မန္တလေးနဲ့ စစ်ကိုင်းက နေရာလေးခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မေလ ၁၀ ရက်နေ့ တရက်ထဲမှာဘဲ အရပ်သား ၂၄ ဦး သေဆုံးခဲ့ရပါတယ်။
မန္တလေးတိုင်း၊ ဝက်လက်၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ကျေးရွာတွေကို မေလ ၁၀ ရက်နေ့မှာ မနက်ရော၊ ညပါ လေကြောင်းကနေ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီထဲက ဝက်လက်မြို့အနောက်ဘက်ခြမ်း ရွာတော်ကုန်းရွာကို ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သား ၁၅ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #မန္တလေး #စစ်ကိုင်း #ဝက်လက် #စဉ့်ကူး #သပိတ်ကျင်း #ချောင်းဦး #လေကြောင်းဗုံးကြဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













