• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Women & Gender

လူမှု့ဝန်းကျင်ထဲက ဖယ်ကျဉ်ခံနေရဆဲ အမျိုးသမီးများ

by လဲ့လဲ့
22 May 2019
in Women & Gender
A A
တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်အမျိုးသမီး ၃ ဦးတွင် ၁ ဦးသည် အကြမ်းဖက်ခြင်း ခံခဲ့ရဖူးသည်

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်အမျိုးသမီး ၃ ဦးတွင် ၁ ဦးသည် အကြမ်းဖက်ခြင်း ခံခဲ့ရဖူးသည်

7.3k
VIEWS
Share on FacebookShare on Twitter

မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အမျိုးသားနှင့် အမျိုးသမီး အမှုအခင်း၊ ပြဿနာ စသည့် တစုံတခု ဖြစ်ပေါ် လာပါက လူ ၂ ဦးအနက် အမျိုးသမီးကိုသာ ဦးစွာပြစ်တင်ဝေဖန်တတ်ကြသည်။

ကဲ့သို့ ပြစ်တင်ဝေဖန်မှုသည် သာမန်ကိစ္စရပ်များတွင်သာ မဟုတ်ပါ။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကား ခံရသည့် ကိစ္စများတွင်လည်း ကျူးလွန်သူထက် ခံရသူ အမျိုးသမီးကို ဇောင်းပေး ပြောဆိုဝေဖန်မှုများကို လူမှုကွန်ရက်စာမျက်နှာ များထက်တွင် မကြာခဏ ဆိုသလို တွေ့ရတတ်ပါသည်။

ဥပမာ တခု အနေဖြင့် ပရဟိတလုပ်ဆောင်သည်ဟု နာမည်ကြီးသည့် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ကို အလှမယ် သင်းသင်းက ကာမလိမ်လည် ရယူမှု၊ ရာဇသတ်ကြီးပုဒ်မ(၄၁၇)ဖြင့် တရားစွဲခဲ့သည့် အမှုသည် လူစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ခဲ့သည်။

၎င်းအမှုတွင်လည်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဂဃဏန အဖြေမပေါ်သေးသော်လည်း ကာယကံရှင်မိန်းကလေးကို ဆဲဆို ဝေဖန် အပြစ်ပြောကြသည်။ လူမှုကွန်ရက်စာမျက်နှာထက်တွင် ဖေ့စ်ဘုတ်အကောင့်တုများ အသုံးပြုကာ တိုက်ခိုက်ကြသည်။ ကျူးလွန်သူဟု စွပ်စွဲခံထားရသူကို ဝေဖန် ထောက်ပြခြင်းထက် ခံရသူမှာ အနေအထိုင် မတတ်ခြင်း၊ အရှက်အကြောက်မဲ့ခြင်းကြောင့် ဖြစ်သည်ဟုဆိုကာ ခံရသူ အမျိုးသမီး၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည့် တိုက်ခိုက်ပြောဆိုမှုများ များစွာ တွေ့ရပါသည်။

မြန်မာနိုင်ငံတွင် ရှေးရိုးစွဲ ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုအစဉ်အလာများအရ မိန်းမများသည် အရာရာကို သိုသိုသိပ်သိပ်ဖြင့် အရှက်အကြောက်ကြီးစွာ နေထိုင်ရမည် သတ်မှတ်ကြသော်လည်း မိမိ ခံစားရသည့်အပေါ် ထိုသို့ ကျူးလွန်ခံရကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောလာခြင်းအပေါ် ကြိုဆိုရမည်ဖြစ်သည်။

ကျူးလွန်ခံရမှု အတူတူဖြစ်နေပါလျှင် အမျိုးသားနှင့် အမျိုးသမီးယှဉ်ပါက အမျိုးသမီးကိုပဲ အပြစ်တင်နေခြင်းက လူမှုပတ်ဝန်းကျင်အတွက် လွန်စွာ စပ်ဆုပ်ဖွယ်ရာကောင်းသော အပြုအမှုပင်ဖြစ်သည်။

ကျူးလွန်ခံရသူ အမျိုးသမီးများသည် အနေအထိုင်မတတ်ခြင်း၊ ညဘက်အပြင်ထွက်ခြင်း၊ အတွင်းသားပေါ်သည့် အဝတ်အစားများ ဝတ်ခြင်းတို့ကြောင့် ဖြစ်ရသည်ဟုဆိုကာ အပြစ်တင်ကြသည်က ပိုမိုများသည်။

၎င်းဝေဖန်မှုများကြောင့် မိမိတို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများကြောင့် အမှုကို ကြာရှည်စွာ ရင်ဆိုင်ရင်း ကျူးလွန်ခံရသူ အမျိုးသမီးတချို့သည် အမှုအပေါ်တွင် စိတ်ပျက်အားလျော့လာခြင်းများ ရှိလာကြောင်း လိင်ပိုင်းဆိုင်ရာ အမှုရင်ဆိုင်နေရသည့် အမျိုးသမီးငယ်တဦးက ပြောကြားသည်။

ကျူးလွန်ခံရသူ အမျိုးသမီးတချို့က ပတ်ဝန်းကျင်၏ဖိအားများကြောင့် မိမိကိုယ်ကို အဆုံးစီရင်လိုသည်အထိ စိတ်တွင် ဖြစ်ခဲ့ရကြောင်းလည်း ဖွင့်ဟကြသည်။

ထို့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကလည်း ထွက်လာရန် ကြန့်ကြာ နေခြင်းကလည်း အမျိုးသမီးများအပေါ် အကာအကွယ်ပေးနိုင်မှု အားနည်းနေသည့် အချက်တချက်ဖြစ်နေကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ထောက်ပြပြောဆိုမှုများရှိသည်။

ကျူးလွန်ခံရသည့် တချို့သော မိန်းကလေးများသည် ပတ်ဝန်းကျင်၏ကဲ့ရဲမှုနှင့် တဖက်လူ၏အင်အားကြီးမှု ကြောင့် အနိုင်ကျင့်ခံရမှုကို ထုတ်ဖော်ခြင်းမရှိပဲ ရေငုံနုတ်ပိတ်နေကြသည့် ကျူးလွန်မှုများလည်း ရှိကြောင်း အမျိုးသမီးအရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ထိုသို့ နုတ်ဆိတ်နေခြင်းကလည်း ကျူးလွန်သူကို အားပေးအားမြှောက် ပြုနေခြင်းဖြစ်သည့်အတွက် နုတ်ဆိတ် မနေကြရန် အမျိုးသမီးအဖွဲ့ အစည်းများက အစဉ်တစိုက် နှိုးဆော်လျှက်ရှိသည်။

ထို့သို့ဝေဖန်မှုများတွင် အမျိုးသားများသာမဟုတ် အမျိုးသမီးအများစုပါဝင်နေသည်ကိုလည်း အံ့သြစွာ တွေ့မြင်ရသည်။ အရှက်အကြောက် တရားကို ရှေ့တန်းတင်သည့် မြန်မာ့လူအဖွဲ့အစည်းအတွင်းတွင် ကာမလိမ်လည်ရယူမှု ပုဒ်မဖြင့် တရားစွဲဆိုခြင်းက အမျိုးသမီးတဦးအတွက် စွန့်စားမှုတခုဖြစ်သည်။

အခန့်မသင့်ပါက တရားစွဲသည့် အမျိုးသမီး၏ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်ပြီး လူမှုပတ်ဝန်းကျင်တွင်လည်း ဖယ်ကျဉ်ခံရနိုင်သောကြောင့် ကျူးလွန်ခံရသူ အမျိုးသမီးတဦးအနေဖြင့် လီဆယ်တိုင်ကြားရန် အခက်အခဲ များစွာ ရှိနိုင်သည်။

သို့သော် အမြင်မကျယ်သေးသည့် လူ့အသိုင်းအဝိုင်းတွင် ကာမကိစ္စကို ထုတ်ဖော် ပြောခြင်းကို လက်ခံခြင်း မရှိကြပါ။ အမျိုးသမီးတဦးအနေဖြင့် ကာမကိစ္စကို လူသိရှင်ကြားထုတ်ပြောခြင်းက အရှက်သိက္ခာမဲ့ လွန်းသည်ဟု ဝေဖန်ကြသည်။

ထို့ပြင် မင်းသား ဝေဠုကျော်သည်ကလည်း ထင်ရှားသည့် သရုပ်ဆောင်တဦးဖြစ်သကဲ့သို့ ပရဟိတလုပ်ငန်း များကို တစိုက်မတ်မတ်လုပ်ဆောင်နေသူတဦးဖြစ်သဖြင့် အလှမယ် သင်းသင်းကို ငွေလိုချင်၍ တရားစွဲသည်ဟု စွပ်စွဲပြစ်တင်ကြသည်။

” အဆင့်ဆိုတဲ့ အရာနဲ့ နှိုင်းလာခဲ့လို့ သူ့ကို တရားစွဲဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု သင်းသင်းက ပြန်လည် ရှင်းပြ ထားသည်။

သင်းသင်းအနေဖြင့် အမှုစတင်ရင်ဆိုင်ရချိန်တွင် အလှမယ်သရဖူရုတ်သိမ်းခံရခြင်း၊ အကောင့်တုများဖြင့် အီးမေးလ်၊ ဖုန်းတို့မှ ခြိမ်းခြောက်ခံရခြင်းရှိသကဲ့သို့ ရုပ်ရှင်၊ကြေညာစသည့် လုပ်ငန်းများလည်း ရပ်ဆိုင်းသွား ရသည်။

အမှုကို လူသိရှင်ကြားဖွင့်ဟပြီးချိန်၌ ဝေဠုကျော်နှင့်စကားပြောထားသည့် chat list များ ထွက်ပေါ်လာပြီး သင်းသင်းအား ပတ်ဝန်းကျင်မှ “ဝေဠုကျော်လာပြီ၊ ထမင်းကြော်လာပြီ”ဟု စနောက်ကြသည်။

“ ဒီပြဿနာဖြစ်လိုက်တော့ ရိုက်ခတ်မှုကတော့ရှိတယ်။ မြေနိမ့်ရာ လှံစိုက်ချင်ကြတယ်လေ။ ကျမက ဘာမှ ရှိတဲ့သူမဟုတ်ဘူးဆိုတော့။ ယောင်္ကျားနဲ့ မိန်းမဆို မိန်းမကို ပိုပြီး အပြစ်မြင်တာက နေရာတိုင်းမှာ ရှိပါတယ်။ ”ဟု သင်းသင်းက ဆိုသည်။

RelatedPosts

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

21 November 2025
943
ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

ဖိုဝါဒလွှမ်းမိုးသော ဂျပန်နိုင်ငံရေးကို စိန်ခေါ်လာသူ တာကာအိချိ

8 October 2025
436
ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မကြာမီ ဖြစ်လာနိုင်

22 September 2025
578

အညာဒေသမှ ရန်ကုန်မြို့သို့ မိသားစုစားဝတ်နေရေးအတွက် လာရောက် အလုပ်လုပ်ကိုင်နေသူများထဲတွင် သင်းသင်းတယောက်လည်း အပါအဝင်ဖြစ်သည့်အတွက် ၎င်း၏ဘဝအမှန်ကို ဖေစ့်ဘုတ်တွင် အတိအလင်း ဖော်ပြထားသည်ဟု ၎င်းက ရှင်းပြထားသည်။

သင်းသင်း၏ဖေ့စ်ဘွတ်မှ ဓာတ်ပုံများကို ယူပြီး သင်းသင်းက စားသောက်ဆိုင်တွင် အလုပ်လုပ်ခဲ့သည့်အတွက် လော်လီသည့် မိန်းမ ငွေလိုချင်သဖြင့် ဂွင်ဆင်ခြင်းဖြစ်ကြောင်း မှတ်ချက်များပေးပြီး ရိုင်းစိုင်းသည့်စကားလုံးဖြင့် ဝိုင်းဝန်းထိုးနှက်ကြသည်။

တချို့သော ပရိသတ်များက သင်းသင်းကို ဝန်းရံသူများရှိသကဲ့သို့ လက်မခံသူများလည်း ရှိသည်။ “ဝေဖန်တိုက် ခိုက်တာတွေကို ကိုယ်မယူချင်ရင် ဘာမှ မဖြစ်ဘူး။ အကြောင်းမသိ ဝေဖန်တဲ့ သူတွေကိုလည်း ကျမက အပြစ်မတင်ပါဘူး”ဟု သင်းသင်းက ပြောသည်။

ထိုကိစ္စရပ်များဖြစ်လာမည်ကို စိုးရိမ်သည့် သင်းသင်း၏ဆွေမျိုးများက အမှုမဖွင့်ရန် တားမြစ်မှုအပေါ် နားမ ထောင်ခဲ့သည့်အတွက် သင်းသင်းအား ဆွေခန်း၊ မျိုးခန်းဖြတ်သွားသည်ဟုလည်း သိရသည်။

၎င်းအမှုကိစ္စက ပရဟိတမင်းသားကြီးအဖြစ် နာမည်ကျော်ကြားနေပြီး ပြည်သူများ၏ ချစ်ခင်မှုကို ရရှိနေသော မင်းသား ဝေဠုကျော်အတွက်က ဂုဏ်သိက္ခာကျသွားစေနိုင်သည့် အမှုဟုပြောလျှင် မှားနိုင်မည် မထင်ပါ။

တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး မင်းသား ဝေဠုကျော်ကလည်း “ကျနော် အရှေ့မှာရည်းစားတွေ အများကြီး ပြတ်ဖူးပါတယ်။ ဒီတစ်ယောက်ပြတ်မှပဲ ကျနော်က တရားရုံးရောက်တော့မယ်ဆိုတော့ ဒါကျနော် ဝဋ်ကြွေးပါ လာတယ်လို့ သဘောထားရမှာပါ”ဟု ပြန်လည်ပြောဆိုသည်။

ကျူးလွန်သူက မည်သို့သော သူဖြစ်နေပါစေ။ အမျိုးသမီးကို ပထမဆုံးအပြစ်မြင် ဝိုင်းဝန်းရှုတ်ချနေခြင်းက လူ့ အသိုင်းအဝိုင်းအတွက် လွန်စွာ ရှက်စရာကောင်းလှသည်။ လူ့ပတ်ဝန်းကျင်တွင် အများက ချစ်လျှင် ဝိုင်းချစ်ပြီး အများက မုန်းလျှင် ဝိုင်းမုန်းနေခြင်းကလည်း အကျင့်တခုလိုဖြစ်နေသည်။

သင်းသင်းနည်းတူ ကာမလိမ်လည်ရယူမှုနှင့် တရားစွဲထားသည့် နောက်ထပ်အမှုက သရုပ်ဆောင်မင်းထက်ကို နှင်းအိရွှေရည် ဆိုသူ အမျိုးသမီးက ကာမလိမ်လည်ရယူဖြင့် တရားစွဲသော အမှုဖြစ်သည်။

နှင်းအိရွှေရည်သည် ၎င်းသမီးလေးက သရုပ်ဆောင်မင်းထက်၏ ကလေးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပြီး တရားစွဲခဲ့ခြင်းဖြစ်သည်။

တရားစတင်စွဲဆိုသည့်အချိန်တွင် နှင်းအိရွှေရည်၏ ဖေ့စ်ဘွတ်အကောင့်၌ အကောင့်အတုများဖြင့် ဝေဖန်တိုက် ခိုက်ခြင်း ခံခဲ့ရပြီး ၎င်းသာတခုခု ဖြစ်ခဲ့ပါက ပယောဂ မကင်းပါဟု ၎င်း၏ဖေ့စ်ဘုတ်မှလည်း ကြေညာခဲ့သေး သည်။

ထို့အပြင် ကလေးကို ပစ်မှတ်ထားပြီး ပုံတင်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း၊ ကလေးအား ဆဲရေးကာ မကောင်းတာလုပ်သည့်အတွက် ရသည့်ကလေးဆိုသည့် ပုံစံမျိုး ဝေဖန်ပြောခံရသည်။

“ပြဿနာကို သေချာ မလေ့လာပဲနဲ့ မိန်းကလေးဘက်ကိုပဲ အပြစ်ပြောနေတာတွေ မလုပ်စေချင်ဘူး”ဟု နှင်းအိရွှေရည်က ထောက်ပြခဲ့သည်။
သရုပ်ဆောင် မင်းထက်ကိုယ်တိုင်ကလည်း ၎င်းတို့၏ရုံးချိန်းအပြီး ထွက်လာစဉ် နှင်းအိရွှေရည်နောက်မှ “ထွီ” ဆိုသည့် အသံထွက်ပြီး အများပြည်သူရှေ့တွင် တံထွေးထွေးခဲ့ခြင်းကြောင့် ၎င်းအား ထွီမင်းသားဟု အများက ခေါ်ဝေါ်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။

လက်ရှိတွင် မင်းသမီး စိုးနန္ဒာကျော်နှင့် လက်ထက်ထားသည့် သရုပ်ဆောင် မင်းထက်သည် နှင်းအိရွှေရည်ကို ရည်စားဘဝ က ဓါတ်ပုံများတင်ခဲ့သည့်အတွက်ဟုဆိုကာ ပုဒ်မ ၆၆(ဃ)ဖြင့် ပြန်လည် တရားစွဲဆိုထားသည်။

နှင်းအိရွှေရည်အနေဖြင့် ၎င်း၏သမီးလေးက ဖခင်ရှိလျက်နှင့် ဖခင်နာမည်တပ်မရသည့် ဘဝကို မရောက်စေသည့် အတွက် တရားစွဲခြင်းဖြစ်ပြီး သမီးလေးနှင့်ပတ်သက်လို့ ရှေ့ဆက် singe mother အဖြစ် ရပ်တည်သွားမည်ဟု ဆိုသည်။

ထိုသို့ အမှုအခင်းဖြစ်လာတိုင်း အမျိုးသမီးများကို အပြစ်ပုံချနေခြင်းက “မိန်းကလေးတွေပေါ်မှာ မြင်တဲ့အမြင်၊ ယောင်္ကျားလေးတွေပေါ်မှာ မြင်တဲ့အမြင်ပေါ်မှာ ကျင့်သုံးနေတဲ့ စံနှုန်းစံထားတွေကြောင့် ဖြစ်တယ်” အခရာ အမျိုးသမီးအဖွဲ့၏ ဒါရိုက်တာ ဒေါ်ထား မှတ်ချက်ပြုသည်။

မကြာသေးမီက လူမှုကွန်ရက်တွင်ဗီဒီယိုဖိုင်တခု ပျံ့နှံ့လာပါသည်။ ထိုဗီဒီယိုဖိုင်သည် ကားတစီးအတွင်း အမျိုးသားနှင့် အမျိုးသမီးတဦး အတူနေသည်ကို ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဖမ်းဆီး ပြောဆိုနေသည့် ဗီဒီယိုဖြစ်သည်။ အဝတ်အစား မလုံခြုံသဖြင့် ပြန်လည် ဝတ်ဆင်နေသူ ထိုအမျိုးသမီးကို ယောင်္ကျားတဦးက ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်တွင် ဖြန့်ခဲ့ခြင်းဖြစ်သည်။

အမှုအခင်းဖြစ်တိုင်း၊ ကိစ္စရပ်တခုဖြစ်လာတိုင်း အမျိုးသမီးများကို ပိုမိုဖိနှိပ် ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်းက အမျိုးသားနှင့် အမျိုးသမီးကို ခွဲခြားထားသည့်သဘော သက်ရောက်နေသည့်အတွက်ကြောင့် ကျား၊ မ မညီမျှမှုကို ဖြစ်စေပါသည်ဟု ၎င်းက ထောက်ပြသည်။

ထိုသို့ကျား၊ မတန်းတူ မညီမျှခြင်းကြောင့် အမျိုးသမီးများကို အထင်သေးပြီး ဒုတိယနေရာတွင် ထားသည့် အတွက် အမျိုးသမီးဖြစ်၍ နိမ့်ကျသည်ဆိုသည့်အမြင်ရှိခြင်းကြောင့် ပိုမို အပြစ်တင်ခံနေရခြင်းဖြစ်သည်။

ယောင်္ကျားလေးမွေးသည့် မိန်းမမှ မိန်းမမြတ်ဟု အခြေအမြစ်မရှိသည့် အကြောင်းအရာ များ မှတဆင့် ဓလေ့ထုံးစံဖြစ်လာပြီး တခုခုဖြစ်လျှင် အမျိုးသမီးတွေကို အပြစ်တင်ပုံချနေခြင်းက ဓမ္မတာကဲ့သို့ ဖြစ်နေသည်။

မင်းသား သီဟတင်စိုးအမှုသည်လည်း ထို့နည်းတူပင်ဖြစ်သည်။ အိမ်အကူအမျိုးသမီး ဒေါ်ခင်မာမြင့်က သရုပ်ဆောင် သီဟ တင်စိုးသည် ၎င်းအား အဓမ္မပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ခဲ့သည့်အပေါ် လူအများက နှိမ့်ချပြစ်တင်ဝေဖန် ကြသည်။

တချို့က ၎င်းအမှုဖြစ်စဉ် သေချာစွာ မသိရှိမီ ဒေါ်ခင်မာမြင့်အား “မရှိခိုးနိုး၊ မလှဆုံးမျိုး” ဆိုသည့်အတိုင်း အထင်သေး ရှုတ်ချပြစ်တင်ဝေဖန်ခဲ့သည်။ ပညာမတတ်၊ ငွေကြေးမပြည့်စုံ၊ မလှပသည့် အမျိုးသမီး တယောက် ကို ဂုဏ်သရေရှိလူကြီးတယောက်က အဓမ္မမပြုကျင့်ပါဟု မည်သူ အာမခံ နိုင်မည်နည်း။

အမျိုးသမီးတယောက်သည် အချိန်မရွေး၊ နေရာမရွေး၊ မည်သို့သောသူဖြစ်နေပါစေ အဓမ္မပြုကျင့်ခံရနိုင်ပါသည်။ ထို့အပြင် တဖက်လူ၏ သြဇာအာဏာရှိသည့်အပေါ် မူတည်ပြီး အမျိုးသမီးများက အရှူံးများဖြင့်သာ ရင်ဆိုင်ရသည်။

“ ဒီအမျိုးသမီးတွေရဲ့ သြဇာအာဏာကလည်း လူမူအသိုင်းအဝိုင်းမှာ ဘယ်လောက်မှ ထိုးဖောက်နိုင်တဲ့ အနေ အထားရှိမနေဘူး။ ဒါကလည်း အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားထားတဲ့အခြေအနေတွေကြောင့်မို့ အမျိုးသမီး တွေရဲ့ လုပ်ပိုင်ခွင့်တွေကလည်း အကန့်အသတ်တွေ ဖြစ်ခဲ့တယ်”ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌ ဒေါ်တင်တင်ညိုက ရှင်းပြသည်။

ထုံးတမ်းအစဉ်အလာအရဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ အမျိုးသမီးများသည် မည် သည့် အခါမှ အမျိုးသားများနှင့် တန်းတူထားရှိခြင်း မရှိပါ။ အမျိုးသားများသည် ပိုမိုမြင့်မြတ်သည်ဆိုသော အယူအဆက လူမှုပတ်ဝန်းကျင်တွင် ကျင့်သုံးနေဆဲဖြစ်သည်။

အမှန်က လုပ်ကြံစွပ်စွဲခြင်းလား၊ အမှန်တကယ် ကျူးလွန်ခံရသဖြင့် စွပ်စွဲခြင်းလားဆိုသည်ကို သိရှိပြီးမှသာ ဝေဖန်သင့်ပါသည်။ လက်ခုပ်က နှစ်ဖက်တီးမှ မြည်တတ်တာမှန်သော်လည်း ရှောင်လွဲခွင့်မသာသည့် အမှားများ အတွက် အပြစ်တင်နာကျင်နေမည့်အစား အကောင်းမြင်တတ်ပေးရန် လိုပါသည်။

ပြဿနာဖြစ်သည့်အခါ မိဘအရှိန်အဝါ၊ ငွေကြေးနှင့် အဆက်အသွယ် ကောင်းများရှိသည့် အမျိုးသမီးချင်းတူ ပါလျှင် တရာတွင် တဦးသာအမှု အနိုင်ရနိုင်ပါသည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ထို့ကြောင့် အမျိုးသမီးများသည် လူမူဝန်းကျင်တွင် ဖိနှိပ်ခံထားရမှု မရှိရန် အမျိုးသားနှင့် အမျိုးသမီးကြားတွင် ခွဲခြားဆက်ဆံမှု မရှိသည့်အနေအထားဖြစ်ရန် လိုပါသည်။ ထိုသို့ဖြစ်ရန် ပညာပေးမှုများ ပြုလုပ်ရမည် ဖြစ်သည်။

“ဥပဒေဆိုင်ရာအရ ပြည်သူလူထုတွေမှာ အသိပညာရှိဖို့လိုတယ်။ အဲဒီလိုရှိမှလည်း ဥပဒေက လူသားချင်း အတူ တူ အားလုံးကို မခွဲခြားပဲ ဆက်ဆံတဲ့ ပုံစံမျိုးကို ပြည်သူလူထုတွေက သိရှိသွားဖို့လိုတယ်”ဟု ဒေါ်တင်တင်ညိုက ပြောသည်။

ရပ်ကွက်လူကြီး၊ ရွာသူကြီးမှ စကာ ရဲ၊ ရှေ့နေ၊ တရားသူကြီးချုပ်စသဖြင့် အဆင့်ဆင့်ကလည်း ဘက်လိုက်မှု မရှိပဲ အမှုများကို မျှမျှတတဖြင့် စီရင်ရန် လိုအပ်ပြီး ဆင်းရဲချမ်းသာစသဖြင့် ခွဲခြားမှုမရှိပဲ အမှန်တရားဘက်က ရပ်တည်သည့် ဥပဒေဘက်တော်သားများ ရှိရန် လိုကြောင်း ၎င်းက ထောက်ပြသည်။

တရားဥပဒေစိုးမိုးမှုနှင့်အတူ ပြည်သူများက အသိပညာရှိလာပါက မမျှတသည့်အမြင်များ၊ တရားမျှတမှုမရှိသည့် စီရင်ထုံးများ လုပ်ဆောင်မှုကလည်း ပြေလျော့သွားမည်ဖြစ်သကဲ့သို့ အမျိုးသမီးများပေါ်တွင် တဖက်သတ် အမြင်များ ခွဲခြားသည့်အမြင်များ ရှေးရိုးစွဲအယူအဆများလည်း ပြေပျောက်လာမည့် အနေအထားရောက် ရှိနိုင်မည် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဘယ်လိုဖြေရှင်းမလဲ

 

Your Thoughts …
Tags: မင်းထက်လူမှုကွန်ရက်သင်းသင်း
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

မြန်မာ့ငလျင်ကပ်ဆိုးကို ခုတုံးလုပ်၍ ငွေရှာမှုတွေ ရှိနေ

မြန်မာ့ငလျင်ကပ်ဆိုးကို ခုတုံးလုပ်၍ ငွေရှာမှုတွေ ရှိနေ

by ဧရာဝတီ
19 April 2025
5k

"မြန်မာက လက်ရှိအခြေအနေမှာ အင်မတန်များပြားတဲ့ သတင်းတုတွေကို ငွေကြေးရလို့ ဖြန့်ချိနေကြတယ်"

စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေ၊ ကျောထောက်နောက်ခံ မီဒီယာတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေရဲ့ မီဒီယာတွေဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ အကြိမ်ကြိမ် ဖြုတ်ချခံနေရပြီး ဖျက်သိမ်းခံနေရတာပါ

ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

by ဧရာဝတီ
16 September 2022
5.7k

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ပြန်လည်သွတ်သွင်းဖို့အတွက် ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ ဒစ်ဂျစ်တယ် အာဏာသိမ်းမှုပုံစံကို စတင်ဖော်ဆောင်လာတယ်လို့ ပညာရှင်တွေက ဆိုပါတယ်

သရုပ်ဆောင်ဝေဠုကျော်နှင့် အလှမယ် သင်းသင်း

ဝေဠုကျော်တင်သည့် လိင်ပိုင်းဆိုင်ရာဓာတ်ပုံများကို တရားရုံး ပယ်ချ

by ဧရာဝတီ
20 April 2022
13.8k

ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမိန့်တခုပါပဲ။ သင့်တော်မျှတတယ်။ ရုံးတော်က မဖွယ်မရာဖြစ်တဲ့အရာတွေကို လက်မခံဘူး။ အမှုနဲ့ဆက်စပ်နိုင်တဲ့အရာကို လက်ခံတယ်ဆိုတော့ ကျနော်တို့ဘက်က သင့်တော်မျှတတဲ့ အမိန့်တခုလို့ သတ်မှတ်တယ်

သရုပ်ဆောင် မိုးဟေကို  / Moe Hay Ko's Facebook

မိုးဟေကို ကိုယ်တိုင် ပြောပြထားတဲ့ မိုးဟေကို အကြောင်း

by ချစ်ပိုး
20 January 2021
7.1k

“မိုးရဲ့ စိတ်နေစိတ်ထားကို ပြောရရင် မိုးက အနေတည်တယ်။ အနေအေးတယ်။ စကားနည်းတယ်။ ဒါအပြင်က လူတွေကြည့်တာပေါ့။

ယနေ့ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ်သင်းသင်းနဲ့ ဝေဠုကျော် / ယုဖြူဟန် / ဧရာဝတီ

“ဝေဠုကျော်က ဝါသနာအရ အတူနေတဲ့ အသံဖိုင်များကို သွင်းထားခိုင်းတာ”လို့ သင်းသင်းပြော

by ယုဖြူဟန်
19 June 2019
77.8k

“ဝေဠုကျော်နဲ့ရည်းစားဖြစ်ခဲ့တာ ၆လကျော် ၇လအတွင်းမှာ ဝေဠုကျော်နဲ့ ထဲထဲဝင်ဝင်နေလာတာလေ။ ရည်းစားတယောက် ချစ်သူတယောက်အနေနဲ့နေလာတာ။ ဝေဠုကျော်ရဲ့အကျင့်စိတ်ဓာတ်ကို ကိုယ့်ထက်ဘယ်သူ ပိုသိနိုင်မှာလဲ။

Next Post
မင်းသား ဘရက်ပစ်နဲ့ မင်းသားလီယိုနာဒိုတို့နှစ်ဦး

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပရိသတ်တခဲနက်အားပေးတာခံရတဲ့ လီယိုနာဒိုနဲ့ ဘရက်ပစ်တို့ရဲ့ ရုပ်ရှင်

မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆွန်းယယ်ဂျင်း

နာမည်ကျော် သရုပ်ဆောင်များပါဝင်မယ့် အချစ်ဇာတ်လမ်း “Crash Landing of Love”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved