နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၏ လက်နက်ကိုင်တော်လှန်ရေးတွင် အဓိက ဖြေရှင်းနေရသည့် ပြဿနာမှာ လက်နက်ခဲယမ်းပြဿနာ ဖြစ်၏။ မြန်မာစစ်တပ်ကို အကူအညီပေးနေသည့် တရုတ်တို့၏ ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဩဂုတ်လအတွင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အား လက်နက်ခဲယမ်းအကူအညီ၊ ငွေကြေးအကူအညီများ ပေးတော့မည်မဟုတ်ဟု ထုတ်ဖော်ပြောကြားသည်ကို တွေ့ရ၏။
ဤအချက်သည် အဆိုပါသုံးဖွဲ့သာမက ကျန်နွေဦးတော်လှန်ရေးတပ်ဖွဲ့များအတွက်ပါ လက်နက်ခဲယမ်း ရရှိနိုင်သည့် ရေသောက်မြစ်တခု ပြတ်တောက်သွားခြင်း ဖြစ်သည်ဟု ဆိုရပါမည်။
နွေဦးတပ်ဖွဲ့များအတွက် ရရာလက်နက်ဖြင့် စစ်တပ်ကို ပုန်ကန်ခဲ့ကြပြီး လက်နက်ခဲယမ်းကို ရနိုင်သမျှနေရာများမှ လိုက်လံစုဆောင်းဝယ်ယူခြင်း၊ အကူအညီတောင်းခံခြင်း ပြုခဲ့ကြရာ UWSA သည်လည်း တဆင့်ခံ ရေသောက်မြစ်သာ ဖြစ်ခဲ့ပုံရ၏။
နွေဦးတပ်ဖွဲ့များအတွက် ရရာလက်နက်ဖြင့် စစ်တပ်ကို ပုန်ကန်ခဲ့ကြပြီး လက်နက်ခဲယမ်းကို ရနိုင်သမျှနေရာများမှ လိုက်လံစုဆောင်းဝယ်ယူခြင်း၊ အကူအညီတောင်းခံခြင်း ပြုခဲ့ကြရာ UWSA သည်လည်း တဆင့်ခံ ရေသောက်မြစ်သာ ဖြစ်ခဲ့ပုံရ၏။

လက်နက်ခဲယမ်းဈေးကွက်
စစ်ကော်မရှင် (စကမ) အုပ်စုအား မြန်မာပြည်အနှံ့ ပုန်ကန်တိုက်ခိုက်နေကြသည်ဖြစ်ရာ မြန်မာပြည်အတွင်း၌ လက်နက်ခဲယမ်းလိုအပ်ချက် ကြီးမား၏။ အဆိုပါ လိုအပ်ချက်ကို ဝယ်ယူဖြည့်တင်းခြင်း၊ ရန်သူ့ထံမှ သိမ်ဆည်းရမိသည့် လက်နက်ခဲယမ်းများဖြင့် ဖြည့်တင်းခြင်းတို့ဖြင့် ဖြေရှင်းကြသကဲ့သို့ ကိုယ်တိုင်ထုတ်လုပ်ခြင်းများဖြင့်လည်း ဖြေရှင်းကြသည်။
လက်နက်ကိုင် အဖွဲ့အစည်းတိုင်းသည် ကိုယ်တိုင်ထုတ်လုပ်ခြင်း၊ ရန်သူ့ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအား တပ်ဆင်ခြင်းပြုကြသကဲ့သို့ ရနိုင်သမျှ လက်နက်ကိုလည်း ဝယ်ယူကြ၏။ အနိမ့်ဆုံး စစ်တပ်မိသားစုဝင်များ ကိုယ်တိုင်က ကျည်ဆန်များ ထုတ်ရောင်း၍ စီးပွားရှာနေသကဲ့သို့ အခြားရနိုင်သမျှ နေရာများမှ သယ်ယူရောင်းချကြသူများလည်း ရှိသည်။ အကြောင်းမှာ လက်ရှိကာလတွင် မြန်မာပြည်၌ လက်နက်ခဲယမ်း မှောင်ခိုဈေးကွက်တွင် လိုအပ်ချက် ကြီးမား၍ဖြစ်သည်။
ဤသို့သော အခြေအနေတွင် လက်နက်ခဲယမ်းလာသည့် ရေသောက်မြစ်အချို့ကို တရုတ်တို့ ပိတ်ဆို့၍ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ခဲယမ်း စီးဆင်းဝင်ရောက်မှု ပြတ်တောက်သွားနိုင်သလောဟူသည့် မေးခွန်းပေါ်လာ၏။ ထိုမေးခွန်းအား သုံးသပ်ရပါက အောက်ပါအတိုင်းဖြစ်သည်။
လက်ရှိ မြန်မာလက်နက်ခဲယမ်းဈေးကွက်သည် ကြီးမားသည်သာမက ကမ္ဘာတွင် ဈေးလည်း အကြီးဆုံးဟု ဆိုကြ၏။ မောင်းပြန်ရိုင်ဖယ်တလက်၏ ဈေးနှုန်းသည် မြန်မာကျပ်ငွေ သိန်း ၂၀၀ မှ ၃၀၀ ခန့်အထိရှိနေပြီး လက်နက်ငယ် ကျည်တတောင့်သည် ၁၂,၀၀၀ ကျပ်ခန့်ရှိသည်ဟု သိရ၏။
သို့ဖြစ်ရာ လိုအပ်ချက်ကြီးမားပြီး အမြတ်စွန်းကြီးသည့် ဈေးကွက်ဖြစ်နေသည်။
ထို့ပြင် မြန်မာပြည်တွင် လွတ်လပ်ရေး ရပြီးကတည်းကက မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများ အမြစ်တွယ်နေသကဲ့သို့ တိုင်းပြည်၏ မှားယွင်းသော နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များကြောင့် တိုင်းပြည်လူထု လိုအပ်သော လူသုံးကုန်ပစ္စည်းများ မှောင်ခိုသွင်းကြရာမှ စစ်တပ်အာဏာသိမ်းပြီး မကြာခင် မြန်မာပြည်တွင် မှောင်ခိုလုပ်ငန်းများစွာ ပေါ်ခဲ့၏။
လူသုံးကုန်ပစ္စည်းမျိုးစုံမှောင်ခို၊ သစ်မှောင်ခို၊ ကျောက်မျက်မှောင်ခို၊ ရွှေမှောင်ခို၊ ကားမှောင်ခို၊ ဆီမှောင်ခို စသည့် မှောင်ခိုလုပ်ငန်းသည် ခေတ်အဆက်ဆက် ကြီးထွားခဲ့သည်။
လူသုံးကုန်ပစ္စည်းမျိုးစုံမှောင်ခို၊ သစ်မှောင်ခို၊ ကျောက်မျက်မှောင်ခို၊ ရွှေမှောင်ခို၊ ကားမှောင်ခို၊ ဆီမှောင်ခို စသည့် မှောင်ခိုလုပ်ငန်းသည် ခေတ်အဆက်ဆက် ကြီးထွားခဲ့သည်။
မှောင်ခိုလုပ်ငန်း ကြီးထွားလာခြင်းသည် အစိုးရယန္တရားများ၏ အကျင့်ပျက်ခြစားမှုနှင့် တိုက်ရိုက်အချိုးကျ၏။ ယင်းသို့ဖြင့် တဖြည်းဖြည်း ကြီးထွားလာနေသည့် အကျင့်ပျက်အစိုးရယန္တရားသည် နောက်ထပ် မှောင်ခိုလုပ်ငန်းအသစ်များကို လမ်းဖွင့်ပေးပြီး ပို၍ အဂတိလိုက်စားကြသည်။
၂၀၁၈၊ ၂၀၁၉ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်မှ ငွေလိမ်ဂိုဏ်းများ မြန်မာပြည်သို့ ဝင်ရောက်လာပြီး မြန်မြန်ဆန်ဆန် အမြစ်တွယ်နေခြင်းမှာ ကြီးမားသည့် အစိုးရအကျင့်ပျက်ယန္တရားက ရေခံမြေခံကောင်း၍ဖြစ်၏။ အကျင့်ပျက်အစိုးရယန္တရားမှာ စစ်တပ်နှင့် စစ်တပ်အုပ်ချုပ်ရေးသက်သက် မဟုတ်ပေ။
ကိုယ်ကျိုးစီးပွားရှာနေကြသော စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များ၊ ပြည်သူ့စစ်အဖွဲ့များအပြင် တိုင်းရင်းသားအဖွဲ့အချို့လည်း ပါဝင်ကြ၏။ ထိုအဖွဲ့ပေါင်းစုံသည် စစ်တပ် ရပ်တည်ရှင်သန်ရေးအတွက် လိုအပ်သကဲ့သို့ မြန်မာပြည်တွင် စစ်တပ်က နေရာတိုင်းကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များမှတဆင့် ထိန်းချုပ်ရသည့်ဒေသများရှိရာ ထိုစစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်များသည် မှောင်ခိုစီးပွားရေးအတွက် ပို၍ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ကြ၏။
သို့ဖြစ်ရာ တရုတ်၏ ပိတ်ဆို့မှုများကြောင့် ရှားပါးပြီး ဈေးကြီးလာမည့် လက်နက်ခဲယမ်း လိုအပ်ချက်သည် ဈေးကွက်ကလည်း ကြီးမားသည်ဖြစ်ရာ အကျိုးအမြတ်ရှာ၍ ရောင်းဝယ်မှု ပြုလုပ်လိုသူများအတွက် လက်နက်ခဲယမ်း မှောင်ခိုဂိုဏ်းများ၊ မှောင်ခိုလုပ်ငန်းများ ကြီးထွားလာရန် ရေခံမြေခံကောင်းများ မြန်မာပြည်တွင် ရှိနေသည်ဟု ဆိုရပါမည်။

မြန်မာဈေးကွက် လိုအပ်ချက်နှင့် တရုတ်များ
လက်ရှိကာလ မြန်မာ့ဈေးကွက်တွင် လိုအပ်သမျှကို ဖြည့်ဆည်းနေသည်မှာ တရုတ်တို့ဖြစ်၏။ မြန်မာသင်္ကြန်အတွက် ရေပက်သေနတ်များက အစ ထုတ်လုပ်တင်သွင်း ရောင်းချနေသော တရုတ်တို့သည် သေနတ်အစစ်နှင့် ခဲယမ်းများ တင်သွင်းရောင်းချသည်။ မြန်မာပြည်၌ စီးပွားရှာရာတွင် တရားဝင်သာမက မှောင်ခိုဈေးကွက်ကိုပါ အကျွမ်းတဝင်ရှိပြီး အုပ်စီးထားသည်မှာလည်း တရုတ်များပင်ဖြစ်သည်။
မြန်မာပြည်တွင် အကြီးမားဆုံး မှောင်ခိုဂိုဏ်းနှစ်ခုမှာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများနှင့် ငွေလိမ်ဂိုဏ်းများ ဖြစ်၏။ ထိုဂိုဏ်းနှစ်ခုလုံးကို ဦးစီးသူများနှင့် နည်းပညာရှင်အများစုမှာ တရုတ်များဖြစ်ကြသည်။ တရုတ်ပြည်မှ နည်းမျိုးစုံသုံး၍ မြန်မာပြည်ကို ခိုးဝင်လာကြသူများဖြစ်၏။
မြန်မာပြည်တွင် အကြီးမားဆုံး မှောင်ခိုဂိုဏ်းနှစ်ခုမှာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများနှင့် ငွေလိမ်ဂိုဏ်းများ ဖြစ်၏။ ထိုဂိုဏ်းနှစ်ခုလုံးကို ဦးစီးသူများနှင့် နည်းပညာရှင်အများစုမှာ တရုတ်များဖြစ်ကြသည်။ တရုတ်ပြည်မှ နည်းမျိုးစုံသုံး၍ မြန်မာပြည်ကို ခိုးဝင်လာကြသူများဖြစ်၏။
မူးဆေးဝါးချက်လုပ်ခြင်း၊ ငွေကြေးလိမ်လည်ခြင်းတို့နှင့် သက်ဆိုင်သည့် နည်းပညာကျွမ်းကျင်မှုရှိသူ ပါသကဲ့သို့ မြန်မာပြည်အကျင့်ပျက် အစိုးရယန္တရားနှင့်လည်း ကောင်းစွာချိတ်ဆက်နိုင်ပြီး ၎င်းတို့၏ လုပ်ငန်းကို ကောင်းစွာ လည်ပတ်နိုင်ကြသူများဖြစ်သည်။
ထိုတရုတ်များသည် “ဖာခူး၊ ပုဖာစီး” ဆိုသည် “ငတ်မှာပဲကြောက်သည်၊ သေမှာမကြောက်” ဆိုသည့် အဆိုကို ဦးထိပ်ထားပြီး သေတနေ့၊ မွေးတနေ့ သဘောထားကာ အဆိုပါ မှောင်ခိုလုပ်ငန်းများ ဦးစီးလုပ်ကိုင်ကြသူများ ဖြစ်ကြသည်။
တရုတ်အစိုးရက အင်အားသုံး၍ ထိုမှောင်ခိုဂိုဏ်းများကို နှိမ်နှင်းရန် ကြိုးပမ်းနေသော်လည်း လုံးဝဥဿုံချေမှုန်း၍ မရသည်ကို မြင်တွေ့နိုင်၏။ အထူးသဖြင့် အုံလိုက်ကျင်းလိုက်ရှိနေသော အကျင့်ပျက် မြန်မာစစ်တပ်နှင့် အုပ်ချုပ်ရေးယန္တရားကြောင့်၊ မြန်မာပြည်အများစုကို စစ်တပ်က မထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်ဟု ဆိုရမည်။
ယခု မြန်မာပြည်တွင် လက်နက်မှောင်ခိုဈေးကွက်ကြီးပြီး အမြတ်အစွန်းများနေသည့်ကာလ၊ ရောင်းသူနည်းပြီး ဝယ်သူများသည့်ကာလတွင် တရုတ်အစိုးရ မနိုင်သည့် တရုတ်မှောင်ခိုဂိုဏ်းများသည် လက်နက်မှောင်ခို ဈေးကွက်သို့ တိုးချဲ့လာနိုင်သည်။
လက်နက်ခဲယမ်း ထုတ်လုပ်မှု နည်းပညာကျွမ်းကျင်သူ တရုတ်များ ရှာဖွေလာပြီး ထုတ်လုပ်ခြင်းများ ပြုလုပ်ကာ လက်နက်မှောင်ခိုဈေးကွက်အတွင်း ဝင်ရောက်လာမည်မှာ သေချာသလောက်ရှိသည်။ အကျိုးအမြတ်များသည့် ငွေကြေးလိမ်လည်ဂိုဏ်းများတွင် ပါဝင်သည့် တရုတ်များ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတွင်းသို့ သိန်းနှင့်ချီ၍ အလုံးအရင်းနှင့် လာသကဲ့သို့ လက်နက်ခဲယမ်း မှောင်ခိုဂိုဏ်းများလည်း ဝင်ရောက်လာဦးမည်သာ ဖြစ်သည်။
မည်သို့ပင် ပိတ်ပင်တားဆီးသည်ဖြစ်စေ လိုအပ်ချက်ကလည်း များပြားပြီး အမြတ်အစွန်းလည်း ကြီးမားသည့် လက်နက်ခဲယမ်း မှောင်ခိုဈေးကွက်အတွင်းသို့ အမြတ်အစွန်း ကြီးကြီးမားမားလိုချင်သူများ ဝင်ရောက်လာမည်သာ ဖြစ်၏။ အုံလိုက်ကျင်းလိုက် အကျင့်ပျက်ခြစားနေသည့် မြန်မာစစ်တပ်နှင့် အုပ်ချုပ်ရေးယန္တရားများကို အသုံးချပြီး မှောင်ခိုလုပ်ငန်းကို လုပ်ဆောင်ကြဦးမည်ဖြစ်သည်။ မြန်မာပြည်အတွင်း လက်နက်ခဲယမ်းမျိုးစုံသည် နည်လမ်းပေါင်းစုံနှင့် ဝင်ရောက်လာမည်သာဖြစ်၏။
မည်သို့ပင် ပိတ်ပင်တားဆီးသည်ဖြစ်စေ လိုအပ်ချက်ကလည်း များပြားပြီး အမြတ်အစွန်းလည်း ကြီးမားသည့် လက်နက်ခဲယမ်း မှောင်ခိုဈေးကွက်အတွင်းသို့ အမြတ်အစွန်း ကြီးကြီးမားမားလိုချင်သူများ ဝင်ရောက်လာမည်သာ ဖြစ်၏။ အုံလိုက်ကျင်းလိုက် အကျင့်ပျက်ခြစားနေသည့် မြန်မာစစ်တပ်နှင့် အုပ်ချုပ်ရေးယန္တရားများကို အသုံးချပြီး မှောင်ခိုလုပ်ငန်းကို လုပ်ဆောင်ကြဦးမည်ဖြစ်သည်။ မြန်မာပြည်အတွင်း လက်နက်ခဲယမ်းမျိုးစုံသည် နည်လမ်းပေါင်းစုံနှင့် ဝင်ရောက်လာမည်သာဖြစ်၏။
ပြဿနာ၏ အဖြေ
မြန်မာပြည် နွေဦးတော်လှန်ရေးပြဿနာကို ဖြေရှင်းရေးအတွက် လက်နက်ခဲယမ်း ဖြတ်တောက်ရန် ဦးတည်ဖြေရှင်းခြင်းသည် ပြဿနာ၏အဖြေ မဟုတ်ပေ။ နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်ကြခြင်းသည် လက်နက်ခဲယမ်းပေါများ၍ ပုန်ကန်တိုက်ခိုက်ကြခြင်း မဟုတ်ပေ။ မတရားဖိနှိပ်မှုကြောင့် ရရာလက်နက်ဖြင့် ပုန်ကန်ခဲ့ကြခြင်းဖြစ်သည်။
နွေဦးတော်လှန်ရေးပြဿနာသည် နိုင်ငံရေးပြဿနာဖြစ်၏။ နိုင်ငံရေးအရ ဖြေရှင်းမှသာ ရပေလိမ့်မည်။ ထိုပြသနာအား ဖြေရှင်းရန် လက်နက်ခဲယမ်း ရေသောက်မြစ်အား ဖြတ်တောက်ခြင်းသည် ပြဿနာအရင်းအမြစ်ကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် အကျင့်ပျက်၊ အဂတိလိုက်စားနေသည့် မြန်မာစစ်တပ်နှင့် အုပ်ချုပ်ရေးယန္တရားများကြောင့် တားဆီးပိတ်ပင် ဖြတ်တောက်၍လည်း ရလိမ့်မည် မဟုတ်ပေ။
(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
နွေဦးတော်လှန်ရေး တတိယပိုင်း စပြီ
နွေဦးလက်နက်ကိုင်တော်လှန်ရေးနှင့် PDF များ၏ နေရာ
ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ
တပ်ပေါင်း ဘာကြောင့် မစုနိုင်ကြသလဲ
တရုတ်၏ အကျပ်ကိုင်မှုနှင့် UWSA ၏ မလွှဲမရှောင်သာ ဆုံးဖြတ်ချက် နောက်ကွယ်














