နိုင်ငံတကာကို လွှမ်းခြုံသည့်မျိုးဆက် Generation ခွဲခြားသတ်မှတ်မှုဆိုသည်မှာ လူ့အဖွဲ့အစည်းကို မွေးဖွားနှစ်၊ ရင်ဆိုင်ခဲ့သောနိုင်ငံရေး၊ လူမှုရေး၊ နည်းပညာ တိုးတက်မှုများအပေါ် မူတည်၍ အသက်အရွယ်အလိုက် အုပ်စုခွဲခြား သတ်မှတ်ခြင်းဖြစ်သည်။
ကမ္ဘာနှင့်ချီ၍ အဓိက သတ်မှတ်ထားသော မျိုးဆက်များနှင့် ခေတ်ကာလများကို အောက်ပါအတိုင်း ဖော်ပြနိုင်သည်။
၁။ The Lost Generation -၁၈၈၃ ခုနှစ်မှ ၁၉၀၀ ပြည့်နှစ်ကြား မွေးဖွားကြသူများ၊ အထူးသဖြင့် ပထမကမ္ဘာစစ်ကြီးကို ကြုံတွေ့ရသောမျိုးဆက်၊
၂။ The Greatest Generation (G.I. Generation) -၁၉၀၁ ခုနှစ်မှ ၁၉၂၇ ခုနှစ်ကြား မွေးဖွားခဲ့သူများ၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ် ကာလကို ရင်ဆိုင်ခဲ့သောမျိုးဆက်၊
၃။ The Silent Generation -၁၉၂၈ ခုနှစ်မှ ၁၉၄၅ ခုနှစ်ကြား မွေးဖွားကြသူများ၊ အထူးသဖြင့် စစ်ပြီးကာလ တည်ငြိမ်ရေးနှင့် ယဉ်ကျေးမှုတန်ဖိုးများကို အလေးထားသောမျိုးဆက်၊
၄။ Baby Boomers -၁၉၄၆ ခုနှစ်မှ ၁၉၆၄ ခုနှစ်ကြား မွေးဖွားကြသူများ၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ပြီးနောက် မွေးဖွားမှုမြင့်တက်လာသောကာလမှ မျိုးဆက်၊
၅။ Generation X (Gen X) -၁၉၆၅ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်ကြား မွေးဖွးကြသူများ၊ အထူးသဖြင့် လုပ်အားမြင့်ပြီး နည်းပညာ စတင်ဝင်လာသည့်ကာလမှ မျိုးဆက်၊
၆။ Millennials (Generation Y) -၁၉၈၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်ကြား မွေးဖွားကြသူများ၊ အထူးသဖြင့် အင်တာနက်၊ ဖုန်းနည်းပညာဖြင့် ကြီးပြင်းလာသော မျိုးဆက်၊
၇။ Generation Z (Gen Z) -၁၉၉၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်ကြား မွေးဖွားကြသူများ၊ အထူးသဖြင့် စမတ်ဖုန်း, လူမှုကွန်ရက်မီဒီယာ၊ Streaming, AI စသည့် နည်းပညာများနှင့်အတူ မွေးဖွားကြီးပြင်းလာသည့် မျိုးဆက်၊
၈။ Generation Alpha -၂၀၁၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်ကြား မွေးဖွားကြသူများ၊ အထူးသဖြင့် ပထမဆုံး အပြည့်အဝ Digital Native မျိုးဆက်တို့ ဖြစ်ကြသည်။
နိုင်ငံတကာက သတ်မှတ်သည့် မျိုးဆက်ဆိုသည်မှာ မွေးဖွားကြီးပြင်းခဲ့သည့် ကာလများတွင် ကြုံတွေ့ခဲ့သည့် နည်းပညာ၊ ပညာရေး၊ လူမှုရေး အတွေ့အကြုံများအရ ပိုင်းခြားသတ်မှတ်ထားခြင်း ဖြစ်သည်။
ဤကာလအပိုင်းအခြားများသည် သုတေသနအဖွဲ့အစည်းအလိုက် တနှစ်၊ နှစ်နှစ်လောက် ကွာနိုင်သည်။ အဆိုပါ နိုင်ငံတကာက သတ်မှတ်သည့် မျိုးဆက်ဆိုသည်မှာ မွေးဖွားကြီးပြင်းခဲ့သည့် ကာလများတွင် ကြုံတွေ့ခဲ့သည့် နည်းပညာ၊ ပညာရေး၊ လူမှုရေး အတွေ့အကြုံများအရ ပိုင်းခြားသတ်မှတ်ထားခြင်း ဖြစ်သည်။

မြန်မာပြည်နိုင်ငံရေးမျိုးဆက်များ
ဤသို့ နိုင်ငံတကာတွင် စံထားသည့် မျိုးဆက်သတ်မှတ်မှုများ ရှိသကဲ့သို့ မြန်မာပြည်တွင်လည်း မြန်မာပြည်နိုင်ငံရေးလှုပ်ရှားမှုကို အခြေခံသည့် နိုင်ငံရေးမျိုးဆက် သတ်မှတ်မှုကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်ကတည်းက နယ်ချဲ့လက်အောက်ခံမှ လွတ်မြောက်ရေးအတွက် လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် နိုင်ငံရေးမျိုးဆက်များ ပေါ်ပေါက်လာသည်ကို တွေ့ရ၏။
မြန်မာပြည် နိုင်ငံရေးမျိုးဆက်သတ်မှတ်မှုမှာ နိုင်ငံတကာ မျိုးဆက်သတ်မှတ်သကဲ့သို့ မွေးဖွားသည့်ခုနှစ်ကို အခြေခံ၍ သတ်မှတ်ခြင်း မဟုတ်ဘဲ စတင်ပါဝင်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုဖြစ်ပွားသည့်ခုနှစ်ကို အခြေခံ၍ သတ်မှတ်ခြင်းဖြစ်သည်။
အဆိုပါ လွတ်လပ်ရေးကြိုးပမ်းရာတွင် အဓိကပါဝင်ကြသည့် မျိုးဆက်များသည် လွတ်လပ်ရေးရပြီး မြန်မာပြည်တွင် ဆက်လက် ဦးဆောင်ခွင့်ရခဲ့၏။ ကံမကောင်းလှစွာသော မြန်မာပြည်ကြီးတွင် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ဖြစ်ပွားခြင်း၊ စစ်တပ်အာဏာသိမ်းခြင်းတို့ ကြုံရပြီး ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုများသည် ၁၉၆၂ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့ကာလအထိဖြစ်သည်။
တပြည်လုံးနိုင်ငံရေးကို ရိုက်ခတ်မှုရှိခဲ့သည့်၊ လူထုပါဝင်မှုရှိသည့်၊ မြန်မာပြည်နိုင်ငံရေးတွင် အရေးပါသည့် နိုင်ငံရေးလှုပ်ရှားမှုများကို တန်းစီပြောရလျှင်
၁။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက် အရေးတော်ပုံ၊
၂။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးလှုပ်ရှားမှု၊
၃။ ၁၉၆၆ ခုနှစ် ဆန်လုပွဲ၊
၄။ ၁၉၆၇ ခုနှစ် တရုတ်-ဗမာအရေးအခင်း၊
၅။ ၁၉၆၉ ခုနှစ် ကျွန်းဆွယ်အရေးအခင်း၊
၆။ ၁၉၇၄ ခုနှစ်၊ ဇွန်လ အလုပ်သမားအရေးအခင်း၊
၇။ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ဦးသန့်အရေးအခင်း၊
၈။ ၁၉၇၅ ခုနှစ်၊ ဇွန်လ တက္ကသိုလ်များ အထွေထွေသပိတ်၊
၉။ ၁၉၇၆ ခုနှစ်၊ မတ်လ မှိုင်းရာပြည့်၊
၁၀။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ၊
၁၁။ ၁၉၉၆/၁၉၉၇ ခုနှစ် နိုင်ငံရေးလှုပ်ရှားမှု၊
၁၂။ ၂၀၀၃ ခုနှစ်၊ မေလ ဒီပဲယင်းအရေးအခင်း၊
၁၃။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၊
၁၄။ ၂၀၁၅ လက်ပံတန်း ကျောင်းသားသပိတ်၊
၁၅။ ၂၀၂၁ နွေဦးတော်လှန်ရေး ဟူ၍ တွေ့မြင်ရမည်ဖြစ်၏။
အထက်ပါ နိုင်ငံရေးလှုပ်ရှားမှုများကို ခေတ်ကာလအပိုင်းအလိုက် အခြေခံအား ပိုင်းခြားပြောရမည်ဆိုလျှင် ၁၉၆၂၊ ၁၉၆၃၊ ၁၉၆၆၊ ၁၉၆၇ လှုပ်ရှားမှုများအား ၁၉၆၂ နိုင်ငံရေးလှုပ်ရှားမှု၊ ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ လှုပ်ရှားမှုများအား ၁၉၇၄/၁၉၇၅ နိုင်ငံရေးလှုပ်ရှားမှု၊ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၃၊ ၂၀၀၇ နိုင်ငံရေးလှုပ်ရှားမှုများအား ၁၉၈၈ နိုင်ငံရေးလှုပ်ရှားမှုနှင့် ၂၀၁၅၊ ၂၀၂၁ နိုင်ငံရေးလှုပ်ရှားမှုများအား ၂၀၂၁ ခုနှစ် နိုင်ငံရေးလှုပ်ရှားမှုဟူ၍ လေးပိုင်းခွဲခြားနိုင်ပါမည်။
ဤလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့်အပေါ် အခြေခံ၍ ၆၂ မျိုးဆက်၊ ၇၄/၇၅ မျိုးဆက်၊ ၈၈ မျိုးဆက်နှင့် ၂၁ မျိုးဆက်ဟူ၍ မြန်မာပြည်နိုင်ငံရေးမျိုးဆက်များ ပေါ်ထွက်လာသည်ဟု ဆိုနိုင်ပါသည်။
ဤလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့်အပေါ် အခြေခံ၍ ၆၂ မျိုးဆက်၊ ၇၄/၇၅ မျိုးဆက်၊ ၈၈ မျိုးဆက်နှင့် ၂၁ မျိုးဆက်ဟူ၍ မြန်မာပြည်နိုင်ငံရေးမျိုးဆက်များ ပေါ်ထွက်လာသည်ဟု ဆိုနိုင်ပါသည်။
အဆိုပါ မြန်မာပြည် နိုင်ငံရေးလှုပ်ရှားမှုများကို ပိုင်းခြားသုံးသပ်ကြည့်ပါက နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ကြသည့် အခြေခံအင်အားစုများမှာ ကျောင်းသားနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဖြစ်ကြ၏။
၁၉၆၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ နိုင်ငံရေးလှုပ်ရှားမှုများ၏ နိုင်ငံရေးအခြေခံမှာ စစ်အာဏာရှင်စနစ် ဖယ်ရှားရေးဖြစ်သည်။ လှုပ်ရှားမှုတခုချင်းစီ၏ ရည်ရွယ်ချက်နှင့်လှုပ်ရှားပုံ ကွာခြားမှုများရှိသော်လည်း အခြေခံကမူ တခုတည်းဖြစ်၏။
အဆိုပါ အခြေခံနိုင်ငံရေးလှုပ်ရှားမှု လေးခုကို ပိုင်းခြားကြည့်ပါက အောက်ပါအတိုင်း တွေ့ရသည်။
က။ ၁၉၆၂ ခုနှစ် နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ကြသည့် အခြေခံအင်အားစုသည် ကျောင်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဖြစ်သည်။ အဆိုပါလှုပ်ရှားမှုတွင် လက်ဝဲဝါဒ လွှမ်းမိုးမှုရှိ၏။
ခ။ ၁၉၇၄/၁၉၇၅ လှုပ်ရှားမှုတွင် ကျောင်းသားနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပြင် အလုပ်သမားများ တိုက်ပွဲအတွင်း ပါဝင်လာပါသည်။ ထို့ပြင် ရန်ကုန်၊ မန္တလေး မြို့ပြလူထုအချို့ စပြီးပါဝင်လာသည်။ အဆိုပါ လှုပ်ရှားမှုများတွင် လက်ဝဲဝါဒ အားကောင်းဆဲဖြစ်သော်လည်း လစ်ဘရယ်ဒီမိုကရေစီ အယူအဆရှိသည့် အင်အားစုများလည်း ပါဝင်လာသည်။
ဂ။ ၁၉၈၈ လှုပ်ရှားမှုတွင် ကျောင်းသား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အလုပ်သမားများအပြင် အမှုထမ်း၊ အရာထမ်းများ၊ ရန်ကုန်၊ မန္တလေးအပြင် နယ်မြို့များမှ မြို့ပြလူထုများ အတော်များများ ပါဝင်လာသည်ကို တွေ့ရ၏။ အဆိုပါလှုပ်ရှားမှုတွင် လက်ဝဲအင်အားစုများ အင်အားတရပ်အနေနှင့် ပါဝင်မှုရှိသေးသော်လည်း လစ်ဘရယ်ဒီမိုကရေစီ ပို၍အားကောင်းလာသည်ကို တွေ့မြင်ရသည်။
ဃ။ ၂၀၂၁ ခုနှစ် လှုပ်ရှားမှုတွင် ယခင်လှုပ်ရှားမှုများနှင့် မတူတာသည်မှာ ကျောင်းသား၊ တက်ကြွလှုပ်ရှားသူ၊ အလုပ်သမားများ၊ အမှုထမ်း အရာထမ်းများ၊ မြို့ပြလူထုများအပြင် ကျေးလက်ဒေသမှ လယ်သမားများနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးများ ပါဝင်လာသည်ကို တွေ့ရ၏။ ဤလှုပ်ရှားမှုတွင် လစ်ဘရယ်ဒီမိုကရေစီ အယူဝါဒနှင့်အတူ ဖက်ဒရေယ်အယူအဆ လွှမ်းမိုးသည်ကို တွေ့ရသည်။ ထို့ပြင် လက်ဝဲအင်အားစုအသစ်များ ပြန်လည် ပေါ်ထွန်းလာသည်ကို တွေ့ရသည်။
အဆိုပါ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ကြည့်ပါက ၁၉၆၂ ခုနှစ်နှင့် ၁၉၇၄/၁၉၇၅ ခုနှစ်တို့တွင် လူ့အလွှာအနည်းငယ်ကသာ ပါဝင်ခဲ့ကြ၏။ ၁၉၈၈ ခုနှစ်တွင် အလွှာစုံက ပါဝင်လာသည်ကို တွေ့ရပြီး ၂၀၂၁ တွင် ပို၍အလွှာစုံလာသည်ဟု ဆိုရပါမည်။
အဆိုပါ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ကြည့်ပါက ၁၉၆၂ ခုနှစ်နှင့် ၁၉၇၄/၁၉၇၅ ခုနှစ်တို့တွင် လူ့အလွှာအနည်းငယ်ကသာ ပါဝင်ခဲ့ကြ၏။ ၁၉၈၈ ခုနှစ်တွင် အလွှာစုံက ပါဝင်လာသည်ကို တွေ့ရပြီး ၂၀၂၁ တွင် ပို၍အလွှာစုံလာသည်ဟု ဆိုရပါမည်။
အဆိုပါ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် မျိုးဆက်များထဲမှ ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၈၈၊ ၂၀၂၁ ခုနှစ် မျိုးဆက်အားလုံးထဲမှ လက်ဝဲအင်အားစုအများစု လက်နက်ကိုင်တော်လှန်ရေးသို့ ကူးပြောင်းသည်ကို တွေ့ရ၏။ ကွန်မြူနစ်ပါတီတပ်သို့ ရောက်ကြသည်။ ၂၀၂၁ တွင် ပြန်လည်ဖွဲ့စည်းကြသည်။
လစ်ဘရယ်ဒီမိုကရေစီအင်အားစုမှ အင်အားများမှာ ၁၉၆၂ ခုနှစ်တွင် လက်နက်ကိုင်ပုန်ကန်မှုသို့ ကူးပြောင်းသူ မရှိပါ။ ၁၉၇၅ ခုနှစ်တွင် အနည်းငယ်ရှိပြီး ပါလီမန်ဒီမိုကရေစီပါတီ (ပဒပ) သို့ ရောက်ရှိကြကာ ၁၉၈၈ ခုနှစ်တွင် ထောင်ဂဏန်းနှင့်ချီ၍ လက်နက်ကိုင်တော်လှန်ရေးသို့ ရောက်ကြ၏။ ကျောင်းသားတပ်မတော် ABSDF အဖြစ် သီးခြားဖွဲ့စည်းခဲ့ကြသည်။
၂၀၂၁ ခုနှစ်တွင် လက်နက်ကိုင်ကြသူအများစုမှာ လစ်ဘရယ်ဒီမိုကရေစီအင်အားစုများ ဖြစ်ကြ၏။ အများစုမှာ PDF အဖြစ် ရပ်တည်ကြပြီး အနည်းစုမှာ သီးခြားအဖွဲ့အစည်းများအဖြစ် ရပ်တည်ကြသည်။
ပထမ မျိုးဆက်သုံးခုအနက် တိုင်းရင်းသားလူမျိုး ပါဝင်မှု နည်းပါးသော်လည်း ပါဝင်သူအချို့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းသို့ ရောက်သွားကြ၏။ ၂၀၂၁ ခုနှစ် မျိုးဆက်တွင် တိုင်းရင်းသားလူမျိုး ပါဝင်မှု များပြားပြီး အားလုံး လက်နက်ကိုင်တော်လှန်ရေးသို့ ကူးပြောင်းသွားကြသည်။
နိုင်ငံတကာ မျိုးဆက်စံနှုန်းနှင့် တွဲဖက်ကြည့်ပါက မြန်မာပြည်နိုင်ငံရေး ၁၉၆၂ မျိုးဆက်သည် The Silent Generation ဖြစ်ပြီး ၁၉၇၄/၇၅ မျိုးဆက်သည် Baby Boomers များ ဖြစ်၏။ ၈၈ မျိုးဆက်သည် Generation X (Gen X) ဖြစ်ကြပြီး ၂၀၂၁ မျိုးဆက်သည် Generation Z (Gen Z) ဖြစ်သည်ဟု ဆိုရပါမည်။
နိုင်ငံတကာ မျိုးဆက်စံနှုန်းနှင့် တွဲဖက်ကြည့်ပါက မြန်မာပြည်နိုင်ငံရေး ၁၉၆၂ မျိုးဆက်သည် The Silent Generation ဖြစ်ပြီး ၁၉၇၄/၇၅ မျိုးဆက်သည် Baby Boomers များ ဖြစ်၏။ ၈၈ မျိုးဆက်သည် Generation X (Gen X) ဖြစ်ကြပြီး ၂၀၂၁ မျိုးဆက်သည် Generation Z (Gen Z) ဖြစ်သည်ဟု ဆိုရပါမည်။

၂၀၂၁ နိုင်ငံရေးမျိုးဆက်
စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသည့် နိုင်ငံရေးမျိုးဆက်များအားလုံး အခြေခံတူသည်မှာ အာဏာရှိသူများ၏ အထုအထောင်းခံရခြင်းဖြစ်၏။ လက်နက်ကိုင်တိုက်သည်ဖြစ်စေ၊ ထောင်တွင်း၌ဖြစ်စေ အသက်နှင့် ရင်းခဲ့ရခြင်းဖြစ်သည်။ မြန်မာပြည် နိုင်ငံရေးမျိုးဆက် အားလုံးသည် စစ်အာဏာရှင်စနစ်၏ ပြင်းထန်သည့်ဖိနှိပ်မှုကို အံတုခဲ့ကြရသည်သာဖြစ်သည်။
၁၉၆၂ ခုနှစ်နောက်ပိုင်း နိုင်ငံရေးမျိုးဆက် အားလုံးသည် အခြေခံအားဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသည့် မတူသည့်အခြေအနေများကြောင့် တထပ်တည်း မကျနိုင်ကြပေ။ တိုက်ပွဲပုံသဏ္ဍာန်နှင့် နည်းပရိယာယ် မတူကြပေ။
အဆိုပါ မျိုးဆက်များထဲတွင် ထူးခြားသည်က ၂၀၂၁ မျိုးဆက်ဖြစ်၏။ ၂၀၂၁ မျိုးဆက်သည် ယခင် မျိုးဆက်သုံးခုထက် နည်းပညာနှင့် ပတ်သက်၍ ယဉ်ပါးသည်။ အသိအမြင် မြင့်မားသည်။ ၂၀၂၁ နိုင်ငံရေးမျိုးဆက်တွင် ယခင်မျိုးဆက်သုံးခု၌ အားနည်းခဲ့သည့် လယ်သမားနှင့် တိုင်းရင်းသားလူမျိုးများ အင်နှင့်အားနှင့်ပါသည်။ ထို့ကြောင့်လည်း လက်နက်ကိုင်တော်လှန်ပုန်ကန်မှုအတွက် ရေခံမြေခံ ကောင်းသွားခြင်းဖြစ်သည်။
မျိုးဆက်ဆိုသည်မှာ
မျိုးဆက်များဟု ဆိုကြသော်လည်း မျိုးဆက်တခုတည်းတွင် တူညီမှုရှိသကဲ့သို့ ကွဲလွဲမှုလည်းရှိ၏။ မျိုးဆက်တခုတွင် အတူတကွ ပါဝင်ခဲ့ကြသည်ဆိုသော်လည်း မူရင်းလာခဲ့ကြသည့် မတူသည့် လူတန်းစား၊ လူ့အလွှာ၊ နိုင်ငံရေးလေ့လာမှု၊ နိုင်ငံရေးခံယူမှုနှင့် နိုင်ငံရေးအမြင်၊ နိုင်ငံရေးအရ ပါဝင်ဖြတ်သန်းခဲ့သည့် အတွေ့အကြုံကွဲပြားမှု၊ ပြောင်းလဲနေသည့် အခြေအနေများကို ထိတွေ့ကြည့်မြင်သုံးသပ်ရာတို့တွင် ကွဲပြားမှုရှိကြသည်။
မတူသည့်မျိုးဆက်များကြားတွင်လည်း မတူသည့် ဖြတ်သန်းမှုနှင့် မတူသည့် အတွေ့အကြုံများ ရှိကြပါ၏။ မျိုးဆက်တခုအတွက် အရေးကြီးသည်မှာ ကိုယ့်ရှေ့က မျိုးဆက်နှင့်သော်လည်းကောင်း၊ ကိုယ့်နောက်က မျိုးဆက်များနှင့်သော်လည်းကောင်း ဆက်စပ်နိုင်ရန် အရေးကြီးသည်။
မတူသည့်မျိုးဆက်များကြားတွင်လည်း မတူသည့် ဖြတ်သန်းမှုနှင့် မတူသည့် အတွေ့အကြုံများ ရှိကြပါ၏။ မျိုးဆက်တခုအတွက် အရေးကြီးသည်မှာ ကိုယ့်ရှေ့က မျိုးဆက်နှင့်သော်လည်းကောင်း၊ ကိုယ့်နောက်က မျိုးဆက်များနှင့်သော်လည်းကောင်း ဆက်စပ်နိုင်ရန် အရေးကြီးသည်။
ထို့ပြင် အခြေအနေ အချိန်အခါကိုလိုက်ပြီး နိုင်ငံရေးအမြင်ရပ်တည်ချက်၊ သဘောထားများ ယခင်နှင့်မတူ ပြောင်းလဲတတ်ကြတာလည်းရှိသည်။
အချို့ပြဿနာမှာ နည်းပရိယာယ်၊ မူဝါဒကွဲပြားမှုသာဖြစ်သော်လည်း အချို့ပြဿနာမှာ ရပ်တည်ချက်ပြဿနာ၊ မူဝါဒပြဿနာဖြစ်တတ်သည်။ ဤပြဿနာကို ခေတ်အဆက်ဆက်၊ မျိုးဆက်အဆက်ဆက်တွင် တွေ့ရမြဲဖြစ်၏။
နိဂုံး
ယနေ့ကာလတွင် ၁၉၆၂ မျိုးဆက်နှင့် ၁၉၇၄/၁၉၇၅ မျိုးဆက်များကမူ အများစု မရှိနိုင်ကြတော့ဘဲ ရှိသေးသူများကလည်း အနည်းငယ်မျှသာဖြစ်ပြီး အသက်အရွယ်အရ ၇၀ တန်း၊ ၈၀ တန်းများဖြစ်၏။ လုပ်နိုင်ကိုင်နိုင်ကြသည့် အရွယ်များ မဟုတ်ကြတော့။
လက်ရှိ နိုင်ငံရေးလှုပ်ရှားမှုတွင် အဓိကအခန်းမှ ပါဝင်နေကြသူများမှာ ၂၀၂၁ မျိုးဆက်များဖြစ်၏။ အသက် ၅၅ နှင့် ၆၀ ကြားတွင်ရှိသည့် ၈၈ မျိုးဆက်များသည်လည်း လုပ်နိုင်ကိုင်နိုင်ရှိဆဲဖြစ်သည်ကို တွေ့ရသည်။
နိုင်ငံရေးမျိုးဆက်တခုတွင် ခေတ်အခါလိုက် ပါဝင်ခဲ့ဖူး၍ နိုင်ငံရေးမျိုးဆက်အဖြစ် သတ်မှတ်၍ရပါသည်။ သို့သော် မျိုးဆက်ဟောင်းများသည်လည်း ရပ်တည်ချက် ခိုင်မာရန် လို၏။ အစဉ်အလာကောင်းများကို ဆက်လက် သယ်ဆောင်ရန်လို ၏။ ဆက်လက် ထိန်းသိမ်းရန် လို၏။ မျိုးဆက်သစ်များကို လေးစားရန် လို၏။ မျိုးဆက်သစ်များနှင့် ပေါင်းစပ်နိုင်ရန် လိုပေသည်။ သို့မှ မျိုးဆက်တရပ်၏ အစဉ်အလာကို ထိန်းသိမ်းထားနိုင်မည်။
နိုင်ငံရေးမျိုးဆက်တခုတွင် ခေတ်အခါလိုက် ပါဝင်ခဲ့ဖူး၍ နိုင်ငံရေးမျိုးဆက်အဖြစ် သတ်မှတ်၍ရပါသည်။ သို့သော် မျိုးဆက်ဟောင်းများသည်လည်း ရပ်တည်ချက် ခိုင်မာရန် လို၏။ အစဉ်အလာကောင်းများကို ဆက်လက် သယ်ဆောင်ရန်လို ၏။ ဆက်လက် ထိန်းသိမ်းရန် လို၏။ မျိုးဆက်သစ်များကို လေးစားရန် လို၏။ မျိုးဆက်သစ်များနှင့် ပေါင်းစပ်နိုင်ရန် လိုပေသည်။ သို့မှ မျိုးဆက်တရပ်၏ အစဉ်အလာကို ထိန်းသိမ်းထားနိုင်မည်။
သို့မဟုတ်ဘဲ နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲသွားပါက၊ မျိုးဆက်သစ်များနှင့် ပေါင်းစပ်နိုင်ခြင်းမရှိပါက၊ ရပ်တည်ချက်နှင့် အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း မရှိပါက နိုင်ငံရေးမျိုးဆက်အဖြစ်မှ နိုင်ငံရေးမျိုးပျက်ဖြစ်ပြီး ဇာတ်သိမ်းသွားနိုင်ပါသည်။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
နွေဦးတော်လှန်ရေး တတိယပိုင်း စပြီ
နွေဦးတော်လှန်ရေးအတွက် “၈၈” မှ သင်ခန်းစာများ
တယောက်တပေါက်လုပ်နေသမျှ ဘာတော်လှန်ရေးမှအောင်မှာမဟုတ်ဘူး (ရုပ်/သံ)
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း
နွေဦးလက်နက်ကိုင်တော်လှန်ရေးနှင့် PDF များ၏ နေရာ













