• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နှစ် ၅၀ ကြာ ပြိုင်စံသူမရှိ နာမည်ကြီးခဲ့သူ ဂရိတ် ဦးဖိုးစိန်

by ကိုရွှေအောင်
22 October 2022
in ဆောင်းပါး
A A
ဇာတ်မင်းသားကြီး ဂရိတ် ဦးဖိုးစိန်

ဇာတ်မင်းသားကြီး ဂရိတ် ဦးဖိုးစိန်

7.7k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ဇာတ်သဘင်မှာ နှစ်ပါးသွားအကကို စတင်ကပြခဲ့သူ၊ ဗမာ့ခြေအကကို အသစ်ထွင်ကပြခဲ့သူ၊ နိုင်ငံခြားတေးသွားတွေကို ဇာတ်သီချင်းထဲ သွတ်သွင်းသီဆိုခဲ့သူ၊ မြေဝိုင်းဇာတ်အခြေမှ ဇာတ်ခုံသို့ မြှင့်တင်ခဲ့သူ၊ ယိမ်းအကကို တီထွင်ကပြခဲ့သူ၊ သဘင်သည်ဟာ တက်တဲ့အစိုးရကို အားပေးရမယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ပြုသူ၊ မြန်မာ့သမိုင်းမှာ နှစ် ၅၀ ကြာ ပြိုင်စံသူမရှိ နာမည်ကြီးခဲ့သူ။

သိန်းဖေမြင့်ရေးတဲ့ “ဇာတ်ဆရာဦးဖိုးစိန်” စာအုပ်ဖတ်ပြီး ကောက်ကြောင်းဆွဲလိုက်ခြင်း။ တချက်ချင်း တချက်ခြင်း ဖြည်မပြခင် သဘင်ဆိုတာက စပါရစေ။

“သဘင်ပညာဆိုသည်မှာ (၁) အရေး၊ (၂) အဆို၊ (၃) အတီး၊ (၄) အက ဟူ၍ အကြမ်းဖျဉ်းအားဖြင့် အင်္ဂါလေးပါး ပါဝင်ပေသည်။ ထိုလေးပါးလုံး တက်ညီလက်ညီ စုပေါင်းထွက်လာမှ သဘင်တရပ်ဖြစ်လာသည်” လို့ ဇေယျရဲ့ လောကစာဥယျာဉ်မှာ တွေ့ရတယ်။

အမေက မွေးလိုက်ကတည်းက ငါ့သား လူ့ပြည်သွား၊ မင်းသားလုပ်ချေတော့လို့ ဆိုရလောက်အောင် ရုပ်ချော အသံကောင်းသူလို့ လူထုဒေါ်အမာက စာရေးမှတ်ချက်ပေးဖူးတယ်။

၁၉၁၀ ပြည့်နှစ်ကနေ ၁၉၅၃ ခုနှစ်အထိ အနှစ် ၅၀ လုံးလုံး ဖိုးစိန်ဇာတ်သဘင်ခေတ်လို့ ဆိုရလောက်သူ ဦးဖိုးစိန်ဟာ ဆန်းသစ်တီထွင်မှုများစွာလုပ်ခဲ့တဲ့ အံ့မခန်းမင်းသားတဦးပါ။ အမေက မွေးလိုက်ကတည်းက ငါ့သား လူ့ပြည်သွား၊ မင်းသားလုပ်ချေတော့လို့ ဆိုရလောက်အောင် ရုပ်ချော အသံကောင်းသူလို့ လူထုဒေါ်အမာက စာရေးမှတ်ချက်ပေးဖူးတယ်။

သိန်းဖေမြင့်ကတော့ “ဦးဖိုးစိန်သည် လွန်ခဲ့သောနှစ် ၅၀ ဆယ်ကျော်လုံးလုံး အဆက်မပြတ် ထင်ရှားကျော်ကြားသဖြင့် နာမည်အကြီးဆုံး ဗမာတယောက်ဖြစ်၏။ ဗမာထဲတွင် သူ့လောက် နာမည်ကြီးသူ အလွန်ရှားပေသည်” လို့ မှတ်တမ်းပြုခဲ့တယ်။

ရှေးရှေးအခါက သဘင်လောကမှာ အောက်မှာ ဦးစံဒွန်း၊ အထက်မှာ ဆရာမွှန်းလို့ ထင်ရှားခဲ့ပြီး ဦးဖိုးစိန်ဟာ ဦးစံဒွန်းရဲ့သားဖြစ်တယ်။ အဲ့ဒီရှေးရှေးအခါကပဲ မင်းသား မင်းသမီးကရင် ပုဝါတကမ်း ယပ်တောင်တလှမ်း ခွာပြီး ကကြရတယ်။

မထွေးလေးက အဆိုအကနဲ့ အသုံးတော်ခံပြီးရင် ဆရာကွန်းက ပုဝါတကမ်း ယပ်တလှမ်းကနေ လက်ပိုက်ပြီး သီချင်းသာ တွင်တွင်ဆိုရတယ်။ မင်းသားလှုပ်ရင် ပရိသတ်က ရယ်တယ်။ အဲ့ဒီပုဝါတကမ်း ယပ်တလှမ်းအခြေကနေ ရှေ့တက်ခဲ့သူက မင်းသားဖိုးစိန်။

ဦးဖိုးစိန်ဇာတ်ကရင်း ယောကျ်ားမင်းသမီး အောင်ဗလနဲ့တွေ့တယ်။ အောင်ဗလနဲ့ ဖိုးစိန်တွဲကရတော့ ယောကျ်ားမင်းသမီးမှန်း ပရိသတ်ကသိနေတော့ ဘယ်လောက်ဆိုဆို၊ ဘယ်လောက်ကက ပရိသတ်က ရိုးတိုးရွတ မဖြစ်။

မင်းသမီးအနားကပ်ပြီး လက်ကလေးနဲ့ တို့ကာပင့်ကာ ဟန်အမူအသစ် ဖော်ရတယ်။ သာယာတဲ့ တောတောင်ကို ညွှန်ပြဟန်၊ ငှက်ကလေး သမင်ကလေးတွေကို ခေါ်ယူပြသဟန် လုပ်ရတယ်။

မင်းသားက မင်းသမီးနားကပ်ပြီး ကြည့်စမ်းပါဦးဆိုကာ ပွတ်သီးပွတ်သပ် တို့ကာထိကာ ကပြရင်း ပုဝါတကမ်းကနေ နှစ်ပါးသွားကကြကာ ကဟန်အသစ်တခု ပေါ်ပေါက်ခဲ့တော့တယ်။

ဦးဖိုးစိန်ဟာ ရှေးမြန်မာအကကို ကတတ် ရိုသေတတ်သလို နိုင်ငံခြားအကကိုလည်း လေ့လာတယ်။ ရှေးမြန်မာအကမှာ ခြေက ရယ်လို့ သတ်သတ်မရှိ။ လက်က ကပြီး ခြေကဟန်ပဲရှိတယ်။ လက်အကက ပင်မဖြစ်ပြီး ခြေဟန်ခေါင်းဟန်တို့က အခက်အလက်ပဲ။

ဦးဖိုးစိန်ဟာ ရှေးမြန်မာအကကို ကတတ် ရိုသေတတ်သလို နိုင်ငံခြားအကကိုလည်း လေ့လာတယ်။ ရှေးမြန်မာအကမှာ ခြေက ရယ်လို့ သတ်သတ်မရှိ။ လက်က ကပြီး ခြေကဟန်ပဲရှိတယ်။ လက်အကက ပင်မဖြစ်ပြီး ခြေဟန်ခေါင်းဟန်တို့က အခက်အလက်ပဲ။

ဦးဖိုးစိန်က အနောက်နိုင်ငံ ခြေကတွေကြည့်ပြီး ဗမာအကလုပ်ဖို့ ကြံတယ်။ သူကြံနေချိန်မှာ ကပ္ပလီအကဝိဇ္ဇာတယောက် မြန်မာပြည်ရောက်လာတယ်။ ကပ္ပလီအကဆရာက ဦးဖိုးစိန်ကို Tap Dance လို့ခေါ်တဲ့ အနောက်နိုင်ငံခြေကကို သင်ပေးတယ်။ ခြေဖဝါးတွေ ခြေဖနောင့်တွေနဲ့ ကြမ်းပြင်ကိုရိုက်ပြီး ကရတဲ့အက။

ဦးဖိုးစိန် နှစ်ပါးသွား

ဒီအကကို မြန်မာမှုပြုပြီး ဦးဖိုးစိန်ကတော့ ဖိုးစိန်ခြေက၊ ဗမာခြေက ဆိုပြီး ပေါ်ထွန်းခဲ့တယ်။ ဒါ့အပြင် ဦးဖိုးစိန်က မြန်မာအကရိုးရိုးမှာ ခြေကို နောက်ထိုးပြီး ကတယ်။ ရှေးကမြန်မာအကမှာ ခြေနောက်ထိုး ကရိုးမရှိတော့ လက်ကိုကွေးပြီး ခြေကိုနောက်ထိုးကတာဟာ ဦးဖိုးစိန်က စခဲ့တာပါပဲ။

“ကတဲ့လူဟာ ကျွမ်းထိုးအမျိုးမျိုးလည်း တတ်ရတယ်၊ ကျွမ်းထိုးတာကိုက နေရာနှင့်နေရာကိုက်ပြီး ဟန်မှန်ရင် အက ဖြစ်တာပဲ”။

ဦးဖိုးစိန်က သိန်းဖေမြင့်ကို ပြောခဲ့တာပါ။

ဦးဖိုးစိန်အက ဘယ်လောက် လွှမ်းမိုးမှုရှိသလဲဆိုရင် ၁၉၅၈ ခုနှစ်က မြန်မာစာရေးဆရာတွေ ဥဇဘက်ပြည်၊ တာ့ရှ်ကင့်မှာ စာပေညီလာခံတခု သွားတက်ရတယ်။ ညီလာခံပြီးတော့ အိမ်ရှင်နိုင်ငံက ညစာစားပွဲနဲ့ဧည့်ခံရင်း ကလေးမလေး နှစ်ယောက်က အကနဲ့ဧည့်ခံတယ်။

သူတို့ကပုံက လက်နှစ်ချောင်းမြှောက်ပြီး စည်းဝါးသဖွယ် လက်ဖျစ်တီးကာ ဧည့်သည်တွေရှေ့မှာ ညင်ညင်သာသာ လှည့်ပတ်ကတယ်။ ကပြနေရင်းက ဧည့်သည်တွေကိုလည်း တယောက်ပြီးတယောက် ခေါ်ပြီးကတယ်။ ဒီလိုနဲ့ စိန်ခင်မောင်ရီ အလှည့်ရောက်မှာ ပထမတော့ သူတို့ကသလို လက်မြှောက် လက်ဖျစ်တီးကနေရာကနေ နှစ်ပတ်လောက်လည် ကပြီးတဲ့နောက် ဥဇဘက်ကလေးမလေးကို ထားခဲ့ပြီး ဝတ်ထားတဲ့ပုဆိုးစ အသာမလို့ ဖိုးစိန်က ကပါတော့တယ်။

ပရိသတ်ကသဘောကျပြီး ထပ်ခါထပ်ခါ ပွဲတောင်းလို့ မိနစ် ၂၀ တခါ၊ ၁၅ မိနစ်တခါ နှစ်ကြိမ်ကပြခဲ့ရပါသတဲ့။ ဒါတောင် ပရိသတ်က အားမရလို့ မနည်းတောင်းပန်ရတယ်လို့ ဇေယျရဲ့ ယဉ်ကျေးမှုခရီးသွားစာစုမှာ ဖတ်ရတယ်။

ကဲ … ဦးဖိုးစိန် နိုင်ငံခြားတေးသွားတွေကို ဇာတ်သီချင်းထဲ ဆွဲသွင်းပုံဆီ ဆက်ကြဦးစို့။

“Ain’t She Sweet ဆိုသောသီချင်းမှာ အလွန်ထင်ရှား လူကြိုက်များသော အင်္ဂလိပ်သီချင်းဖြစ်သည်ဟု ဆို၏။ ထိုသီချင်းကလေးကို ဦးဖိုးစိန် ကိုယ်တိုင်ရေးသော သီချင်းတပုဒ်၌ အောက်ပါအတိုင်း သွတ်သွင်းသုံးစွဲခဲ့လေသည်။

အယုဇ္ဇဝတိန်ပြည်၊ နတ်အများတို့သည်၊ အနှစ်တထောင်ပွင့်အောင် စောင့်နေရသည်။ ပန်းပင် အာသာဝတီ။ ဣစ္ဆိတံပြည့်စုံစရာ မျှော်သည့်ပုံပမာ ပြမည် … ပြမည် … ပြမည်၊ မှန်းဆရည်၊ ရဖို့ကံပါရမီ ထူးအောင်ကြံစည်၊ ဖူးခေါင်က ကဟန်ချီ။ ထက်နန်းအမတပြည်၊ သက်တမ်းကရှည်၊ ဆက်လှမ်းပါ့မည်။ ကြံစည် ဇောတရနမာမိ။ သြကသန်မန်တင်ချီ။ လူ့ရွာတကြောက မနောမယစိန် အာသာဝတီ။

ပျိုခင်မဒီ၊ အဆိုတွင် ချိုရွှင်ကြည်။ စိန်မဟာသဘင်မှာ ပညာရဖို့ ကျမတို့ပါခဲ့သည်၊ မျှော်ကာသာရည်။ ပေါ်လာလေပြီ။ အာသာဝတီပုံပမာ ဂုမ္ဘာန်ရည်။ ကတာဆိုတာ၊ ထိုအရာများကို ကျမတို့ကြားချင်သည်။ စိန်ဆရာကြီး အာသာဝတီ …။

ပျိုခင်မဒီ အစချီသော သံပြိုင်သည် Ain’t She Sweet ခေါ် အင်္ဂလိပ်သီချင်းပင်ဖြစ်၏။”

ဦးဖိုးစိန်က “ဒင်းတို့ အင်္ဂလိပ်သံကို မြုပ်သွားအောင် ဗမာစကားခံ့ခံ့နှင့် ဖုံးရတယ်။ ခြေဆင်းလည်း ဗမာသံနှင့် စရတယ်။ နောက်မှ အင်္ဂလိပ်သံကို သွင်းယူတယ်။ ပြီးခါနီးတော့ ကိုယ့်အသံပြန်ထည့်ရတယ်” လို့ သိန်းဖေမြင့်ကို ပြောပြပါတယ်။

ဦးဖိုးစိန်က “ဒင်းတို့ အင်္ဂလိပ်သံကို မြုပ်သွားအောင် ဗမာစကားခံ့ခံ့နှင့် ဖုံးရတယ်။ ခြေဆင်းလည်း ဗမာသံနှင့် စရတယ်။ နောက်မှ အင်္ဂလိပ်သံကို သွင်းယူတယ်။ ပြီးခါနီးတော့ ကိုယ့်အသံပြန်ထည့်ရတယ်” လို့ သိန်းဖေမြင့်ကို ပြောပြပါတယ်။

ဦးဖိုးစိန်တို့ဇာတ်ကတော့ မြေဝိုင်းသဘင်ဆိုတာ မရှိတော့ဘဲ ရန်ကုန်မြို့မှာ ပါရစီဇာတ်၊ တရုတ်ဇာတ်နဲ့ အင်္ဂလိပ်အော်ပရာတွေ ပရိသတ်နဲ့ မိတ်ဆက်ကပြနေတယ်။

ရန်ကုန်ရောက်လာတဲ့ ဦးဖိုးစိန်ဟာ ပါရစီဇာတ်သွားကြည့်တယ်။ ဆိုတာကတာတွေအပြင် ဇာတ်ခုံအပြင်အဆင်၊ ကားလိပ်ဆင်ပုံ ဆွဲပုံတွေကိုပါ သေချာလေ့လာပြီး၊ သူ့ဇာတ်ခုံမှာ ကားလိပ်တွေဆင်၊ စက်သီးတွေတပ်၊ မီးတွေထွန်း။ ပါရစီဇာတ်ခုံတွေလို ခမ်းနားအောင် ပြင်ပါတော့တယ်။

ဇာတ်ကရင်း တချိန်တော့ ဦးဖိုးစိန်ဇာတ်မှာ မင်းသမီးတွေ အတော်များလာတာကို သူ သတိပြုမိလာတယ်။ ဒီတင်ပဲ ဦးဖိုးစိန်ဟာ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့မှာ အင်္ဂလိပ်ပြပွဲတခု သူကြည့်ဖူးတာ အမှတ်ရသွားတယ်။ မိန်းကလေးတွေ ပြိုင်တူယိမ်းနွဲ့ကကြတာ၊ ပြိုင်တူဆို ပြိုင်တူကကြတာ။ ယိမ်းလိုက်စမ်း၊ ယိမ်းလိုက်စမ်း သင်ပေးရာက ယိမ်းလို့ ဆိုစမှတ်ပြုလာ။

အပြလည်းဆန်းလာ။ ဇာတ်ခုံပေါ်က ပန်းခြုံကလေးကနေ ဖြုန်းကနဲ မင်းသမီးလေးတွေ ပေါ်လာပြီး တညီတညွတ်တည်း ဆိုကြကကြ။ ဒါက ပန်းမာလာယိမ်း။ နောက်တော့ ပုဏ္ဏားယိမ်း၊ မြင်းယိမ်း၊ အလံယိမ်း၊ ကုမ္မာရီယိမ်း။ ၁၂ ယောက်ယိမ်း၊ ၁၆၊ ၂၀ ယိမ်း စသဖြင့် မြိုင်သထက်မြိုင်လာပြီး ဇာတ်သဘင်မှာ ယိမ်းဆိုတဲ့ အကပုံသဏ္ဌာန်သစ် ထွက်ပေါ်ခဲ့ပါတော့တယ်။

ဦးဖိုးစိန် မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ကြိုးပမ်းခဲ့ဖူးသူ စာရေးဆရာ ဒါရိုက်တာ ဦးသုခအကြောင်း ကြုံတုန်း ပြောပြချင်သေးတယ်။ ရန်ကုန်မြို့၊ တာမွေမြို့နယ်က ဖိုးစိန်လမ်း၊ ဦးဖိုးစိန်အိမ်မှာ ဦးဖိုးစိန် အသက် ၇၀ ပြည့်မွေးနေ့ပွဲကို ကြီးကျယ်ခမ်းနားစွာ လုပ်မယ်ကြားတော့ ဦးသုခ ခုလိုတွေးမြင်တယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
81
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
320
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
ဦးဖိုးစိန် အသက် ၇၀ ပြည့်နေ့ ကျင်းပရာတွင် စာပေ ယဉ်ကျေးမှုနှင့် အနုပညာအဖွဲ့အစည်းများကိုယ်စား ဒေါ်စောမြအေးကြည်က ပန်းချီဆရာ ဘရင်ကလေး ရေးဆွဲသော ဦးဖိုးစိန်ပုံတူကို လက်ဆောင်ပေးအပ်နေပုံ

“ဦးဖိုးစိန်သည် အသံကောင်း၊ အပြောပိုင်၊ အကတွင်နိုင်နင်းပြီး ဇာတ်မင်းသားတယောက်၌ ရှိသင့်ရှိထိုက်သော အရည်အချင်းအကုန်ရှိသည်။ အချို့မင်းသားများကဲ့သို့ ရုပ်ကလေးပြ အကကလေးပြပြီး နာမည်ကြီးလာသူ မဟုတ်။ ဇွဲနပဲနှင့် သူချည်း မိုးအလင်း ကလိုသူဖြစ်သည်။ ဇာတ်ကောင်လှုပ်ရှားမှု၊ သီချင်း၊ ဇာတ်ကွက်၊ အဆင်အပြင်၊ မီးအယူအဆ စသည်တို့တွင် ဆန်းသစ်တီထွင်ခဲ့သဖြင့် ဦးဖိုးစိန်အား ‘သဘင့်ဥသျှောင်’ ဟုလည်းခေါ်ကြသည်။ ဦးဖိုးစိန် ထွင်သည်များအနက် တခုမှာ အင်္ဂလိပ်ကပြားမလေးများကို ဇာတ်စင်ပေါ်တင်၍ ယိမ်းကခိုင်းခြင်းဖြစ်သည်။”

ဦးသုခ ကြံစည်တာက ဦးဖိုးစိန် သက်ရှိထင်ရှားရှိတုန်း ဦးဖိုးစိန် မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ပါ။ တကယ်ပဲ ရိုက်ဖြစ်တယ်။ ရန်ကုန်၊ လမ်းမတော်ထိပ်က ဇာတ်ရုံမှာ ဦးဖိုးစိန် နောက်ဆုံးနှစ်ပါးသွားကပုံ ရိုက်တယ်။ မှတ်တမ်းရိုက်နေတုန်း ဦးဖိုးစိန်ဆုံးတော့ သူ့ဈာပနကိုပါ သေချာရိုက်ထားပေမယ့် ကားဆက်တဲ့ဆီ မရောက်ဘဲ ပျက်စီးပျောက်ဆုံးခဲ့တယ်။

ကပြားမလေးများ ယိမ်းအကြောင်း စကားအလျဉ်းသင့်လို့ ဆက်ရရင် ၁၉၃၀ တဝိုက် ဦးဖိုးစိန်ဇာတ်အဖွဲ့မှာ အင်္ဂလိပ်အစစ် ၅ ယောက်၊ ကပြား ၁၆ ယောက်နဲ့ အင်္ဂလိပ်ကပြားမ အယောက် ၂၀ ကို ငှားရမ်းအသုံးပြုခဲ့တယ်။ ရည်ရွယ်ချက် သုံးခုနဲ့ ငှားရမ်းသုံးခဲ့တာဖြစ်ပြီး ပထမရည်ရွယ်ချက်က ဗမာတွေပဲ အင်္ဂလိပ်ဆီ အလုပ်လုပ်ကြရတယ်။ အခု အင်္ဂလိပ်တွေ ငါ့ထံအလုပ်လုပ်ကြရတော့ အမျိုးဂုဏ်တက်စေတယ်။

ဒုတိယက အင်္ဂလိပ်တွေကို ငှားရမ်းအသုံးပြုထားတော့ ဇာတ်အဖွဲ့ ဟိတ်ဟန်ပိုထွက်တယ်။ တတိယအချက်ကတော့ ကပြားမလေးတွေကို ဗမာလိုဆင်၊ ဗမာလိုက၊ ဗမာလိုဆိုစေပြီး အနုပညာအရာမှာ အဆန်းထွင်လိုက်ခြင်း။

သူအဆန်းထွင်လိုက်တာ ဇာတ်ကရာနေရာတိုင်းမှာ ကပြားတွေ အဝတ်လဲတာကို တရုန်းရုန်း ချောင်းကြည့်ကြလို့ တာလပတ်နဲ့ အဝတ်လဲခန်း ကာပေးရ။ ရောက်လေရာနေရာတိုင်းမှာ အင်္ဂလိပ်တွေက ကပြားမလေးတွေကို ပိုးပမ်းကြ၊ ချိန်းတွေ့ကြ။ တဝုန်းဝုန်း တရုံးရုံး။ အထိန်းရအသိမ်းရ ခက်ခက်လာတာနဲ့ နောက်ဆုံး ကပြားမယိမ်းကို ဖျက်ရတော့တယ်။

သူအဆန်းထွင်လိုက်တာ ဇာတ်ကရာနေရာတိုင်းမှာ ကပြားတွေ အဝတ်လဲတာကို တရုန်းရုန်း ချောင်းကြည့်ကြလို့ တာလပတ်နဲ့ အဝတ်လဲခန်း ကာပေးရ။ ရောက်လေရာနေရာတိုင်းမှာ အင်္ဂလိပ်တွေက ကပြားမလေးတွေကို ပိုးပမ်းကြ၊ ချိန်းတွေ့ကြ။ တဝုန်းဝုန်း တရုံးရုံး။ အထိန်းရအသိမ်းရ ခက်ခက်လာတာနဲ့ နောက်ဆုံး ကပြားမယိမ်းကို ဖျက်ရတော့တယ်။

မင်းယုဝေရဲ့ ပထမမြန်မာ စာအုပ်တနေရာမှာ အခုလို မှတ်တမ်းပြုတယ်။

“ဦးဖိုးစိန်၏ စိန်မဟာသဘင် ဇာတ်အဖွဲ့သည် ‘စလေဒင်’ အမည်ရှိ ဦးဖိုးစိန်ပိုင်သော မီးနှစ်ထပ်သင်္ဘောကြီးနှင့် မြို့တကာလှည့် ကပြ အသုံးတော်ခံခဲ့သည်။ ထိုသင်္ဘောကြီးတွင် အင်္ဂလိပ်နှင့် ကပြား အမျိုးသားများကို လက်မှတ်ရောင်း၊ အပေါက်စောင့်၊ သင်္ဘောတာဝန်ခံ စသည့်နေရာများတွင် ခန့်ထားသည်ကို မြင်ရသောအခါ အင်္ဂလိပ်အောက်တွင် ဖိနှိပ်ခံမြန်မာလူမျိုးတို့သည် ဦးဖိုးစိန်အတွက် ဂုဏ်ယူဝမ်းသာမဆုံး ဖြစ်ခဲ့ရ၏။”

ဦးဖိုးစိန်ဇာတ်ကရင်း နာမည်ကြီးသထက်ကြီးလာတော့ မင်းပေါက်စိုးပေါက် ကြေးရည်တတ်ပေါက်ဖြစ်လာ။ ဒီမှာတင် သဘင်သည်ဆိုတာ တက်တဲ့အစိုးရကို အားပေးရမယ်၊ ဒါမှ တိုင်းပြည်အေးချမ်းပြီး အရပ်တကာ လှည့်ကနိုင်မယ်လို့ ယုံကြည်ယူဆလာတယ်။ ဒီမှာတင် ဝံသာနုအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး သူ သပိတ်မှောက်ခံရတယ်။ (ဂရိတ် ဦးဖိုးစိန် နဲ့ ပထမ ကျောင်းသားသပိတ်)။

ဘုရားဟော ဇာတ်နိပါတ်တွေပဲ ကခဲ့တဲ့ဦးဖိုးစိန်ကို မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၈) က ခုလို မှတ်တမ်းတင်ထားတယ်။ “ဦးဖိုးစိန်သည် ဗုဒ္ဓစာပေ၌ နှံ့စပ်သည်။ ဗဟုသုတ ကြွယ်ဝသည်။ ဗုဒ္ဓတရားတော်ကို လူအများဆုံး အလွယ်တကူ နားလည်သဘောပေါက်အောင် ဝါဒဖြန့်ရန်လည်း စေတနာ အလွန်ထက်သန်သည့်အလျောက် သီချင်းဆိုရာ၌ပင် ပါဠိပါဌ်သား တရားစကားများကို ထည့်၍ ဆိုတတ်သည်။ တရားမသိဘဲ သဘင်လုပ်ခြင်းသည် တဏှာသက်သက် အားပေးခြင်း ဖြစ်သည်ဟု ယူဆသော ဦးဘိုးစိန်သည် သဘင်ပညာကို အနုပညာမြောက်အောင် ပြုရုံသာမက တရားအနှစ်သာရ ပါအောင်လည်း အားထုတ်သည်။ ဦးဖိုးစိန်တို့ ဇာတ်စကစဉ်က ဇာတ်သဘင် လောကတွင် ချင်းဖဝေး၊ ချင်းရွှေလုံး၊ ဆင်ကဲဘို့မယ်၊ ကံသဒေဝကြည် လက်ခြောက်ဘက်စသော ဒဏ္ဍာရီဇာတ်များကို အကများသော်လည်း ဦးဖိုးစိန်သည် ဇာတ်နိပါတ်တော်များကို ကပြလျှင် အပြစ်ရှိ မရှိ မန်လည်ဆရာတော် ဘုရားကြီးအား မေးလျှာက်ပြီးနောက် တရားပြသည့် သဘောနှင့်ကလျှင် အပြစ်မရှိကြောင်း အဆုံးအဖြတ် ပေးသည်နှင့် ဒဏ္ဍာရီများကိုစွန့်ကာ၊ ဇာတ်နိပါတ်များကိုချည်းကသည်။ ပထမကသည့် ဇာတ်မှာ ဝိနည်းတော်မှ ရှင်သုဒိန်ဇာတ်ဖြစ်သည်။ ဦးဖိုးစိန်၏ ဇာတ်ကို ကြည့်မြင်ရသော ဆရာတော်အချို့က တရားဟောသည်ထက် ဖိုးစိန် ကပြသည်ကပို၍ ထိရောက်ကြောင်း မိန့်မြွက်ကြသည်ဟု ဆိုလေသည်။”

ဇာတ်ဆရာဦးဖိုးစိန်ဆုံးတော့ သိန်းဖေမြင့်က ခုလိုရေးခဲ့တယ်။

“ယခု ဦးဖိုးစိန်ကွယ်လွန်ချိန်တွင် အနုပညာသည်များနှင့် အနုပညာကို မြတ်နိုးသော ပြည်သူလူထုတို့သည် နှမြောတသနေရုံဖြင့်မပြီး၊ သားများဖြစ်သော ကက်နက်စိန်၊ စိန်ကြိုင်၊ သက်စိန်တို့သည်လည်းကောင်း၊ တပည့်သားဖြစ်ကြကုန်သော ရွှေမန်းတင်မောင်၊ စိန်အောင်မင်းစသော အခြားဇာတ်သဘင်ပညာသည် အပေါင်းတို့သည်လည်းကောင်း၊ ယူကျုံးမရ လွမ်းဆွတ်နေကြရုံဖြင့်မပြီး။ ဖိုးစိန်ဇာတ်သဘင်ခေတ် ရှေ့တဆင့်တက်အောင် ဦးဖိုးစိန်တိုးချဲ့ခဲ့သော ဗမာ့ဇာတ်သဘင် အမွေအနှစ်ကို ထပ်မံတိုးပွားအောင် ကြံစည်အားထုတ်မှ တာဝန်ကျေပြွန်သည်ဟု ဆိုနိုင်ပေလိမ့်မည်။ ဗမာ့ဇာတ်သဘင် ခေတ်သစ်တခု တည်ထောင်ကြရမည် ဖြစ်လေသည်။”

တမြန်နှစ်က ဇာတ်သဘင်စာအုပ်တအုပ်ထွက်တော့ ဆရာချစ်ဦးညိုက “အငြိမ့်သည် မငြိမ့်တော့” လို့ စာတို့ခဲ့တယ်။ ဝါရင့် မင်းသမီးကြီးတယောက်က ယနေ့ဇာတ်သဘင်တွေဟာ ကတာဆိုတာ ပညာပြိုင်တာ မဟုတ်တော့ဘဲ စက်ပြိုင်ဖွင့်တာ စက်ပြိုင်ထွန်းတာ ဖြစ်နေပြီလို့ မှတ်ချက်ပေးတယ်။

ဇာတ်သဘင်သည် မစည်တော့။ ပျောက်ကွယ်သွားမှာပင် စိုးနေရပြီ။

You may also like these stories:

ဂရိတ် ဦးဖိုးစိန် နဲ့ ပထမ ကျောင်းသားသပိတ်

ငြိမ်းချမ်းရေး ဖခင်ကြီး၏ လက်ရေးမူ စာလေး တစောင်

အနုပညာ စီးကူးခြင်းဖြင့် ရိုးရာ အနုပညာကို ထိန်းသိမ်းစို့

ဂရိတ်ဖိုးစိန်၏ မျိုးဆက် ဇာတ်မင်းသားကြီး ညီဝင်းစိန် ကွယ်လွန်

Your Thoughts …
Tags: ဂရိတ် ဦးဖိုးစိန်ဖိုးစိန်ခြေကဗမာခြေကယိမ်းအကသဘင်ပညာအင်္ဂလိပ်ကပြားမအနုပညာအောင်ဗလ
ကိုရွှေအောင်

ကိုရွှေအောင်

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မာမာအေး/ / BBC

ဖက်ခွက်စား ရှင်းတမ်း

by ကိုရွှေအောင်
13 September 2022
29.9k

သဘင်ဂီတစတဲ့ အနုပညာရှင်တွေကို ဖက်ခွက်စားတွေလို့ မလိုတဲ့အခါ ခေါ်ဝေါ်သုံးစွဲကြပေမယ့် တကယ့် အနက်အမှန်က နှိမ့်ချလိုရင်း အလျဉ်းမရှိဘူး။

သူပုန်ဖြူကို လေ့လာခြင်း

သူပုန်ဖြူကို လေ့လာခြင်း

by အမောင်
30 May 2025
7.3k

ရခိုင်ဆရာဝန်လူငယ်တဦး၏ ရက္ခိတအိပ်မက်၊ ချေဂွေဗားရား အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်၏။

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၂)

by ဖိုးစိုင်း
12 February 2025
6.8k

နိုင်မြန်မာသည် အသက်ဘေးမှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း သူ၏မိသားစုဝင်များက မြောက်ဥက္ကလာပ နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်ချက်ပြုတ်နေကြချိန် ဖြစ်သည်။

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

by Hannah Beech
20 July 2024
6.7k

"မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ကျနော်တို့ စစ်ကို အရင်တိုက်ရမယ်"

အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

by ဇေယျ (အညာ)
4 June 2024
4.5k

ဤသို့ ကွာခြားသည့် အခြေအနေအောက်တွင် NUG အား ဝေဖန်သည့် ဆန်းကျော်စွာဝင်း၏ ကဗျာရှည်မှာ ကြိုဆိုရမည့် ကဗျာရှည်တပုဒ်ဖြစ်၏။

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

by ဖိုးစိုင်း
10 February 2025
3.3k

“ကျနော်က လူထုနဲ့ ကင်းကွာမှာ မဟုတ်ဘူး၊ သေလည်း ကင်းကွာမှာ မဟုတ်ဘူး”

Next Post
သတိုးသီရိသုဓမ္မ ဂျေ အက်စ် ဖာနီဗယ်

အစိုးရအဆက်ဆက် ရိုက်ချိုးခဲ့တဲ့ ဖာနီဗယ့် အိပ်မက်

အောက်တိုဘာလ ၁၉ ရက်နေ့ အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာနှင့် ပစ္စည်းလက်ခံဌာနတွင်း ဗုံးကွဲအပြီး

တပတ်အတွင်း သတင်းစုံ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved