• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၅ လကြာတော့ စစ်အာဏာသိမ်းခေါင်းဆောင် ဘာရသွားလဲ

by ဧရာဝတီ
1 July 2021
in ဆောင်းပါး
A A
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

67.4k
VIEWS
Share on FacebookShare on Twitter

ဒီနေ့ဆိုရင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းတာ ၅ လ ပြည့်ပါပြီ။ ပြည်သူ အယောက် ၉၀၀ နီးပါး ကိုသတ်ပြီးဖြစ်သလို ထောင်ထဲမှာလည်း ဖမ်းထားတဲ့သူက ထောင်ဂဏန်းချီနေလို့ ထောင်တောင် ဆန့်သေးရဲ့လားလို့ မေးရတဲ့ အထိ ဖြစ်လို့နေပါပြီ။

မတ်လအတွင်း ပစ်သတ်ခံခဲ့ရသော စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြသူတဦး/ ဧရာဝတီ

၁၉၈၈ စက်တင်ဘာလတွင် လက်နက်မဲ့ ဆန္ဒပြသူများအား စစ်တပ်က ဖြိုခွဲစဉ်[/caption]
အာဏာသိမ်းတာကို ဆန္ဒပြတဲ့ နိုင်ငံတဝန်းက လူငယ်အများအပြားဟာ ခေါင်းကို စနိုက်ပါနဲ့ချိန်ပစ်ခံရလို့ ခေါင်းပွင့်သေဆုံးတာတွေ၊ ညမှာ အကြမ်းဖက်ဖမ်းဆီးသွားပြီး မနက်မှာ အလောင်းတောင်ပြန်မရတာမျိုးတွေ၊ မိဘရင်ခွင်ထဲမှာရှိနေတဲ့ ကလေးကို ပစ်သတ်တာမျိုးတွေ၊ ရွာကိုမီးရှို့လို့ သက်ကြီးရွယ်အိုတွေ မီးထဲပါသေဆုံးရတာတွေနဲ့ လမ်းသွားလမ်းလာကိုတောင် အခန့်မသင့်ရင် ပစ်သတ်တဲ့ ရမ်းကားလူမဆန်တဲ့ရက်စက်မှုမျိုးတွေဟာ လူတွေအဖို့ နားရှိလို့သာ ကြားရတာ၊ ယုံနိုင်စရာ မရှိဘူး။

အဲဒီလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဆန့်ကျင်လို့ အသတ်ခံရတဲ့သူတွေထဲမှာ နောင် တိုင်းပြည်အတွက် အားထားရမယ့် လူငယ်တွေ အများကြီး ပါသွားတယ်။ အဲဒါတွေ မြန်မာပြည်မှာ ဖေဖော်ဝါရီလကုန်ခါနီး ကနေ ဖြစ်လာလိုက်တာ ကနေ့အထိ ဟိုမှာ ဒီမှာ ဖြစ်နေတုန်းပါပဲ။

အဲဒါတွေ အကုန်လုံးက ဒီမိုကရေစီနည်းကျကျ တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဆီက အာဏာလုယူခဲ့တဲ့ စစ်ကောင်စီရဲ့ ရက်ပေါင်း ၁၅၀ နီးပါး သက်တမ်းအတွင်း ဖြစ်ခဲ့တယ် ဆိုတာ သတိချပ်ဖို့ လိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သေဆုံးခဲ့သူ အရည်အတွက်နဲ့ ပတ်သက်ပြီး အများက ပြောနေတဲ့ အရည်အတွက်ကို လက်မခံဘဲ ၃၀၀ နီးပါးလောက်တော့ သေပါတယ်လို့ ဝန်ခံပါတယ်။

လူမသတ်ရင် အာဏာရှင် မဟုတ်

သမိုင်း ပြန်ကြည့်မယ်ဆိုရင် ၁၉၆၂ ကနေ ယနေ့ အထိ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၃ ကြိမ်ရှိခဲ့ပါတယ်။

မြန်မာပြည်က စစ်အာဏာရှင်တွေရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ ပြောရမယ့် ဗိုလ်ချုပ်နေဝင်း ၁၉၆၂ မှာ အာဏာသိမ်းတော့ ၅ လအတွင်းမှာ လူသေဆုံးတဲ့ဦးရေဟာ ဇူလိုင်လ တက္ကသိုလ်ကျောင်းဝင်းအတွင်း ပစ်ခတ်မှုတွေကြောင့် တရာလောက် သေဆုံးခဲ့နိုင်တယ်လို့ ပြောရမယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းတာ ၅ လပြည့်တဲ့ ဒီနေ့ (ဇူလိုင် ၁ ) မှာတော့ သေဆုံးသူဟာ အယောက် ၉၀၀ နီးပါးရှိနေပါပြီ။

၁၉၈၈ စက်တင်ဘာလတွင် လက်နက်မဲ့ ဆန္ဒပြသူများအား စစ်တပ်က ဖြိုခွဲစဉ်

တကယ်တော့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းစက တက္ကသိုလ်ကျောင်းသားတွေကလွဲရင် အာဏာသိမ်းတာကို မကြိုက်တဲ့ပြည်သူတွေဟာ လမ်းပေါ်မှာ အချင်းချင်းတီးတိုးဝေဖန်တာ၊ လက်ဖက်ရည်ဆိုင်၊ ဆံသဆိုင်၊ ဓာတ်ပုံဆိုင်မှာ ဆွေးနွေးကြတာကလွဲလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒီနေ့မြန်မာပြည်သူတွေ ခါးခါးသီးသီးဆန့်ကျင်သလို နိုင်ငံအနှံ့အပြားလမ်းပေါ်ထွက်ပြီး ဒီမိုကရေစီတောင်းဆိုဆန္ဒပြတာမျိုး၊ CDM လုပ်တာမျိုးတွေမရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း အာဏာရှင်ကတော့ အာဏာရှင်ပါဘဲ။ အာဏာရှင်ဗိုလ်ချုပ်နေဝင်းက သူ့ကို ပထမဆုံးဆန့်ကျင်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို နှိပ်ကွပ်တဲ့အနေနဲ့ အာဏာသိမ်းပြီး ၄ လကျော်အကြာမှာ သမိုင်းအစဉ်အလာကြီးတဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်စီးပြခဲ့ပါတယ်။ နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တလျှောက်လုံးလည်း လူထုဆန္ဒပြပွဲတွေကိုလည်း ရက်ရက်စက်စက်အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

အာဏာရှင်ဦးနေဝင်းကို ဆန့်ကျင်ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးမှာလည်း စစ်တပ်ဟာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကစလို့ ထောင်ချီတဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်သတ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးစောမောင် အာဏာသိမ်းခဲ့ပြီး စက်တင်ဘာ ၁၈ ရက်ကနေ ၂၆ ရက်အတွင်းမှာကိုပဲ အမျိုးသမီး ၃၄၂ ဦး၊ အမျိုးသား ၃၃၉ ဦး၊ စုစုပေါင်း ၆၈၁ ဦးပစ်သတ်ခံရတယ်လို့ အစိုးရပိုင် လုပ်သားပြည်သူနေ့စဉ်သတင်းစာက ဖော်ပြခဲ့ပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလ တခုလုံးမှာ လူပေါင်း ၃၀၀၀ လောက် သေဆုံးတယ်လို့ ဒီမိုကရေစီအင်အားစုတွေဘက်က ခန့်မှန်းခဲ့ကြပြီး ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ထဲမှာ၊ စစ်ကြောရေးမှာ၊ ရဲဘက်စခန်းတွေမှာ သေဆုံးတဲ့ ရာနဲ့ချီတဲ့လူတွေရဲ့စာရင်း မပါသေးပါဘူး။

ဒါဆို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ လူသတ်တာ အပြင် ဘာလုပ်တတ်သေးတုန်းဆိုပြီး မေးမယ့် သူတွေ ရှိနိုင်ပါတယ်။ သူ့ကို ဆန့်ကျင်တဲ့ သူတွေ မှန်သမျှ အကုန်ဖမ်းတယ်။ ပြေးနေတဲ့သူဆို ဝရမ်းထုတ်တယ်။ သူ့ကို ဆန့်ကျင်တဲ့သူကလည်း တနိုင်ငံလုံးဆိုတော့ ဖမ်းဝရမ်းမှာ အလှဖန်တီးရှင် ကနေ အနုပညာရှင်၊ ဆရာဝန်၊ တက္ကသိုလ် ပါမောက္ခတွေအလယ် မူလတန်းကျောင်းဆရာ ဆရာမတွေအထိ ပါကုန်တာ မဆန်းဘူး။ အဲဒီတော့ ကျောင်းတွေမှာ ဆရာတွေ မလောက်လို့ လူသစ်တွေခေါ်နေရတယ်။ ဆေးရုံတွေမှာ ဆရာဝန်၊ သူနာပြုတွေ မလောက်လို့ အခု ကိုဗစ်တတိယလှိုင်း ပြင်းထန်လာချိန်မှာ သူ ဘယ်လိုလုပ်မလဲ ဆိုတာ အားလုံးက စိတ်ဝင်တစား ရှိနေပါတယ်။

လူတွေသတ် လူတွေဖမ်းနေပေမယ့် တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်လားဆိုတော့ ရာနှုန်းပြည့်တော့ မအုပ်ချုပ်နိုင်သေးပါဘူး။ အရင် အာဏာရှင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတူတာက အခု သူ့ကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် အရပ်သား ပြောက်ကျားတွေက မြို့ပေါ်မှာပါ ရင်ဆိုင်တိုက်လာတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီ ခန့်တဲ့ အုပ်ချုပ်ရေးမှုးကို လမ်းလယ်မှာ သေနတ်နဲ့ တေ့ပစ်တာ ဆိုတာမျိုးဟာ ရန်ကုန်က လူတွေအတွက် ကြုံတောင့်ကြုံခဲပါပဲ။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကြောင့်သာ မြင်ရ ကြားရဖူးတာပါ။

သူတို့ကို မနှိမ်နှင်းဘူးလားဆိုတော့ နှိမ်နှင်းတာဘဲ။ ဒါပေမယ့် ကင်းလှည့်နေတဲ့ ရဲကို ပစ္စတိုနဲ့ အသေပစ်သတ်သွားတာမျိုးတွေဟာ အာဏာသိမ်း သက်တမ်း ငါးလပြည့်ဖို့ ၂ ရက်အလိုအထိ ရန်ကုန်လိုနေရာမျိုးမှာ ဖြစ်နေတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းတာ အောင်မြင်တယ်လို့ ပြောရခက်လှပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Five Months After Coup, What Has Myanmar Junta Chief Accomplished? ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ

စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
670
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
197
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.2k

စစ်ကောင်စီ ဝါဒဖြန့်စာအုပ်များက သမိုင်းကို ပြင်ရေးရန် မျှော်လင့်နေ

စစ်သည်များ CDM လုပ်ရန် ဆက်လက်ဆွဲဆောင်သင့်ဟု အရာရှိဟောင်းများ တိုက်တွန်း

Your Thoughts …
Tags: ၅ လကြာစစ်ကောင်စီခေါင်းဆောင်စစ်အာဏာသိမ်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘာရသွားလဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.5k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

by ဉာဏ်လင်း
26 February 2024
4.7k

ဥပဒေကို လိုက်နာသော၊ အရပ်သား အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသော၊ ပြည်သူလူထုကို ကာကွယ်သော၊ နိုင်ငံရေးကင်းရှင်းသော တပ်မတော်တရပ် လိုအပ်သည်

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

Next Post
မောင်တောနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ  / မင်းအောင်ခိုင်

မောင်တော နယ်ခြားစောင့်ရဲ  ၉၀ ကျော်တွင် ကိုဗစ်ပိုး ကူးစက်

ကုလသမဂ္ဂ ရုံးချုပ်ရှေ့က နိုင်ငံတော်အလံများ 

ကုလသမဂ္ဂစစ်မြေပြင်က မြန်မာ့ ဒီဒေး (D-Day)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved