သတင်း

EAO အဖွဲ့များကို မတရားအသင်းမှ ပယ်ဖျက်ခြင်း ဖက်ဒရယ်တပ်ဖွဲ့ရေး အထောက်အပံ့ ဖြစ်နိုင်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAO) အားလုံးကို အကြမ်းဖက်အဖွဲ့ သို့မဟုတ် မတရား အသင်းအဖြစ် ကြေညာထားခြင်းများရှိပါက ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က မတ်လ ၁၇ ရက်တွင် ကြေညာလိုက်သည်။

နိုင်ငံရေး လေ့လာသူအချို့ကမူ ယင်းကြေညာချက်သည် ဖက်ဒရယ်တပ်မတော် တည်ထောင်နိုင်ရေး အထောက်အပံ့ ဖြစ် စေနိုင်သဖြင့် ကြိုဆိုကြောင်း ပြောကြားသည်။

ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး လေ့လာသူတဦးက “အဲဒီ ဦးတည်ချက်က ရေရှည်အားဖြင့် ဖက်ဒရယ်တပ်မတော် ထူ ထောင်ရေး ရည်မှန်းချက်သွားနိုင်သည်အထိ ဖြစ်နိုင်တဲ့အတွက် ကြိုဆိုရမယ့် ကိစ္စဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်ကောင်စီက ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေပြီး လူထုကို အကာအကွယ်ပေး မည့် လက်နက်ကိုင်တပ်ဖွဲ့ ရှိမနေကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် လူထုကို အကာအကွယ်ပေးမည့် လက်နက်ကိုင် တပ် ဖွဲ့ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

“ပြည်သူ့ဘက်မှာက လက်နက်ကိုင် အင်အားဘာမှ မရှိဘူးလေ။ အဲဒီအခြေအနေမှာ ပြည်သူလူထုဘက်ကနေ ရပ်ခံပေး မယ့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ရနိုင်သမျှ စည်းရုံးတာက ယနေ့ ဗမာပြည်မှာရှိတဲ့ စစ်အာဏာရှင်စနစ် ချုပ် ငြိမ်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်က တိုင်းရင်းသား လက်နက်ကိုင်တွေကို စည်းရုံးရာမှာ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်” ဟု ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး လေ့လာသူတဦးက မှတ်ချက်ပေး သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသူ တဦးကမူ CRPH ၏ ကြေညာချက်သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ထူးခြားသည့် သက် ရောက်မှု ရှိမည် မဟုတ်သော်လည်း NCA လက်မှတ် မထိုးရသေးသည့် မြန်မာနိုင်ငံ မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်များအပေါ်တွင် တစုံတရာ သက်ရောက်နိုင်ကြောင်း သုံးသပ်သည်။

မတရားသင်းအဖြစ် ကြေညာထားချက်များကို ရုပ်သိမ်းလိုက်ခြင်းသည် NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြောဆို ဆွေးနွေးနိုင်ရန် ကြိုဆိုသည့် သဘောဆောင်သဖြင့် ယင်းအဖွဲ့များအပေါ်တွင် သက် ရောက်မှု ရှိနိုင်သည်ဟု ဆိုရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “အခု အရေးအခင်းမှာဆိုရင် NCA ကို လက်မှတ်ထိုးထားတဲ့ EAO တွေက သူတို့က တရားဝင် အဖွဲ့ အစည်းတွေ ဖြစ်တယ်။ တပ်မတော်က တရားဝင်အစိုးရကို ဖြုတ်ချလိုက်တဲ့အတွက် သူ့ရဲ့တရားဝင်မှုက ပျောက်ကွယ် သွားတယ်။ ပျက်ပြယ်သွားတယ်ဆိုပြီး ပြောတာတွေတောင် ရှိတယ်” ဟု မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံတွင် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ရှိပြီး NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ရှိသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းအချို့နှင့် NCA လက်မှတ်ထိုးထားသော ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၁) တို့ကြား မွန်ပြည်နယ် သထုံခရိုင်တွင် စစ်ရေးတင်းမာနေပြီး NCA လက်မှတ် မထိုးရသေးသည့် ကချင် လွတ်လပ်ရေးတပ် (KIA) နှင့်လည်း ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တိုက်ပွဲ များ ဖြစ်ပွားနေကြောင်း သိရသည်။

You may also like these stories:

ပဲခူးမှာ စစ်ကောင်စီတပ်တွေ ရှော့တိုက်ဒုံးနဲ့ တကယ် ပစ်ခတ်ခံခဲ့ရသလား

တွံတေးတွင် စစ်တပ်နှင့်ရဲက သိန်းရာချီ တန်ဖိုးရှိ ပစ္စည်းများ လုယက်

မြန်မာစစ်ခေါင်းဆောင်များကို တရားရုံးတင်ရန် သက်သေများ ကုလ စုဆောင်းနေ

Did you find apk for android? You can find new Free Android Games and apps.
Loading