• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီကို တော်လှန်ဖို့ ဖက်ဒရယ်တပ်မတော် ဖွဲ့နိုင်မလား

by ဧရာဝတီ
21 March 2021
in ဆောင်းပါး
A A
မြန်မာပြည် တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် / ဧရာဝတီ

မြန်မာပြည် တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် / ဧရာဝတီ

42.6k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူထု အပေါ် အကြမ်းဖက်ဖိနှိပ်မှုများ ပိုများလာသည်နှင့် အမျှ လူထု၏ သည်းခံနိုင်မှုသည်လည်း တစထက်တစ ဆုတ်ယုတ်လာနေသည်။

အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများသာမက ဆန္ဒမပြသူများကိုပါ စစ်တပ်နှင့် ရဲက ရိုက်နှက်ဖမ်းဆီး ၊ ပစ်ခတ်နေပြီး ၊ အိမ်အပေါ်အထိ တက်ကာ အကြမ်းဖက် ရိုက်နှက်ခြင်းများ လုပ်ဆောင်နေသည်။

မြန်မာပြည်သူအများစုက အလေးအမြတ်ပြုနေသည့် သံဃာတော်များကိုပါမချန်ဘဲ ရဲနှင့် စစ်တပ်က အကြမ်းဖက်နေသောကြောင့် မြန်မာပြည်သူအများစုက မခံမရပ်နိုင် ဖြစ်လာကြသည်။

အကြမ်းဖက်ပစ်ခတ်မှုများကြောင့် လူသေဆုံးမှုများသည့် မြောက်ဥက္ကလာ ၊ လှိုင် ၊ သကေတ ၊ လှိုင်သာယာနှင့် ပဲခူးမြို့တို့တွင်လည်း ရရာလက်နက်ဆွဲကာ ပြန်ချမည်ဟု အဓိပ္ပာယ်ဆောင်သည့် အလံနက်များ လွှင့်ထူကြသည်။

ပြည်သူအများစု၏ စိတ်ထဲမှာလည်း သေနတ်မရှိသောကြောင့်သာ စစ်တပ်နှင့် ရဲက ထင်သလို လုပ်နေကြခြင်း ဖြစ်ပြီး ပြည်သူများ၏ လက်ထဲတွင် သေနတ်သာရှိပါက အာဏာသိမ်းစစ်ကောင်စီကို အနိုင်တိုက်နိုင်လိမ့်မည်ဟု ယူဆနေကြသည်။

“ကုလသမဂ္ဂက စစ်ရေးအရ ဝင်မယ်ဆိုတာကိုလည်း မမျှော်တော့ပါဘူး။ CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) ကသာ တပ်ဖွဲ့ပေးပါ။ ဝင်ရောက်စစ်မှု ထမ်းပါမယ်။ ဒီကောင်တွေ ထင်သလို လူသတ်နေတာကိုတော့ ဘာမှပြန်မလုပ်ဘဲ ကြည့်မနေနိုင်တော့ဘူး” ဟူသော စကားသံမှာ စစ်အာဏာသိမ်းဆန့်ကျင်သူ အတော်များများကို ကိုယ်စားပြုနိုင်သည်။

CRPH ကို ထောက်ခံသည့် မြန်မာလူငယ် အများစုကလည်း CRPH ကသာ ဖက်ဒရယ်တပ်မတော် ဖွဲ့နိုင်မည်ဆိုပါက ဝင်ရောက်စစ်မှုထမ်းပါမည်ဟု ၎င်းတို့၏ Facebook တွင် ရေးသားနေကြပြီး စစ်တပ်နှင့် တိုက်ပွဲ ဖြစ်နေသော ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့ကို ကြိုဆိုထောက်ခံကြောင်းလည်း ရေးသားနေကြသည်။

ထိုကဲ့သို့ အခြေအနေများကို အခြေခံ၍ မေးခွန်းထုတ်စရာ ရှိသည်က အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ဖြစ်ထွန်းလာသော ပြည်သူလူထု၏ ဖက်ဒရယ်တပ်မတော် တည်ထောင်ရေး မျှော်လင့်ချက်သည် လက်တွေ့အားဖြင့် ဖြစ်နိုင် မဖြစ်နိုင်ဆိုသည့် အချက်ပင်ဖြစ်သည်။

တပ်မတော်၏ အခြေအနေ

စစ်ကောင်စီ၏ တပ်မတော်ကို တိုက်ရန် ဖက်ဒရယ်တပ်မတော်ဖွဲ့နိုင်ရေး ရည်ရွယ်သည်ဆိုပါက ပထမဆုံး စဉ်းစားရမည့် အချက်မှာ တပ်မတော်၏ အနေအထားနှင့် အင်အားပင် ဖြစ်သည်။

လက်ရှိတွင် စစ်အင်အား ၂ သိန်းကျော်ရှိသည့် တပ်မတော်သည် တနိုင်ငံလုံးကို အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည်။

၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တလျှောက်လုံးတွင် ကြည်း ၊ ရေ ၊ လေ ပူးပေါင်းအင်အားဖြင့် အသည်းအသန် တိုက်ခိုက်ခဲ့ရသော အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် ရခိုင်စစ်တပ် (AA) ကို ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်တွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းမှ စစ်ကောင်စီက ပယ်ဖျက်လိုက်သည်။

သို့သော်လည်း မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်နှင့် မြန်မာပြည်မြောက်ပိုင်း သထုံခရိုင်တို့တွင်မူ တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာတဝိုက်ရှိ တပ်မတော်၏ တပ်စခန်းတခုကို မတ်လ ၁၁ ရက်တွင် KIA က ဝင်တိုက်ခဲ့သောကြောင့် တပ်မတော်ဘက်ကလည်း KIA ကို ခြေလျင်တပ်များသာမက ရဟတ်ယာဉ်များဖြင့်ပါ ပြန်လည် တုံ့ပြန် တိုက်ခိုက်နေသည်။

မြန်မာပြည် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်/ ဧရာဝတီ

KIA ဘက်ကမူ တပ်မတော်တပ်စခန်းများကို ဝင်တိုက်ရန် ဗဟိုက မညွှန်ကြားထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်ဘက်က ယခင်ကပင် ထိုးစစ်ဆင်နေသောကြောင့် ယင်းထိုးစစ် အရှိန်လျော့သွားရန် KIA တပ်ရင်း ၂၆ က ဖားကန့်တွင် တိုက်စစ်ဆင်ခြင်း ဖြစ်နိုင်ကြောင်းပြောထားသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
300
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
89
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
120

ထို့အတူ မွန်ပြည်နယ် သထုံမြို့တဝိုက်တွင်လည်း KNU ၏ လက်နက်ကိုင်တပ်ဖြစ်သော KNLA တပ်မဟာ (၁) နှင့် တပ်မတော် တို့ မတ်လ ဒုတိယပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KNU သတင်းအချက်အလက်ဌာနက သတင်းထုတ်ပြန်ထားသည်။

ကရင် ပြည်နယ် ဘားအံမြို့နယ်တွင်လည်း တပ်မတော်ဘက်က KNLA တပ်ရင်း (၁) ၏ လက်အောက်ခံ တပ်ခွဲ (၁) အား မတ်လ ၉ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်ဘက်က စစ်သည် ၅ ဦးကျဆုံးပြီး KNU ဘက်က ကျဆုံးမှုမရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင်နေထိုင်သည့် အမျိုးသားလုံခြုံရေး ကျွမ်းကျင်သူ တဦးကမူ လက်ရှိတွင် တပ်မတော်သည် လူထုအုံကြွမှုများကို ဖြိုခွဲရန် ရှေ့တန်းက တပ်များကို နေရာချထားခြင်း မဟုတ်ဘဲ နောက်ချန်တပ်များဖြင့်သာ လူထုကို ဖြိုခွဲနေခြင်း ဖြစ်ကြောင်း မှတ်ချက်ပေးသည်။

လက်ရှိ တိုင်းရင်းသား နယ်မြေများတွင်လည်း မူလကတည်းက ဗျူဟာမြောက်ထိုင်ထားသော ရှေ့တန်းတပ်ရင်းများ ရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်များက တပ်မတော်ကို တိုက်ခိုက်မည်ဆိုပါက အဆိုပါ တပ်ရင်းများကို ထိုးစစ်ဆင်ကာ နယ်မြေထိန်းချုပ်နိုင်ရန် လုပ်ရမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

၁၉၈၈ ဝန်းကျင်က တပ်မတော်သည် ပြည်တွင်းတွင် လူထုဆန္ဒပြပွဲများကို ဖြိုခွဲနေစဉ်မှာပင် ရှမ်းပြည်နယ်၌ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မိုင်းယန်းတိုက်ပွဲကို ဆင်နွှဲခဲ့ပြီး ကရင်ပြည်နယ်တွင်လည်း KNU နှင့် မဲသဝေါတိုက်ပွဲကို ဆင်နွှဲခဲ့သေးသည်။

လက်ရှိ တပ်မတော်နှင့် KIA ၊ KNU တို့ဖြစ်နေသည့် တိုက်ပွဲသည် ယင်းတိုက်ပွဲများကဲ့သို့ မပြင်းထန်သေးကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ထို့ပြင် တပ်မတော်၏ လက်နက်ခဲယမ်းမီးကျောက် ရရှိနိုင်သည့် အခြေအနေသည်လည်း တိုင်းရင်းသားလက်နက်ကိုင်များထက် ပိုမိုအားသာနေကြောင်း ရန်ကုန်မြို့တွင်နေထိုင်သည့် အမျိုးသားလုံခြုံရေး ကျွမ်းကျင်သူ တဦးကပြောသည်။

“တပ်မတော်ရဲ့ Fire Power ပေါ့။ ပစ်အားရှိမယ်။ ၈၈ နဲ့ကွာတာက အခု တပ်မတော်မှာ သူတို့ သုံးနေတဲ့ ခဲယမ်းမီးကျောက် အကုန်လုံးနီးပါးလောက်ကို ပြည်တွင်းမှာထုတ်တာဆိုတော့ လက်နက်ခဲယမ်းမီးကျောက်ကတော့ အလျှံအပယ်ရှိနေတယ်” ဟု ၎င်းက ဆိုသည်။

NCA ထိုးတဲ့ အဖွဲ့တွေ

KNU အပါအဝင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များကမူ အကြမ်းဖက်ဖြိုခွဲမှုများကြောင့် လူထုအထိနာနေသည့် အခြေအနေကို လက်မခံနိုင်ဖြစ်နေကာ စစ်ရေးအရ ကူညီရန်လည်း ဆွေးနွေးနေကြောင်း ယင်းအဖွဲ့များနှင့် နီးစပ်သူများထံမှသိရသည်။

ထိုသို့ ဆွေးနွေးကြသည့်အခါတွင် အဖွဲ့အားလုံးပေါင်းပြီး ဖက်ဒရယ်တပ်မတော်ဖွဲ့ကာ ဆောင်ရွက်ကြရန် ဆွေးနွေးမှုများရှိသကဲ့သို့ တဖွဲ့ခြင်း လှုပ်ရှားကြရန်လည်း ဆွေးနွေးနေမှုများ ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံရေး လေ့လာသူတဦးက ဧရာဝတီသို့ ပြောသည်။

မြန်မာပြည် အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)/ ဧရာဝတီ

“တကယ်လို့ ဖက်ဒရယ်တပ်မတော်ဖွဲ့ပြီးတော့မှ တိုက်ပြီဆိုပါတော့ အဲဒါဆိုရင် NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့က NCA ကို ချိုးဖောက်ရာရောက်တယ်ဆိုတဲ့ အဓိပ္ပာယ်ထွက်သွားပြီ။ အဲဒီတော့ အခုလောလောဆယ်က NCA ကို မချိုးဖောက်ချင်တဲ့ ဘက်က ပိုများနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပြောတာက NCA ကို ကျနော်တို့က ကိုင်စွဲထားလို့ ကျနော်တို့က နိုင်ငံတကာနဲ့ တရားဝင် ဆက်ဆံနိုင်တာဆိုတာမျိုး ပြောတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ဖက်ဒရယ်တပ်မတော်ဖွဲ့ရန်အတွက်ဆိုပါက NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွက် အဓိက အခက်အခဲနှင့် စိန်ခေါ်ချက် ၂ ရပ်ရှိ နေသည်ဟုလည်း ထိုင်းနိုင်ငံရောက် နိုင်ငံရေးလေ့လာသူတဦးက ရှင်းပြသည်။

ယင်းအခက်အခဲ ၂ ရပ်မှာ လက်နက်ရနိုင်ရေးနှင့် စစ်ကောင်စီကို တိုက်မည်ဆိုပါက တိုက်ခိုက်ရန် မည်ကဲ့သို့ စုစည်းကြမည်ဆိုသည့် အချက်ပင် ဖြစ်သည်။

ထိုင်းနိုင်ငံနယ်စပ်အခြေစိုက်သည့် EAO အဖွဲ့များသည် တရုတ်နယ်စပ်တွင် အခြေစိုက်သည့် EAO များကဲ့သို့ လက်နက်အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် မလွယ်ကူကြောင်း ထိုင်းနိုင်ငံရောက် နိုင်ငံရေးလေ့လာသူတဦးက ပြောသည်။

“ဟိုမှာက ခေတ်သစ်လက်နက်တွေက ငွေရှိရင် အကုန်ဝယ်လို့ရတယ်။ ဒီဘက်မှာကျတော့ ငွေရှာရလည်း ခက်တယ်။ ငွေရှိတာတောင်မှ လက်နက်အသစ်တွေ ရှာဖို့ သိပ်ခက်တယ်။ ဒီဘက်မှာက ဗီယက်နမ်စစ်ပွဲက လက်ကျန်တွေလောက်ပဲ ရှိတာကိုးဗျ” ဟု ၎င်းက ရှင်းပြသည်။

စစ်ကောင်စီကို တိုက်ရန် မည်ကဲ့သို့ စုဖွဲ့ကြမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍လည်း NCA လက်မှတ်ထိုးထားသည့် EAO များအကြားတွင်သာမက အဆိုပါအဖွဲ့များနှင့် CRPH တို့အကြားတွင်ပါ ဆွေးနွေးနေကြသော်လည်း တိကျသည့် သဘောတူညီချက် မထွက်သေးကြောင်း သိရသည်။

ထို့ကြောင့် လူထုမျှော်လင့်သည့် ဖက်ဒရယ်တပ်မတော်ဖြစ်မြောက်ရေး မျှော်လင့်ချက်မှာ လက်တွေ့တွင် အကောင်အထည်ပေါ်ရန် မလွယ်ကြောင်း ထိုင်းနိုင်ငံရောက်နိုင်ငံရေး လေ့လာသူတဦးက မှတ်ချက်ပေးသည်။

“တကယ်တော့ ဒီဥစ္စာက ချက်ချင်း ၁ လ ၂ လ အတွင်း ဖြစ်နိုင်တဲ့ အလုပ်တော့ မဟုတ်ဘူး။ ချက်ချင်းဖြစ်နိုင်တာက တဖွဲ့ချင်းလုပ်တာပဲ။ တကယ့် ဖက်ဒရယ်အာမီ ဖြစ်ဖို့ကတော့ အချိန်ယူရမှာပေါ့။ အခုသူတို့ အင်တာနက်ကနေ ဆွေးနွေးနေတာတော့ ရှိတယ်။ ဒါပေမယ့် တကယ်တမ်း Coordination ရှိတဲ့ အစီအစဉ်တခုဆွဲဖို့က မရသေးဘူး” ဟု ၎င်းက ပြောသည်။

မြန်မာပြည်တွင် အင်အားအကောင်းဆုံး ဝ တိုင်းရင်းသားလက်နက်ကိုင်များက ယခု စစ်အာဏာသိမ်းမှုအပေါ် ဘာသဘောထားမှ မပေး/ ဧရာဝတီ

မြောက်ပိုင်းအဖွဲ့တွေ

KIA အပါအဝင် မြန်မာပြည်မြောက်ပိုင်း တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်များဘက်ကလည်း လူထုဖိနှိပ်ခံရမှုကို ကယ်တင်ရန် ကြီးမားသည့် တိုက်စစ်ဖွင့်နိုင်သည့် အခြေအနေရှိမနေကြောင်း လေ့လာသူများက ပြောဆိုကြသည်။

အဘယ်ကြောင့်ဆိုသော် AA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့က စစ်ကောင်စီကို မတ်လ ၁ ရက်မှ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်းကြေညာထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အလည်လာရန် ဖိတ်ခေါ်ဖူးသည့် ဝ တပ်ဖွဲ့ (UWSA) နှင့် မိုင်းလားအဖွဲ့တို့ကလည်း အကြမ်းဖက်ဖြိုခွဲမှုများကို ဆန့်ကျင်ကြောင်းမပြောဘဲ နှုတ်ဆိတ်နေသောကြောင့် ဖြစ်သည်။

လက်ရှိတွင် KIA တဖွဲ့တည်းသာ စစ်ကောင်စီ၏ တပ်မတော်နှင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသူတဦးကမူ တိုက်ပွဲဖြစ်နေသောကြောင့် KIA သည် စစ်ကောင်စီကို စစ်ကြေညာမည်ဟု မျှော်လင့်၍ မရကြောင်း ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးနေစဉ်မှာပင် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့သည်လည်း ရှိကြောင်း ၎င်းက ထောက်ပြသည်။

AA ၊ TNLA နှင့် MNDAA တို့က စစ်ကောင်စီကို မတ်လ ၁ ရက်မှ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်းကြေညာထားသည်/ ဧရာဝတီ

“တချို့က ဘယ်လောက်တောင် ပြောသလဲဆိုရင် အပစ်ရပ်စာချုပ် မချုပ်ခင်တုန်းကတောင် သိပ်မတိုက်ရဘူး။ ချုပ်ပြီးမှ ပိုတိုက်ရတယ်ဆိုတာမျိုး ပြောတာတောင် ရှိတယ်။ အခု တိုက်နေတဲ့ KIA ဆိုရင် ဘာသတင်းတွေ ထွက်နေလဲဆိုတော့ KIA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အပစ်ရပ်စာချုပ်ချုပ်ကြမယ် ဆိုတာမျိုး ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

သို့ဖြစ်ရာ နေရာဒေသနှင့် အကျိုးစီးပွား အကွဲကွဲအပြားပြား ဖြစ်နေသော တိုင်းရင်းသားလက်နက်ကိုင်များအား နိုင်ငံရေးဦးဆောင်မှုတခုတည်းအောက်တွင် ဖက်ဒရယ်တပ်မတော်ဖြစ်မြောက်ရေးသည် လက်တွေ့ အကောင်အထည်ပေါ်လာရန် မလွယ်သည့် အခြေအနေရှိနေသည်။

You may also like these stories:

EAO အဖွဲ့များကို မတရားအသင်းမှ ပယ်ဖျက်ခြင်း ဖက်ဒရယ်တပ်ဖွဲ့ရေး အထောက်အပံ့ ဖြစ်နိုင်

စစ်အာဏာသိမ်းမှုအပေါ် တိုင်းရင်းသားများအမြင်

စစ်အာဏာသိမ်းမှုက ဖွင့်လှစ်ပေးလိုက်သော မျှော်လင့်ခြင်းတံခါးများ

အရေးတကာ့ အရေးအပါဆုံး လမ်းဆုံလမ်းခွ သို့မဟုတ် မြန်မာနိုင်ငံကို ပြန်လည်ပုံဖေါ်ခြင်း

Your Thoughts …
Tags: CRPHEAOsစစ်ကောင်စီစစ်အာဏာသိမ်းတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဖယ်ဒရယ်တပ်လက်နက်ကိုင်တော်လှန်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဦးခေါင်းကျည်ထိပြီး သေဆုံးသွားသူ တဦး  / မုံရွာ CJ

မုံရွာ၌ အတားအဆီးများကို ဖြိုဖျက်သဖြင့် ကာကွယ်ရာမှ ၁ ဦး သေနတ်မှန် သေဆုံး

မြန်မာနိုင်ငံသား အများစုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းလိုကြသည်

မြန်မာတွေ ဘယ်လမ်းရွေးမလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved