သတင်း

မြန်မာ့အရေး အာဆီယံ အစည်းအဝေး ကျင်းပရန် မလေးရှားဝန်ကြီးချုပ် ထောက်ခံ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ အရေးနှင့်ပတ်သက်၍ အာဆီယံထိပ်သီး အရေးပေါ်အစည်းအဝေး ကျင်းပပေးရန် တောင်းဆိုသည့် အင်ဒိုနီး ရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို၏ ပြောကြားချက်ကို မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က ထောက်ခံ ကြိုဆိုလိုက် သည်။

သမ္မတ ဂျိုကိုဝီဒိုဒိုက  မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ဒေသတွင်း အထူးအစည်းအဝေးတရပ် ကျင်းပပေးရန် လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရူးနိုင်း နိုင်ငံအား မတ်လ ၁၉ ရက်တွင် တောင်းဆိုခဲ့ပြီး အဆိုပါ တောင်းဆိုချက်ကို မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က ထောက်ခံ ကြိုဆိုကြောင်း ယင်းနေ့၌ပင် ကြေညာခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်တပ်အနေနှင့် ၎င်းတို့၏ လုပ်ရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းသည့် လမ်းကြောင်းသို့ ပြောင်းလဲရန် မလေးရှားနိုင်ငံက အထူးတိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ မတည်မငြိမ် ဖြစ်နေခြင်းကို မလေးရှားနိုင်ငံက မမြင်တွေ့လိုကြောင်းလည်း ၎င်းက ပြောဆိုုခဲ့သည်။

ဝန်ကြီးချုပ် Muhyiddin Yassin က “လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး ရုန်းကန်မှုတွေက သာမန် ပြည်သူတွေကို ထိခိုက်နစ်နာစေလျက် ရှိတယ်ဆိုတာ ထင်ရှားပါတယ်” ဟုလည်း မှတ်ချက်ပြုသည်။

နိုင်ငံရေး လေ့လာသူများကမူ မြန်မာ့အရေး ဆွေးနွေးမည့် အာဆီယံ အထူးအစည်းအဝေးတရပ် မည်သည့် ကာလ တွင် ကျင်းပနိုင်မည်ကို ဆက်လက် စောင့်ကြည့်ရဖွယ် ရှိနေပြီး အစည်းအဝေး ကျင်းပနိုင်သည့် တိုင်အောင် မြန်မာ့အရေးနှင့် ပတ်သက်၍ ထိရောက်သည့် ဆောင်ရွက်ချက် ထွက်လာနိုင်ပါမည်လောဟု ဝေဖန်မေးခွန်းထုတ်မှုများလည်း ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် မတ်လ ၂ ရက်က ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အွန်လိုင်း အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးများအကြား ဘုံသဘောတူညီချက် မရရှိခဲ့သဖြင့် လက်ရှိ ဖြစ်ပွားနေသော မြန်မာ့ အရေးအတွက် ကြေညာချက်ပင် မထုတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထိုစဉ်က အစည်းအဝေးကို တက်ရောက်ခဲ့သော အင်ဒိုနီးရှား၊ ဘရူနိုင်း ၊ မလေးရှားနှင့် စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ့အရေးနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားများကို သီးသန့် ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ ရက်နေ့အထိ ၂၂၅၈ ဦး ဖမ်းဆီးခံထားရပြီး စစ်ကောင်စီ၏ လက်အောက်ခံ စစ်တပ်နှင့်ရဲများ၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုုံးသွားသူ ၂၂၄ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

ထုုိ့ပြင် နိုင်ငံတဝှမ်း စစ်အာဏာရှင် အလိုုမရှိကြောင်း နည်းအမျိုးမျိုးဖြင့် ဆန္ဒဖော်ထုတ်နေသည့် ပြည်သူလူထုကို စစ်တပ် နှင့်ရဲက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ အပါအဝင် လူ့အခွင့်အရေး ချိုး ဖောက်မှုများကို နေ့စဉ်ကျူးလွန်လျက် ရှိသည်။

You may also like these stories:

ရာဇဝတ်မှုကျူးလွန်သည့် သက်သေခံများပို့ရန် UN ကြေညာချက် ဥရောပနိုင်ငံများ ကြိုဆို

တွံတေးတွင် စစ်တပ်နှင့်ရဲက သိန်းရာချီ တန်ဖိုးရှိ ပစ္စည်းများ လုယက်

နေပြည်တော် မွေး/ဆေးတက္ကသိုလ်မှ ပါမောက္ခအဆင့်ရှိသူ ၁၀ ဦး ၅၀၅ (က)ဖြင့် အမှုဖွင့်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading