စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် စစ်တပ်နှင့် ရဲက အတားအဆီးများကို ဖျက်ဆီးသဖြင့် လူထုက ကာကွယ်ရာမှ သေနတ်နှင့် ပစ်သဖြင့် ၁ဦး သေဆုံးပြီး၊ တဦး ပြင်းထန်စွာ ဒဏ်ရာရပြီး သိရသည်။
မုံရွာမြို့နန္ဒဝန်ရပ်ကွက် ဗိုလ်တေဇလမ်းရှိ အတားအဆီးများ ကို ဘူဒိုဇာဖြင့် ဖျက်ဆီးသဖြင့် လူထုက ကာကွယ်ကာ ပြန်လည်တည်ဆောက်ချိန် ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မျက်မြင်တွေ့ရှိသူ တဦးက “ရပ်ကွက်က ပိတ်ထားတဲ့ အတားအဆီးတွေကို ဘူဒိုဇာတွေနဲ့ လိုက်ထိုးတယ်ပေါ့။ လိုက်ထိုးတဲ့ အချိန်မှာ ရပ်ကွက်ထဲကို ဝင်မလာနိုင်အောင် ရပ်ကွက်နေပြည်သူတွေက ခံပြီးတော့ ဆောက်တဲ့အချိန်မှာ သူတို့ဘက်က စတက်လာတဲ့ အချိန်မှာ ပစ်တာ” ဟု ပြောသည်။
လက်နက်ကိုင် တပ်ဖွဲ့၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဦးခေါင်းကျည်ထိပြီး ၁ ဦး သေဆုံးကာ၊ ၁ ဦးမှာ ဝမ်းဗိုက်ကျည်ထိ ဒဏ်ရာ ဖြင့် စိုးရိမ်ရသည့် အခြေအနေဖြစ်ပြီး နောက် ၁ ဦးမှာ ခြေထောက်ကို ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီ၏ သတ်ဖြတ်မှုများကို ICC တင်ရန် CRPH လမ်းရှာနေ
စစ်ကောင်စီက မျှော်လင့်ချက်ကြီးသည့် တိုင်းပြည်အနာဂတ်ကို လမ်းမများပေါ်တွင် သတ်ဖြတ်နေ