• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရွေးကောက်ပွဲအမီ Facebook ကိုအသုံးချလာတဲ့ နိုင်ငံရေးပါတီများ

by ဇင်လင်းထက်
27 August 2020
in ဆောင်းပါး
A A
နိုင်ငံရေးပါတီအချို့၏ Facebook တွင် ကြော်ညာရန် အသုံးပြုသည့် ငွေပမာဏ  / အောင်ခိုင်မျိုး / ဧရာဝတီ

နိုင်ငံရေးပါတီအချို့၏ Facebook တွင် ကြော်ညာရန် အသုံးပြုသည့် ငွေပမာဏ / အောင်ခိုင်မျိုး / ဧရာဝတီ

11.5k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားအချို့သည် လူမှုကွန်ရက် စာမျက်နှာ တခု ဖြစ်သည့် Facebook ကို အသုံးပြုကာ ပါတီမူဝါဒ၊ လုပ်ဆောင်ချက်၊ ခံယူချက်နှင့် သဘောထားများကို ကြေညာ လာကြ သည်။ 

မြန်မာနိုင်ငံတွင် Facebook app အသုံးပြုသူ ၂၂ သန်းကျော်ရှိပြီး အသုံးပြုနေသော Sim Card အရေအတွက်ပေါင်း ၆၆ သန်းကျော်ရှိကြောင်း Digital 2020: Myanmar စာတမ်းတွင် ဖော်ပြထားသည်။ ယင်း အနေအထားကို ချိန်ဆကြကာ နိုင်ငံရေး ပါတီများသည် Facebook ကို အားပြုအသုံးချလာကြခြင်းဟု ဆိုရမည်ဖြစ်သည်။

Smart Phone အသုံးပြုမှုသည်လည်း များပြားလာနေသဖြင့် Facebook ကို ထိထိရောက်ရောက်သုံးရန် အချို့သော နိုင်ငံရေးပါတီများက စဉ်းစားလာခြင်းဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ ပြင်ပဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းကလည်း သုံးသပ်သည်။

“လူငယ်တွေကလည်း လာမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့က ၅ သန်းနီးပါး ဖြစ်သွားပြီ။ ”

“လူငယ်တွေက နည်းပညာသစ်နဲ့ ပိုပြီး ရင်းနှီးတာပေါ့။ အဲဒီတော့ လူငယ်တွေကို ပစ်မှတ်ထားချင်တယ်ဆိုရင် Facebook တို့ Social Media တို့က ဆွဲဆောင် မှု ရှိတဲ့ အလားအလာ ဖြစ်သွားတယ် ထင်တယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ရှိတွင် ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးလုပ်ခွင့် ပေးထားသော် လည်း ကိုဗစ်ကပ်ရောဂါ အန္တရာယ်ကြောင့် လူ ၃၀ အထိ မစုရဆိုသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကန့်သတ်ချက်က ရှိနေရာ လက်တွေ့အားဖြင့် ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေး လုပ်ရန်မလွယ်သည့် အနေအထား ရှိသည်။

ထို့ကြောင့်ပင် နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံရေးသမားအချို့သည် Facebook လူမှုကွန်ရက်တွင် ကြော်ငြာနေခြင်းပေလော ဟု တွေးဆဖွယ်ရာဖြစ်လာသည်။

မြန်မာနိုင်ငံတွင် Facebook အသုံးတွင်ကျယ်လာသည်မှာ ၂၀၁၄ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၌ မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် လူတိုင်းနီးပါး အသုံးပြုလာနိုင်ပြီးနောက်တွင် ဖြစ်သည်။

Facebook အသုံးတွင်ကျယ်လာသည်နှင့်အမျှ နိုင်ငံရေးပါတီများသည်လည်း Facebook တွင် ပါတီ Page များကို ဖွင့်ကာ လူထုနှင့် ဆက်သွယ်နိုင်ရန်ကြိုးပမ်းလာကြသည်။

၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလတွင် နိုင်ငံရေးပါတီများသည် Facebook က တဆင့် ပါတီ၏ မူဝါဒများကို အခကြေးငွေပေးကာ ကြော်ငြာမှု ရှိကောင်းရှိနိုင်သည်ဟု နည်းပညာကျွမ်းကျင်သူနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ခန့်မှန်းကြသည်။

သို့သော်လည်း Facebook ကုမ္ပဏီက နိုင်ငံရေးပါတီများ၏ ကြော်ငြာကဏ္ဍအတွက် ငွေကြေးအသုံးပြုမှုကို မထုတ်ပြန်သဖြင့် လူတိုင်း အတိအကျမသိခဲ့ရပေ။

ယခု ၂၀၂၀ ခုနှစ်တွင်မူ Facebook က facebook.com/ads/library တွင် ပွင့်ပွင့်လင်းလင်း ဖော်ပြထားသဖြင့် မည်သည့် ပါတီ၊ မည်သူက ငွေကြေးမည်မျှသုံးသည်ကို သိလာရသည်။

Facebook ကုမ္ပဏီတွင် နိုင်ငံရေးနှင့် သက်ဆိုင်သည့် ကြော်ငြာများအတွက် ပေါ်လစီရှိသည်။ ထိုပေါ်လစီများအရ နိုင်ငံ ရေး ပါတီများ၊ နိုင်ငံရေးသမားများသည် ဖေ့စ်ဘုတ်အား ငွေပေးချေမှု နည်းလမ်းများ သုံး၍ ၎င်းတို့ ကြော်ငြာလိုသည်များ ကို ထိရောက်သည့် နည်းလမ်းများ သုံး၍ ကြော်ငြာနိုင်သည်။

ထို့ပြင် Facebook က ၎င်းတို့၏ Ads Library တွင် ပွင့်ပွင့်လင်းလင်း ဖော်ပြထားသဖြင့် မည်သည့် ပါတီ၊ မည်သူက ငွေကြေး မည်မျှသုံးသည်ကို ရှာကြည့်ရုံဖြင့် သိနိုင်မည်လည်း ဖြစ်သည်။

လက်ရှိတွင် လူပုဂ္ဂိုလ်တဦးတယောက်အနေဖြင့် page ဖွင့်ထားပြီး ယင်းပေ့ချ်မှ တင်သည့် Post များကို လူများများထံ ရောက်ရန် ကြော်ငြာနေမှုရှိသကဲ့သို့ နိုင်ငံရေးပါတီအနေနှင့် ကြော်ငြာနေမှုများ လည်းရှိသည်။

တူညီသည့် အချက်မှာ ၎င်းတို့အားလုံးသည် Facebook က နိုင်ငံရေးကဏ္ဍသီးသန့် ရည်ရွယ်ထားသော Elections and Politics ကဏ္ဍတွင် ကြော်ငြာထည့် ထားခြင်းဖြစ်သည်။ ထိုသို့ ကြော်ငြာထည့်ခြင်းကို Boost လုပ်သည်ဟုလည်း ခေါ်သည်။ 

ဧရာဝတီမှ လေ့လာထားချက်များအရ ၂၀၂၀ ခုနှစ်အတွင်း ပါတီအနေနှင့် Boost လုပ်မှုများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အများဆုံးဖြစ်ပြီး USDP Page အပါအဝင် USDP လက်အောက်ခံ Page များ ဖြစ်သည့် Woman Committee၊ Workers Committee နှင့် Farmers Committee တို့က ကြော်ငြာအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၀၀၀ ခန့်အသုံးပြုထားသည်။

ယင်းနောက်တွင် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က ဒေါ်လာ ၆၀၀ ဖြင့်  ဒုတိယလိုက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ဒေါ်လာ ၅၀၀ ဖြင့် ကြော်ငြာအတွက် ငွေကြေးအသုံးပြုသည့် ပါတီ အဖြစ် တတိယနေရာတွင် ရှိသည်။

လူပုဂ္ဂိုလ်အနေနှင့်မူ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က Post ၉ ခုအတွက် အမေရိကန်ဒေါ်လာ ၈၀၀ ထက်မနည်း အသုံးပြုထားသည်။

ယင်းနောက်တွင် (UBP) ပါတီမှ ဒေါ်စုစုလှိုင်က ဒေါ်လာ ၅၀၀ ၊ UBP ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်လာ ၁၀၀ သုံးထား ပြီး PPP ပါတီမှ ဒေါ်မွန်မွန်မြင့်က ဒေါ်လာ ၁၀၀ သုံးထားသည်။

အိုင်တီနည်းပညာ ကျွမ်းကျင်သည့် ကိုလင်းထက်ဝင်းကမူ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများသည် အွန်လိုင်းပေါ်ရှိ Facebook Ads Manager တွင် ကြော်ငြာထည့်နေခြင်း ဖြစ်ကြောင်းဆိုသည်။

Facebook Ads Manager ရှိ Payment Setting တွင် နိုင်ငံတကာသုံး ငွေပေးချေကတ်များဖြင့် ငွေပေးချေရပြီး Facebook post တခုကို ကြော်ငြာမည့် ရက်၊ အချိန်၊ ငွေကြေး၊ ကြော်ငြာလိုသည့်လူ စသည်ဖြင့် ပစ်မှတ်ကို စိတ်ကြိုက်ရွေးချယ်နိုင်သည်။

“အခုကြော်ငြာနေတာတွေက ဒေါ်လာ ၁၀၀ ကို လူ ၁ သန်းမြင်အောင် လုပ်ပေးမယ်ဆိုပြီး ကြော်ငြာတာပေါ့။ ဒါပေမယ့် တကယ်တမ်းမှာ လူ ၁ သန်း မြင်ချင်မှလည်း မြင်မယ်။ Post ရဲ့ စိတ်ဝင်စားမှုကောင်း၊ မကောင်းအပေါ်မှာ မူတည်ပြီးတော့ Post တခုက Like နည်းတာ၊ များတာရှိတယ်။ Like များလေ လူများများ ပိုမြင်လေပဲ” ဟု ကိုလင်းထက်ဝင်းက ပြောပြ သည်။

နိုင်ငံရေးပါတီအချို့၏ Facebook တွင် ကြော်ညာရန် အသုံးပြုသည့် ငွေပမာဏ (ဓာတ်ပုံ – အောင်ခိုင်မျိုး၊ ဧရာဝတီ)

ဘာကြောင့်ကြော်ငြာတာလဲ

Facebook တွင် ကြော်ငြာသည့် နိုင်ငံရေးပါတီအချို့ကမူ ကျန်းမာရေးဝန်ကြီးဌာန၏ လူ ၃၀ အထိ မစုရဆိုသည့် ကန့်သတ် ချက်ကြောင့် ပါတီစည်းရုံးရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် မလုပ်နိုင်သည်ကို အကြောင်းပြကာ Facebook မှတဆင့် ပါတီမူဝါဒနှင့် သဘောထားများ တင်ပြစည်းရုံးရသည်ဟု ဆိုကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး လုပ်နိုင်သည်ဟု ဆိုထားသော်လည်း ကိုဗစ်ရောဂါဖြစ်ပွားနေသည့် ကာလတွင် ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးလုပ်ငန်းကို မည်သည့်ပုံစံဖြင့် မည်ကဲ့သို့ လုပ်နိုင်သည် ဆိုသော ရှင်းလင်းတိကျသည့် လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း မရှိသေးပေ။

အမှန်တကယ် ပါတီစည်းရုံးရေးဆင်းပါကလည်း သတ်မှတ်လူဦးရေထက် ကျော်လွန်သွားခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးချက်များဖြစ်သည့် Mask တပ်ခြင်းနှင့် Social Distancing ပုံစံရှိမနေခြင်းတို့က မမျှော်လင့်ဘဲ ဖြစ်နိုင်သည်။

ယခုလထဲမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရှိ ပါတီဝင် များနှင့် တွေ့ဆုံခဲ့ရာတွင် မမျှော်လင့်ဘဲ လူစုလူဝေးကဲ့သို့ ဖြစ်သွားခဲ့သေးသည်။

ထိုကဲ့သို့သော ကိုဗစ်ကာလ ကန့်သတ်ချက်များနှင့် လူများများ စုဝေးရန် မလွယ်သည့် အခြေအနေတွင် အွန်လိုင်းကို အသုံးပြုကာ လူအမြောက်အမြားကို စည်းရုံးရခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။ 

“ပြည်သူလူထုနဲ့ ထိတွေ့ဖို့ကလည်း ခဲယဉ်းတဲ့ အခြေအနေမှာရှိတဲ့ အခါကျတော့ ဒီလိုအွန်လိုင်း မီဒီယာကို သုံးလာကြတဲ့ သဘောပါပဲ” ဟု ၎င်းက မှတ်ချက်ပေးသည်။

Facebook တွင် ကြော်ငြာရန် သုံးသည့် ငွေကြေးကို ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် ငွေကြေးသုံးစွဲမှု ပမာဏထက် ကျော်လွန်မှုမရှိဘဲ သုံးနေသည်ဟု ပြောသော်လည်း ကြော်ငြာရန် သုံးသည့် ငွေကြေးကို ပါတီရန်ပုံငွေမှ သုံးသည်လော၊ ပါတီဝင်တဦးချင်း၏ မိမိသဘောဆန္ဒအလျှောက် ထည့်ဝင်သည့် ငွေကြေးဖြင့်သုံးသည်လောဆိုသည့် အချက်ကိုမူ ၎င်းက ရှင်းရှင်းလင်းလင်း ပြောကြားခြင်းမရှိပေ။

၎င်းက “တို့အနေနဲ့ကတော့ အများကြီးလည်း မသုံးနိုင်ဘူး။ တို့ရဲ့ပါတီအနေနဲ့က ပါတီဝင်ကြေးနဲ့ပဲ လည်ပတ်နေတဲ့ အနေအထား လေ” ဟု ပြောပြသည်။

နိုင်ငံရေးပါတီအနေဖြင့် ကြော်ငြာထည့်ဝင်မှု ဒုတိယ အများဆုံးဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ကမူ နိုင်ငံရေးပါတီများ Facebook သုံးခြင်းသည် ထူးဆန်းသည့် ကိစ္စမဟုတ်ဟု ဧရာဝတီသို့ ပြောသည်။

“အချက် ၂ ချက်ကြောင့် social media သုံးတယ်။ နံပါတ်တစ် ပါတီက အသစ်ဖြစ်တယ်။ မကြာခင်မှာ ရွေးကောက်ပွဲ ဝင်ရ တော့မယ် ဆိုတဲ့အခါကျတော့ ပါတီကို ပြည်သူလူထုနဲ့ မိတ်ဆက်ချင်တယ်။ ဘာလို့လဲဆိုတော့ ဒါက ပြည်သူကို လေးစား တဲ့ သဘောပဲ။ သတင်းတော့ မဟုတ်ပါဘူး။ Facebook ဆိုတာ တကမ္ဘာလုံးသုံးနေတာလေ” ဟု ၎င်းက ရှင်းပြသည်။

၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလတွင် မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှု မတွင်ကျယ်သေးသဖြင့် နိုင်ငံရေးပါတီ များသည် Facebook ကို ထိထိရောက် အသုံးမပြုခဲ့ကြောင်း ဒေါ်သက်သက်ခိုင်က ပြောဆိုသည်။

“၂၀၁၅ တုန်းက Facebook ခေတ်မစားဘူးလေ။ Trend ပြောင်းလာတဲ့ သဘော။ ဖုန်းတောင် လူတိုင်းမရှိတဲ့ ဘဝလေ။ ၂၀၁၅ အတိုင်း နေနေလို့မှမရတာ။ လူတယောက်ချင်းဆီတောင် လုပ်နေကြတာပဲ” ဟု ၎င်းက ဆိုသည်။

Facebook ရှိ Thet Thet Khine အမည်ရှိ ကိုယ်ပိုင် Page အတွက် Boost လုပ်သည့် ငွေကြေးကို ၎င်း၏ ကိုယ်ပိုင်ငွေဖြင့် အသုံးပြုခြင်းဖြစ်ကြောင်း ဒေါ်သက်သက်ခိုင်က ရှင်းပြသည်။

ရွေးကောက်ပွဲကော်မရှင်သဘောထား ဘယ်လိုလဲ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်ကမူ မဲဆွယ်စည်းရုံးသည့်ကာလတွင် မည်ကဲ့သို့ မဲဆွယ်စည်းရုံးရမည်ဆိုသည့် ရှင်းလင်းတိကျသည့် လမ်းညွှန်ချက် (Guideline) များ ထုတ်ပြန်ပေးသွားရန် အစီအစဉ်ရှိသည်ဟု ကော်မရှင် ပြေားရေး ဆိုခွင့်ရှိသူ ဦးမြင့်နိုင် က ဆိုသည်။

၎င်းက “ကိုဗစ်ကာလနဲ့လည်း ဆိုတော့ ကျနော်တို့ စင်္ကာပူတို့၊ တောင်ကိုရီးယားတို့အတွေ့အကြုံတွေအပေါ် မူတည်ပြီးတော့ ကျနော်တို့ Guideline ထုတ်မှာပါ။ မဲဆန္ဒရှင်တွေ လိုက်နာရမယ့်အချက်တွေ၊ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ် စည်းရုံး တဲ့ အခါမှာ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စံပြုချက်တွေ၊ ဘယ်လိုလုပ်မလဲဆိုတာနဲ့ တပြိုင်တည်း လုပ်နေပါတယ်”ဟု ဆိုသည်။

သို့သော် Facebook တွင် နိုင်ငံရေးပါတီများက ၎င်းတို့၏ မူဝါဒနှင့် သဘောထားများကို Boost လုပ်နေသည်များနှင့် ပတ် သက်၍ Facebook ၏ စည်းမျဉ်းစည်းကမ်း အတိုင်းသာ သွားလိမ့်မည်ဟု ဦးမြင့်နိုင်က ပြောသည်။

“Facebook ကိုတော့ ကျနော်တို့က သွားပြီး ထိန်းချုပ်လို့မရဘူး။ သတင်းမှားတွေ၊ အချက်အလက်မှားတွေနဲ့ လုပ်တဲ့ဟာ တွေ ကျတော့ Facebook ရဲ့ စည်းမျဉ်းတွေနဲ့ပဲ ဆိုင်သွားတာပေါ့နော်။ ဥပဒေမှာရှိပြီးသား ပြဌာန်းပြီးသား၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မလုပ်ရဘူး။ ရွေးကောက်ပွဲကို ပျက်ပြားအောင် မလုပ်ရဘူး။ ဒါတွေက ရှိပြီးသားတွေ ကို တော့ သူတို့ လိုက်နာကြရမှာပေါ့။ Facebook မှာတော့ မဲဆွယ်စည်းရုံးတာတွေကတော့ များလာမှာပေါ့” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဦးမြင့်နိုင်၏ ပြောဆိုချက်အရ Facebook ပေါ်တွင် နိုင်ငံရေးပါတီများ၏ ကြော်ငြာလုပ်ဆောင်မှုများကို ကော်မရှင်ဘက်က ဝင်စွက်ဖက်ရန် မရှိဟု ဆိုသည့် သဘောမျိုးဟု နားလည်ရသည်။

သို့သော်လည်း တခုရှိသည်က Facebook တွင် Boost လုပ်သည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ Boost လုပ်ခြင်းအတွက် ကုန်ကျသည့် အသုံးစရိတ်ကို ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအသုံးစရိတ် တွင် မည်သို့စဉ်းစားမည်ဆိုသည့်အချက်မှာ မရှင်းလင်းချေ။

လက်ရှိ ဥပဒေအရ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၁ ယောက်၏ အသုံးစရိတ်သည် သိန်း ၁၀၀ အထိ သတ်မှတ် ထားရာ လက်ရှိ လူမှုကွန်ရက်ကြော်ငြာလုပ်ဆောင်မှုများနှင့် ပတ်သက်သည့် ငွေကြေး သုံးစွဲမှု အချက်များ ကိုလည်း ထည့်သွင်း စဉ်းစား၊ မစဉ်းစားဆိုသည်ကို ဦးမြင့်နိုင်က နောက်ပိုင်းမှသာ ပြန်လည်ဖြေကြားပေးမည်ဟု ဧရာဝတီသို့ ပြောဆိုထားသည်။

ကြော်ငြာအသုံးစရိတ် ကန့်သတ်ဖို့ လိုပြီလား

နိုင်ငံရေးပါတီများ Facebook တွင် ကြော်ငြာနေခြင်းနှင့်ပတ်သက်၍ သုံးသင့်သည်ဟု နိုင်ငံရေးလေ့လာသူအချို့က ယေဘုယျဆိုကြသည်။

သို့သော်လည်း ထိုသို့ ကြော်ငြာနေခြင်းအတွက် အသုံးစရိတ် ကန့်သတ်သင့်သည်ဟု ထင်မြင်ချက်ပေးသူများလည်း ရှိသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ ပြင်ပဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းကလည်း ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလတွင် နိုင်ငံရေးပါတီများ၏ စည်းရုံးမှု ပုံစံသည် အွန်လိုင်း ဘက်ကို ရွှေ့ပြောင်းလာနေကြောင်း ပြောဆိုသည်။

“ကျနော်တို့ လက်တွေ့အကန့်အသတ်ကြောင့် အွန်လိုင်းဘက်ကို ပိုရွှေ့လာတယ်လို့ ပြောလို့ရတယ်ပေါ့။ ဒါပေမယ့်လည်း Facebook မှာ Like များလို့ အမတ်ဖြစ်မယ်လို့ တထစ်ချ ပြောလို့မရဘူး။ ဒါမျိုးတော့ ရှိတာပေါ့” ဟု ၎င်းက မှတ်ချက် ပေးသည်။

အာဏာရပါတီ NLD က အစိုးရအဖွဲ့ကို ဦးဆောင်နေရပြီး အစိုးရပိုင် ရုပ်မြင်သံကြား၊ သတင်းစာ စသည့် လူထုဆက် သွယ်ရေး ယန္တရားများကို အလွယ်တကူ အသုံးပြုခွင့်ရနေချိန်တွင် နိုင်ငံရေးပါတီအချို့၏ Facebook တွင် ကြော်ငြာနေမှု များကို ဝေဖန်ပြစ်တင်မည် ဆိုပါက မျှတမည် မဟုတ်ကြောင်း ဦးအောင်သူငြိမ်းက ပြောသည်။

“ကျနော် တချို့ရေးထားတာတွေလည်း ဖတ်ရပါတယ်။အစိုးရဘက်က ကျတော့ သူ့ရဲ့ အစိုးရပိုင် ရုပ်မြင်သံကြား စသဖြင့် သူ့ရဲ့ အခွင့်သာသမျှကို စိတ်ကြိုက်သုံးနေတယ်။ အဲဒါတွေကျတော့ မီဒီယာတွေက မဝေဖန်ဘဲနဲ့ နိုင်ငံရေးပါတီတွေ Facebook သုံးတာ ဝေဖန်ရင်တော့ မတရားဘူးလို့ ထင်တာပေါ့။ သူလည်း ရရာ မီဒီယာကို ကိုင်သုံးရတဲ့ ပုံစံဖြစ်တာပေါ့”ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ NLD ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် ပါတီကိစ္စများ သီးသန့်ဟောပြော စည်းရုံးနိုင်ရန် Chair NLD Page ကို သြဂုတ်လ အစောပိုင်းကတည်းက ဖွင့်ထားသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
478
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
593

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် မန္တလေးတိုင်းအခြေစိုက် ကနောင်အင်စတီကျု၏ အမှုဆောင်ဒါရိုက်တာ ကိုသန်းမြတ်စိုး ကမူ Facebook ပေါ်တွင် နိုင်ငံရေးပါတီများက ပြောဆိုနေမှုများကို လူထုက အလွယ်တကူယုံကြည်ကာ မဲပေးရွေးချယ်မှုအပေါ်တွင် သက်ရောက်မှုရှိလာမည်ကို စိုးရိမ်နေသည်။

“ပါတီကြီးအများစုက Facebook ပေါ်မှာ ရေးကြတာ အများစုကတော့ မိမိကောင်းကြောင်းပါပဲ။ ရေးကြတော့ ကိုယ့်ကိုယ် ကိုယ် ဂုဏ်တင်ပြီး အမွှန်းတင်ပြီး ရေးကြတာပဲ။ အဓိက ခံရမှာက ပြည်သူဗျ” ဟု ၎င်းက ပြောဆိုသည်။

Facebook ကြောင့်ပဲ မြန်မာနိုင်ငံတွင် လူမှုရေး၊ ဘာသာရေးပဋိပက္ခများ ကြုံခဲ့ရဖူးသည်ဟု ကိုသန်းမြတ်စိုးက ပြောသည်။

ဆက်လက်၍ ၎င်းက “အဲဒီ သူတို့ ရေးတဲ့ အတိုအထွာတွေ ဖတ်ပြီးတော့ ဒီမိုကရေစီသွားနေတဲ့ လမ်းကြောင်းမှာ ထင်ယောင်ထင်မှားတွေ ဖြစ်ပြီးတော့ မဲပေးရွေးချယ်မှုတွေ ထိခိုက်လာမှာကို ကျနော်ကတော့ စိုးရိမ်တယ်” ဟု ဆိုသည်။

ထို့ကြောင့် ပိုက်ဆံရှိတိုင်း အလွန်အကျွံ ကြော်ငြာနေမှုများမဖြစ်ရန် နိုင်ငံရေးပါတီ တခုအနေနှင့် Facebook တွင် ငွေမည်မျှ သုံးရမည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ကန့်သတ်သင့်ကြောင်း ကိုသန်းမြတ်စိုးက ပြောသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းဖြစ်သော New Myanmar Foundation မှ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းကလည်း နိုင်ငံရေးပါတီများ၏ Facebook တွင် သုံးနေသော ငွေကြေး ပမာဏကို ကန့်သတ်သင့်ကြောင်း ယခုကဲ့သို့ပြောသည်။

“လူမှုကွန်ရက်ကနေ မဲဆွယ်စည်းရုံးလုပ်တာတွေလည်း ကောင်းပါတယ်။ မျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်အောင် ဆိုရင် ဒါကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အသုံးစရိတ်မှာ ထည့်သွင်းတွက်ချက်ဖို့ လိုပါလိမ့်မယ်” ဟု ဆိုသည်။

ထိုသို့ မဟုတ်ပါက Facebook က တဆင့် စည်းရုံးခြင်းမပြုဘဲ သမာရိုးကျ နည်းလမ်းဖြင့်သာ စည်းရုံးရေးလုပ်သည့် နိုင်ငံရေး ပါတီများအတွက် နစ်နာမှုဖြစ်လာနိုင်ကြောင်း ၎င်းကပြောသည်။

လူထုအတွက်ဆိုပါက ယခုကဲ့သို့ နိုင်ငံရေးပါတီများ လူမှုကွန်ရက်ကို အသုံးပြုကာ စည်းရုံးလာကြခြင်းသည် အပြုသဘော ဆောင်သည့် သဘောဖြစ်ကြောင်း ဒေါ်မြနန္ဒာသင်းက မှတ်ချက်ပေးသည်။

“နိုင်ငံရေးပါတီတွေအကြောင်း ပိုသိလာမယ်ပေါ့။ ကျမတို့အတွက် ရွေးချယ်စရာ ပိုများလာမယ်ပေါ့။ ဒီထဲမှာမှ ဘယ်သူ့ကို ရွေးမလဲဆိုတာက သူတို့ရဲ့ အသိတရားနဲ့သူတို့ ရွေးရမှာပေါ့။ ကျမအနေနဲ့ ပြောရရင် မဲဆန္ဒရှင်တွေအတွက်ကတော့ များများ တွေ့လေ သူတို့အတွက် အခွင့်အလမ်းတွေပိုများပြီးတော့ ပိုကောင်းမယ်ထင်တဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်နိုင်မယ်ပေါ့” ဟု ဆိုသည်။

မည်သို့ပင် ဖြစ်စေ နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံရေးသမားအချို့သည် Facebook တွင် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ငွေကြေး အကုန်အကျခံကာ ကြော်ငြာများ လုပ်ဆောင်နေကြသည်။

နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲအတွက် Facebook အသုံးပြုမှုများ မည်မျှများပြားလာပြီး မဲဆန္ဒရှင် လူထုကို ၎င်းတို့၏ မူဝါဒနှင့် ကတိကဝတ်များ မည်ကဲ့သို့ ထိထိရောက်ရောက် တင်ပြကာ စည်းရုံးနိုင်မည်ဆိုသည့် အခြေအနေသည်ကား ရွေးကောက်ပွဲ နီးလာပါက ပိုမိုထင်ရှားလာမည်ဟုသာ ဆိုရမည်ဖြစ်သည်။

You may also like these stories:

ပြည်ပမှ ကြိုတင်မဲပေးရန် ကနဦး လျှောက်ထားသူ ၅ သောင်းကျော်ရှိ

ရွေးကောက်ပွဲများတွင် NLD ကိုယ်စားလှယ်များ အနိုင်ရခြင်းမှာ ပါတီပုံရိပ်ကြောင့်ဟု ဆို

၂၀၂၀ ရွေးကောက်ပွဲနဲ့ အစ္စလာမ်ဘာသာဝင်များ

Your Thoughts …
Tags: နိုင်ငံရေးပါတီဖေ့စ်ဘုတ်ကြော်ငြာရွေးကောက်ပွဲလူမှုကွန်ရက်
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နှင့် လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ တွေ့ဆုံစဉ်

ဂျပန် - လာအို ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်မည်

ချဲလ်ဆီး ကစားသမားများ

ချဲလ်ဆီး ကစားသမား အများစု ကိုဗစ် ကူးစက်ခံနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved