ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၏ အနောက်ဘက် ရပ်ကွက်ထဲရှိ သွပ်မိုး ပျဉ်ထောင် နှစ်ထပ်အိမ်အောက်တွင် တိတ်ဆိတ်စွာ ထိုင်နေသည့် ၃၈ နှစ်အရွယ် အမျိုးသမီးမှာ ညှိုးငယ်သော မျက်နှာဖြင့် ခြံပြင်ဘက်ကို ငေးမော ကြည့်နေသည်။ ခြံပြင်ဘက်တွင် ကလေးအချို့ အပူအပင်ကင်းစွာ ဆော့ကစားနေကြသည်။ ဒီဇင်ဘာလ၏ ဆောင်းရာသီကြောင့် အပြင်တွင် အေးနေသော်လည်း သူမ၏ ရင်ထဲတွင် အပူကို မငြှိမ်းနိုင်။ သူ့မျက်နှာတွင် ထင်ဟပ် ပေါ်လွင်နေသည်။
“ကျမကတော့ အမှုနိုင်တယ်လို့ မသတ်မှတ်ဘူး။ သူ့တို့က ကိုယ်တိုင်ကျူးလွန်တဲ့ လုပ်ရပ်အပေါ် အပြစ် ပေးခြင်းကို ခံရတာ။ ကျမမှာသာ အမဲစက်နဲ့ ကျန်ခဲ့တဲ့အတွက် ဖြေဖျောက်ဖို့ မလွယ်ကူတော့ဘဲ နစ်နာတာပေါ့။ ရှေ့ဆက် ဖြတ်သန်းဖို့ဟာကလည်း ဘယ်ကိုပဲသွားသွား မျက်နှာ မပြရဲတော့ပါဘူး” ဟု သူက လေးလေးလံလံ ပြောသည်။
သူ့နေရင်းရပ်ရွာနှင့် ဝေးရာ စစ်တွေမြို့ပေါ်က ကူညီစောင့်ရှောက်သူတဦး၏ အိမ်ပေါ်တွင် တည်းခိုရင်း သူ၏ အမှုကို အနိုင်တိုက်ခဲ့ရသည်။ သူ၏ အမှုသည် ရခိုင်စစ်ပွဲ ၂ နှစ်ကျော် ကာလအတွင်း အမျိုးသမီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပထမဆုံးအကြိမ် ဖြစ်သည်။
သူ့နေရင်းရပ်ရွာနှင့် ဝေးရာ စစ်တွေမြို့ပေါ်က ကူညီစောင့်ရှောက်သူတဦး၏ အိမ်ပေါ်တွင် တည်းခိုရင်း သူ၏ အမှုကို အနိုင်တိုက်ခဲ့ရသည်။ သူ၏ အမှုသည် ရခိုင်စစ်ပွဲ ၂ နှစ်ကျော် ကာလအတွင်း အမျိုးသမီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပထမဆုံးအကြိမ် ဖြစ်သည်။
ဇွန်လ၂၉ ရက်က သူ၏ နေထိုင်ရာ ဦးဂါကျေးရွာသို့ ဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်းတခုမှ တပ်ဖွဲ့ဝင် ၃ ဦးမှာ ထိုနေ့ ည ၁၁ နာရီ အချိန်ခန့်တွင် မိသားစုနှင့် နေအိမ်အတွင်း ပုန်းခိုနေသည့် သူမအား မှတ်ပုံတင် စစ်ဆေးစရာ ရှိသည်ဟု အကြောင်းပြခေါ်ယူကာ အခြား တအိမ်သို့ ခေါ်ဆောင်ပြီး သေနတ်ထောက် ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ကြသည်။
ငြင်းဆိုမှု၊ ဥပေက္ခာပြုမှုများကို ကနဦး တွေ့ကြုံပြီး နောက်ဆုံး အမှုကို တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်း ပါဝင်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမစပ်ယှက်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိမ်းမှု စသည့် ပုဒ်မများဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်က စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်နိုင်ခဲ့သည်။
ထိုသို့ သက်ဆိုင်ရာတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်က စစ်တွေတပ်နယ် လေးဝတီပညာရေး ရိပ်သာရှိ စစ်ဘက်ဆိုင်ရာ တရားခုံရုံးတွင် ထိုအမှုကို အပြီးသတ် အမိန့် ချခဲ့သည်။
ပြစ်မှုကျူးလွန်သူ တပ်မတော်သား ၃ ဦးမှာ ကျူးလွန်ကြောင်း ဝန်ခံသည့်အတွက် ၎င်းတို့အား ၁၉၅၉ ခု တပ်မတော်အက် ဥပဒေ ပုဒ်မ ၇၁၊ ၃၅ (င)၊ ၄၇(၁)နှင့် အရပ်သား ဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၃၆၆၊ ၃၇၆၊ ၁၄၄ ပုဒ်မတို့နှင့် တဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ်၂၀ စီ အသီးသီး အမိန့်ချ စီရင်လိုက်ပြီဖြစ်သည်။
ယင်းသို့ စစ်တရားရုံးက ကာယကံရှင်အပါအဝင် တခြား ကူညီလိုက်ပါသူ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူတို့၏ ရှေ့မှောက်တွင် အဆိုပါ အမှုကို ကြီးလေးသော ပြစ်ဒဏ်များနှင့် စီရင်အမိန့် ချမှတ်ခဲ့သည့်အတွက် အမှုတွင် အနိုင်ရခဲ့သည်ဟု ပြောဆိုနိုင်သည်။
အမှုပြီးဆုံးခဲ့သော်လည်း မိမိဇာတိရွာတွင် နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသေးခြင်း မိမိတို့ဘဝ လုံခြုံမှု မရှိသလို ခံစားရခြင်းအပြင် အချိန်မရွေး စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်လာသည့်အတွက် ရွာတွင် အခြေချနေထိုင်ရန် သူမအတွက် မလွယ်ကူတော့သည့် စိုးရိမ်စိတ်များကလည်း ရှိနေသည်။
သို့သော်လည်း ထိုဖြစ်ရပ်ကြောင့် ရှေ့ဆက် ဖြတ်သန်းရမည့် အနာဂတ် ခရီးလမ်းတွင် ပတ်ဝန်းကျင်ကို ပြန်လည် ရင်ဆိုင်ရန် အားငယ်စိတ်၊ ကြောက်ရွံ့မှုများက အဆုံးမသတ်နိုင်အောင် ဝင်ရောက်နေသည်ကို ခံစားနေရသည်ဟု သူမကဆိုသည်။
အမှုပြီးဆုံးခဲ့သော်လည်း မိမိဇာတိရွာတွင် နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသေးခြင်း မိမိတို့ဘဝ လုံခြုံမှု မရှိသလို ခံစားရခြင်းအပြင် အချိန်မရွေး စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်လာသည့်အတွက် ရွာတွင် အခြေချနေထိုင်ရန် သူမအတွက် မလွယ်ကူတော့သည့် စိုးရိမ်စိတ်များကလည်း ရှိနေသည်။
“ရွာကိုပြန်ရင်လည်း အားငယ်စိတ်တွေက ရှိနေတယ်။ သူများတွေ ကဲ့ရဲ့မှာကို ကြောက်နေတယ်။ လတ်တလောမှာ ရှေ့ဆက်လို့ ဘယ်လို ရပ်တည်သွားမယ်၊ ဘာလုပ်မယ်ဆိုတာလည်း ပြောမရသေးဘူး” ဟု သက်ပြင်းမောများကြားက သူက ဧရာဝတီကို ဖွင့်ဟပြောသည်။
သူ နေထိုင်ရာ ဦးဂါကျေးရွာသည် စစ်တွေ- ပါတလိပ်- ရသေ့တောင် ကားလမ်းမပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၃၀၀ ကျော်ရှိသော ရွာကြီးတရွာဖြစ်သလို လယ်ယာနှင့် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်စားသောက်ကြသော ကျေးရွာတရွာ ဖြစ်သည်။
ထိုကျေးရွာတွင် သူမတို့ မိသားစုမှာ မိမိနေရပ်၌ ဆင်းရဲချို့တဲ့ပြီး ကြုံရာကျပန်း ဈေးရောင်း၊ ဟင်းသီးဟင်းရွက် ရောင်း ချခြင်း၊ မုန့်တီရောင်းခြင်း စသည့် အလုပ်ကိုင်စားသောက် နေသူများ ဖြစ်သည်။
သို့သော်လည်း အခင်းဖြစ်ပွားပြီးနောက်ပိုင်းမှ ယနေ့အချိန်အထိ အမျိုးသားထံမှ တစုံတရာ ဆက်သွယ် မေးမြန်းခြင်းများ မရှိတော့ခြင်းမှာလည်း သူမ ဘဝအတွက် ပိုပြီး စိတ်အားငယ်စရာတခု ဖြစ်လာသည်။
သူ၏ အမျိုးသားမှာ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်ကိုင်နေသူတဦးဖြစ်ပြီး အမှုမဖြစ်ပွားခင် ကာလက မိသားစုထံသို့ လစဉ် ငွေကြေးထောက်ပံ့မှုများ ရှိခဲ့သည်။ ထို့ကြောင့် သူမမှာ ဦးဂါကျေးရွာတွင် မိသားစု ၆ ဦး နှင့်အတူ ကြုံရာကျပန်း လုပ်ကိုင်နေချိန်တွင် အထိုက်အလျောက် စားဝတ်နေရေး အဆင်ပြေခဲ့သည်။
အသက် ၁၆ နှစ်အရွယ် သားဖြစ်သူက လယ်ယာ အငှားလုပ်ကိုင်ခြင်း၊ သူမမှာလည်း ကျပန်းလုပ်ကိုင်နေခြင်းကြောင့် မိသားစု ဝမ်းရေးကိစ္စ အနည်းငယ် အဆင်ပြေနေခြင်း ဖြစ်သည်။
သို့သော်လည်း အခင်းဖြစ်ပွားပြီးနောက်ပိုင်းမှ ယနေ့အချိန်အထိ အမျိုးသားထံမှ တစုံတရာ ဆက်သွယ် မေးမြန်းခြင်းများ မရှိတော့ခြင်းမှာလည်း သူမ ဘဝအတွက် ပိုပြီး စိတ်အားငယ်စရာတခု ဖြစ်လာသည်။
“အခု ဖြစ်သွားတာကလည်း ကျမဘက်က သစ္စာဖောက်တာ မဟုတ်။ အားမတန်လို့ လျော့ပေးလိုက်ရပဲ ရှိတယ်လေ။ ဒါကြောင့် ကျမအပေါ်မှာ တနေ့နေ့ နားလည်လာလိမ့်မယ်လို့ မျှော်လင့်နေမိတယ်” ဟု သူမ၏ မျှော်လင့်ချက်ကို ပြောပြသည်။
ယင်းသို့ သူ၏ အမျိုးသားထံမှ အကူအညီကို မရတော့ခြင်း၊ ရခိုင်တွင် စစ်ရေးပဋိပက္ခများ အပြီးဆုံးသေးခြင်းတို့ကြောင့် အိမ်မပြန်နိုင်သေးသည့်အတွက် စစ်တွေမြို့တွင် ဆက်လက် နေထိုင်ခွင့်ပြုထားရကြောင်း လက်ရှိ စောင့်ရှောက်ထားသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
ဒေါ်ညိုအေးက “ဒီမှာ လင်ယောက်ျားရဲ့ အကူအညီ အမှီအတင်း မရရှိတော့ဘူး။ နောက်တခုက သူက ရွာပြန်နိုင်ဖို့အတွက် စစ်ပွဲတွေပြီးဆုံးသွားတာ မရှိသေးတော့ ဘယ်အာမခံချက်ကလည်း မပေးနိုင်ဘူး။ ဒါကြောင့် ကျမကတော့ သူတို့မိသားစု အိမ်မပြန်နိုင်ရင် တာဝန်ယူထားရဦးမှာပဲ” ဟု ဆိုသည်။
လက်ရှိ ဒေါ်ညိုအေးနေအိမ်၌ ခိုလှုံနေသည်မှာ ၆ လကျော်အချိန်ထိ ကြာမြင့်နေပြီဖြစ်သလို လက်ရှိ ကိုဗစ်ရောဂါကြောင့် အလုပ်အကိုင် ရှားပါးနေသည့်အတွက် အလုပ်အကိုင်မရှိဘဲ အမှုပြီးသည့် အချိန်မှစ၍ ကူညီထောက်ပံ့မှု မရှိတော့သည့်အတွက် အရပ်ဘက် အဖွဲ့အစည်းများက သူမ၏ ဘဝရှေ့ရေးအတွက် တစုံတရာ ကူညီပေးသင့်နေပြီ ဖြစ်ကြောင်းလည်း ဒေါ်ညိုအေးက ရှင်းပြသည်။
“အခုကတော့ သူ့ရဲ့ အမှုကတော့ ပြီးသွားတော့ ပွဲပြီး မီးသေသလိုဖြစ်နေပြီ။ ကျမကတော့ ဘာမှ သူတို့အတွက် ပြောစရာမရှိဘဲ ထားထားတာ။ ဒါကြောင့် ရခိုင့်အရပ်ဘက် အဖွဲ့အစည်းတွေကလည်း စုပေါင်းပြီး တော့ သူ့ဘဝအတွက် တခုခု ကူညီပေးသင့်နေပြီ” ဟု အကူအညီ တောင်းခံလိုက်သည်။
ယခင် အမှု ရင်နေရသည့် အချိန်တွင် သူမတို့ မိသားစုအတွက် ရခိုင်အရပ်ဘက် အဖွဲ့များဖြစ်ကြသော ရခိုင်အမျိုးသမီးများ အဖွဲ့အစည်း (RWU)၊ ရခိုင်ရှေ့နေများအဖွဲ့၊ ရခိုင်မျိုးနွယ်များ အစည်းအရုံး (REC) ၊ ရခိုင်သဘာဝ သယံဇာတ ထိန်းသိမ်း ရေးအဖွဲ့၊ ဝံလက်ဖောင်ဒေးရှင်း၊ ရသေ့တောင် ပရဟိတ စသည့် လူမှုအဖွဲ့အစည်းများက ငွေကျပ် ၁ သိန်း၊ ၅ သောင်း အပြင် ဆန်၊ ဆီ၊ ဆား စသည့် ရိက္ခာများကို ကူညီထောက်ပံ့ပေးမှု အချို့ ရှိခဲ့သည်။
သို့သော်လည်း လက်ရှိတွင် ထောက်ပံ့မှုများ မရရှိသည်မှာ၂ လကျော်ကြာနေပြီး၊ အမှုပြီးဆုံးချိန်တွင် မည်သည့် အဖွဲ့ အစည်းတို့မှ လာရောက် ထောက်ပံ့ ကူညီပေးမှု မရှိတော့ခြင်း၊ သူမအနေဖြင့် အပြင်သို့ အလုပ်ထွက်လုပ်ရန် ကိုဗစ်ကာလ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် ပိုပြီးအခက်အခဲများနှင့် ကြုံတွေ့နေရခြင်း ဖြစ်နေသည်။
အခင်းဖြစ်ပွား၍ မိမ်ိကျေးရွာမှ ထွက်လာကာ အမှု ရင်ဆိုင်ချိန်နှင့် ယနေ့ အချိန်အထိ ၆ လကျော်အထိ ထိုအိမ်တွင် ၎င်းအပါအဝင် မိသားစု ၆ ယောက်ကို ခိုလှုံခွင့်ပြုထားခြင်းဖြစ်သော်လည်း လက်ရှိတွင် အမှု ပြီးဆုံးသွားသည့်အတွက် ၎င်းတို့ မိသားစု အခြေချ နေထိုင်မည့် နေရာသစ် မရရှိသေးပေ။
ထို့ကြောင့် အစိုးရနှင့် တပ်မတော်တို့ဘက်မှ ကာယကံရှင်အမျိုးသမီးအတွက် နစ်နာကြေး၊ လျော်ကြေး ပေးသင့်ကြောင်းလည်း ဒေါ်ညိုအေးက ထောက်ပြပြောဆိုသည်။
“ဒီလို နစ်နာကြေးတွေ တောင်းလိုက်ရင် ကျမဟာ တန်ဖိုးမရှိတဲ့ အမျိုးသမီးတဦး စတဲ့ အမြင်စောင်းသွားစေနိုင်တယ်။ ဒါကြောင့် အစိုးရဆီက နစ်နာကြေး မတောင်းတော့ပါဘူး။ အကူအညီပေးလာရင်တော့ လက်ခံသွားပါမယ်” ဟု ပြောသည်။
ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လူသားချင်း စာနာထောက်ထားမှုအနေဖြင့် ကူညီပေးရန်အတွက် နစ်နာသူဘက်က အကူအညီရရှိရန် တင်ပြလာလျှင် အစိုးရအဖွဲ့ မျက်နှာစုံညီ ဆွေးနွေးပြီးမှ လုပ်ပေး နိုင်မည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
သို့သော်လည်း မိမိမှာ ယင်းသို့ အစိုးရထံမှ နစ်နာကြေး၊ လျော်ကြေးငွေ တောင်းလိုက်လျှင် ဂုဏ်သိက္ခာ ကျဆင်းမည်ဖြစ်သဖြင့် ယင်းသို့ တောင်းခံခြင်းမျိုးပြုလုပ်မည် မဟုတ်ဘဲ အကူအညီများ ပေးလာလျှင်သာ လက်ခံမည်ဟု သူမက ဆိုသည်။
“ဒီလို နစ်နာကြေးတွေ တောင်းလိုက်ရင် ကျမဟာ တန်ဖိုးမရှိတဲ့ အမျိုးသမီးတဦး စတဲ့ အမြင်စောင်းသွားစေနိုင်တယ်။ ဒါကြောင့် အစိုးရဆီက နစ်နာကြေး မတောင်းတော့ပါဘူး။ အကူအညီပေးလာရင်တော့ လက်ခံသွားပါမယ်” ဟု ပြောသည်။
ဖြစ်စဉ်အပေါ် ရှက်စရာတခုအဖြစ် သဘောမထားဘဲ ရဲဝံ့စွာ အမှုကို ရင်ဆိုင်ရဲသည့် သတ္တိရှိသည့်အတွက် ဦးဂါအမျိုးသမီး ဘဝရပ်နိုင်ရေးအတွက် အားပေးကူညီသွားမည်ဖြစ်ကြောင်း အမျိုးသမီးအတွက် ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ဆိုသည်။
၎င်းက “စစ်ရေး ပဋိပက္ခအတွင်းမှာ အမျိုးသားထက် အမျိုးသမီးတွေက ပိုပြီးတော့ နစ်နာတယ်။ အမျိုးသမီးတွေက အဘက်ဘက်က ဆုံးရှုံးစေတယ်။ အခု ဦးဂါ အမျိုးသမီးကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့ကို လက်ရှိ တာဝန်ယူ အုပ်ထိန်း ထားသူနဲ့ ဆွေးနွေးပြီးတော့ သူ့ကို လူတောသူတော တိုးနိုင်အောင် သူ့ဘဝ ရပ်တည်မှု အတွက်လည်း ကူညီပေးဖို့ ရှိပါ တယ်” ဟု ဆိုသည်။
ထို့ပြင် လက်ရှိတွင် အမှုပြီးဆုံးသွားသည့်အတွက် အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ပေးမှု မရှိတော့ခြင်းမှာ သူမအား လျစ်လျူရှုထားသလို ဖြစ်နေပြီး ၎င်းအား မူလပတ်ဝန်းကျင် မဟုတ်ဘဲ တခြားနေရာသစ်တခုတွင် ရပ်တည်နိုင်ရေးအတွက် အကူအညီများ ဖန်တီးပေးပြီး ပစ်ပယ်မထားဘဲ သူမဘဝကို နားလည်ပေးရန် လိုအပ်ကြောင်းလည်း ထောက်ပြ ပြောဆို ကြသည်။
ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့ (RWIO) ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက “ကျမတို့ လူမှုပတ်ဝန်းကျင်မှာ ဒီလို ကာအိန္ဒြေနဲ့ ဆိုင်တဲ့ ထိပါးနှောင့်ယှက်မှု ခံရတယ်ဆိုရုံလောက်နဲ့ ကဲ့ရဲ့ ရှုတ်ချ ပြစ်တင်တာတွေ ပစ်ပယ်တာ ရှိတယ်။ အခုကိစ္စတွေဟာ ကာယကံရှင် ကိုယ်တိုင်က ကျူးလွန်တဲ့ ကိစ္စ မဟုတ်တဲ့အတွက် ကျူးလွန်ခံရတဲ့ အမျိုးသမီးကို စိတ်ခွန်အားတွေ အများကြီးပေးဖို့ အရေးကြီးပါတယ်” ဟု ဆိုသည်။
“ကျမတို့ လူမှုအသိုင်းအဝိုင်းကြားထဲမှာ အခုလို ဖြစ်သွားတယ်ဆိုရင် ပတ်ဝန်းကျင်ရဲ့ ပစ်ပယ်မှုကို ခံရတတ်တယ်။ အဲဒါကြောင့် အဲဒီ အမျိုးသမီးတွေက၂ ဆ နစ်နာတယ်” ဟု ဒေါ်စောစံငြိမ်းသူက ပြောသည်။
You may also like these stories:
ဦးဂါ ရွာသူကို အဓမ္မကျင့်ခဲ့သည့် တပ်မတော်သား ၃ ဦးအား ထောင် အနှစ်၂၀ စီချမှတ်
ဦးဂါရွာသူအမှု တရားမျှတမှုရရေး အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို
တပ်မတော်သား ၃ ဦးအား မုဒိမ်းမှုဖြင့် ဦးဂါ ရွာသူ အမှုဖွင့်