ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနဲ့ ထိုင်ဝမ်ကျွန်းကြားမှာ ရောက်ရှိနေတဲ့ မုန်တိုင်း ခရာသွန် ရဲ့ သက်ရောက်မှုဟာ စစ်ကိုင်းတိုင်းထဲက ခန္တီး နဲ့ ထမံသီကြား ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ရောက်ရှိနိုင်တာကြောင့် အရေးပေါ်ရွှေ့ပြောင်းဖို့ လိုအပ်နေတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးလိုက်ပါတယ်။
အောက်တိုဘာ ၂ ရက်နေနဲ့ ၃ ရက်နေ့ကြား မိုးအလွန် များလာနိုင်ပြီး ရေကြီးတာနဲ့ တောင်ပြိုတာတွေ ရှိလာနိုင်တာကြောင့် အရေးပေါ်ရွှေ့ပြောင်းဖို့ လိုအပ်တာလို့ ဆိုပါတယ်။
လေရှီးနဲ့ လဟယ်မြို့ကြား တောင်ကြောပေါ်မှာ မိုးရေချိန် ၁၀ လက်မကနေ ၁၅ လက်မအထိ မြင့်တက်လာဖို့ရှိနေပြီး အဲဒီဒေသအတွင်းမှာရှိနေတဲ့ လုပ်ငန်းတွေ၊ လူနေအိမ်အဆောက်အဦ တွေရှိခဲ့ရင် ကယ်ဆယ်ရွှေ့ပြောင်းနိုင်ဖို့အတွက် သတိပေးလိုက်တာပါ။
အလားတူပဲ မုန်တိုင်းကြောင့် ရှမ်းပြည်နယ် အရှေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေး၊ စစ်ကိုင်း၊ ကယား၊ ရခိုင်၊ ကချင်နဲ့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းလျက်နေရာတွေမှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အရင်မုန်တိုင်းအရှိန်ကြောင့် ကျန်ရှိနေတဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့် တောင်ပြို၊ မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #ခရာသွန် #နာဂအုပ်ချုပ်ခွင့်ရဒေသ #မုန်တိုင်း #စစ်ကိုင်းတိုင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR