• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီ ရန်လှည့်တိုက်နေသည်

by စောမိုးစက် (ဒေါနမြေ)
2 August 2022
in ဆောင်းပါး
A A
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှ ပျူစာထီးများကို ဇူလိုင်လ ၃၀ ရက်နေ့က လက်နက်တပ်ဆင်စဉ်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှ ပျူစာထီးများကို ဇူလိုင်လ ၃၀ ရက်နေ့က လက်နက်တပ်ဆင်စဉ်

12.8k
VIEWS
Share on FacebookShare on Twitter

အာဏာကို လက်မလွှတ်ရရေး ပြည်သူအချင်းချင်း သွေးချောင်းစီးအောင် ပြန်တိုက်ခိုက်စေမည့် စစ်ကောင်စီ၏ အကြံအစည်တခုသည် နယ်မြို့တမြို့မှ ကသောင်းကနင်း ဖြစ်ရပ်တခုကြောင့် သဲထဲရေသွန်ဖြစ်သွားမည့် အလားအလာရှိနေသည်။

ပြည်သူ့ ခုခံကာကွယ်ရေး အင်အားစု PDF ရန်ကို ကာကွယ်ရန်ဟုဆိုကာ “ဒေသအကျိုး လိုလားသူများပါဝင်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့များ” ဖွဲ့စည်းမည်ဆိုသည့် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းကို မြေလှန်ပစ်လိုက်သည့် ဖြစ်ရပ်တခုက ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် ပြီးခဲ့သည့် ဇွန်လက ဖြစ်ခဲ့သည်။

RelatedPosts

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
714
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
350
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
3.3k

ဟင်္သာတမြို့တွင် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီက ဖွဲ့စည်းလိုက်သည့် “ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့” ၌ လူသိများသည့် မြို့ခံသူဌေးတဦး ပါဝင်လာသည်။ ယင်းပုဂ္ဂိုလ်မှာ ဟိုတယ်နှင့် ရွှေလုပ်ငန်းရှင် ဦးဝင်းဇော်ဆိုသူ ဖြစ်သည်။

ဒေသတွင်း စီးပွားရေးလောကတွင် လူသိများသည့် သူဌေးဦးဝင်းဇော် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့၌ ပါဝင်သည့်သတင်းသည် ဒေသခံများကြား ပွက်လောရိုက်သွားခဲ့သည်။ ဟင်္သာတမြို့ ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့စာရင်းသည် ဌာနဆိုင်ရာ ဖရဲသီး၏ သတင်းပေးပို့မှုကြောင့် ဇွန်လ ၂၆ ရက်တွင် လူမှုကွန်ရက်၌ ပေါက်ကြားလာခဲ့သည်။

ဒေသတွင်း စီးပွားရေးလောကတွင် လူသိများသည့် သူဌေးဦးဝင်းဇော် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့၌ ပါဝင်သည့်သတင်းသည် ဒေသခံများကြား ပွက်လောရိုက်သွားခဲ့သည်။ ဟင်္သာတမြို့ ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့စာရင်းသည် ဌာနဆိုင်ရာ ဖရဲသီး၏ သတင်းပေးပို့မှုကြောင့် ဇွန်လ ၂၆ ရက်တွင် လူမှုကွန်ရက်၌ ပေါက်ကြားလာခဲ့သည်။ သတင်းမီဒီယာအချို့တွင် ယင်းသတင်း ပါဝင်လာပြီးနောက် ဦးဝင်းဇော်တို့ မိသားစုအား မြို့ခံများနှင့် လူမှုကွန်ရက်သုံးစွဲသူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ထိုအခြေအနေတွင် ဦးဝင်းဇော်တို့ မိသားစုက စစ်ကောင်စီ၏ အစီအမံကို ဆန့်ကျင်သည့် တုန့်ပြန်ဖြေရှင်းမှု တခုကို အလျင်အမြန် ပြုလုပ်ခဲ့ကြသည်။ ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့၌ စစ်ကောင်စီက ထည့်သွင်းထားသည်ကို ကာယကံရှင်ပင် လုံးဝမသိကြောင်းနှင့် ယင်းအဖွဲ့မှ နှုတ်ထွက်ကြောင်း ဦးဝင်းဇော်နှင့် မိသားစုက ဇွန် ၂၇ ရက်တွင် ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။

“စကားလုံးအများကြီးနဲ့ ရှင်းမပြချင်တော့ပါဘူး။ အဖွဲ့ ဖွဲ့စဉ်အခါကလည်း မျက်လုံးဆေးပြနဲ့ ပြည်ပသို့ ရောက်နေတာပါ၊ လုံးဝ (လုံးဝ) မသိရှိခဲ့ပါ။ နုတ်ထွက်အကြောင်းကြားစာကိုလည်း ခရိုင်ရုံးသို့ ပို့ပြီးပါပြီ” ဟု ဦးဝင်းဇော်၏ သားက ဖခင်ဖြစ်သူ၏ ဆေးမှတ်တမ်း၊ နုတ်ထွက်စာ မှတ်တမ်းများဖြင့် လူမှုကွန်ရက်မှတဆင့် ဖြေရှင်းခဲ့သည်။

ထိုဖြစ်ရပ်သည် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပတ်သက်၍ စစ်ကောင်စီ၏ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှတဆင့် လူထုအား လိမ်ညာထားသမျှ ဗူးပေါ်သလို ပေါ်သွားခြင်းဖြစ်သည်။

ပြည်သူ့လုံခြုံရေးအဖွဲ့သည် နယ်မြေခံလူထု၏ တောင်းဆိုမှုဖြင့် ဖွဲ့စည်းမည့်အဖွဲ့ဖြစ်ကြောင်း စစ်ကောင်စီက မကြာခဏ ပြောကြားနေသော်လည်း မြေပြင်အခြေအနေနှင့် တက်တက်စင်အောင် လွဲချော်နေသည်ဟု ဝေဖန်သူများက ပြောသည်။

“ပြည်သူချင်း ပြန်သတ်ခိုင်းမယ့် အကြံအစည်။ ဒီအဖွဲ့ဟာ ပြည်သူတွေကိုယ်တိုင်က ဖွဲ့စည်းတာပါလို့ စစ်ကောင်စီက ဝါဒဖြန့်ထားတာကို ရိုးသားတဲ့ တောသူတောင်သားတွေက အတည်ထင်လိုက်ရင် သိပ်အန္တရာယ်ကြီးတယ်။ အခုလို လူသိရှင်ကြား အလိမ်ပေါ်တာ ပြည်သူတွေ သိပ်ကံကောင်းတယ်”

“ပြည်သူချင်း ပြန်သတ်ခိုင်းမယ့် အကြံအစည်။ ဒီအဖွဲ့ဟာ ပြည်သူတွေကိုယ်တိုင်က ဖွဲ့စည်းတာပါလို့ စစ်ကောင်စီက ဝါဒဖြန့်ထားတာကို ရိုးသားတဲ့ တောသူတောင်သားတွေက အတည်ထင်လိုက်ရင် သိပ်အန္တရာယ်ကြီးတယ်။ အခုလို လူသိရှင်ကြား အလိမ်ပေါ်တာ ပြည်သူတွေ သိပ်ကံကောင်းတယ်” ဟု ဟင်္သာတမြို့ခံတဦးက ပြောသည်။

သေနတ်ကိုင် လေ့ကျင့်နေသည့် ဆရာတော်များကို စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်/CJ

စစ်ကောင်စီအကြံ

ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းမည်ဆိုသည့် သတင်းစကားကို နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှတဆင့် စစ်ကောင်စီက လူသိရှင်ကြား စတင်ဖြန့်ဝေခဲ့သည်။

ဧပြီလ ၂၇ ရက်က ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ ၁၃ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းမည်ဆိုသည့် သတင်းစကားကို စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပထမဆုံးအကြိမ် စကားစခဲ့သည်။

ပြည်သူများပါဝင်မည့် ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်နေပြီး ယင်းစနစ်ကြောင့် အကြမ်းဖက်မှုများ လျင်မြန်စွာချုပ်ငြိမ်းသွားမည် ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေး အဖွဲ့များအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

အမှန်တကယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် ယင်းကာလမတိုင်မီ ကတည်းက စစ်ကောင်စီက လက်သိပ်ထိုး ကြိုးစားခဲ့သည်ဟု ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ဆိုသည်။

အဖွဲ့တွင် ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်သူ့စစ်၊ ကြက်ခြေနီ၊ မီးသတ်နှင့် ဒေသအကျိုး လိုလားသူများ၊ စစ်တပ်အားထောက်ခံသော YMBA အသင်းဝင်များဖြင့် စမ်းသပ်ဖွဲ့စည်းရန်၊ တဖွဲ့လျှင် အဖွဲ့ဝင် ၂၀ ဦးခန့်ဖြင့် ရပ်ကွက်နှင့် ကျေးရွာတိုင်း ဖွဲ့စည်းရန် မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ လုံခြုံရေးအစည်းအဝေးတွင် လျှို့ဝှက်ညွှန်ကြားခဲ့သည်

စစ်ကောင်စီခေါင်းဆောင်၏ စီမံချက်ဖြစ်သော ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့ရန် မြို့နယ်နှင့် ရပ်ကွက်အဆင့်တွင် မတ်လကတည်းက စတင် လူစုခဲ့သည်။ ယင်းအဖွဲ့တွင် ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်သူ့စစ်၊ ကြက်ခြေနီ၊ မီးသတ်နှင့် ဒေသအကျိုး လိုလားသူများ၊ စစ်တပ်အားထောက်ခံသော YMBA အသင်းဝင်များဖြင့် စမ်းသပ်ဖွဲ့စည်းရန်၊ တဖွဲ့လျှင် အဖွဲ့ဝင် ၂၀ ဦးခန့်ဖြင့် ရပ်ကွက်နှင့် ကျေးရွာတိုင်း ဖွဲ့စည်းရန် မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ လုံခြုံရေးအစည်းအဝေးတွင် လျှို့ဝှက်ညွှန်ကြားခဲ့သည်ဟု ရုံးစာအထောက်အထားများ ထွက်ပေါ်ခဲ့သည်။

မြို့နယ်အဆင့်တွင် ဦးဝင်းဇော်တို့ကဲ့သို့ မြို့မိမြို့ဖများကို ဒေသအကျိုး လိုလားသူများအဖြစ် စစ်ကောင်စီက ဝါဒဖြန့်ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ကို အသက်သွင်းရန် ကြိုးစားခဲ့သည်။ သို့သော် အမှန်တကယ် ဖွဲ့စည်းသောအခါ ကာယကံရှင်က သူမသိကြောင်း အလျင်အမြန် ငြင်းချက်ထုတ် ကန့်ကွက်လာခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ရပ်မှာ ဟင်္သာတမြို့နယ် တခုတည်းတွင် မဟုတ်ပေ။ ဒေသအနှံ့တွင် အဆိုပါ ပြဿနာရှိနေသည်ဟု ကာယကံရှင်များက ရင်ဖွင့်လာသည်။

ပျူစောထီးဖွဲ့စဉ်ကရော၊ ယခု ပြည်သူ့လုံခြုံရေးဖွဲ့ရန် ကြိုးစားနေစဉ်ကပါ အဖွဲ့ဝင်အဖြစ် စာရင်းထွက်သူ အချို့သည် အဖွဲ့ဝင်ဖြစ်နေမှန်း သူတို့ကိုယ်တိုင် မသိသည့် ဖြစ်ရပ်များ ရှိနေသည်။ အချို့က ဦးဝင်းဇော်ကဲ့သို့ လူသိရှင်ကြား ထုတ်ပြန်ခြင်းဖြင့် ဒေသခံလူထုအား ဖြေရှင်းချက်ပေးသည်။ အချို့က စစ်ကောင်စီ ဖိအားကို ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကာယကံရှင်အချို့က ဆိုသည်။

“ကျနော်ဆို ပျူစောထီးလည်း မဟုတ်ဘူး။ ပြည်သူ့လုံခြုံရေးအဖွဲ့လည်း မသိဘူး။ ဒါပေမယ့် ပျူစောထီး အရံအင်အားအဖြစ် လုပ်ရမယ်ဆိုပြီး မဲအတင်းနှိုက်ခိုင်းတယ်။ မဲပေါက်ပြီး ရှေ့တန်းကို ပို့တယ်” ဟု စစ်ကောင်စီအား ခုခံစစ်အားကောင်းသော စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံသို့ ထွက်ပြေးလာခဲ့သူ အမျိုးသားတဦးက ပြောသည်။ အဆိုပါ အမျိုးသားကို ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ထိန်းသိမ်းထားသည်။ ရွာတွင် ကျန်ခဲ့သော မိသားစု၏ အသက်အန္တရာယ်ကြောင့် နေရပ်ကို ချန်လှပ်ထားပါသည်။

ပျူစောထီးရွာဟု တိုင်းသိပြည်သိ နာမည်ကြီးသော ဂန့်ဂေါနှင့် ကလေးမြို့နယ်ကြားရှိ ကျောက်ပြုတ်ရွာ၊ တောင်အူပြင်သာရွာနှင့် ဟံသာဝတီရွာတို့တွင်လည်း ပျူစောထီးစစ်စစ်သည် ရွာလူဦးရေ၏ ရာခိုင်နှုန်း အနည်းငယ်သာ ဖြစ်သည်ဟု ထွက်ပြေးလွတ်မြောက်လာသူ အချို့က ပြောသည်။

ပျူစောထီးရွာဟု တိုင်းသိပြည်သိ နာမည်ကြီးသော ဂန့်ဂေါနှင့် ကလေးမြို့နယ်ကြားရှိ ကျောက်ပြုတ်ရွာ၊ တောင်အူပြင်သာရွာနှင့် ဟံသာဝတီရွာတို့တွင်လည်း ပျူစောထီးစစ်စစ်သည် ရွာလူဦးရေ၏ ရာခိုင်နှုန်း အနည်းငယ်သာ ဖြစ်သည်ဟု ထွက်ပြေးလွတ်မြောက်လာသူ အချို့က ပြောသည်။

“လူဦးရေ ထောင်ချီတဲ့ ရွာမှာ ပျူစောထီး ၄၄ ယောက်ပဲရှိတယ်။ ကျန်တဲ့ရွာသားတွေက ခြိမ်းခြောက်ခံထားရတာ” ဟု ကလေးမြို့ ဟံသာဝတီရွာသားတဦးက ပြောသည်။

ဒေသခံများသည် လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးခေါင်းဆောင်များ၏ ခြိမ်းခြောက်အကျပ်ကိုင်မှုကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။

“ပျူခေါင်းဆောင်တွေလည်း ကြောက်နေကြပြီ။ သူတို့ လုံခြုံရေးအတွက် ရွာသားတွေကို ညတိုင်း ကင်းစောင့်ခိုင်းတယ်။ ကင်းစောင့်ရင်း အိပ်ပျော်သွားတဲ့ ကလေး (လူငယ်အချို့) တွေကို ရိုက်တယ်။ အဲ့ဒီဖြစ်ရပ်တွေ မြေပြင်မှာ အများကြီးပဲ” ဟု တောင်အူပြင်သာ ဒေသခံတဦးက ပြောသည်။

ကန့်ဘလူခရိုင်အတွင်းလှုပ်ရှားနေသည့် မဘသဘုန်းကြီး ဦးဝါသဝ နှင့် ပျူစောထီးတပ်ဖွဲ့များ / CJ

ဖိနှိပ်ခံရမှုများကြောင့် စိတ်ဓာတ်အင်အား ချည့်နဲ့လာသည့် ပျူစောထီးများသည် စစ်ကောင်စီကို တစတစ ဖယ်ကျဉ်နေကြသည်။ ကလေးဒေသတိုက်ပွဲများတွင် ရှေ့တန်းသို့လိုက်ရန် ပျူစောထီးများက ငြင်းဆန်နေကြသည်။ တိုက်ပွဲသို့လိုက်ပါရန် တဦးလျှင် ၂ သိန်းကျပ်ပေး၍ ပျူစောထီးများအား စစ်ကောင်စီက စည်းရုံးနေပြီး လိုက်မည့်သူမရှိ ဖြစ်နေဟု ဒေသခံများက ပြောသည်။

ရှေ့တန်းသို့လိုက်ခဲ့ပြီး ဒဏ်ရာရသွားသည့် ပျူစောထီးများကို စစ်ကောင်စီတပ်က ဆေးကုမပေးသည့် ဖြစ်ရပ်များလည်း ရှိနေသလို ပျူစောထီးအချို့သည် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် ပြန်လုပ်ခြင်းဖြင့် တိုက်ပွဲကို ရှောင်ရှားနိုင်ရန် ကြိုးစားနေကြသည်ဟု နေရပ်စွန့်ခွာလာသည့် ကျောက်ပြုတ်ရွာဒေသခံတဦးက ဆိုသည်။

ကနဦးကာလက တက်ကြွခဲ့သည့် ပျူစောထီးအဖွဲ့အား ထင်သလောက်အားကိုး၍ မရသည့် စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ကို အခြေခံဥပဒေအားကိုးဖြင့် ဖွဲ့စည်းရန် ကြိုးစားလာခြင်းဟု ဥပဒေရေးရာ ကျွမ်းကျင်သူအချို့က မှတ်ချက်ပြုသည်။

“ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုတာ ဖဆပလခေတ်က အစိုးရရဲ့ ခါးပိုက်ဆောင်တပ်ဖြစ်တဲ့ ပျူစောထီးအဖွဲ့လိုပဲ၊ စစ်ကောင်စီရဲ့ ခါးပိုက်ဆောင်တပ် ဖြစ်လာမှာ။ ပြည်သူပြည်သူချင်း ပြန်တိုက်ခိုင်းတော့မှာ။ အင်မတန် အန္တရာယ်များတယ်”

“ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုတာ ဖဆပလခေတ်က အစိုးရရဲ့ ခါးပိုက်ဆောင်တပ်ဖြစ်တဲ့ ပျူစောထီးအဖွဲ့လိုပဲ၊ စစ်ကောင်စီရဲ့ ခါးပိုက်ဆောင်တပ် ဖြစ်လာမှာ။ ပြည်သူပြည်သူချင်း ပြန်တိုက်ခိုင်းတော့မှာ။ အင်မတန် အန္တရာယ်များတယ်” ဟု စစ်ကောင်စီက အမှုဖွင့်ထား၍ တိမ်းရှောင်နေရသော တရားလွှတ်တော် ရှေ့နေတဦးက ပြောသည်။

ဝန်ကြီးချုပ်ဦးနု ဦးဆောင်သည့် ဖဆပလအစိုးရ လက်ထက်တွင် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းခဲ့ဖူးသည်။ ယင်းကာလက ပြည်တွင်းလက်နက်ကိုင် အတိုက်အခံများကို နှိမ်နင်းရာတွင် စစ်တပ်ကို ကူညီရန် ဖွဲ့စည်းခြင်းဖြစ်သည်။ ဖဆပလခေတ်ပျူစောထီး အဖွဲ့သည် ရာဇဝတ်မှုအများအပြား ကျူးလွန်ခဲ့၍ ပြန်လည် ဖျက်သိမ်းခဲ့ရသည့် သမိုင်းမှတ်တမ်းဆိုးကို မြန်မာ့နိုင်ငံရေး သမိုင်းစာအုပ်တွင် မှတ်တမ်းတင်ထားသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့ ဘာလဲ၊ ဘယ်လဲ

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် နိုင်ငံနှင့်အဝှမ်း ထွက်ပေါ်လာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို စစ်တပ်နှင့်အတူ တိုက်ခိုက်သည့် အားအကောင်းဆုံးအဖွဲ့မှာ ပျူစောထီးအဖွဲ့ ဖြစ်သည်ဟု မြေပြင်တိုက်ပွဲဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ပြောသည်။

စစ်တပ်ထောက်ခံသူများ ပါဝင်ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့များသည် တော်လှန်ရေး အားကောင်းသည့် ဒေသများတွင် ပေါ်ထွက်လာခဲ့သည်။ စစ်ကောင်စီတပ်က ပျူစောထီးများကို စစ်ပညာသင်ပေးနေသည့် မှတ်တမ်းဓာတ်ပုံများ အများအပြား ထွက်ပေါ်ခဲ့သည်။ အညာကျေးလက်ဒေသကို စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးရာတွင် နယ်မြေကျွမ်းကျင်သည့်ဒေသခံ ပျူစောထီးများက စစ်ကောင်စီတပ်သားများနှင့်အတူ အကြိမ်ကြိမ် ပါဝင်ခဲ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခဲ့ကြသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က ပျူစောထီးများကို စစ်သင်တန်းပေးစဉ်/CJ

အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကောင်စီသည် ပျူစောထီးများကို လက်နက်တပ်ဆင်ပေးလျက် အရပ်သားပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူအချင်းချင်း ရန်ပြုတိုက်ခိုက်စေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မ‌တော် (PDF) နှင့် ပြည်သူ့တော်လှန်ရေး အင်အားစုများကို စစ်ပြိုင်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်ဟု ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ပျူစောထီးများသည် စစ်ကောင်စီ၏ လက်ရုံးအဖွဲ့အဖြစ် သတင်းမီဒီယာများ၏ ခေါင်းကြီးပိုင်းတွင် အမြဲတစေ ပါဝင်ခဲ့သော်လည်း စစ်ကောင်စီက ကာလကြာရှည်စွာ နှုတ်ဆိတ်နေခဲ့သည်။ ဖဆပလခေတ် ပျူစောထီးသမိုင်းဆိုးကို ရှောင်ရှားလို၍ ယနေ့ခေတ် ပျူစောထီးအဖွဲ့ကို လူရာမသွင်းဘဲ နောက်ကွယ်မှ လက်သိပ်ထိုး ကြိုးဆွဲနေခြင်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက မှတ်ချက်ပြုခဲ့ကြသည်။

ယခုအခါ ပြည်သူ့လုံခြုံရေးအဖွဲ့ကို အသက်သွင်းနေသည့် စစ်ကောင်စီက ပျူစောထီးအဖွဲ့ဆိုသည်မှာ မရှိကြောင်း၊ သူတို့နှင့် မသက်ဆိုင်ကြောင်း တိုင်းသိပြည်သိ ထုတ်ဖော်ပြောကြားလာပြီ ဖြစ်သည်။

ယခုအခါ ပြည်သူ့လုံခြုံရေးအဖွဲ့ကို အသက်သွင်းနေသည့် စစ်ကောင်စီက ပျူစောထီးအဖွဲ့ဆိုသည်မှာ မရှိကြောင်း၊ သူတို့နှင့် မသက်ဆိုင်ကြောင်း တိုင်းသိပြည်သိ ထုတ်ဖော်ပြောကြားလာပြီ ဖြစ်သည်။ ဇူလိုင်လ ၂၆ ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ လူသိရှင်ကြား ထုတ်ပြောလာခြင်းဖြစ်ပြီး တဆက်တည်းတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းမည်ဟု ထပ်ဆင့် အသိပေးလာသည်။

ပျူစောထီးအဖွဲ့သည် ကြံ့ခိုင်ရေးပါတီဝင်များ၊ မဘသ ထောက်ခံသူများပါဝင်သည့် စစ်ကောင်စီ၏ ခါးပိုက်ဆောင်တပ်ဖွဲ့ ဖြစ်သလို ပြည်သူ့လုံခြုံရေးအဖွဲ့သည်လည်း ယင်းပုံစံအတိုင်း ထွက်ပေါ်လာနိုင်ကြောင်း ဝါရင့်ရှေ့နေ ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

“အာဏာပိုင်အဖွဲ့အစည်းက ဖွဲ့တဲ့၊ အထူးသဖြင့် စစ်တပ်ကဖွဲ့တဲ့ အဖွဲ့အစည်းတွေက ဘယ်တုန်းက ယုံကြည်ချက်နဲ့ ဖွဲ့တာ ရှိလို့လဲ။ စားရမလားလို့ လိုက်တာ။ ငါးထောင်စားတွေလို။ အဲ့ဒီထက် မပိုပါဘူး” ဟု ရှေ့နေ ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

NUG သတိပေးချက်

စစ်ကောင်စီက ဖွဲ့စည်းနေသော ပြည်သူ့လုံခြုံရေးအဖွဲ့က ပေးလာနိုင်သည့် အန္တရာယ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုတင်ဟန့်တားရန် ကြိုးစားနေသည်။

စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးအဖွဲ့တွင် မပါဝင်ရန်နှင့် ပါဝင်သူများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ပြီး အရေးယူမည်ဟု NUG က မေလအတွင်း ကြေညာခဲ့သည်။ ပြည်သူချင်း အကြမ်းဖက်တိုက်ခိုက်စေရန် ရည်ရွယ်ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များကို မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအလိုက် စစ်ကောင်စီက ဖွဲ့စည်းနေသည်ဟု NUG က လူထုအား သတိပေးထားသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်မည့်သူများ၏ ကိုယ်ရေးအချက်အလက်များနှင့် သက်သေ အထောက်အထားများကို ရရှိထားကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်ရန် အတင်းအကျပ် ဖိအားပေး ခိုင်းစေခံရပါက သက်ဆိုင်ရာဒေသမှ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များထံ သတင်းပေးပို့ရန်လည်း NUG က တိုက်တွန်းထားသည်။

ဦးဂျင်မီနှင့် ဦးဇေယျာသော်တို့ကဲ့သို့ သြဇာကြီးသော နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်စီရင်ခြင်း မပြုရန် နိုင်ငံတကာအသိုက်အဝန်းက တောင်းဆိုနေသည့်ကြားက မိုက်လုံးကြီးခဲ့သည့် စစ်ကောင်စီသည် ယခုအခါ ပိုအထီးကျန်လာကာ အရူးမီးဝိုင်းနေပြီး ပိုအန္တရာယ်ကြီးလာနေပြီဟု နိုင်ငံရေး လေ့လာအကဲခတ်သူများက သတိပေးနေသည်။

ဦးဂျင်မီနှင့် ဦးဇေယျာသော်တို့ကဲ့သို့ သြဇာကြီးသော နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်စီရင်ခြင်း မပြုရန် နိုင်ငံတကာအသိုက်အဝန်းက တောင်းဆိုနေသည့်ကြားက မိုက်လုံးကြီးခဲ့သည့် စစ်ကောင်စီသည် ယခုအခါ ပိုအထီးကျန်လာကာ အရူးမီးဝိုင်းနေပြီး ပိုအန္တရာယ်ကြီးလာနေပြီဟု နိုင်ငံရေး လေ့လာအကဲခတ်သူများက သတိပေးနေသည်။

အာဏာသိမ်း စစ်ကောင်စီသည် အကြီးအကျယ် အကျပ်ရိုက်နေပြီး စစ်သားသစ် စုဆောင်း၍ မရတော့သည့် ပြဿနာကို ရင်ဆိုင်နေရသည်။ ထိုကဲ့သို့ ကျဉ်းထဲကျပ်ထဲ အခြေအနေများကြောင့် စစ်ကောင်စီသည် ပြည်သူပြည်သူချင်း ပြန်တိုက်ခိုင်းမည့်ဗျူဟာကို သေချာပေါက် ထုတ်သုံးလာလိမ့်မည်ဟု Chinland Defense Force ကန်ပက်လက်မြို့နယ် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) တပ်မဟာမှူး ရှိမ်းထန်းက မှတ်ချက်ပြုသည်။

“ပြည်သူချင်း ထိုးကျွေးတော့မယ်။ ရန်သူရဲ့ နောက်ဆုံးကျည်ဆန်ပဲ။ ဒါကို အထူးသတိထားကြရမယ်” ဟု တပ်မဟာမှူး ရှိမ်းထန်းက စိုးရိမ်မကင်းသည့်လေသံဖြင့် ခပ်ထန်ထန် သတိပေးသည်။

You may also like these stories:

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အလေ့အထ

စစ်ကောင်စီ စီးပွားရေး ဦးမမော့ဘဲ စုန်းစုန်းသာမြုပ်မည်

ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးကို သုံးရန် ASEAN သံတမန် အိပ်မက်

ထပ်မံကွပ်မျက်ရန် ပြင်ဆင်နေခြင်းကို ကမ္ဘာက ချက်ခြင်းအရေးယူရန်လို

Your Thoughts …
Tags: NUGPDFYMBAစစ်ကောင်စီစစ်မှုထမ်းဟောင်းဇော်မင်းထွန်းပျူစောထီးပြည်သူ့လုံခြုံရေးအဖွဲ့မဘသ
စောမိုးစက် (ဒေါနမြေ)

စောမိုးစက် (ဒေါနမြေ)

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြင်းမူမြို့

မြင်းမူနယ် လက်ပံကျင်းရွာကို စစ်ကောင်စီဝင်စီး လူ ၁၀၀ ကျော် ဖမ်းထား

ကန့်ဘလူခရိုင်အတွင်းလှုပ်ရှားနေသည့် မဘသဘုန်းကြီး ဦးဝါသဝ နှင့် ပျူစောထီးတပ်ဖွဲ့များ  / CJ

ကန့်ဘလူ ဒေသခံ အမျိုးသမီး ၉ ဦးအား ပျူစောထီးအဖွဲ့ ဖမ်းဆီး

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate