကွဲပြားသည့် နိုင်ငံရေးအမြင် ဖော်ပြသူများလိုလို ပုံစံမျိုးစုံနှင့် ဖော်ပြနေကြသော်လည်း သူတို့သည်တလျှောက်လုံး နွေဦးတော်လှန်ရေးအင်အားစုများ၏ အပြစ်အနာအဆာမျိုးစုံ ရှာဖွေတိုက်ခိုက် ထိုးနှက်ခြင်းသာ ပြုမူကြပြီး စစ်အာဏာရှင်များနှင့်ပတ်သက်၍၊ စစ်တပ်၏ အပြုအမူများနှင့်ပတ်သက်၍ တခွန်းတပါဒမှ မဟကြသူများဖြစ်သည်။

နိုင်ငံရေးဇာတ်ပျက်များက “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုသည်မှာ နိုင်ငံရေးအရ တဖက်ပိတ်လမ်းစဉ် ဖြစ်သည်ဟု ဆိုနေကြသော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုသည် တည်ငြိမ်စွာ ပြောင်းလဲနေသည့်တိုင်းပြည်ကို ဖျက်ဆီးပစ်လိုက်ကြောင်း ပြောဆိုရန် ပျက်ကွက်နေကြ၏။

အကယ်၍ ၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာမသိမ်းဘဲ ၂၀၂၀ ရွေးကောက်ပွဲက အနိုင်ရရှိသည့်အစိုးရကို အာဏာလွှဲပေးပါက မည်သူမှ လက်နက်ကိုင်တိုက်မည် မဟုတ်သကဲ့သို့ လက်နက်ကိုင်တိုက်ရန် လှုံ့ဆော်မှုရှိပါကလည်း ဆန့်ကျင်ခံရမည့်အခြေအနေကို မျက်ကွယ်ပြုထားကြ၏။ တိုင်းပြည် ဤအခြေအနေရောက်ရသည်မှာ စစ်တပ်၏ အာဏာသိမ်းမှုကြောင့်ဆိုသည်ကို ပြောဆိုရန် မဝံ့ရဲကြပေ။

ထိုနိုင်ငံရေးဇာတ်ပျက်များသည် နွေဦးတော်လှန်ရေးအင်အားစုများကို ထိုးနှက်နေကြသော်လည်း စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများကို ဗုံးကြဲနေသည့်ဖြစ်ရပ်၊ ကလေးသူငယ်များပါမကျန် အရပ်သားလူထုကို သတ်ဖြတ်နေသည့်ဖြစ်ရပ်များကိုမူ နှုတ်ဆိတ်နေကြသည်။ အကျဉ်းထောင်တွင် နိုင်ငံရေးနှင့်ဆက်နွယ်သည့် အကျဉ်းသား ၂ သောင်းကျော် အဖမ်းခံထားရသည့်ဖြစ်ရပ်၊ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဝင်စာပင် တွေ့ခွင့်မပြုသည့်ဖြစ်ရပ်များကိုစာနာထောက်ထားမှုပင် မဖော်ပြရဲကြပေ။

လတ်တလောဖြစ်ပျက်ခဲ့သည့် ရန်ကုန်တွင် စစ်တပ်အငြိမ်းစားဗိုလ်ချုပ်တဦး အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးအား တရားခံစာရင်းထဲ ဖော်ပြသည့်ကိစ္စနှင့်ပတ်သက်၍ လွတ်လပ်သည့် မြန်မာသတင်းမီဒီယာများက ထောက်ပြဝေဖန်ကြသည်ကို နိုင်ငံရေးဇာတ်ပျက်တဦးက လူသတ်မှု မှေးမှိန်အောင် ကလေးငယ်အား ဗန်းပြ၍ သတင်းအဆိပ်ခတ်သည်ဟု စွပ်စွဲပြောဆိုကာ စစ်တပ်ကို ကာကွယ်ကြောင်း တွေ့ရ၏။

လတ်တလောဖြစ်ပျက်ခဲ့သည့် ရန်ကုန်တွင် စစ်တပ်အငြိမ်းစားဗိုလ်ချုပ်တဦး အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးအား တရားခံစာရင်းထဲ ဖော်ပြသည့်ကိစ္စနှင့်ပတ်သက်၍ လွတ်လပ်သည့် မြန်မာသတင်းမီဒီယာများက ထောက်ပြဝေဖန်ကြသည်ကို နိုင်ငံရေးဇာတ်ပျက်တဦးက လူသတ်မှု မှေးမှိန်အောင် ကလေးငယ်အား ဗန်းပြ၍ သတင်းအဆိပ်ခတ်သည်ဟု စွပ်စွဲပြောဆိုကာ စစ်တပ်ကို ကာကွယ်ကြောင်း တွေ့ရ၏။

ကလေးငယ်တဦးကို တရားခံစာရင်းတွင် ထည့်သွင်းဖော်ပြပြသည်မှာ မလုပ်သင့် မလုပ်ထိုက်သောကိစ္စဖြစ်၍ နိုင်ငံတကာသတင်းမီဒီယာ အများအပြားပါ အံ့ဩထိတ်လန့်ပြီး သတင်းဖော်ပြရသည့်ကိစ္စ ဖြစ်ခဲ့သည်။ အကယ်၍ မိဘကိုဖမ်းဆီးရာ ကလေးငယ်တဦးတည်း ထားခဲ့၍မရသဖြင့် ခေါ်လာရပါသည်ဆိုပါကလည်း တရားခံစာရင်းတွင် ထည့်သွင်းဖော်ပြရန် မလိုပေ။

ထို့ပြင် ထိုအမှုတွင် စစ်ကောင်စီက သက်သေခံအဖြစ် ဖော်ပြသည့်သေနတ်မှာလည်း ကစားစရာ ကော်စေ့သေနတ် ဖြစ်နေ၏။ ထိုသို့သော အခြေအနေတွင် နိုင်ငံရေးဇာတ်ပျက်များက မျက်လုံးစုံပိတ်၍ စစ်တပ်ကို ကာကွယ်ရန် ကြိုးစားပြီး နွေဦးအင်အားစုများကို ထိုးနှက်ရန်ကြိုးစားနေသည်ပို စက်ဆုပ်ဖွယ် တွေ့ရသည်။

လတ်တလော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပုဒ်မ ၃၃ ဖြင့် မြန်မာနိုင်ငံအား အရေးယူသည့်သတင်း ထွက်ပေါ်လာသည့်အခါ စစ်ကောင်စီက သူတို့အား မည်သို့မှ ထိခိုက်မှုမရှိဟု ထုတ်ပြန်နေချိန်တွင်ပင် နိုင်ငံရေးဇာတ်ပျက်တဦးက လှိုင်သာယာစက်ရုံက အလုပ်သမလေးတွေ ကေတီဗီရောက်ပါပြီ၊ ပြည့်တန်ဆာဖြစ်တော့မည်ဟု ထအော်သည်ကို တွေ့ရသည်။

စစ်ကောင်စီကို မထိခိုက်ဘဲ အခြေခံအလုပ်သမား လူတန်းစားများကိုသာ ထိခိုက်သယောင် လက်ညှိုးထိုးသည်ကို တွေ့ရ၏။ ထို့ပြင် ဤသို့ ILO ကဆုံးဖြတ်ချက်ချသည်မှာလည်း မလိုမုန်းထားသူ တဦးတလေ၏ လက်ချက်ဖြစ်သယောင် လက်ညှိုးထိုး၍ လိမ်လည်ပြောဆိုနေသည်ကို တွေ့ရသည်။

ILO ၏ ဆုံးဖြတ်ချက်ကြောင့် လက်ရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်သွားခြင်း၊ အသစ်ထပ်မဝင်ခြင်း၊ ပြည်ပပို့ကုန်များ အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းခံရနိုင်ခြင်းတို့ကြောင့် စစ်တပ်အရာရှိဟောင်းတဦး၊ ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ခေါင်းဆောင် တာဝန်ယူထားသူတဦးကပင် ဤကိစ္စနှင့်ပတ်သက်၍ တိုင်းပြည်အား ထိခိုက်မှုရှိသဖြင့် စစ်ကောင်စီအနေဖြင့် ILO နှင့် ပူးပေါင်းဖြေရှင်းရန် လိုအပ်သည်ဟု ပြောဆိုနေသည်ကို တွေ့ရ၏။

နိုင်ငံရေးဇာတ်ပျက်များကမူ စစ်တပ်ထောက်ခံသူများထက်ပင် ပို၍ ဆိုးဆိုးဝါးဝါးပြောဆိုပြီး အခြေအနေမှန်ကို ဖုံးကွယ်ကာ စစ်တပ်ကို အရှက်မဲ့စွာ အကာအကွယ်ပေးနေသည်ကို တွေ့ရသည်။

လက်ရှိ ငလျင်အပြီး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍လည်း နိုင်ငံရေးဇာတ်ပျက်များသည် စစ်တပ်က တရက်မပြတ် လေယာဉ်ဖြင့် ဗုံးကြဲပြီး အရပ်သားပစ်မှတ်များအား တိုက်ခိုက်သတ်ဖြတ်နေသည်ကို တခွန်းတပါဒမှ မဟကြချေ။

နိုင်ငံရေးဇာတ်ပျက်များသည် တတိယအုပ်စုယောင်ယောင်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဆွေးနွေးသည်ကို ရပ်ခံသူများလိုလို ဟန်ဆောင်နေကြသော်လည်း လက်တွေ့တွင် စစ်တပ်ထောက်ခံသူများ၊ စစ်တပ်လော်ဘီများလောက်ပင် စစ်တပ်အမှားကို ဝေဖန်ထောက်ပြမှု၊ ပြစ်တင်ပြောဆိုမှု ပြုလုပ်ကြသူများ မဟုတ်ပေ။

နိုင်ငံရေးဇာတ်ပျက်များသည် တတိယအုပ်စုယောင်ယောင်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဆွေးနွေးသည်ကို ရပ်ခံသူများလိုလို ဟန်ဆောင်နေကြသော်လည်း လက်တွေ့တွင် စစ်တပ်ထောက်ခံသူများ၊ စစ်တပ်လော်ဘီများလောက်ပင် စစ်တပ်အမှားကို ဝေဖန်ထောက်ပြမှု၊ ပြစ်တင်ပြောဆိုမှု ပြုလုပ်ကြသူများ မဟုတ်ပေ။

စစ်တပ်အရာရှိဟောင်းဖြစ်သည့် ဦးရဲထွဋ်ကမှ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံခြားရေးတွင် ကျင့်သုံးခဲ့သည့် “ဘက်မလိုက်ဝါဒ” သည် စစ်ကောင်စီခေတ်တွင် ပျက်စီးသွားပြီဟု ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်က ထောက်ခံနေသည့် စစ်ကောင်စီကို ရည်ညွှန်းပြီး ဝေဖန်ခဲ့ဖူးသေးသည်။ နိုင်ငံရေးဇာတ်ပျက်များတွင် ဦးရဲထွဋ်လောက် အဆင့်ရှိသည့် နိုင်ငံရေးအမြင်ပင် မတွေ့ကြရပေ။

နိုင်ငံရေးဇာတ်ပျက်များသည် စစ်ဗိုလ်များကို ဘာမဆို လုပ်တတ်သူများ၊ စမတ်ကျသူများဟု အရှက်မဲ့စွာ အမွှမ်းတင် ချီးမွမ်းခန်းဖွင့်နေကြသော်လည်း ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက တိုင်းပြည်စီးပွားရေး နာလန်မထူတော့ခြင်း၊ အကြိမ်ကြိမ် အာဏာသိမ်းခဲ့သည့် ထိုင်းစစ်တပ်နှင့် အရည်အချင်း ဆီနှင့်ရေကဲ့သို့ ကွာခြင်းတို့ကို ဖုံးကွယ်ထားကြ၏။

စစ်ကောင်စီသည် အရပ်သားအစိုးရနှင့်ယှဉ်လျှင် အရည်အချင်း မရှိသည်ကို ဖုံးကွယ်ထားကြ၏။ လက်ရှိ စစ်ကိုင်းငလျင်ကာလတွင် အာဏာသိမ်းခံရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်နှင့် မြို့တော်ဝန် ဒေါက်တာ ရဲလွင်သာ စီမံခန့်ခွဲလျှင် ယခုထက် ကိုး ဆယ်ဆ သာမည်ကို မန္တလေးသားများ ကောင်းစွာသိကြသည့် ပကတိအခြေအနေမှန် ဖြစ်သည်။

နိုင်ငံရေးဇာတ်ပျက်များသည် တချိန်က စစ်အုပ်စုကို ဆန့်ကျင်ခဲ့ကြသူများ ဖြစ်ကြသော်လည်း ယခုအခါ စစ်တပ်ကို ကြောက်ရွံ့ ဦးကျိုးသွားကြပြီဖြစ်၏။ စစ်တပ်ကို ဖုံးဖိကာကွယ်ပြီး နွေဦးအင်အားစုများ၏ အားနည်းချက်များကို ရှာ‌ဖွေထိုးနှက်ရန်၊ လှောင်ပြောင် သရော်ရန်သာ အာရုံစိုက်နေကြ၏။

ထို့ပြင် နိုင်ငံရေးဇာတ်ပျက်များတွင် စစ်တပ်နှင့် ဗြောင်အတိအလင်း ပူးပေါင်းကြသူများရှိကြသကဲ့သို့ တိတ်တဆိတ် ပူးပေါင်းနေကြသူများလည်း ရှိ၏။ စစ်တပ်က ဖွင့်ပေးထားသည့် ခွေးတိုးပေါက်မှဝင်၍ နိုင်ငံရေးပါတီဆိုသည်ကို ထောင်ပြီး စစ်တပ်ကို ခွေးကတက်မှ လုပ်ကြွေးရန် ရှက်ဖွယ်လိလိ ကြိုးစားနေသည်ကိုလည်း တွေ့ရသည်။

အရှက်မဲ့စွာ စစ်တပ်နှင့်လက်‌တွေ့အရရော အယူအဆအရပါ ပူးပေါင်း၍ တော်လှန်ရေးအား ဆန့်ကျင်ကြသည့် တန်ပြန်တော်လှန်ရေးအုပ်စုများ ဖြစ်နေကြသည်။ သူတို့သည် နိုင်ငံရေးအရ စစ်တပ်ထောက်ခံသူ အချို့လောက်ပင် အဆင့်အတန်း မရှိကြပေ။

နိုင်ငံကြောင်များ

နိုင်ငံရေးဇာတ်ပျက်နှင့် မိတ်ဖက်များက နိုင်ငံကြောင်များ ဖြစ်၏။ ထိုသူ အများစုသည် နိုင်ငံရေးလှုပ်ရှားမှု တခုခုတွင် ဝင်ရောက်ပါဝင်ဖူးသူ မဟုတ်ကြသကဲ့သို့ နိုင်ငံရေးအဖွဲ့အစည်းတခုတွင် နှစ်မြှုပ်၍ အလုပ်လုပ်ကိုင်ဖူးကြသူများလည်း မဟုတ်ပေ။ အချို့ကမူ အချိန်ကာလတခုတွင် ကာလတို ပါဝင်ခဲ့ဖူးသော်လည်း ကာလရှည် ဇောက်ချ၍ ပါဝင်လုပ်ကိုင်ခဲ့ကြဖူးသူများ မဟုတ်ပေ။

သူတို့သည် နိုင်ငံရေးကို စာတွေ့ဖြင့် များစွာလေ့လာဖူးကြ၏။ သင်တန်းများ၊ ဘွဲ့ဒီဂရီများ ယူခဲ့ဖူးကြသကဲ့သို့ ကိုယ်တိုင်အားထုတ်၍ ဖတ်ခဲ့မှတ်ခဲ့ဖူးကြသည်။ ထို့ပြင် မျက်မှောက်အခြေအနေ သတင်းကို ပြတ်လေ့မရှိကြသူများ ဖြစ်သည်။ ပြောရလျှင် နိုင်ငံရေးကို စာတွေ့တတ်မြောက်ထားကြပြီး နိုင်ငံရေးသင်ရိုးများ၊ နိုင်ငံရေးသီအိုရီများ၊ နိုင်ငံရေးမူဝါဒများကို ရွတ်ဖတ်သရဇ္ဈာယ်နိုင်ကြသူများ ဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ ဘယ်သို့ဘယ်ညာဖြစ်ပြီး လူငယ်များအနေဖြင့် မည်သို့မည်ပုံ လျှောက်လှမ်းရမည်ဟု ဩဝါဒခြွေတတ်သူများ ဖြစ်၏။

သို့သော် သူတို့သည် နိုင်ငံရေးကို စာတွေ့ဖြင့် များစွာလေ့လာဖူးကြ၏။ သင်တန်းများ၊ ဘွဲ့ဒီဂရီများ ယူခဲ့ဖူးကြသကဲ့သို့ ကိုယ်တိုင်အားထုတ်၍ ဖတ်ခဲ့မှတ်ခဲ့ဖူးကြသည်။ ထို့ပြင် မျက်မှောက်အခြေအနေ သတင်းကို ပြတ်လေ့မရှိကြသူများ ဖြစ်သည်။ ပြောရလျှင် နိုင်ငံရေးကို စာတွေ့တတ်မြောက်ထားကြပြီး နိုင်ငံရေးသင်ရိုးများ၊ နိုင်ငံရေးသီအိုရီများ၊ နိုင်ငံရေးမူဝါဒများကို ရွတ်ဖတ်သရဇ္ဈာယ်နိုင်ကြသူများ ဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ ဘယ်သို့ဘယ်ညာဖြစ်ပြီး လူငယ်များအနေဖြင့် မည်သို့မည်ပုံ လျှောက်လှမ်းရမည်ဟု ဩဝါဒခြွေတတ်သူများ ဖြစ်၏။

စစ်ကောင်စီကို ဝေဖန်၍ အဖမ်းခံရသူများဖြစ်သည့် စစ်တပ်ထောက်ခံသူ ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်း၊ ဇော်ဘုန်းဟိန်း၊ ဒုဗိုလ်မှူးကြီးဟောင်း ကျော်ဇေယျနှင့် ငါးမင်းဆွေ / ဧရာဝတီ

ထိုသို့ နိုင်ငံရေးဩဝါဒကထာများ ရွတ်ဖတ်နိုင်ကြသော်လည်း ထိုသူတို့၏ ပြဿနာမှာ လက်တွေ့နိုင်ငံရေး မလုပ်ဖူးခြင်း၊ စာအုပ်ထဲမှ နိုင်ငံရေးသဘောတရားများကို အတုံးလိုက်အတစ်လိုက် ပြောတတ်ကြသော်လည်း လက်တွေ့ ပြဿနာဖြေရှင်းရမည့်နည်းလမ်း ဖော်ပြနိုင်မှု မရှိခြင်း၊ စိတ်ကူးယဉ်ဆန်ခြင်းတို့အပြင် လူများစုအား စည်းရုံးသိမ်းသွင်းနိုင်စွမ်းခြင်း မရှိကြပေ။

ဤသို့ လက်တွေ့စည်းရုံးသိမ်းသွင်းနိုင်မှု မရှိသည့်အပြင် သူ့တို့အမြင်ကို လက်မခံကြသူ လူများစုကိုလည်း အပြစ်မြင်၊ အထင်သေးကြတတ်သူများ ဖြစ်၏။ လူများစုထံမှ သင်ယူရမည်ကိုလည်းကောင်း၊ လက်တွေ့မှ လေ့လာသင်ယူရမည်ကိုလည်းကောင်း အားထုတ်ခြင်းမရှိဘဲ စာအုပ်ထဲမှ နိုင်ငံရေးတွင် နစ်မွန်းနေကြသည်။ သို့ဖြစ်ရာ ထိုသူများသည် စာအုပ်ကြီးဝါဒီများ၊ နိုင်ငံကြောင်များဟု ဆိုနိုင်၏။

တရုတ်နှင့် ရုရှားက၊ အထူးသဖြင့် တရုတ်က မြန်မာစစ်ကောင်စီဘက်က ဗြောင်ရပ်တည်သဖြင့် စစ်ကောင်စီက ပြန်လည် အသာရနိုင်သည်ဟု ယူဆ၍လည်းကောင်း၊ ၂၀၂၅ စစ်ကိုင်းငလျင်ကြီးကြောင့် အပစ်အခတ်ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေး ဆိုသည်တို့ကို အနောက်နိုင်ငံများက ငွေရေးကြေးရေးအရပါ အားပေးလာနိုင်သည်ဟု ယူဆကြ၍လည်းကောင်း၊ ၂၀၂၅ ရွေးကောက်ပွဲလုပ်ဖြစ်လျှင် တရုတ်ဖိအားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပေါ်လာနိုင်ပြီး နေရာရော အခွင့်အလမ်းပါ ရနိုင်သည်ဟုလည်းကောင်း ယူဆကြသဖြင့် နိုင်ငံရေးဇာတ်ပျက်များရော နိုင်ငံကြောင်များပါ တစခန်းထလာကြသည်ဟု ဆိုရမည်

ထိုသူများသည်လည်း ယခု နွေဦးတော်လှန်ရေးတွင် တတိယအင်အားစုယောင်ယောင် ရပ်တည်နေကြသော်လည်း စစ်တပ်ကို တခွန်းမှ ပြစ်တင်ပြောဆိုမှု မပြုဘဲ နှုတ်ဆိတ်နေပြီး နွေဦးတော်လှန်ရေးအင်အားစုများကိုသာ ဝေဖန်တိုက်ခိုက် ထိုးနှက်နေသည်ကို တွေ့မြင်ရ၏။ နိုင်ငံကြောင်များသည်လည်း နိုင်ငံရေးဇာတ်ပျက်များနှင့် အယူအဆနှင့်ရပ်တည်ချက်တွင် တထပ်တည်းကျသည်ကို တွေ့ရသည်။

နိုင်ငံရေးဇာတ်ပျက်များက စစ်တပ်နှင့် ဗြောင်ပူးပေါင်းလှုပ်ရှားပြီး နိုင်ငံကြောင်များကမူ အယူအဆရေးအရ စစ်တပ်ကို ပံ့ပိုးနေသည်ဟု ဆိုရပါမည်။ ထိုအုပ်စုနှစ်ခုလုံးသည် နိုင်ငံရေးစကားလုံး လေကြီးလေကျယ် ပြောရာတွင် စစ်တပ်လော်ဘီများထက် သာသည်။ သို့သော် သူတို့၏ လုပ်ရပ်နှင့် ပြောဆိုချက်များကမူ စစ်တပ်လော်ဘီများထက် ပို၍ အောက်တန်းကျသည်။ အဆင့်အတန်း မရှိသည်ကို တွေ့ရသည်။

၎င်းတို့၏ နိုင်ငံရေးအယူအဆသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက တောက်လျှောက် တသမတ်တည်းဖြစ်သော်လည်း ယခုပို၍ ထုတ်ပြလာသည်၊ မြင်သာလာသည်ကို တွေ့ရ၏။

ဤသည်မှာ တရုတ်နှင့် ရုရှားက၊ အထူးသဖြင့် တရုတ်က မြန်မာစစ်ကောင်စီဘက်က ဗြောင်ရပ်တည်သဖြင့် စစ်ကောင်စီက ပြန်လည် အသာရနိုင်သည်ဟု ယူဆ၍လည်းကောင်း၊ ၂၀၂၅ စစ်ကိုင်းငလျင်ကြီးကြောင့် အပစ်အခတ်ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေး ဆိုသည်တို့ကို အနောက်နိုင်ငံများက ငွေရေးကြေးရေးအရပါ အားပေးလာနိုင်သည်ဟု ယူဆကြ၍လည်းကောင်း၊ ၂၀၂၅ ရွေးကောက်ပွဲလုပ်ဖြစ်လျှင် တရုတ်ဖိအားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပေါ်လာနိုင်ပြီး နေရာရော အခွင့်အလမ်းပါ ရနိုင်သည်ဟုလည်းကောင်း ယူဆကြသဖြင့် နိုင်ငံရေးဇာတ်ပျက်များရော နိုင်ငံကြောင်များပါ တစခန်းထလာကြသည်ဟု ဆိုရမည်ဖြစ်သည်။

(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

နိုင်ငံရေး ဇာတ်ပျက်များ သတိထား

စစ်ကောင်စီကို ဝေဖန်၍ အဖမ်းခံရသည့် တပ်ထောက်ခံသူ များလာ

စစ်တပ် ဆင်ဒရုမ်း ရောဂါ စွဲကပ်သူများ

ပွဲကြိုက်မောင်နှင့် သူ၏ လော်ဘီများ

ပြောပြန်ရင်လည်း လွန်တယ်လို့ မထင်ကြစေလို

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
131
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
95
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
5.4k

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

စစ်ခေါင်းဆောင်ကို သရော်တဲ့ငါးမင်းဆွေ အဖမ်းခံရ (ရုပ်/သံ)

Your Thoughts …
Tags: ILOငလျင်စစ်ကောင်စီစစ်တပ်လော်ဘီစစ်အာဏာသိမ်းမှုတတိယအင်အားစုတော်လှန်ရေးအင်အားစုတွေ့ဆုံဆွေးနွေးရေးနွေဦးတော်လှန်ရေးပြည်ပရင်းနှီးမြှုပ်နှံမှုအပစ်အခတ်ရပ်စဲရေးအရပ်သားပစ်မှတ်
ဝေမင်းထွန်း

ဝေမင်းထွန်း

ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့ – အပိုင်း ၂ (ရုပ်/သံ)

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့ - အပိုင်း ၂ (ရုပ်/သံ)

ဖားကန့်မှာ အရပ်သားရုပ်အလောင်းတွေ ဆက်တိုက်တွေ့ (ရုပ်/သံ)

ဖားကန့်မှာ အရပ်သားရုပ်အလောင်းတွေ ဆက်တိုက်တွေ့ (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved