• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကိုင်းတိုင်းကို အမှုန့်ချေပစ်မယ်တဲ့လား

by မောင်မောင်ကြီး
4 July 2022
in ဆောင်းပါး
A A
စစ်ကိုင်းတိုင်း နှမ်းခါးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့စဉ်

စစ်ကိုင်းတိုင်း နှမ်းခါးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့စဉ်

23.9k
VIEWS
Share on FacebookShare on Twitter

“မြန်မာတနိုင်ငံလုံး လူဦးရေ သန်း ၅၀ ရှိတယ်။ မင်းတို့ စစ်ကိုင်းတိုင်းမရှိလည်း ကျန်တဲ့ဒေသတွေနဲ့ ဆက် အုပ်ချုပ်သွားမယ်။ မာန်တက်နေတဲ့ မင်းတို့ စစ်ကိုင်းတိုင်းကို အမှုန့်ချေပစ်မယ်”။

စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးက သူ့ပါးကို ဖြောင်းကနဲ ရိုက်ချလိုက်ရင်း ပြောခဲ့သည့် စကားသံကို ကိုမင်းခေါင်တယောက် နားထဲကမထွက်ဘဲ အကြိမ်ကြိမ် ပြန်ကြားယောင်နေမိသည်။

အထူးသဖြင့် “မင်းတို့ စစ်ကိုင်းတိုင်းကို အမှုန့်ခြေပစ်မယ်” ဟူသော စကားသံသည် မုန်တိုင်းထန်နေစဉ် ကမ်းစပ်အား ပင်လယ်ရေလှိုင်းက အရှိန်ဖြင့် အဆက်မပြတ် ရိုက်ခတ်နေသလို ကျယ်ကျယ်လောင်လောင် ဆက်တိုက် ကြားယောင်နေသည်။

ဖမ်းဆီးချုပ်နှောင်ခံထားခဲ့ရစဉ်က သူ၏ မျက်နှာ၊ ကျောပြင်နှင့် ခန္ဓာကိုယ်အနှံ့အား စစ်ကောင်စီတပ်သားက တဖြောင်းဖြောင်းနှင့် အဆက်မပြတ်ရိုက်နှက်ခဲ့သည့် ဒဏ်ရာများထက် ယင်းကဲ့သို့ ခြိမ်းခြောက်ခဲ့သည့် စကားသံက ကိုမင်းခေါင်တို့ လူတသိုက်ကို ပိုနာကျင်စေသည်။

အမုန်းတရားမျိုးစေ့ ပျိုးမိပြီ

မီးတဟုန်းဟုန်း စွဲလောင်နေသည့် အိမ်များကို ရနိုင်သမျှ ငြိမ်းသတ်နိုင်ရန်အတွက် စစ်ကောင်စီတပ်ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့သည့်နေ့က အဖြစ်အပျက်များကို ကိုမင်းခေါင်က ပြန်ပြောပြသည်။ ကိုမင်းခေါင်သည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီ အကြမ်းဖက် ဖျက်ဆီးခြင်းခံခဲ့ရသည့် ကျေးရွာတရွာမှ ရပ်ရွာကာကွယ်ရေး လူငယ်ရဲဘော်တဦး ဖြစ်သည်။

ဇွန်လဆန်းပိုင်း ရက်တရက်တွင် ကိုမင်းခေါင်တို့ရွာကို စစ်ကောင်စီ အင်အား ၈၀ ခန့်က စစ်ကြောင်းထိုး ဝင်လာသည်။

အဝေးမှ လက်နက်ကြီးဖြင့် ကာပစ်သူကပစ်၊ စက်သေနတ်များ အဆက်မပြတ် ပစ်သူပစ်ပြီး ရွာသို့ တရကြမ်း ဝင်ရောက်လာကာ တွေ့ရာအိမ် မီးရှို့နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လက်နက်ချင်း ယှဉ်တိုက်ရန် မဖြစ်နိုင်တော့သည့်အဆုံး ဆုံးဖြတ်ချက်တခုကို ကိုမင်းခေါင်တို့ လူငယ်တသိုက် မိုက်မိုက်မဲမဲ ချလိုက်ကြသည်။

ဘေးလွတ်ရာ ထွက်ပြေးနေသည့် သက်ကြီးရွယ်အိုများ၊ မိန်းမသား၊ ကလေးငယ်များနှင့်အတူ လိုက်မသွားဘဲ မီးလောင်နေသည့်အိမ်များကို တတ်နိုင်သ၍ ငြိမ်းသတ်ရန် ရွာထဲတွင် ကျန်နေခဲ့ကြသည်။

မုံတိုင်ရွာမှ အသက်(အသက်၂၂)နှစ်အရွယ် အောင်မျိုးထက်ကို ခန္တာကိုယ်သုံးပိုင်းပိုင်း၍ စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက သတင်းမီဒီယာများသို့ ပြောသည်။

စစ်ကောင်စီတပ်နှင့် ပက်ပင်းတွေ့လျှင် အသတ်ခံရနိုင်သည်ကို သိရှိထားသော်လည်း မီးလျံများကြား လဲပြိုနေသည့် အိမ်များ၊ ဘေးလွတ်ရာ ထွက်ပြေးနေကြသော ရွာသားများ၏ အသက်လုနေရသည့် မြင်ကွင်းများက ကိုမင်းခေါင်တို့လူငယ်တစု၏ သွေးများကို ပွက်ပွက်ဆူစေသည်။

အသက်နှင့် ရင်းလိုက်ရန် ဆုံးဖြတ်လိုက်ကြသည်အထိ ဇာတိချစ်စိတ်၊ မျိုးချစ်စိတ်က ကိုမင်းခေါင်တို့ လူငယ်တသိုက်ကို ရဲရင့်စေခဲ့သည်။

စစ်ကောင်စီတပ်များက ရွာတောင်ပိုင်းမှ နေအိမ်များကို ဓာတ်ဆီလောင်း၍ မီးရှို့နေစဉ် မြောက်ပိုင်းမှ မီးလောင်ကျွမ်းနေဆဲ အိမ်များကို ကိုမင်းခေါင်တို့က ရေစက် (ဒီဇယ်ဖြင့်မောင်းရသော ရေမော်တာစက်) မောင်း၍ ငြိမ်းသတ်ကြသည်။

တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် ဆူညံစွာထွက်ပေါ်နေသည့် ရေစက်မော်တာသံများ၊ မီးတောက်မီးလျံများကြောင့် အိမ်တိုင်သစ်၊ ဝါးများ တအုံးအုံး ပေါက်ကွဲသံများကြား စစ်သားများ ကိုမင်းခေါင်တို့ ရှိရာဘက်သို့ သေနတ်များပစ်ဖောက်ပြီး ဆဲဆိုကြမ်းမောင်း ဦးတည်ပြေးလာသည်။

အထူးသဖြင့် “မင်းတို့ စစ်ကိုင်းတိုင်းကို အမှုန့်ခြေပစ်မယ်” ဟူသော စကားသံသည် မုန်တိုင်းထန်နေစဉ် ကမ်းစပ်အား ပင်လယ်ရေလှိုင်းက အရှိန်ဖြင့် အဆက်မပြတ် ရိုက်ခတ်နေသလို ကျယ်ကျယ်လောင်လောင် ဆက်တိုက် ကြားယောင်နေသည်။

“မအေပေး ခွေးသားတွေ။ မင်းတို့ကို မီးဘယ်သူ ငြိမ်းခိုင်းတာလဲ။ ဟေ့ကောင်တွေ ဒီကောင်တွေကို လက်ပြန်ကြိုးတုပ်လိုက်”

အရပ်ပုပျပ်ပျပ်နှင့် စစ်ကြောင်းမှူး ဖြစ်ဟန်တူသူက ကိုမင်းခေါင်တို့ကို မအေ နှမကုန်အောင် ဆဲဆိုမေးမြန်းပြီး တဆက်တည်းတွင် ကြိုးတုပ်ရန် သူ့တပည့်များအား ခိုင်းစေလိုက်သည်။ မင်းခေါင်တို့ လူငယ်တစုအား နေရာခွဲကာ ရိုက်နှက်စစ်ဆေးသည်။

ရိုက်နှက်၍ ပုံစံမျိုးစုံ စွပ်စွဲမေးမြန်းသလို ၂၀၂၀ ရွေးကောက်ပွဲတွင် ဘယ်ပါတီကို မဲပေးခဲ့သလဲဟုလည်း မေးသည်။ ဒီမိုကရေစီအစစ်ကိုရလို၍ အနီပါတီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ – NLD) ကို မဲပေးခဲ့သည်ဟု ဖြေသည့် ကိုမင်းခေါင်ကို စစ်ကြောင်းမှူးက ပြေးကန်သည်။ ပါးကို ဘယ်ပြန်ညာပြန်ရိုက်သည်။ သုံးနာရီခန့်ကြာ စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးသည်။

ရိုက်နှက်စစ်ဆေးနေစဉ် စစ်ကြောင်းမှူးက တလုံးချင်း ပီပီသသပြောခဲ့သည့် စကားမှာ ကိုမင်းခေါင်တို့ လူငယ်တစုကို စစ်အာဏာရှင်အား ရွံ့မုန်းသည်ထက် ရွံ့မုန်းစေခဲ့ပြီ။

“မြန်မာတနိုင်ငံလုံး လူဦးရေ သန်း ၅၀ ရှိတယ်။ မင်းတို့ စစ်ကိုင်းတိုင်းမရှိလည်း ကျန်တဲ့ဒေသတွေနဲ့ ဆက်အုပ်ချုပ်သွားမယ်။ မာန်တက်နေတဲ့ မင်းတို့ စစ်ကိုင်းတိုင်းကို အမှုန့်ခြေပစ်မယ်”

စစ်ကောင်စီတပ်နှင့် ပက်ပင်းတွေ့လျှင် အသတ်ခံရနိုင်သည်ကို သိရှိထားသော်လည်း မီးလျံများကြား လဲပြိုနေသည့် အိမ်များ၊ ဘေးလွတ်ရာ ထွက်ပြေးနေကြသော ရွာသားများ၏ အသက်လုနေရသည့် မြင်ကွင်းများက ကိုမင်းခေါင်တို့လူငယ်တစု၏ သွေးများကို ပွက်ပွက်ဆူစေသည်။

ယင်းစကားကို ပြန်ပြောနေစဉ်တွင် ကိုမင်းခေါင်၏ အသံသည် ပို၍ ခက်ထန်ဆို့နစ်လာသည်။

စစ်ကောင်စီသင်္ချိုင်း စစ်ကိုင်းတိုင်း

နိုင်ငံတော်အာဏာ အတင်းအဓမ္မ သိမ်းယူခဲ့သည့် စစ်ကောင်စီကို လူထုထံအာဏာပြန်အပ်ရန် နိုင်ငံနှင့်အဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မရသည့်အဆုံး လက်နက်စွဲကိုင် တော်လှန်ခဲ့သည့် နွေဦးတော်လှန်ရေးသမိုင်းတွင် ပြည်သူ့ဘက်မှ ပထမဆုံး လက်နက်ကိုင် တော်လှန်ခဲ့သည့် မှတ်တမ်းကို စစ်ကိုင်းတိုင်းက ရေးထိုးခဲ့သည်။

စစ်တပ်၏ မောင်းတင်ထားသည့် စက်သေနတ်များကို တန်ပြန်ခုခံရန် သဲအိတ်များဖြင့် ကာရံထားပြီး တူမီးသေနတ် လေး၊ ငါးလက်သာရှိသည့် ကလေးမြို့မှ တာဟန်းခံတပ်သည် နွေဦးတော်လှန်ရေး၏ ပထမဆုံး ခုခံတိုက်ပွဲဆင်နွှဲသည့် နေရာအဖြစ် သမိုင်းမှတ်တမ်း စိုက်ထူခဲ့သည်။ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် တာဟန်းခံတပ်ကို စစ်ကောင်စီတပ်က ဖြိုခွဲခဲ့သည်။ ပြည်သူ လေးဦးသေဆုံးခဲ့ရသည်။ ထို့နေ့တွင်ပင် ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Kalay PDF) ကို ဖွဲ့စည်းခဲ့သည်။ တာဟန်းခံတပ်ကို ပထမအကြမ် ဖြိုခွဲစဉ် အနိုင်မရခဲ့သည့် စစ်ကောင်စီက ဧပြီ ၇ ရက်တွင် ဒုတိယအကြိမ် အင်အားသုံး ဖြိုခွဲခဲ့ရာ ပြည်သူဘက်က ရှစ်ဦးကျဆုံးကာ ၁၀ ဦး အဖမ်းခံရပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်)

လက်ပံတောင်းတောင်ဒေသခံ တောင်သူလယ်သမားများ တောင်ယာလုပ်ရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်နေပုံ

မြန်မာနိုင်ငံမြေပုံကို အပေါ်စီးမှ ကြည့်ပါက အနောက်မြောက် လွင်ပြင်ဒေသမှ စစ်ကိုင်းတိုင်းသည် စစ်ကောင်စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာဒေသကြီး ဖြစ်သည်။ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်၊ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကဲ့သို့သော စစ်ကောင်စီ၏ အထင်ကရ စစ်ဌာနချုပ်များနှင့် တပ်ရင်းတပ်ဖွဲ့များစွာ အခြေစိုက်သည့် တိုင်းစစ်ဌာနချုပ်တည်ရှိရာ နယ်မြေကို လက်ဗလာ (သို့မဟုတ်) အဆင့်မြင့်ဆုံး လက်နက်အဖြစ် တူမီးသေနတ်ဖြင့်သာ ခုခံတော်လှန်ရန် ဆုံးဖြတ်ခဲ့သည့် အနောက်မြောက်တိုင်းသားတို့၏ ရဲစွမ်းသတ္တိက ယနေ့ခေတ်ပေါ် ဗန်းစကားနှင့်ပြောလျှင် ကျွတ်ဆင် (လက်ဖျားခါလောက်သည်) ဟု ဆိုရမည်။

“စစ်ကိုင်းသား စစ်ကိုင်းသူတွေက လူပလီနည်းကြပြီး လူပီသသူတွေ များကြတော့ ကြွေးကြော်တဲ့အတိုင်း မရတော့ ချတာပဲ။ တိုင်းပြည်အတွက် အသက်တွေ၊ ဘဝတွေကို ပြတ်ပြတ်သားသား ချရင်းကြတယ်” ဟု တောင်သူလယ်သမား အညာသားအဖြစ် ကိုယ့်ဝမ်းကိုယ်ကျောင်းနေရာမှ လူသိများသည့် စစ်အာဏာရှင် တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်လာသူ မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကိုင်းသားများ၏ အဇ္ဈတ္တကို ဖွင့်ဆိုသည်။

စစ်ကိုင်းတိုင်းသားများသည် အခြားတိုင်းနှင့်ပြည်နယ်မှ ဒေသခံများနည်းတူ ဒီမိုကရေစီကို လိုချင်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို မဲအများဆုံး ပေးခဲ့ကြသည်။ စစ်တပ်က မဲစာရင်းအကြောင်းပြကာ အာဏာသိမ်းသည်။

“မြန်မာတနိုင်ငံလုံး လူဦးရေ သန်း ၅၀ ရှိတယ်။ မင်းတို့ စစ်ကိုင်းတိုင်းမရှိလည်း ကျန်တဲ့ဒေသတွေနဲ့ ဆက်အုပ်ချုပ်သွားမယ်။ မာန်တက်နေတဲ့ မင်းတို့ စစ်ကိုင်းတိုင်းကို အမှုန့်ခြေပစ်မယ်”

ဒီမိုကရေစီအစိုးရကို နိုင်ငံတော်အာဏာ ပြန်လွှဲရန်၊ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်ပေးရန် တနိုင်ငံလုံးနည်းတူ စစ်ကိုင်းလည်း တောင်းဆိုကြသည်။ ငြိမ်းချမ်းစွာတောင်း၍ မရသည့်အဆုံး ရသည့်နည်းဖြင့် ပြန်ယူမည်ဟူသော သတ္တိနှင့် ဆုံးဖြတ်ချက်က အညာသားများ၏ ရိုးရှင်းခိုင်မာသည့်စိတ်ရင်းဟု ဗိုလ်နဂါးက ဆိုသည်။

အညာသူ အညာသားများ စိတ်သန္တာန်တွင် စစ်အာဏာရှင် တော်လှန်ရေးစိတ်ဓာတ် နေလိုမီးလို ထွန်းတောက်နေစေရန် လောင်စာထိုးပေးနေသော အရင်းအမြစ်များလည်း ထို့ထက်မက ရှိနေသေးသည်။

ဗမာလူမျိုးစု၏ ဗဟိုချက်ဟု ဆိုရမည့် အညာလွင်ပြင်သည် ဗုဒ္ဓဘာသာ အများဆုံးကိုးကွယ်ကြပြီး ဘာသာတရားပေါ် သက်ဝင်ယုံကြည်မှုလည်း ထုနှင့်ထည်နှင့် ရှိသည်။

သီတဂူဆရာတော် အပါအဝင် ဩဇာကြီး ဆရာတော်များက စစ်ကောင်စီလက်အောက်မှ နိုင်ငံသားများ၏ ဒုက္ခကို မသိကျိုးကျွံပြုသည့်အခါ အမိမဲ့သား ရေနည်းငါးလို ခံစားခဲ့ရသည်ဟု စစ်ကိုင်းတိုင်းသားများက ရင်ဖွင့်သည်။

ပြည်သူ့ခုခံတော်လှန်စစ် စတင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေငြာပြီးနောက် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများ ပိုပြင်းထန်လာခဲ့သည်။ တိုက်ပွဲဧရိယာ ကျယ်သည်ထက် ကျယ်လာသည်။

“စစ်ကိုင်းသား စစ်ကိုင်းသူတွေက လူပလီနည်းကြပြီး လူပီသသူတွေ များကြတော့ ကြွေးကြော်တဲ့အတိုင်း မရတော့ ချတာပဲ။ တိုင်းပြည်အတွက် အသက်တွေ၊ ဘဝတွေကို ပြတ်ပြတ်သားသား ချရင်းကြတယ်”

ချင်းတောင်ဒေသလိုပင် စစ်ကိုင်းလမ်းမများထက်မှ ဖျက်အားပြင်းမိုင်းများကြား စစ်ကောင်စီတပ် အတုံးအရုန်းဖြစ်နေသည့် မြင်ကွင်းများက နေ့စဉ် ထိပ်တန်းသတင်းများ ဖြစ်လာသည်။ ‘စစ်ကောင်စီသင်္ချိုင်း စစ်ကိုင်းတိုင်း’ ဟု နာနာကျည်းကျည်း ကြွေးကြော်သံများ စစ်ကိုင်းတိုင်းက ကောင်းကင်ဘဝဂ်ကို လွန်၍ လျှံထွက်လာခဲ့သည်။

တိုင်း‌ဇေယျာ၏ ဒဏ်ရာဒဏ်ချက်များ

စစ်ကောင်စီကို ပုခုံးချင်းယှဉ်ကာ တိုက်ပွဲခေါ်သံပေးလိုက်သည့် သတ္တိဗျတ္တိ နောက်ကွယ်က စစ်ကိုင်းတိုင်းသားများ ရင်းခဲ့ရသည့် ဒဏ်ရာကလည်း စစ်တပ်အပေါ် ရန်-ငါစည်း ယတိပြတ်သွားစေသည်။

ပြည်သူ့ခုခံတော်လှန်စစ် စတင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေငြာပြီးနောက် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများ ပိုပြင်းထန်လာခဲ့သည်။ တိုက်ပွဲဧရိယာ ကျယ်သည်ထက် ကျယ်လာသည်။

လက်နက်ကိုင်တော်လှန်ခဲ့သည့် ဒေသများအနက် အဖိနှိပ်ခံရဆုံး၊ အရပ်သား သတ်ဖြတ်ခံရမှုနှင့် နေအိမ်မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဒေသ ဖြစ်သည်။ အရက်စက်ဆုံး နည်းလမ်းများသုံး၍ အစုလိုက် အပြုံလိုက် အသတ်ခံရသည့် ဖြစ်ရပ်များ၏ သွေးစသွေးနများက ခြောက်သွေ့သွားသည်ဟူ၍ မရှိ။

ယင်းမာပင်၊ ကန့်ဘလူ၊ ကနီ၊ ဒီပဲယင်း၊ မင်းကင်း၊ ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ရေဦးမြို့တို့တွင် အရပ်သားနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် အဖြစ်ဆိုးများက စစ်ကိုင်းတိုင်းသားတို့၏ အာဏာရှင် အမုန်းစိတ်ကို မိုးဦးကျမှိုများလို အပြိုင်းအရိုင်း ရင့်သန်ကြီးထွားစေခဲ့သည်။

ဒီပဲယင်းမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်အား ဇွန်လအတွင်း တွေ့ရစဉ်

ယခုလတ်တလော ကမ္ဘာအနှံ့ခြေဆန့်နေသည့် ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာမှ အရပ်သားများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့်သတင်းက စစ်ကောင်စီတပ်၏ စစ်ကိုင်းအပေါ် ရက်စက်ကြမ်းကြုတ်မှုကို အထင်အရှား ပြသနေသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာမှ အရပ်သား ၂၉ ဦးကို အရှင်လတ်လတ် ဖမ်းဆီးသတ်ဖြတ်ခဲ့စဉ် ကာယကံရှင် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးက အချင်းချင်း ရယ်ရယ်မောမော ပြောနေကြသည့် ရုပ်သံမှတ်တမ်း (စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးက သူတို့ကိုယ်သူတို့ ဖုန်းဖြင့် Selfie ရိုက်ရင်းပြောခြင်း) မှ သက်သေခံချက်များနှင့် ကန့်ဘလူမြို့သား ကိုရဲခေါင်တို့ကို ကြိမ်းဝါးသွားသည့် စစ်ကောင်စီ စစ်ကြောင်းမှူး၏ စကားတို့သည် စစ်ကိုင်းတိုင်းအပေါ် စစ်ကောင်စီ၏ သဘောထားကို အရှိအတိုင်းပြသနေသည်။

ယခုလတ်တလော ကမ္ဘာအနှံ့ခြေဆန့်နေသည့် ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာမှ အရပ်သားများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့်သတင်းက စစ်ကောင်စီတပ်၏ စစ်ကိုင်းအပေါ် ရက်စက်ကြမ်းကြုတ်မှုကို အထင်အရှား ပြသနေသည်။

ထိုမျှမကသေး။ နေအိမ်ကို ဓာတ်ဆီလောင်း၍ မီးရှို့ပြီး မိုးရွာ၍ မီးငြိမ်းသွားသည့်အခါ အိမ်တိုင်များကို ရဲဒင်း၊ ပေါက်စိန်၊ သစ်ဖြတ်စက်လွှတို့ဖြင့် ဖျက်ချပစ်ခဲ့သည်။ ဇွန်လအတွင်း ဖြစ်ရပ်တခုတွင် အများသုံးရေတွင်းအတွင်း လက်နက်ကြီးကျည်များ ပစ်ထည့်ထားခဲ့သည်အထိ ယုတ်မာခဲ့သည်ဟု စစ်ကိုင်းတိုင်းသားတို့က ဆိုသည်။

မျှော်လင့်ခြင်း အနောက်မြောက်လွင်ပြင်

ဒုတိယကမ္ဘာစစ်နောက်ပိုင်း သေနတ်ကျည် မပေါက်ခဲ့သည့် အညာလွင်ပြင်။ ယခင် ခေတ်အဆက်ဆက် တပ်မတော်၏ တပ်သားရင်းမြစ် အများဆုံးဒေသ။ စိုက်ပျိုးရေး အသားပေး ဝမ်းကြောင်းရာ မြန်မာ့ ဆန်အိုးကြီးဒေသ စစ်ကိုင်း၏ နွေဦးတော်လှန်ရေးကို စစ်ကောင်စီက လျှော့တွက်ခဲ့သည်။

တံစဉ်နှင့် ပေါက်တူးကိုင်သောလက်က သေနတ်ပြောင်းကိုင်သောအခါ စစ်ကောင်စီ အရှိုက်ထိသွားသည်။ နိုင်ငံနှင့် အဝှမ်း လက်နက်ကိုင် တော်လှန်ရေး စတင်ချိန်တွင် ချင်း၊ ကရင်နီ၊ ကချင်၊ ကရင်ပြည်နယ်တို့ကလည်း တပြိုင်နက် ရဲရင့်တက်ကြွခဲ့သည်။ ပြည်မဘက်တွင် စစ်ကိုင်းတိုင်းက အရဲရင့်ဆုံးခြေလှမ်းများဖြင့် စစ်ကောင်စီကို ခြေစုံရပ် ဟန့်တားခဲ့သည်။

စစ်ဆင်ရေးကွပ်ကဲမှု ညံဖျင်းသည်ဟုဆိုကာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို စစ်ကောင်စီက ထိန်းသိမ်းလိုက်သည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့သည်။

လူထုတော်လှန်အုံကြွမှု အမြင့်ဆုံးဖြစ်ပြီး စစ်ကောင်စီကို ကြံ့ကြံ့ခံ စိန်ခေါ်တိုက်နေသော စစ်ကိုင်းတိုင်းကို ယခင်ကထက် ပိုကြမ်းတမ်းသည့် ဖျက်ဆီးမှုများ အတိုင်းအဆမရှိ ပြုလုပ်လာသည်။

အာဏာသိမ်းပြီးပြီးချင်း ပြည်ထဲရေး ဒုတိယဝန်ကြီး တာဝန်၊ ရဲချုပ်တာဝန်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၆) စစ်ဆင်ရေးအဖွဲ့မှူး (ကစထ-၆) ရာထူးများ ခန့်အပ်ခံရပြီး စစ်ကောင်စီခေါင်းဆောင်၏ ယုံကြည်အားကိုးခြင်းခံရသူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည်လည်း စစ်ကိုင်းတိုင်းစစ်မြေပြင်တွင် အစွယ်ကျိုးကျခဲ့ရသည်။

ထို့ကြောင့် လူထုတော်လှန်အုံကြွမှု အမြင့်ဆုံးဖြစ်ပြီး စစ်ကောင်စီကို ကြံ့ကြံ့ခံ စိန်ခေါ်တိုက်နေသော စစ်ကိုင်းတိုင်းကို ယခင်ကထက် ပိုကြမ်းတမ်းသည့် ဖျက်ဆီးမှုများ အတိုင်းအဆမရှိ ပြုလုပ်လာသည်။

စစ်ကိုင်းတိုင်း၏ အမဲဖျက်ခံနေရမှု ညွှန်းကိန်းသည် လစဉ်မြင့်တက်လာနေပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်အထိ ၁၅ လတာကာလအတွင်း တနိုင်ငံလုံး အိမ်ခြေ တသောင်းရှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရသည့်အနက် စစ်ကိုင်းတိုင်းမှ အိမ်ခြေ တသောင်းလေးထောင်ခန့်အထိ ပါဝင်သည်ဟု Data for Myanmar က ဇွန်လအတွင်း စာရင်းပြုစု ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ဆင်ကန်းတောတိုး အကြမ်းဖက်လာခြင်းသည် လူထုဖက်က ပိုမိုထိခိုက်နစ်နာမှုများ သေချာပေါက် ရင်ဆိုင်ရသော်ငြား တဖက်တွင် စစ်ကောင်စီနေဝင်ချိန်နှင့် ပိုနီးလာပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က အချက်အလက်များနှင့်တကွ ထုတ်ပြောလာကြသည်။

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့

“စစ်ရေးကျွမ်းကျင်သူတွေရဲ့ သဘောတရားအရတော့ စစ်ရေးပစ်မှတ် မဟုတ်တာတွေကို ပို တိုက်ခိုက်လာပြီ၊ ပိုပြီး ရက်စက်ကြမ်းကြုတ်လာပြီဆိုရင် အဓိက အချက် နှစ်ချက်ကြောင့်လို့ ဆိုကြတယ်။ (၁) မိမိရဲ့ စစ်ရေးရည်မှန်းချက် မအောင်မြင်တဲ့အတွက် အရက်စက်ဆုံး နည်းလမ်းတွေကို ကမ်းကုန်အောင် သုံးလာခြင်း၊ (၂) အားနည်းလာပြီ ဆိုရင်လည်း အကြမ်းဖက်နည်းလမ်းတွေကို ပိုသုံးလာလေ့ရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီလို နည်းလမ်းတွေ သုံးလိုက်တဲ့အတွက် မိမိရဲ့ စစ်ရေးရည်မှန်းချက်ဟာ ပိုပြီး ကျဆုံးရလေရှိတာကို တကမ္ဘာလုံးက လက်နက်ကိုင် တော်လှန်ရေးတွေမှာ သက်သေသာဓကတွေရှိပါတယ်” ဟု အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့အခြေစိုက် လူထုရေးရာ မူဝါဒဆိုင်ရာ သုတေသနအဖွဲ့ Woodrow Wilson International Center for Scholars တွင် သွားရောက် သုတေသန လုပ်နေသည့် တကောင်း နိုင်ငံရေးလေ့လာမှု အင်စတီကျု အမှုဆောင် ဒါရိုက်တာ ဦးရဲမျိုးဟိန်းက သုံးသပ်ထားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
388
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
773

တကောင်း နိုင်ငံရေးလေ့လာမှု အင်စတီကျုက “မြန်မာ့လက်နက်ကိုင်ပုန်ကန်မှု၏ အရှိန်အဟုန် တနှစ်ကျော်” ဟု အမည်ပေးထားသည့် သုတေသန အစီရင်ခံစာတစောင်ကို ပြီးခဲ့သည့် မေလအတွင်းက ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာတွင် စစ်ကိုင်းတိုင်းဗဟိုပြု အညာဒေသ စစ်ရေးအခြေအနေကို သုံးသပ်ပေးထားသည်။

နွေဦးတော်လှန်ရေး အစတွင် တူးမီးကိုင်ခဲ့သော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံတွင် ယခုအခါ ကိုယ်တိုင်လုပ် တာဝေးပစ် အမြှောက်များ၊ စနိုက်ပါများ၊ AK -47 ကဲ့သို့ သေနတ်များ တစတစ ပိုင်ဆိုင်လာပြီ ဖြစ်သည်။

အညာစစ်နယ်ဝန်းတခွင်လုံးတွင် အဓိကကျသော စစ်နယ် လေးခုရှိနေပြီး ၎င်းတို့မှာ စစ်ကိုင်းအထက်ပိုင်း၊ ရွှေဘိုလွင်ပြင်၊ ဧရာဝတီ – ချင်းတွင်း မြစ်ဆုံဒေသနှင့် ဂန့်ဂေါ – ကလေးခရိုင် ထိစပ်ဒေသများဟု ဆိုသည်။

ယင်းဒေသများတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ သီတင်းအပတ်စဉ်တိုင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသည်။ နွေဦးတော်လှန်ရေး အစတွင် တူးမီးကိုင်ခဲ့သော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံတွင် ယခုအခါ ကိုယ်တိုင်လုပ် တာဝေးပစ် အမြှောက်များ၊ စနိုက်ပါများ၊ AK -47 ကဲ့သို့ သေနတ်များ တစတစ ပိုင်ဆိုင်လာပြီ ဖြစ်သည်။

စစ်ကောင်စီဘက်ကလည်း အညာစစ်နယ်တဝန်းတွင် တပ်ရင်း (၃၅) ရင်းအထိ ချထားပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများသုံးပြီး စစ်ဆင်ရေး ဝင်နေသည်ဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့များဘက်က ခန့်မှန်းသုံးသပ်ထားသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကလည်း စစ်ကိုင်းတိုင်းအတွင်း အဓိကလမ်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထားနိုင်ပြီဟု ထုတ်ဖော်ပြောကြားထားသည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သိမ်းပိုက်မည့် စစ်ပွဲများ မကြာမီလာမည်ဟုလည်း ဇွန်လအတွင်း အတိအလင်း ထုတ်ပြန်ထားသည်။

“စစ်ကိုင်းဆိုတာ ကံရာဇာကြီး၊ ဝန်းသိုစော်ဘွားကြီး အစရှိတဲ့ လူထူးတွေရဲ့ စုရပ်ဖြစ်ခဲ့တာလေ။ လုပ်ရင် ပြတ်တယ်။ ပြောရင်ရှင်းတယ်” ဟု စစ်ကောင်စီ တော်လှန်ရေး အားသွန်ခွန်စိုက် ပါဝင်နေသည့် ကလေးမြို့ နည်းပညာတက္ကသိုလ်မှ ကထိကဆရာမ ဒေါ်ရတီအုန်းက မှတ်ချက်ပြုသည်။ ဆရာမဒေါ်ရတီအုန်းသည် CDM လုပ်ခဲ့ပြီးနောက် ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွေ့လျားဆေးကုသရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ပေးနေသည်။

ဗိုလ်နဂါးက အညာသားတဦး၏ ဟန်အတိုင်း လေသံခပ်သြသြဖြင့် ယခုလို မှတ်ချက်ပေးသည်။

“ပါးစပ်သမားတွေနေတာ မဟုတ်တဲ့ စစ်ကိုင်းမှာ စစ်ကောင်စီအတွက် အဆုံးသတ်ဟာ အရှုံးပဲ သေချာတယ်”

You may also like these stories:

ချောင်းဦးမြို့ပေါ်ကို လက်နက်ကြီးနဲ့ ပစ်လို့ သေဆုံး၊ ဒဏ်ရာရသူများရှိ

အကြမ်းဖက်စစ်တပ် ဧကန်စင်စစ် ဖြစ်ကြောင်း သက်သေထူခဲ့ပြီ

ရေဦးတွင် PDF ထောက်ပံ့သူ ၁ ဦး ဒလန်ဟု စွပ်စွဲ သတ်ဖြတ်ခံရ

ရေဦးမှာ အမိန့်ပေးတာ ဘယ်သူလဲ

ဝက်လက်၌ စစ်ရှောင်တို့၏ ယာယီတဲများကို စစ်တပ်မီးရှို့

Your Thoughts …
Tags: CDMNLDNUGစစ်ကိုင်းတိုင်းစစ်ကောင်စီစစ်ပြေးဒုက္ခသည်စစ်ရာဇဝတ်မှုဗိုလ်နဂါး
မောင်မောင်ကြီး

မောင်မောင်ကြီး

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဇွန်လ ၃၀ ရက်နေ့က အာစီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သည့် အာဏာသိမ်းခေါင်းဆောင်

အာဆီယံ အထူးကိုယ်စားလှယ်ကို စစ်ခေါင်းဆောင် ဗြောင်လိမ်နေ ဟုဆို

ကယားပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖွဲ့ဝင်များ  / KNDF

စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးလမ်းဆုံးမှာ ရုန်းကန်နေရတယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved