ဧရာဝတီတိုင်းထဲက နာမည်ကျော်ကမ်းခြေတွေဖြစ်တဲ့ ငွေဆောင်နဲ့ ချောင်းသာကိုသွားရောက်လည်ပတ်ဖို့ ပြင်ဆင်ထားတဲ့ ခရီးသည်တွေဟာ စစ်ရေးစိုးရိမ်မှုကြောင့် သူတို့ရဲ့ ခရီးစဉ်တွေကိုဖျက်သိမ်းမှုတွေရှိလာနေတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကတဆင့်သိရပါတယ်။
ရခိုင်ပြည်နယ်ထဲက စစ်ဆင်ရေးတွေ အခုလဆန်းပိုင်းက ဧရာဝတီတိုင်းအတွင်းကိုဝင်ရောက်လာပြီးတဲ့နောက် အခုလိုခရီးစဉ်ဖျက်သိမ်းမှုတွေ ရှိလာတာဖြစ်ပါတယ်။ ချောင်းသာနဲ့ငွေဆောင်ခရီးစဉ်တွေသွားရောက်ဖို့ စီစဉ်ထားကြသူတွေကလည်းလက်ရှိအချိန်မှာ ဒီနေရာတွေကိုသွားရောက်ရန်သင့်မသင့်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာမေးမြန်းမှုတွေရှိပါတယ်။
ဧရာဝတီတိုင်းအတွင်းဖော်ဆောင်တဲ့ စစ်ဆင်ရေးဟာ ခရီးသွားများတဲ့ကာလနဲ့တိုက်ဆိုင်နေတာကြောင့် အကယ်၍ တိုက်ပွဲတွေဟာ ကမ်းခြေဒေသတွေကိုရောက်ရှိမယ်ဆိုရင် ပြည်သူတွေအများအပြားပိတ်မိတာနဲ့ စစ်ကောင်စီရဲ့ကြည်းရေလေ ပူးပေါင်းစစ်ဆင်ရေးတွေကြောင့် ပြည်သူတွေထိခိုက်နိုင်ခြေများနိုင်တယ်လို့ စစ်ရေးလေ့လာ သုံးသပ်သူတွေက ပြောပြကြပါတယ်။
#မြန်မာ #ဧရာဝတီ #ချောင်းသာ #ငွေဆောင် #AA
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy