• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

နွေဦးအင်အားစုများ လျှောက်ရမည့်လမ်း

by ဇေယျ (အညာ)
27 September 2025
in သူ့အတွေး သူ့အမြင်
A A
နွေဦးအင်အားစုများ လျှောက်ရမည့်လမ်း

မန္တလေး PDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၇ သင်တန်းဆင်းပွဲ

971
VIEWS
Share on FacebookShare on Twitter

၂၀၂၅ ခုနှစ်အတွင်း မြန်မာစစ်တပ်က တရုတ်၏ ထောက်ခံအားပေးမှုဖြင့် ရွေးကောက်ပွဲဆိုသည်ကို ပြုလုပ်ရန် ပြင်ဆင်လာသည်ကို တွေ့ရသည်။ ဤအခြေအနေတွင် အချို့အချို့သူများသည် စစ်တပ်က နိုင်ငံရေးရွှေ့ပြောင်းကစားကွက် ဖော်နေချိန်တွင် နွေဦးအင်အားစုများသည်လည်း အပြောင်းအလဲ လုပ်သင့်သည်ဟု ဆိုနေသည်ကို တွေ့ရသည်။

ထိုသူတို့ ရည်ညွှန်းသည်မှာ စစ်ကော်မရှင် (စကမ) အုပ်စုက ထွက်ပေါက်ရှာသည်ဟူ၍ ဖြစ်သည်။ လက်ရှိ စကမ၏ ရွေးကောက်ပွဲသည် အပြောင်းအလဲတခုကို အမှန်တကယ် ရည်ညွှန်းပါသလား၊ စကမ အုပ်စု၏ လိမ်လည်လှည့် ဖြားခြင်းလား ဆိုသည်ကို ဝေဖန်ပိုင်းခြားသုံးသပ်ရန် လိုအပ်ပါသည်။

စကမ စစ်အုပ်စု၏ ရွေးကောက်ပွဲသည် တိုင်းပြည်တခုလုံး တည်ငြိမ်မှုမရှိသည့်အခြေအနေတွင် ပြုလုပ်သည့် ရွေးကောက်ပွဲဖြစ်၏။ လက်တွေ့တွင် မြို့နယ် ၅၆ မြို့နယ်၌ ရွေးကောက်ပွဲ မလုပ်နိုင်ဟု စကမ က တရားဝင် ကြေညာထားသည်။ ကြေညာခြင်း မပြုသော်လည်း စကမ အုပ်စုက ထိန်းချုပ်နိုင်ခြင်း မရှိသည့် မြို့နယ်များစွာ ကျန်သေးသည်။

စကမ စစ်အုပ်စု၏ ရွေးကောက်ပွဲသည် တိုင်းပြည်တခုလုံး တည်ငြိမ်မှုမရှိသည့်အခြေအနေတွင် ပြုလုပ်သည့် ရွေးကောက်ပွဲဖြစ်၏။ လက်တွေ့တွင် မြို့နယ် ၅၆ မြို့နယ်၌ ရွေးကောက်ပွဲ မလုပ်နိုင်ဟု စကမ က တရားဝင် ကြေညာထားသည်။ ကြေညာခြင်း မပြုသော်လည်း စကမ အုပ်စုက ထိန်းချုပ်နိုင်ခြင်း မရှိသည့် မြို့နယ်များစွာ ကျန်သေးသည်။

ထို့ပြင် စကမ က မြို့ပေါ်တွင် ထိန်းချုပ်နိုင်သော်လည်း ကျေးရွာနယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခြင်း မရှိသည့် မြို့များလည်းရှိသေးသည်။ ထို့ပြင် တပြည်လုံးတွင် စစ်ရေးအရ ပြင်းပြင်းထန်ထန် တိုက်ပွဲများလည်း ဖြစ်ပွားနေရာ ယခု စကမ ပြုလုပ်သည့် ရွေးကောက်ပွဲသည် တပြည်လုံးပြည်သူများ၏ ဆန္ဒနှင့်သဘောထားကို အမှန်တကယ် ဖော်ပြနိုင်ခြင်း မရှိပေ။

ယခု ရွေးကောက်ပွဲပြုလုပ်မည့်အချိန်တွင် မြို့နယ် ၆၃ မြို့နယ်၌ စစ်အုပ်ချုပ်ရေး ကြေညာထား၏။ စစ်အုပ်ချုပ်ရေး မကြေညာထားသည့် မြို့နယ်များတွင်လည်း လူတဦးအား ဖမ်းဆီးလိုပါက မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ဝရမ်းမလိုအပ်ဘဲ ဖမ်းဆီးနိုင်သည်။ နိုင်ငံသားအခွင့်အရေးများ ရုပ်သိမ်းခံထားရ၏။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်မရှိ။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဝေဖန်မိပါက ဖမ်းဆီးထောင်ချခြင်းခံရမည်။

ထို့ကြောင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ဖြစ်စေ၊ ရွေးကောက်ပွဲကော်မရှင်နှင့်ဖြစ်စေ ဝေဖန်သုံးသပ်ခွင့်မရှိ။ ဝေဖန်သုံးသပ်ရဲသူများကို အသက်မပြည့်သေးသူများအပါအဝင် ဖမ်းဆီးထောင်ချနေသည်။

ရွေးကောက်ပွဲပြုလုပ်သည့်အချိန်တွင် တပြည်လုံး၌ နိုင်ငံရေးအကျဉ်းသား ၂ သောင်းကျော် ဖမ်းဆီးအကျဉ်းကျခံထားရ၏။ တပြည်လုံးအနှံ့ လူနေရပ်ကွက်၊ စာသင်ကျောင်း၊ ဆေးရုံမကျန် စကမ က လေယာဉ်ဖြင့် ဗုံးကြဲပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ပြုလုပ်နေ၏။ သို့ဖြစ်ရာ စကမ၏ ရွေးကောက်ပွဲသည် ယုံကြည်ဖွယ်ရာ မရှိသကဲ့သို့ ရွေးကောက်ပွဲသည် လက်ရှိ မြန်မာပြည်ပြဿနာကို ဖြေရှင်းနိုင်ခြင်းလည်း မရှိပေ။

ရန်ကုန်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြကြစဉ် / ဧရာဝတီ

ရွေးကောက်ပွဲနှင့် အမျိုးသားရင်ကြားစေ့ရေး

ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် စကမကို ထွက်ပေါက်ဖွင့်ရန် ကြိုးစားသည်ဟု အများက သတ်မှတ်သုံးသပ်ထားကြသည့် တရုတ်ပြည်သည်ပင် ၎င်းတို့၏ တရားဝင်ပြောဆိုချက်များတွင် ရွေးကောက်ပွဲသည် မြန်မာ့ပြည်တွင်းရေးသာဖြစ်သည်ဟု ရည်ညွှန်းလေ့ရှိပြီး ရွေးကောက်ပွဲအပြီး အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ် စတင်ရန် လိုအပ်သည်ဟု ဆိုနေသည်ကို တွေ့ရသည်။

တရုတ်တို့၏ ပြောဆိုချက်သည် အာဆီယံနှင့် အများက သုံးသပ်ကြသည့် ‘ရွေးကောက်ပွဲသည် အဖြေမဟုတ်’ ဆိုသည်ကို ငြင်းဆန်ခြင်းမပြုဘဲ ရွေးကောက်ပွဲမှတဆင့် အဖြေရှာရေးလမ်းကြောင်းကို သွားနိုင်သည်ဆိုခြင်းကို ရည်ညွှန်းနေကြောင်း တွေ့ရသည်။

တရုတ်တို့၏ ပြောဆိုချက်သည် အာဆီယံနှင့် အများက သုံးသပ်ကြသည့် ‘ရွေးကောက်ပွဲသည် အဖြေမဟုတ်’ ဆိုသည်ကို ငြင်းဆန်ခြင်းမပြုဘဲ ရွေးကောက်ပွဲမှတဆင့် အဖြေရှာရေးလမ်းကြောင်းကို သွားနိုင်သည်ဆိုခြင်းကို ရည်ညွှန်းနေကြောင်း တွေ့ရသည်။

သို့ဖြစ်ရာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်ခေတ်ကဲ့သို့ အပြောင်းအလဲဖြစ်လာရန် ရည်ရွယ်သည်ဟု တရုတ်တို့ ဆိုလိုပုံရ၏။ ဤသို့သောအခြေအနေ ဖြစ်ပေါ်လာနိုင်သလော သုံးသပ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရ၏။

ပထမအချက်မှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အား အာဏာလွှဲပြောင်းပေးပြီးနောက် ဦးသန်းရွှေ အနားယူသကဲ့သို့ မင်းအောင်လှိုင်နှင့် သူလူများ အနားယူနိုင်သည့်အခြေအနေကို တွက်ချက်ကြည့်ပါက ယခုတိုင် ဖြစ်နိုင်ခြေနည်းသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတရာထူးကို ဆက်ယူမည်လော သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ကို အသုံးပြု၍ အခြားရာထူးတခုဖြင့် စစ်တပ်အာဏာကို ဆက်လက် ချုပ်ကိုင်မည်လောဆိုသည်သာ တွက်ချက်ရန် လိုပြီး မင်းအောင်လှိုင် လုံးဝအနားယူပြီး ဘေးထွက်အနားယူနိုင်ရန် ဖြစ်နိုင်ခြေနည်း၏။

ဒုတိယအချက်မှာ ရွေးကောက်ပွဲက တက်လာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) အသွင်ပြောင်းများသည်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးပြဿနာတွင် စစ်တပ်ကို ကျော်၍မရပေ။ လက်ရှိ စစ်တပ်အ‌နေဖြင့် ဆုံးရှုံးသွားသည့် နယ်မြေများကို အသိအမှတ်ပြုပြီး အပစ်ရပ်ရန် သဘောထား မရှိပေ။

ထို့ပြင် PDF နှင့် တိုင်းရင်းသားအဖွဲ့များကို အမြစ်ပြတ်ချေမှုန်းရန်သာ ရည်ရွယ်နေသည်ကို တွေ့မြင်နေရသည်။ တော်လှန်ရေးတပ်ဖွဲ့များကလည်း သိမ်းပိုက်ထားသည့်နယ်မြေများကို အလွယ်တကူ စွန့်လွှတ်မည် မဟုတ်သဖြင့် ငြိမ်းချမ်းရေးပြဿနာသည် လွယ်ကူမည် မဟုတ်ပေ။ အချို့အဖွဲ့များနှင့် နည်းပရိယာယ်အရ အပစ်ရပ်သည်ထက် ပိုမည်မဟုတ်ပေ။

ထို့ပြင် PDF နှင့် တိုင်းရင်းသားအဖွဲ့များကို အမြစ်ပြတ်ချေမှုန်းရန်သာ ရည်ရွယ်နေသည်ကို တွေ့မြင်နေရသည်။ တော်လှန်ရေးတပ်ဖွဲ့များကလည်း သိမ်းပိုက်ထားသည့်နယ်မြေများကို အလွယ်တကူ စွန့်လွှတ်မည် မဟုတ်သဖြင့် ငြိမ်းချမ်းရေးပြဿနာသည် လွယ်ကူမည် မဟုတ်ပေ။ အချို့အဖွဲ့များနှင့် နည်းပရိယာယ်အရ အပစ်ရပ်သည်ထက် ပိုမည်မဟုတ်ပေ။

တတိယအချက်မှာ ဤအခြေအနေတွင် စစ်တပ်သည် ဆုံးရှုံးသွားသည့်နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် စစ်ရေးအရ စစ်ရှိန်မြှင့်ပြီး ကြိုးစားမည်သာဖြစ်၏။ သို့သော် တပြည်လုံးရှိ နွေဦးအင်အားစုများ၊ တိုင်းရင်းသားတပ်ဖွဲ့များကို နှိမ်နင်းနိုင်သည့် အခြေအနေ စစ်တပ်တွင်မရှိရာ တပြည်လုံးအခြေအနေမှာ ဦးကနင်း၊ ပဲ့ကထောင်ဖြစ်ပြီး တပြည်လုံးစစ်ရေးအရ အရှိန်ကျသွားဖွယ်မရှိဘဲ ပိုမြင့်တက်လာဖွယ်သာရှိသည်။

စတုတ္ထအချက်မှာ ဤသို့သောအခြေအနေတွင် နိုင်ငံရေး၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လွယ်မည်မဟုတ်ပါ။

PDF နှင့် နွေဦးအင်အားစုများအား စစ်တပ်က လက်နက်ချရန်သာ လမ်းဖွင့်ပေးပြီး ဆွေးနွေးဖြေရှင်းရန် ငြင်းပယ်နေသည်/ New York Times

စစ်တပ်၏ နွေဦးအင်အားစုများအပေါ် သဘောထား

အဓိက အချက်အချာကျသည့် ပြဿနာမှာ စစ်တပ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF, နွေဦးအင်အားစုများနှင့် ဆွေးနွေးဖြေရှင်းရန် သဘောထားမရှိခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွင်း ဒီမိုကရေစီအရေး ခေါင်းစဉ်တပ်ပြီး PDF နှင့် နွေဦးအင်အားစုများကို လက်နက်ချရန် ကမ်းလှမ်းသည်မှာ နှစ်ကြိမ်ခန့်ရှိပြီဖြစ်သည်။

စစ်တပ်က PDF များအား လက်နက်ချရန် တောင်းဆိုခြင်း၏ အနှစ်သာအရမှာ စစ်တပ်က PDF များ၏ လုပ်ရပ်သည် မှားယွင်းသည်ဟု သဘောထားပြီး လက်နက်ချရန် ပြောခြင်းဖြစ်၏။ လက်နက်ချပါက အောက်ခြေပိုင်းသာ ခွင့်လွှတ်မည့်သဘောဖြစ်ပြီး ခေါင်းဆောင်ပိုင်းကို ကြီးလေးစွာ အပြစ်ပေးမည့်ပုံရှိသည်။

စစ်တပ်၏ သဘောထားသည် အထူးအဆန်း မဟုတ်ပေ။ ၂၀၁၅ ခုနှစ်ကလည်း အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့သုံးဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၄ အား လက်နက်စွန့်ရန် တောင်းဆိုခဲ့၏။ အပတ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးရန် ခွင့်မပြုခဲ့။ ဆွေးနွေးဖြေရှင်းရန် ငြင်းပယ်ခဲ့သည်။

စစ်တပ်၏ သဘောထားသည် အထူးအဆန်း မဟုတ်ပေ။ ၂၀၁၅ ခုနှစ်ကလည်း အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့သုံးဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၄ အား လက်နက်စွန့်ရန် တောင်းဆိုခဲ့၏။ အပတ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးရန် ခွင့်မပြုခဲ့။ ဆွေးနွေးဖြေရှင်းရန် ငြင်းပယ်ခဲ့သည်။

စစ်တပ်က လက်နက်စွန့်ရန်၊ လက်နက်အပ်ရန် တောင်းဆိုခံရသည့်၊ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းသည့် လမ်းကြောင်းမှ မြောက်ပိုင်းသုံးဖွဲ့အား ဖယ်ထုတ်ထားသည့်ကာလတွင် မြောက်ပိုင်းသုံးဖွဲ့ ပြုလုပ်သည်မှာ သူတို့၏ စစ်အင်အားကို ခိုင်မာကြီးထွားအောင် တည်ဆောက်ခြင်းဖြစ်သည်။

ထို့နောက် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန် ငြင်းပယ်ခဲ့သည့် စစ်တပ်ကို စစ်ရေးအရ အနိုင်တိုက်ခိုက်ခဲ့ကြ၏။ နယ်မြေအများအပြား သိမ်းပိုက်ခဲ့ကြ၏။ သို့ဖြစ်ရာ အောင်မြင်မှုများ ရရှိခဲ့သည့် မြောက်ပိုင်းသုံးဖွဲ့အား ဖယ်ထုတ် စဉ်းစား၍မရကြတော့။ ပြည်တွင်းသာမက နိုင်ငံတကာကလည်း ထိုသုံးဖွဲ့အား မြန်မာ့အရေးမှ ဖယ်ထုတ်ပြီး စဉ်းစား၍ မရကြတော့ပေ။ ထို့အတူ စစ်တပ်လည်း မလွှဲမရှောင်သာ တွေ့ဆုံဆွေးနွေးရတော့သည်ကို တွေ့မြင်ရ၏။

လက်ရှိကာလတွင်လည်း PDF နှင့် နွေဦးအင်အားစုများအား ဆွေးနွေးဖြေရှင်းရန် ငြင်းပယ်ထားပြီး လက်နက်ချရန် တောင်းဆိုနေသည့် စစ်တပ်ကို တုံ့ပြန်ရင်ဆိုင်ရန်မှာ PDF နှင့် နွေဦးအင်အားစုများအနေဖြင့် မိမိစစ်အင်အားကို ခိုင်မာကြီးထွားအောင်၊ စစ်တပ်ကို ချေမှုန်းနိုင်အောင် ကြံ့ကြံ့ခံ ကြိုးစားရုံမှအပ အခြားလမ်းမရှိပေ။

စစ်တပ်က လက်နက်ချရန်သာ လမ်းဖွင့်ပေးပြီး ဆွေးနွေးဖြေရှင်းရန် ငြင်းပယ်နေသည့်ကာလ၌ PDF နှင့် နွေဦးအင်အားစုများသည် မြောက်ပိုင်းသုံးဖွဲ့ကဲ့သို့ပင် ရွေးစရာ အခြားလမ်းမရှိပေ။ အချို့က စစ်တပ် ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် အသုံးချနေသည့်အချိန်တွင် PDF နှင့် နွေဦးအင်အားစုများသည် သင့်လျော်သည့် နည်းနာတခုကို ရွေးချယ်ရန်လိုအပ်ကြောင်း၊ စစ်တပ် ရွေးကောက်ပွဲကို နိုင်ငံတကာက တစတစ အသိအမှတ်ပြုသွားပါက ကျန်ရစ်နိုင်ကြောင်း ပြောဆိုနေသည်ကို တွေ့ရသည်။

တကယ်တမ်းတွင် ၂၀၂၅ ခုနှစ်၌ PDF နှင့် နွေဦးအင်အားစုများအတွက် ရင်ဆိုင်နေရသည့်အခြေအနေနှင့် ရွေးစရာလမ်းသည် ၂၀၁၅ ခုနှစ်က မြောက်ပိုင်းသုံးဖွဲ့ ရင်ဆိုင်ရသည့်အခြေအနေနှင့် ရွေးချယ်ရသည့် လမ်းကြောင်းနှင့် တထပ်တည်းဖြစ်နေပေသည်။ ဤအချက်သည် စစ်တပ်က နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန် ငြင်းပယ်ပြီး လက်နက်ချရန် တောင်းဆို၍ ဖြစ်၏။

တကယ်တမ်းတွင် ၂၀၂၅ ခုနှစ်၌ PDF နှင့် နွေဦးအင်အားစုများအတွက် ရင်ဆိုင်နေရသည့်အခြေအနေနှင့် ရွေးစရာလမ်းသည် ၂၀၁၅ ခုနှစ်က မြောက်ပိုင်းသုံးဖွဲ့ ရင်ဆိုင်ရသည့်အခြေအနေနှင့် ရွေးချယ်ရသည့် လမ်းကြောင်းနှင့် တထပ်တည်းဖြစ်နေပေသည်။ ဤအချက်သည် စစ်တပ်က နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန် ငြင်းပယ်ပြီး လက်နက်ချရန် တောင်းဆို၍ ဖြစ်၏။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
141
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
475
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
99

သို့ဖြစ်ရာ PDF နှင့် နွေဦးအင်အားစုများအနေဖြင့် မြောက်ပိုင်းသုံးဖွဲ့က မိမိတပ်အင်အားကို တောင့်တင်းခိုင်မာအောင် တည်ဆောက်ပြီး စစ်တပ်ကို အထိနာအောင်ချေမှုန်းသည့် လမ်းကြောင်းမျိုးကိုသာ ရွေးချယ်စရာ ရှိသည်။

ဤလမ်းကြောင်းကို မဖြစ်မနေ ရွေးချယ်ခဲ့ရ၍ မြောက်ပိုင်းသုံးဖွဲ့အား ပြည်တွင်းနိုင်ငံရေးမှ ဖယ်ထုတ်၍မရသကဲ့သို့ နိုင်ငံတကာကလည်း ဖယ်ထုတ်စဉ်းစား၍ မရပေ။ ထို့အတူ စစ်တပ်ကလည်း နောက်ဆုံး ဆွေးနွေးရန် သဘောတူခဲ့ရသည်သာဖြစ်သည်။

လက်ရှိကာလတွင်လည်း PDF နှင့် နွေဦးအင်အားစုများအနေဖြင့် မိမိအင်အား တည်ဆောက်ပြီး စစ်ရေးအစွမ်းအစပြရန် လမ်းကြောင်းတခုသာ ရှိသကဲ့သို့ ထိုလမ်းကြောင်းကို ကောင်းစွာ တည်ဆောက်နိုင်သည့် စစ်အင်အား၊ ဘဏ္ဍာရေး၊ နယ်မြေ၊ လူထုထောက်ခံမှုတို့တွင် ၂၀၁၅ ခုနှစ်က မြောက်ပိုင်းသုံးဖွဲ့ထက်ပင် အခြေအနေ အချက်အလက်သာသည်ကို တွေ့မြင်ရသည်။

စစ်တပ်က PDF များ၊ နွေဦးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် သဘောထားမရှိဘဲ လက်နက်ချခိုင်းနေသည့်အပြင် တော်လှန်ရေးအင်အားစုများအား အမြစ်ပြတ်ချေမှုန်းရန်သာ လုပ်ဆောင်နေသည့်အချိန်တွင် PDF နှင့် နွေဦးအင်အားစုများအတွက် မိမိ စစ်အင်အားကို တောင့်တင်းခိုင်မာအောင် တည်ဆောက်ရန်မှအပ အခြားမရှိပေ။

စစ်ရေးဆိုသည်မှာ နိုင်ငံရေး၏ အဆက်ဖြစ်၏။ နိုင်ငံရေးအရ ဖြေရှင်း၍မရလျှင် စစ်ရေးသည် ထိပ်ရောက်လာတတ်သည်မှာ ရှောင်လွှဲ၍ မရပေ။ ဤလမ်းကို စစ်တပ်က ချောင်ပိတ်၍ သတ်မှတ်ခြင်းသာ ဖြစ်ပေသည်။ မြန်မာပြည်နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်းရန် စစ်တပ်က ငြင်းပယ်ခြင်းသာဖြစ်၏။

စစ်ရေးဆိုသည်မှာ နိုင်ငံရေး၏ အဆက်ဖြစ်၏။ နိုင်ငံရေးအရ ဖြေရှင်း၍မရလျှင် စစ်ရေးသည် ထိပ်ရောက်လာတတ်သည်မှာ ရှောင်လွှဲ၍ မရပေ။ ဤလမ်းကို စစ်တပ်က ချောင်ပိတ်၍ သတ်မှတ်ခြင်းသာ ဖြစ်ပေသည်။ မြန်မာပြည်နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်းရန် စစ်တပ်က ငြင်းပယ်ခြင်းသာဖြစ်၏။

ရန်သူက သူ၏အလုပ်ကို ပြတ်ပြတ်သားသား လုပ်နေချိန်တွင် နွေဦးအင်အားစုများအနေဖြင့်လည်း စစ်ရေးအရ မိမိလုပ်ရမည့်အလုပ်ကို တွေဝေယိမ်းယိုင်ခြင်း၊ တွန့်ဆုတ်ခြင်းမရှိဘဲ ပြတ်ပြတ်သားသား လုပ်ဆောင်ရန် လိုအပ်ပေလိမ့်မည်။ နွေဦးအင်အားစုများအတွက် အခြားရွေးချယ်စရာ မရှိပေ။

(ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူတဦးဖြစ်သည်။)

You may also like these stories:

နွေဦးတော်လှန်ရေး တတိယပိုင်း စပြီ

နွေဦးတော်လှန်ရေး လက်နက်ခဲယမ်းပြဿနာနှင့် မှောင်ခိုဈေးကွက်

စကမ ရွေးကောက်ပွဲနှင့် တရုတ်သဘောထား

နွေဦးတော်လှန်ရေးအတွက် “၈၈” မှ သင်ခန်းစာများ

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

မြန်မာနှင့် ဟောကိန်းများ အန္တရာယ်

Your Thoughts …
Tags: NUGPDFSliderUSDPစစ်ကော်မရှင်စစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုနွေဦးတော်လှန်ရေးပြည်တွင်းစစ်ရွေးကောက်ပွဲလေကြောင်းတိုက်ခိုက်မှုအပစ်အခတ်ရပ်စဲရေးအမျိုးသားရင်ကြားစေ့ရေး
ဇေယျ (အညာ)

ဇေယျ (အညာ)

ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူ ဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
စစ်တပ်ရွေးကောက်ပွဲက ကရင်ပြည်နယ်တွင်း အခြေအနေပိုရှုတ်ထွေးစေနိုင်

စစ်တပ်ရွေးကောက်ပွဲက ကရင်ပြည်နယ်တွင်း အခြေအနေပိုရှုတ်ထွေးစေနိုင်

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved