• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အကြမ်းဖက်မှုအဆုံးသတ်ရေး ဒေါ်အောင်ဆန်းစုကြည်ကို ASEAN အထူးသံတမန် အားကိုးမည်

by ဧရာဝတီ
22 July 2022
in ဆောင်းပါး
A A
မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်ဖြစ်သော ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း  / ဧရာဝတီ

မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်ဖြစ်သော ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း / ဧရာဝတီ

9.4k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ မြန်မာနိုင်ငံ အကျပ်အတည်းဆိုင်ရာ အထူးသံတမန်က သူသည် အကျပ်အတည်း ကျရောက်နေသော မြန်မာသို့ တတိယအကြိမ် သွားရောက်ရန် ပြင်ဆင်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရလျှင် မြန်မာမှ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကို အသုံးပြုလိုကြောင်း ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ပရက်ဆိုခွန်းက ထိုခရီးစဉ်ကို စက်တင်ဘာလ ၁၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံမတိုင်မီ စက်တင်ဘာလ ဒုတိယပတ်တွင် သွားရန် မျှော်လင့်နေသည်။

ထိုသို့မဟုတ်ပါက မစ္စတာ ပရက်ဆိုခွန်းသည် မြန်မာသို့ ASEAN နှစ်ပတ်လည် ညီလာခံကျင်းပမည့် နိုဝင်ဘာမတိုင်မီ အောက်တိုဘာလ အစောပိုင်းတွင် သွားရောက်နိုင်သည်။ ကမ္ဘောဒီးယားသည် ယခုနှစ် ASEAN ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားသည်။

သူသည် ယခင်က မြန်မာသို့ ၂ ကြိမ်သွားရောက်စဉ် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင်မပေးပေ။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်တွင် သီးခြားချုပ်နှောင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ကမ္ဘောဒီးယားနိုင်ငံ၏ တောင်းဆိုမှုကို အမှုများ မပြီးပြတ်သေးသောကြောင့် ဟုဆိုကာ စစ်ကောင်စီက အကြိမ်ကြိမ် ပယ်ချသည်။ ထိုအမှုများတွင် အဂတိ လိုက်စားမှုနှင့် ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက်များစွာပါဝင်ပြီး ထိုအမှုများကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုသည်။

“ကျနော်တို့က သူနဲ့ အဓိကဆွေးနွေးမယ့် ကိစ္စက မြန်မာနိုင်ငံအနာဂတ်ကို သူဘယ်လိုမြင်လဲဆိုတာပဲ ဖြစ်တယ်။ ဒီအကျပ်အတည်းက ဘယ်လိုထွက်မလဲဆိုတာကို သူဘယ်လိုမြင်လဲဆိုတာနဲ့ သူ့ရဲ့ သြဇာကို နိုင်ငံရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှာ ဘယ်လို သုံးနိုင်မလဲဆိုတာ ဖြစ်တယ်” ဟု ASEAN အထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီးနောက် ပြည်ပ မီဒီယာများနှင့် ပထမဆုံး လူကိုယ်တိုင် တွေ့ဆုံမေးမြန်းခန်းတွင် CNA စင်ကာပူသတင်းဌာနသို့ ပြောသည်။

“နောက်တချက်ကတော့ သူရဲ့ အကြမ်းမဖက်ရေးမူက အကြမ်းဖက်မှု ရပ်ဆိုင်းရေးအတွက် လက်နက်ကိုင်အုပ်စု အားလုံးအပေါ် ဘယ်လို သြဇာသက်ရောက်နိုင်လဲဆိုတာ မေးမယ်” ဟုလည်း သူက ပြောသည်။

“လက်နက်ကိုင်အဖွဲ့အစည်း အားလုံးက တဘက်နဲ့တဘက် တိုက်ခိုက်မှု ရပ်ဆိုင်းလိုက်တဲ့အခါ တနေ့ကျတော့ ဆွေးနွေးပွဲစကားဝိုင်းကို ရောက်လာကြမှာပဲ။ အဲဒီအခါကျတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လမ်းကျယ်ကျယ်ပြန့်ပြန့် ပွင့်လာမယ်” ဟုလည်း သူကပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံက နိုင်ငံရေးနယ်ပယ်မှာ အရေးအကြီးဆုံးလူတွေထဲမှာ ပါတယ်လို့ သတ်မှတ်ထားတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နယ်ပယ်မှာလည်း အရေးပါတယ်” ဟု သူက ဆက်လက်ပြောကြားသည်။

မစ္စတာ ပရက်ဆိုခွန်းက သူ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် သွားရောက်လည်ပတ်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်းနှင့် နောက်ပိုင်းတွင် ဖြစ်လာနိုင်ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကို ပြောကြားခဲ့ကြောင်း ပြောသည်။

ဖနွမ်းပင်အခြေစိုက် သံတမန်များကို ရှင်းလင်းပြောကြားရာတွင် မစ္စတာ ဆိုခွန်းက သူ၏ မြန်မာသို့ ဒုတိယ ခရီးစဉ်သည် တိုးတက်မှုအချို့ ရနိုင်ကြောင်း ပြောကြားခဲ့သည်။

သူသည် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ သူသည် မြန်မာ စစ်တပ်နှင့် ထိုစစ်တပ်က အကြမ်းဖက်သမားများဟု သတ်မှတ်ထားသော အမျိုးသားညီညွတ်ရေ အစိုးရ (NUG) နှင့် ၎င်းတို့၏ လက်နက်ကိုင် အင်အားစုဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) စသည့် အုပ်စုများအကြား ဖြစ်နိုင်ခြေရှိသော ဆွေးနွေးပွဲများအတွက် လမ်းဖောက်ခဲ့ကြောင်း ပြောသည်။

စစ်အုပ်ချုပ်သူများကမူ ထိုအဖွဲ့များသည် အကြမ်းဖက်အဖွဲ့များ ဖြစ်သောကြောင့် မဆွေးနွေးနိုင်ကြောင်း ယခင်က ပြောကြားခဲ့ဖူးသည်။

“ကျနော်က ဒီလို ရိုးရိုးရှင်းရှင်းပဲ မေးတယ်။ လူပုဂ္ဂိုလ် တဦးတယောက် သို့မဟုတ် အဖွဲ့အစည်းတခုခုက သူတို့ သဘောထားပြောင်းလဲပြီး တိုက်ခိုက်တာရပ်ဖို့ စိတ်အားထက်သန်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာပါဝင်ဖို့ ပြောလာရင် ခင်ဗျားဘယ်လို တုံ့ပြန်မလဲလို့ မေးလိုက်တယ်” ဟု စစ်ကောင်စီ အဆင့်မြင့် အရာရှိ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပြောကြားခဲ့သော စကားများကို ပြန်ပြောသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
324
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
124
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.7k
ကရင်ပြည်နယ်၊ ဘားအံရှိ တောတွင်းတနေရာတွင် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ကရင်တိုင်းရင်းသား ကျေးရွာသားများ ဆေးကုသမှု ခံယူပြီး နားနေစဉ် / Free Burma Rangers / AFP

“သူက တုံ့ဆိုင်းနေတယ်။ ဒါနဲ့ ကျနော်က ဆက်ပြောတယ်။ ကျနော်တို့က သူတို့ကို အကြမ်းဖက်သမားတွေအဖြစ် ဆက်လက်သတ်မှတ်နေပြီး ညီမျှခြင်းရဲ့ တဘက်ကနေ ဖယ်ထုတ်ထားရင် သူတို့ကလည်း ဆက်တိုက်ပြီး အခြားရွေးစရာ မရှိဘူး။ သူတို့က ဆက်တိုက်နေရင် အကြမ်းဖက်မှုက အဆုံးမရှိဘူး။ ငြိမ်းချမ်းရေးလည်း မရှိဘူး။ သူတို့က ခင်ဗျားတို့နဲ ငြိမ်းချမ်းရေး ဆွေနွေးဖို့ ဆန္ဒရှိရင် ခင်ဗျားတို့က ဘယ်လိုတုန့်ပြန်မလဲ” ဟု မေးခဲ့ကြောင်း မစ္စတာ ဆိုခွန်းက ပြောသည်။

“အဲဒီမှာ ကျနော် မျှော်လင့်မထားတဲ့ အဖြေပြန်ရတယ်။ သူတို့က ဟုတ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဟိုလူတွေ စိတ်ဓာတ်ပြောင်းလဲရမယ်လို့ ပြောတယ်။ မြန်မာစစ်တပ်က စည်းကမ်းသတ်မှတ်ချက် အချို့ ပြောလာတယ်” ဟုလည်း သူက ဆက်လက်ပြောကြားသည်။

ထိုစည်းကမ်းချက်များတွင် အုပ်စုများသည် စစ်ကောင်စီအစိုးရကို ဖျက်ဆီးရန် မရည်ရွယ်ရဆိုသည့် စည်ကမ်းချက်ပါကြောင်း မစ္စတာ ဆိုခွန်းက CNA သို့ ပြောသည်။ ထိုအဖွဲ့များသည် အစိုးရကို အစားထိုးရန် မည်သည့် ရည်ရွယ်ချက်မျှမရှိဘဲ စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆွေးနွေးရာတွင် အခြေခံအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်းလည်း စစ်တပ်ကပြောသည်။

“ကောင်းပြီ ဒီတော့ တံခါးကတော့ ပွင့်သွားပြီလို့ ကျနော်ပြောတယ်။ စည်းကမ်းချက်တွေကို နောက်အဆင့်မှာ ဆွေးနွေးလို့ရတယ်။ ဒါပေမယ့် အနည်းဆုံး တံခါးကတော့ ပွင့်သွားပြီး နိုင်ငံရေးဆွေးနွေးဖို့က ပိတ်မနေတော့ဘူး” ဟုလည်း သူကဆက်ပြောသည်။

NUG နှင့် ထိတွေ့ဆက်ဆံခြင်း

ညှိနှိုင်းဆွေးနွေးမှု တိုးတက်ခြင်းသည် ကမ္ဘောဒီးယားအနေဖြင့် NUG နှင့် ဆွေးနွေးရန် တံခါးပွင့်သွားကြောင်း မစ္စတာ ဆိုခွန်းက ပြောသည်။

“NUG နဲ့ ထိတွေ့ဆက်ဆံဖို့ တောင်းဆိုမှုတွေ အများကြီး ကြားခဲ့ရတယ်ဆိုတာ ကျနော်ပြောချင်တယ်။ ပြင်ပကတင် တောင်းဆိုတာ မဟုတ်ဘူး၊ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေ ASEAN ဝန်ကြီးတွေ၊ ASEAN နိုင်ငံခြားရေးဝန်ကြီးတွေပါ ပါတယ်။ မလေးရှားက လုပ်ဖော်ကိုင်ဖက်ဆီကဆို ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားရတယ်” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆိုင်ဖတ်ဒင် အဗ္ဗဒူလာကို ရည်ရွယ်ပြီး မစ္စတာ ဆိုခွန်းက ပြောသည်။

“သူက သူ NUG နဲ့ထိတွေ့ဆက်ဆံကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ နိုင်ငံတွေဟာ အချုပ်အခြာ အာဏာပိုင်တယ်ဆိုတာကို ကျနော်တို့ အသိအမှတ်ပြုရမယ်။ သူတို့မှာ သူတို့ ထိတွေ့ဆက်ဆံချင်သူနဲ့ ထိတွေ့ဆက်ဆံဖို့ အချုပ်အခြာအာဏာ အခွင့်အရေးရှိတယ်။ သူတို့အတွက် အကောင်းဆုံး အကျိုးစီးပွား အမျိုးသားအကျိုးစီးပွားအတွက် ဘယ်သူနဲ့မဆို ထိတွေ့ဆက်ဆံနိုင်တယ်” ဟုလည်း သူကပြောသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီ မစ္စ ဝင်ဒီရှားမင်း၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆိုင်ဖတ်ဒင်တို့နှင့် မေလက ဝါရှင်တန်တွင်ကျင်းပသည့် အမေရိကန်- ASEAN ထိပ်သီဆွေးနွေးပွဲ၏ သီးခြားအစည်းအဝေးတွင် တွေ့ဆုံခဲ့သည်။

သို့သော် သူသည် မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တူညီသည့် အမြင်ကို မကျင့်သုံးကြောင်း မစ္စတာ ဆိုခွန်းက ပြောသည်။

“ကျနော်က ခေါင်မိုးပေါ်တက်ပြီး ကျနော် ဘာလုပ်တယ်ဆိုတာကို အော်နေစရာ မလိုဘူး။ စေ့စပ်ညှိနှိုင်းမှုဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆိုင်တယ်။ များသောအားဖြင့် လျှို့ဝှက်မဟုတ်ရင်တောင် မသိသင့်တာမသိရအောင် သတိထားလုပ်ရတယ်” ဟုလည်း သူက ပြောသည်။

“ကျနော်တို့က ကျနော်တို့ လုပ်ပိုင်ခွင့်ထဲက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံနေတယ် ဆိုတာကိုပဲ သိထားပါ” ဟုလည်း မစ္စတာ ဆိုခွန်းက ပြောကြားပြီးနောက် အသေးစိတ်များကို ပြောကြားရန် ငြင်းဆန်သည်။

ထိုသို့ ပြောကြားခြင်းကြောင့် NUG နှင့် စတင် ဆွေးနွေးနေသလားဟု မေးသောအခါ မစ္စတာ ဆိုခွန်းက “ဒါက လျှို့ဝှက်အဆင့်ပဲ ရှိသေးတယ်။ ဒီနိုင်ငံရေးဇာတ်ဆောင်တွေနဲ့ ကျနော်တို့ ဘာပဲလုပ်လုပ် ကျနော်တို့ ဘာလုပ်တယ်ဆိုတာ အများပြည်သူကို ပြောပြဖို့ သင့်တော်တဲ့ အချိန်ဆိုတာ ရှိလာလိမ့်မယ်” ဟု သူကပြောသည်။

လက်ရှိအချိန်အထိ အမေရိကန်ပြည်ထောင်စုနှင့် မလေးရှားနိုင်ငံတို့ကသာ NUG နှင့် ပွင့်ပွင့်လင်းလင်း အလွတ်သဘော တွေ့ဆုံသေးသည်။

အခြား ASEAN အဖွဲ့ဝင် အနည်းဆုံး နှစ်နိုင်ငံတို့နှင့် မြန်မာမှ တရုတ်သံရုံးတို့သည် NUG နှင့် ဆွေးနွေးနေကြောင်း CNA သတင်းဌာနက နားလည်ထားသည်။

ရှည်လျားအောင် ဆွဲဆန့်နေသော လုပ်ငန်းစဉ်

မစ္စတာ ဆိုခွန်းက သူ၏ ဒုတိယ ခရီးစဉ်နှင့်ပတ်သက်ပြီး အကောင်းမြင်နေသော်လည်း ကမ္ဘောဒီးယား၏ မြန်မာ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်းသည် စီစဉ်ထားသည့်အတိုင်း မဖြစ်ခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မစ္စတာ ဆိုခွန်းက အကြိမ်ကြိမ် တောင်းဆိုမှုများ ပယ်ချခံရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှ မူလနေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးရန် ဇွန်လက သူ့တောင်းဆိုမှုကိုလည်း စစ်ကောင်စီက ပယ်ချသည်။ နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်မချမှတ်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်၏ တောင်းဆိုမှုကိုလည်း လျစ်လျူရှုထားသည်။

“စေ့စပ်ညှိနှိုင်းမှုဆိုတာ အပေးအယူနဲ့ဆိုင်တယ်” ဟုလည်း မစ္စတာ ဆိုခွန်းက ထိုပယ်ချမှုများနှင့် ပတ်သက်ပြီး ပြောသည်။

“ခင်ဗျားအနေနဲ့ အသစ်အဆန်းတခု လုပ်မယ်။ ပြီးတော့ ပြန်ရုတ်သိမ်းရမယ်။ တခါတခါတော့ စိတ်ပျက်စရာပေါ့။ ကျနော်တို့ ရှေ့ ၂ လမ်းတိုးတယ်၊ နောက်တော့ တလှမ်း ၂ လှမ်း ပြန်ဆုတ်ရမယ်။ အရမ်းစိတ်ရှုပ်စရာ ကောင်းတယ်” ဟုလည်း သူကပြောသည်။

“ဒါပေမယ့် ကျနော်က လက်မလျှော့ဘူး။ အခုကျနော်တို့ အောင်မြင်ထားပြီးသား အခြေအနေက အနာဂတ် မျှော်လင့်ချက်အတွက် အားရစရာ ကောင်းတယ်။ ဒီလိုအခက်အခဲတွေ ရှိပေမယ့်လည်း ကျနော်တို့ ကောင်းကောင်း တိုးတက်ပြီး မြန်မာကို ပုံမှန်အခြေအနေရောက်အောင် ကူညီနိုင်တယ်” ဟု သူက ဆက်ပြောသည်။

ASEAN က မြန်မာအပေါ် ပျော့ပျောင်းမှု မရှိ

အခြား ASEAN နိုင်ငံများသည် မြန်မာကို ပိုမိုပြင်းထန်သော အစီအမံများဖြင့် ကိုင်တွယ်ရန် တောင်းဆိုကြောင်း မစ္စတာ ဆိုခွန်းက ပြောသည်။

ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက်ကို လွန်ခဲ့သော နှစ်က ချမှတ်ပြီးနောက် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် တိုးတက်မှု မရှိခြင်းကို အထူးသဖြင့် စင်ကာပူနိုင်ငံက ထောက်ပြခဲ့သည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆိုင်ဖတ်ဒင်က မြန်မာကို ဖိအားပိုမိုပေးရန် မကြာမီက တောင်းဆိုခဲ့ပြီး ASEAN က ခိုင်ခိုင်မာမာ လုပ်ဆောင်မှု မရှိသောကြောင့် မြန်မာစစ်တပ်ကို အတင့်ရဲစေမည်ကို စိုးရိမ်ကြောင်း ပြောသည်။

“ASEAN နိုင်ငံတချို့ မြန်မာနဲ့ ပတ်သက်ပြီး တွန်းအားပေးတာ ပြင်းထန်တယ်လို့ ကျနော်ပြောရမှာပဲ” ဟု မစ္စတာ ဆိုခွန်းက ပြောသည်။

“ကျနော်တို့ ASEAN ပဋိညာဉ်ထဲမှာ မူတွေရှိတယ်။ ဝင်ရောက်မစွက်ဖက်ရေးနဲ့ တန်းတူရေးမူ ဖြစ်တယ်။ ASEAN နိုင်ငံတခုစီဟာ တန်းတူညီမျှတယ်။ ကျနော်တို့ မြန်မာကို ထိတွေ့ဆက်ဆံတာ အဲဒီလိုမဖြစ်ဘူး” ဟုလည်း သူက ပြောသည်။

“ASEAN အစည်းအဝေးတိုင်းမှာ ကိုယ်စားပြုမှုအဆင့် လျှော့ချဖို့ မြန်မာကို ပြောတယ်၊ ဒီနေ့အထိပဲ။ အဲဒါ မမှန်ဘူး။ ဘာကြောင့်လဲဆိုတော့ ပဋိညာဉ်ထဲမှာ အဲဒီလို ပြောထားတာ မပါလို့” ဟုလည်း မစ္စတာ ဆိုခွန်းက ပြောသည်။

“ပဋိညာဉ်ထဲမှာ ကိုယ်စားပြုမှုအဆင့် လျှော့ချတာ မပါဘူး။ အဖွဲ့ဝင် နိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ကျနော်တို့ လေးစားရမယ်” ဟုလည်း သူကပြောသည်။

“ဘယ်အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမှ ကျနော်တို့ မစွက်ဖက်နိုင်ဘူး။ ဒါပေမယ့် အတိုင်းအတာတခုအထိ ကျနော်တို့ စွက်ဖက်ခဲ့တယ်။ မြန်မာရဲ့ကိုယ်စားပြုမှုကို အတိုင်းအတာတခုအထိ လျှော့ချတယ်။ ကျနော်တို့က ဒီမူတွေကို လျစ်လျူရှုနေတာပဲ” ဟုလည်း သူကဆက်ပြောသည်။

မြန်မာတွင် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် ပတ်သက်ပြီး မစ္စတာ ဆိုခွန်းက ဘက်အားလုံးအနေဖြင့် အမြင့်မားဆုံး ထိန်းချုပ်ကာ အကြမ်းဖက်မှု လျှော့ချသည့် နည်းလမ်းတခုလိုကြောင်း ပြောသည်။

“ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ သို့မဟုတ် အခြားမည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆိုကို တိုက်ခိုက်မှုရပ်ရေး ဖျောင်းဖျဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်ရေးမူက အခန်းကဏ္ဍတခုက ပါတာကို ကျနော်မျှော်လင့်တာဖြစ်တယ်” ဟု သူကပြောသည်။

“ဒါက အကြမ်းဖက်မှုအဆုံးသတ်ရေးကို အကျိုးပြုနိုင်တယ်။ ဒီလိုမဟုတ်ရင် ဘယ်ဘက်ကမဆို နှစ်ဘက်လုံးက ဆက်လက် အကြမ်းဖက်မှုတွေကို တွေ့ရမှာ ကျနော်စိုးရိမ်တယ်” ဟုလည်း သူကပြောသည်။

(CNA ပါ Leong Wai Kit ၏ ASEAN special envoy plans third trip to Myanmar; hopes to use Aung San Suu Kyi’s influence to end violence သတင်းကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဦးဝဏ္ဏမောင်လွင် လာမည့် ASEAN အစည်းအဝေးများ တက်ရောက်ခွင့် မရှိ

ဒုက္ခသည်တွေ ကူညီမှာလား၊ စစ်ကောင်စီကို ကူညီမှာလား

အပယ်ခံ စစ်ကောင်စီခေါင်းဆောင် ရုရှားသာ ထပ်သွားလို့ရ

ထိုင်း၏ ချွတ်ခြုံကျနေသော မြန်မာမူဝါဒ

စစ်ကောင်စီ ခေါင်းဆောင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ခေါက်ထားခဲ့

Your Thoughts …
Tags: AseanNUGPDFsငြိမ်းချမ်းရေးစစ်ကောင်စီတွေ့ဆုံဆွေးနွေးမှုဒေါ်ဆောင်ဆန်းစုကြည်ပရက်ဆိုခွန်းဖွဲ့စည်းပုံအခြေခံ ဥပဒေမင်းအောင်လှိုင်ရွေးကောက်ပွဲအကြမ်းဖက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကိုင်းတိုင်း၊ ကန့်ဘလူြမို့နယ်၊ ကျီစုရွာတွင်ြဖစ်ပွါးခဲ့သော ြပည်သူ အစုလိုက်သတ်ြဖတ်ခံရမှု  / CJ

ကန့်ဘလူ၊ ကျီစုရွာက ပြည်သူ အစုလိုက်သတ်ဖြတ်ခံရမှု

ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့တွင် ဆေးဝယ်ယူနေကြသည့်မြင်ကွင်း  / Ko Min

ဆေးဝါးဈေး အဆမတန် တက်နေသဖြင့် ဆေးဆိုင်တချို့ ယာယီပိတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved