စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူ့အခွင့်အရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ အဂတိလိုက်စားမှု စတဲ့အကြောင်းအရာတွေကို မြေပြင်နဲ့ ကင်းကွာပြီး ပြောင်းပြန်တွေ ပြောဆိုနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ထောက်ပြပါတယ်။
တိုင်းရင်းသားပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို လက်နက်ကိုင် အကြမ်းဖက်တဲ့ နည်းလမ်းတွေနဲ့ ချိုးဖောက်နေကြတာကြောင့်၊ တန်းတူအခွင့်အရေးရရှိဖို့နဲ့ အေးချမ်းစေဖို့ တိုင်းရင်းသားလူမျိုးတွေဟာ အဖျက်အမှောင့်လုပ်ရပ်တွေကို ဆန့်ကျင်တိုက်ဖျက်သွားဖို့ လိုအပ်တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာကျရောက်ခဲ့တဲ့ (၇၆) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားမှာလည်း ပြည်ပဩဇာခံ မီဒီယာသမားတွေဟာ ပြည်သူ လူထုကို သတင်းတု၊ သတင်းမှားတွေနဲ့ ပြည်သူတွေ အမြင်မှားလာအောင်လုပ်ဆောင်နေကြတယ်လို့လည်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာလည်း စစ်ခေါင်းဆောင်ဟာ အဂတိလိုက်စားမှု ကျူးလွန်သူတွေကို တရားစွဲဆိုအရေးယူရုံသာမက အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာလာတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမယ်လို့လည်း ပြောဆိုခဲ့တာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













