• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကျူးကျော်စစ်နှင့် ကျွဲကူးရေပါ ဒဏ်ခတ်ပိတ်ဆို့ခံ ရုရှားခရိုနီများ

by ဧရာဝတီ
9 March 2022
in ဆောင်းပါး
A A
ပြင်သစ်အစိုးရက ရုရှား ဘီလျံနာ အီဂေါ် ဆက်ချင်း၏ ဇိမ်ခံသင်္ဘော Amore Vero ကို သိမ်းလိုက်သည် / AFP

ပြင်သစ်အစိုးရက ရုရှား ဘီလျံနာ အီဂေါ် ဆက်ချင်း၏ ဇိမ်ခံသင်္ဘော Amore Vero ကို သိမ်းလိုက်သည် / AFP

10.3k
VIEWS
Share on FacebookShare on Twitter

ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုနှင့် ပတ်သက်၍ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် အမေရိကန် အစိုးရများက ရုရှားသမ္မတ ပူတင်၏ အတွင်းစည်း လက်တဆုပ်စာ ရေပေါ်ဆီ ဘီလျံနာ စီးပွားရေးသမားတစုကို ပိတ်ဆို့အရေးယူခြင်းအားဖြင့် တုံ့ပြန်လိုက်သည်။

ခရိုင်းမီးယားဒေသကို ရုရှက ဝင်သိမ်းကတည်းက သမ္မတ ပူတင်သည် သူ့အပေါင်းအဖော် တစုကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က တုံ့ပြန်လာမည့်အရေးမှ ကိုယ့်ဖာသာကိုယ် ကာကွယ်ထားသင့်ကြောင်း နှစ်နဲ့ချီ၍ သတိပေးခဲ့ပြီးဖြစ်သည်။

မစ္စတာ ပူတင်၏ ပုလင်းတူဘူးဆို့ အပေါင်းအဖော် ဘီလျံနာ သူဌေးအချို့က ပူတင်၏ သတိပေးမှုကို လိုက်နာသော်လည်း အချို့ကမူ ရုရှားပြည်ပတွင် နန်းတော်တမျှ အိမ်ကြီးများ၊ ဘောလုံးကလပ်အသင်းများ၊ နိုင်ငံခြား စတော့ခ် အိတ်ချိန်းတွင် စာရင်းဝင်နေသည့် ကုမ္ပဏီများဖွင့်၍ ငွေမြှုပ်ထားကြသည်။

အလစ်ရှာ အူစမာနော့ဗ်သည် ပူတင်၏ လက်ရင်းတဦးဖြစ်သည်

Forbes မဂ္ဂဇင်း အဆိုအရ အမေရိကန် ဒေါ်လာ ၁၇ ဘီလျံကျော် ကြွယ်ဝသည့် ကုဋေကြွယ်သူဌေးကြီး တဦးဖြစ်သော ဥဇဘက်ကစ္စတန်ဖွား အလစ်ရှာ အူစမာနော့ဗ်သည် မစ္စတာ ပူတင်၏ လက်ရင်းတဦးဖြစ်ပြီး သူ့ကို ဥရောပသမဂ္ဂက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့သည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
195
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111

သူ့ကို ဥရောပသမဂ္ဂက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့သည်။ ဦးပိုင်ကုမ္ပဏီများ၊ ဆက်သွယ်ရေးလုပ်ငန်းများ ပိုင်ဆိုင်သော အဆိုပါ ဘီလျံနာကြီးက ပိတ်ဆို့ အရေးယူမှုသည် တရားမျှတမှု မရှိဟု ပြောသော်လည်း အမေရိကန်နှင့် ဗြိတိန်တို့၏ ထပ်မံ အရေးယူ ပိတ်ဆို့မှုပါ ခံလိုက်ရသေးသည်။

လူအများ စိတ်ဝင်စားသည့် ချယ်လ်ဆီး ဘောလုံးကလပ်အသင်းပိုင်ရှင် ရိုမန် အဘရာမိုဗစ်မှာမှု ပိတ်ဆို့အရေးယူခံရမှုမှ လွတ်နေသေးသည်။ မစ္စတာ အဘရာမိုဗစ်နှင့် ပတ်သက်၍ သမ္မတ ပူတင်နှင့် ဆက်ဆံရေး ခပ်ကြဲကြဲဟု ပြောသူရှိသကဲ့သို့ ပူတင်နှင့် အလွန်နီးကပ်သော ဆက်ဆံရေးရှိသည်ဟုလည်း ဝိဝါဒ ကွဲပြားကြသည်။

ဒေါ်လာ ၁၂ ဘီလီယံကျော် ချမ်းသာသည့် အဘရာမိုဗစ်ကမူ သမ္မတ ပူတင်၊ ကရင်မလင် နန်းတော်တို့နှင့် အရောတဝင် ဆက်ဆံမှု စွပ်စွဲချက်အပေါ် ငြင်းဆိုထားသည်။

ချယ်လ်ဆီး ဘောလုံးကလပ်အသင်းပိုင်ရှင် ရိုမန် အဘရာမိုဗစ်မှာမှု ပိတ်ဆို့အရေးယူခံရမှုမှ လွတ်နေသေးသည်

သမ္မတဟောင်း ဘောရစ်ယဲလ်ဆင် လက်ထက်ကတည်းက ရေပေါ်ဆီ လက်တဆုပ်စာတွင် ပါခဲ့သော မစ္စတာ အဘရာမိုဗစ်သည် ၁၉၉၀ ဝန်းကျင်တွင် ချမ်းသာလာခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဗြိတိသျှပိုင် ဗာဂျင်ကျွန်းမှ ထွက်ခွာလာပြီး ကမ္ဘာပေါ်တွင် တတိယမြောက် အရှည်ဆုံး ဇိမ်ခံသင်္ဘော Eclipse နှင့် ဘာစီလိုနာတွင် ကမ်းကပ်ထားသော ဇိမ်ခံသင်္ဘော Solaris တို့မှာ သူ၏ ပိုင်ဆိုင်မှုများထဲမှ အချို့ဖြစ်သည်။

မစ္စတာ ပူတင် အာဏာရလာစဉ်က ဒေါ်လာ ၂၈ ဘီလီယံ ချမ်းသာခဲ့ပြီး ယခုအခါ ဒေါ်လာ ၃ ဘီလီယံသို့ လျှောကျသွားသည်ဟု ယူဆကြသော သူဌေး အိုလက် ဒေရီပက်စကာသည် စီးပွားရေးသမားတဦးကို လုပ်ကြံရန် ခိုင်းစေမှု၊ ရုရှား ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်မှုတို့ဖြင့် စွပ်စွဲခံခဲ့ရသည်။

မော်လ်ဒိုက်တွင် ဆိုက်ကပ်ထားသည့် ရွက်လှေ Clio ကို ပိုင်ဆိုင်သူ မစ္စတာ ဒေရီပက်စကာကမူ ရုရှား-ယူကရိန်း အရေးနှင့် ပတ်သက်၍ “ညှိနှိုင်းဆွေးနွေးမှုကို တတ်နိုင်သမျှ အမြန်ဆုံး စသင့်သည်” ဟု လူမှုကွန်ရက်တွင် လေသံပစ်ထားသည်။

သမ္မတ ပူတင်၏ ယူကရိန်းအပေါ် ကျူးကျော်စစ်နှင့် ပတ်သက်၍ တနွယ်ငင် တစင်ပါလာသူများကို အကျဉ်းရုံး ဖော်ပြရလျှင် ပူတင်နှင့် ကာလရှည်ကြာ ထဲထဲဝင်ဝင် ဆက်ဆံရေးရှိသူ၊ နေ့စဉ်လိုလို အဆက်အသွယ်ရှိသူ အီဂေါ် ဆက်ချင်းလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်တွင် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှု ခံထားရသည်။

သူဌေး အိုလက် ဒေရီပက်စကာနှင့် ပူတင်

မစ္စတာ ဆက်ချင်း မည်မျှ ချမ်းသာသည်ကို မသိကြသော်လည်း ပြင်သစ်အစိုးရကမူ ၎င်း၏ ဇိမ်ခံသင်္ဘော Amore Vero ကို သိမ်းလိုက်သည်။ သူ၏ ဇိမ်ခံသင်္ဘော အသိမ်းခံရမှုမှာ ကွာရှင်းထားပြီးဖြစ်သည့် ဒုတိယ ဇနီးဟောင်း အိုလ်ဂါ ဆက်ချင်းက အဆိုပါ သင်္ဘောပေါ်တွင် ဓာတ်ပုံများ ရိုက်တင်နေခြင်းနှင့် ဆက်စပ်သည်ဟု ဆိုကြသည်။

မစ္စတာ ပူတင်၏ မိတ်ဆွေဟောင်းကြီး အလက်ဇီ မေလာသည်လည်း စောင့်ကြည့်အရေးယူခံရသည့် စက်ကွင်းမှ မလွတ်ပါ။ ခရိုင်းမီးယား အရေးကြောင့် ၂၀၁၄ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှု မခံရသော်လည်း ၂၀၁၈ ခုနှစ်တွင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံရသောအခါ သူက ဂုဏ်ပင် ယူနေလိုက်သေးသည်။ ရုရှားပြင်ပတွင် သူ၏ ပိုင်ဆိုင်မှု မည်မျှရှိသည်နှင့် သူ မည်မျှ ကြွယ်ဝသည်ကို သိရှိရန် လက်လှမ်း မမှီကြပေ။

နောက်ထပ် ဖော်ပြရန် ရှိသည်မှာ မစ္စတာ ပူတင်၏ လက်ရင်းထဲတွင် ပါသည့် ဖျိုတာ အေဗင်နှင့် မစ်ခေးလ် ဖရစ်မန်းဟူသော ပုဂ္ဂိုလ်နှစ်ဦးဖြစ်ပြီး ၎င်းတို့သည် ရုရှားတွင် အကြီးဆုံးသော ပုဂ္ဂလိကဘဏ် Alfa-Bank ကို တည်ထောင်သူများဖြစ်သည်။

အီဂေါ် ဆက်ချင်းနှင့် ပူတင်

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဥရောပသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုဖြင့် ဘဏ်စာရင်းများ ပိတ်ခံလိုက်ရကြောင့် ၁၀ နှစ်ကြာ ရပ်တည်လာသော လန်ဒန်ရှိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အုပ်စု LetterOne မှာ တောင့်မခံနိုင်တော့ပေ။

ဒေါ်လာ ၁၂ ဘီလီယံ ချမ်းသာသည်ဟု ယူဆကြသော မစ္စတာ ဖရစ်မန်းသည် လန်ဒန်တွင် မကြာသေးမီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတခု၌ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်သော စစ်ပွဲနှင့် ပတ်သက်၍ ကရင်မလင်ကို တိုက်ရိုက် မဝေဖန်သော်လည်း သောင်းနှင့်ချီသည့် သူတို့လုပ်ငန်း ဝန်ထမ်းများအတွက် အကြီးအကျယ် ဝမ်းနည်းဖွယ် ဖြစ်လာလိမ့်မည်ဟု ပြောခဲ့သည်။

ပူတင်နှင့် သူ့ မိတ်ဆွေဟောင်းကြီး အလက်ဇီ မေလာ

ဤသည်မှာ သမ္မတ ပူတင်က အချုပ်အခြာ အာဏာပိုင် နိုင်ငံငယ်တခုအပေါ် နိုင်ငံအများက မတရားဟု ဝေဖန်နေကြသည့် ကျူးကျော်စစ် နောက်ဆက်တွဲနှင့် ပတ်သက်၍ ပူတင်နှင့် အနီးကပ် ဆက်ဆံရေးရှိပြီး ကြီးပွားနေသော ခရိုနီ ရေပေါ်ဆီ လက်တဆုပ်စာ၏ ရှေ့တိုးတံပိုး နောက်ဆုတ် လှည်းတုတ်နှင့် ကြုံနေရသော လက်ငင်း အခြေအနေဖြစ်သည်။

သမ္မတ ပူတင်၏ ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုသည် ရုရှားကို နိုင်ငံတကာနှင့် ကွဲလွဲစွာ ပေါ်ပေါ်တင်တင် ထောက်ခံသော မြန်မာအာဏာသိမ်းအဖွဲ့ နှင့်လည်း မလွတ်၊ တနွယ်ငင် တစင်ပါ ဆိုသကဲ့သို့ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြတ်ပြတ်သားသား မကိုင်တွယ်နိုင်သည့် အာဆီယံလည်း လွတ်မည် မဟုတ်ပေ။

ရုရှားတွင် အကြီးဆုံးသော ပုဂ္ဂလိကဘဏ် Alfa-Bank ကို တည်ထောင်သူ ဖျိုတာ အေဗင်နှင့် မစ်ခေးလ် ဖရစ်မန်း.

စစ်ကောင်စီနှင့် ရှောင်မရအောင် ဆက်စပ်နေပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုခံထားရပြီးဖြစ်သော ခရိုနီဟောင်းများ၊ ဧရာဝတီသတင်းဌာနက အစဉ်တစိုက် ထုတ်ဖော်ရေးသားနေပြီး လူသိမများသေးသည့် ခရိုနီလက်သစ်များ၏ အနာဂတ်အတွက်လည်း ထည့်သွင်း သုံးသပ်ရမည့် အချိန်ဖြစ်သည်။

ခေတ်အဆက်ဆက် စစ်အုပ်စုနှင့် အနီးကပ်ပေါင်းပြီး ခရိုနီ ဖြစ်လာသည့် ဦးတေဇ (ထူးအုပ်စု ကုမ္ပဏီ)၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်)၊ ဦးအောင်ကိုဝင်း (ကမ္ဘောဇ)၊ ဒေါက်တာ ကိုကိုကြီး၊ ဦးဝင်းအောင် (ဒဂုံအုပ်စု) စသူတို့ကို လူသိများပြီးကြပြီး ဖြစ်သည်။

ဧရာဝတီက ဖော်ပြခဲ့သည့် ဦးကျော်မင်းဦး၊ ဂျော်နသန်ကျော်သောင်း၊ ဒေါက်တာနိုင်ထွဋ်အောင်၊ ဦးထွန်းလှိုင်၊ ဒေါက်တာအောင်မိုးမြင့်၊ ဦးအောင်လှိုင်ဦး တို့ကဲ့သို့သော မြန်မာစစ်အုပ်စုကို သွယ်ဝိုက်ကာ လက်နက်ကုန်သည်၊ ပွဲစားလုပ်ခြင်းအားဖြင့် ခရိုနီလက်သစ် ဖြစ်လာသူများအတွက်လည်း မဝေးသည့်အနာဂတ်တွင် “ငရုတ်သီးနှင့်ပေါင်း၍ ကြက်သွန်လည်း အထောင်းခံရ” မည့် အနေအထားသို့ ဒုတ်ဒုတ်ထိ မလွဲမသွေ ရောက်ရှိလာဖွယ်ရှိသည်ဟု သုံးသပ်ရမည် ဖြစ်ပေသည်။

ကိုးကား ။ ။ BBC ၏ Russia oligarchs: The mega-rich men facing global sanctions

You may also like these stories:

ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး

ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်

မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်

မြန်မာ့စစ်လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်

ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ

မြန်မာ့လေတပ်ကို အမှီပြု၍ ကြီးပွားလာသူ (သို့မဟုတ်) ဦးကျော်မင်းဦး

Your Thoughts …
Tags: ခရိုနီချယ်လ်ဆီးစစ်ကောင်စီစီးပွားရေးပိတ်ဆို့အရေးယူမှုယူကရိန်းရုရှားအဘရာမိုဗစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / ဧရာဝတီ

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ မြေနေရာချပေးမှု စည်ပင်သတ်မှတ်ချက်အတိုင်းဖြစ်ဟု ထွက်ဆို

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ

တိုင်းရင်းသား လက်နက်ကိုင်တချို့နှင့် ဂျပန် အထူးကိုယ်စားလှယ် ထိုင်းတွင် တွေ့မည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved