ကိုလိုနီခေတ်အတွင်းက မြန်မာနိုင်ငံမှာ လူသိများတဲ့ ပညာရှင်များအနက် ဂျေ အက်စ် ဖာနီဗယ်ဟာ တဦးအပါအဝင် ဖြစ်ပါတယ်။ သူ့ကို လူသိများရတဲ့ အကြောင်းအရင်းကတော့ ဖာနီဗယ်ဟာ ကိုလိုနီခေတ် ကာလအတွင်း ထင်ရှားတဲ့ မဂ္ဂဇင်းတခုဖြစ်တဲ့ “ဂန္ထလောက” မဂ္ဂဇင်းနဲ့ ၂၀ ရာစု မြန်မာ့သမိုင်းတလျှောက်လုံး ဒိတ်ဒိတ်ကြဲ တတ်သိပညာရှင်တွေစုဝေးရာ “မြန်မာနိုင်ငံ သုတေသနအသင်း” ကို တည်ထောင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဖာနီဗယ်ဟာ လက်ဝဲအတွေးအခေါ်တွေ၊ ခေတ်သစ် နိုင်ငံရေးအတွေးအခေါ်တွေကို မြန်မာပြည်ထဲ ယူဆောင်လာခဲ့သူဖြစ် အသိအမှတ်ပြု ခံထားရသူလည်း ဖြစ်တယ်။ ဖာနီဗယ်ဟာ အိုင်စီအက်စ်တဦးအဖြစ် မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပြီး မြေတိုင်းမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၂၅ ခုနှစ်မှာ အလုပ်ကနေ နုတ်ထွက်ခဲ့ပြီး စာအုပ်ဆိုင်တဆိုင် ထောင်ခဲ့ပါတယ်။
သူထောင်ခဲ့တဲ့ မြန်မာနိုင်ငံစာအုပ်အသင်းဟာ နောက်ပိုင်းမှာ နာမည်ကျော် နဂါးနီ စာအုပ်အသင်းကို မွေးဖွားပေးခဲ့ပါတယ်။ တို့ဗမာအစည်းအရုံးရဲ့ တည်ထောင်သူ တဦးဖြစ်လာမယ့် သခင်ဘသောင်းဟာ ဖာနီဗယ်လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးပြီး တို့ဗမာအစည်းအရုံး ထောင်ပြီးနောက်မှာ ဖာနီဗယ် သင်ပေးဖူးတဲ့ ပညာတွေနဲ့ ပြင်သစ်တွေးခေါ်ရှင် ယန်း ယက် ရူးဆိုးရဲ့ အတွေးအခေါ်ကျမ်းတွေကို ဘာသာပြန်ခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့စာအုပ်ဆိုင်ကို သခင်တွေဖြစ်လာမယ့် နိုင်ငံရေးသမားပေါက်စတွေ လာရောက်လေ့ရှိတယ်လို့ ကာရိုးလ် အန်း ဘိုရှီယာက သူမရဲ့ “Mapping Cultural Nationalism: The Scholars of the Burma Research Society, 1910-1935” စာအုပ်မှာ ရေးသားခဲ့ပါတယ်။ သူထောင်ခဲ့တဲ့ မြန်မာနိုင်ငံစာအုပ်အသင်းဟာ နောက်ပိုင်းမှာ နာမည်ကျော် နဂါးနီ စာအုပ်အသင်းကို မွေးဖွားပေးခဲ့ပါတယ်။ တို့ဗမာအစည်းအရုံးရဲ့ တည်ထောင်သူ တဦးဖြစ်လာမယ့် သခင်ဘသောင်းဟာ ဖာနီဗယ်လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးပြီး တို့ဗမာအစည်းအရုံး ထောင်ပြီးနောက်မှာ ဖာနီဗယ် သင်ပေးဖူးတဲ့ ပညာတွေနဲ့ ပြင်သစ်တွေးခေါ်ရှင် ယန်း ယက် ရူးဆိုးရဲ့ အတွေးအခေါ်ကျမ်းတွေကို ဘာသာပြန်ခဲ့တယ်လို့ ဆိုပါတယ်။
အတ္ထုပ္ပတ္တိအကျဉ်း
ဖာနီဗယ်ဟာ ၁၉၀၂ ခုနှစ်မှာ အိုင်စီအက်စ် ဝန်ထမ်းဖြစ်လာပြီး စစ်ကြိုခေတ် ထင်ရှားတဲ့ နိုင်ငံခြားသားများအနက် မြန်မာနိုင်ငံကို အစောဆုံး ရောက်လာတဲ့သူ ဖြစ်ပါတယ်။ ၁၉၀၃ ခုနှစ်မှာ မြန်မာပြည်ကို ရောက်ရှိလာခဲ့ပြီး နယ်ပိုင်ဝန်ထောက်ရာထူး စတင် ထမ်းရွက်ခဲ့ပါတယ်။ ဖာနီဗယ်ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေ မိတ်ဆွေတွေကို ထုတ်ဖော်ပြပြလေ့ မရှိဘဲ သိုသိုသိပ်သိပ်ပဲ နေထိုင်တတ်တယ်လို့ သိကျွမ်းခဲ့သူတွေက ဆိုပါတယ်။
၁၉၀၆ ခုနှစ်မှာ ရှမ်းပြည်နယ်က မာဂရက်မငြိမ်း (သံအမတ်ဟောင်း ဦးသက်ထွန်းက မာဂရက်မညွန့်ဟု ရေးသားထား) နဲ့ လက်ထပ်ပါတယ်။ ဖာနီဗယ်နဲ့ မငြိမ်းကြား သမီးနှစ်ဦးနဲ့ မွေးကင်းစအရွယ်မှာ ဆုံးပါးသွားတဲ့ သားတဦးတို့ ထွန်းကားခဲ့တာကလွဲပြီး တခြားအချက်တွေ မသိရပါဘူး။ ၁၉၄၀ ပြည့်နှစ်မှာ ဇနီးဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက် သူ့လက်မှာ အဝတ်စအနက်တခု ပတ်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။
၁၉၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံ သုတေသနအသင်းကို စတင်တည်ထောင်ခဲ့ပါတယ်။ သူနဲ့ အတူတွဲပြီး သုတေသနအသင်းကို တည်ထောင်ခဲ့သူတွေက ကျောက်စာဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ တော်စိန်ခိုနဲ့ ပညာတတ်အသိုင်းအဝိုင်းမှာ ထင်ရှားသူတဦးဖြစ်တဲ့ ဦးမေအောင်တို့ ဖြစ်ကြပါတယ်။ တော်စိန်ခိုနေရာကို ဆက်ခံတဲ့ ချားလ်စ်ဒူရွိင်ဆယ်လည်း အသင်းကြီးမှာ ပါဝင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ မြန်မာတွေ ပညာပြန့်ပွားဖို့ ရည်ရွယ်ပြီး ၁၉၂၄ ခုနှစ်မှာ မြန်မာနိုင်ငံစာအုပ်အသင်း၊ ၁၉၂၈ ခုနှစ်မှာ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းတို့ကို တည်ထောင်ခဲ့သလို ၁၉၂၅ ခုနှစ်ကစပြီး ဂန္တလောကမဂ္ဂဇင်းကို တစောင် ၄ ပဲ နှုန်းနဲ့ ထုတ်ဝေခဲ့ပါတယ်။ အစပိုင်းမှာ အင်္ဂလိပ်လိုသာ ထုတ်ဝေခဲ့ပေမယ့် နောက်ပိုင်းမှာ မြန်မာဘာသာနဲ့ပါ ပါဝင်လာခဲ့ပါတယ်။ အဆိုပါမဂ္ဂဇင်းဟာ ၁၉၄၁ ခုနှစ်မှာ စစ်မီးကြီး တောက်လောင်လာတာကြောင့် ရပ်ဆိုင်းသွားခဲ့ရပါတယ်။
လွတ်လပ်ရေးရပြီးနောက် အစိုးရက သတိုးသီရိသုဓမ္မဘွဲ့ ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံမှာ အမှုထမ်းဖူးတဲ့ ဗြိတိသျှတွေထဲ ဖာနီဗယ်ဟာ ဦးနုအစိုးရရဲ့ အကြံပေးအဖြစ် ခန့်အပ်ခြင်းခံရတဲ့ တဦးတည်းသော ပုဂ္ဂိုလ်လို့ ခရစ္စတိုဖာဘေလီနဲ့ တင်မ်ဟားပါးတို့က သူတို့ရဲ့ “အမေ့ခံစစ်ပွဲများ” စာအုပ်မှာ ရေးသားခဲ့ပါတယ်။ အိမ်စောင့်အစိုးရ တက်လာတဲ့အခါ မြန်မာနိုင်ငံက ထွက်သွားဖို့ အမိန့်ပေးခံရပြီး ပြန်အာဏာရလာတဲ့ ဦးနုအစိုးရက ပြန်ခေါ်လို့ မြန်မာပြည်ပြန်လာဖို့ စီစဉ်နေဆဲ ၁၉၆၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက် အစိုးရက သတိုးသီရိသုဓမ္မဘွဲ့ ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံမှာ အမှုထမ်းဖူးတဲ့ ဗြိတိသျှတွေထဲ ဖာနီဗယ်ဟာ ဦးနုအစိုးရရဲ့ အကြံပေးအဖြစ် ခန့်အပ်ခြင်းခံရတဲ့ တဦးတည်းသော ပုဂ္ဂိုလ်လို့ ခရစ္စတိုဖာဘေလီနဲ့ တင်မ်ဟားပါးတို့က သူတို့ရဲ့ “အမေ့ခံစစ်ပွဲများ” စာအုပ်မှာ ရေးသားခဲ့ပါတယ်။ အိမ်စောင့်အစိုးရ တက်လာတဲ့အခါ မြန်မာနိုင်ငံက ထွက်သွားဖို့ အမိန့်ပေးခံရပြီး ပြန်အာဏာရလာတဲ့ ဦးနုအစိုးရက ပြန်ခေါ်လို့ မြန်မာပြည်ပြန်လာဖို့ စီစဉ်နေဆဲ ၁၉၆၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဖာနီဗယ် လိုချင်တဲ့ မြန်မာပြည်
၁၉၂၈ ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက်နေ့၊ ဖျာပုံမြို့ မြူနီစပယ်စာကြည့်တိုက် ဖွင့်ပွဲမှာ ဖာနီဗယ်က မိန်ခွန်းတခု ပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းကို ဂန္တလောကမဂ္ဂဇင်းမှာ အပြည့်အစုံ ပြန်လည်ဖော်ပြထားပါတယ်။
အဆိုပါမိန့်ခွန်းမှာ ဖာနီဗယ်က “တိုင်းပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်သေးသရွေ့တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဟုမ္မရူး၊ လွတ်လပ်ရေး ဆိုတာတွေဟာ အနှစ်မရှိတဲ့ စကားလုံးတွေ ဖြစ်နေဦးမှာပဲ။ ခေတ်သစ်ကမ္ဘာမှာ လွတ်လပ်ရေးနဲ့ ထိုက်တန်ဖို့ဆိုရင် တခြားသူတွေအပေါ် မှီခိုဖို့၊ အဲ့ဒီမှီခိုမှုကို ကောင်းကောင်း အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ မြန်မာနိုင်ငံကို တည်ဆောက်ဖို့ဆိုရင် မြန်မာပြည် လွတ်လပ်ရေးဆုံးရှုံးအောင် ပြုလုပ်ခဲ့တဲ့ ကာယဉာဏ စွမ်းအားတွေကို အသုံးချဖို့ လိုအပ်တယ်” လို့ ပြောကြားခဲ့တယ်။ ဖာနီဗယ်ဟာ မြန်မာနိုင်ငံသားတွေအနေနဲ့ သိပ္ပံပညာဆိုင်ရာ စာပေတွေကို ဖတ်ရှုလေ့လာပြီး ခေတ်သစ်နိုင်ငံကြီး တည်ထောင်ဖို့ မျှော်ကိုးခဲ့သူ ဖြစ်တယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေကို ခေတ်ပညာမျက်စိ ဖွင့်ပေးဖို့ လိုအပ်ကြောင်း ဖာနီဗယ် တွေ့မြင်ပုံကို မင်းသုဝဏ်က “ဦးကြီးသည် ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်ရှုသုံးသပ်ရာ လက်ဖဝါးတွင်ထားအပ်သော ပတ္တမြားကဲ့သို့ အထင်အရှား တွေ့မြင်လာပါသည်။ မြန်မာတို့ကို စီးပွားရေး ဝဲသြဃမှ ကယ်တင်ရန်မှာ ခေတ်မီပညာရေး လှေဖောင်ကြီးကို ဖွဲ့လုပ်ပေးမှသာ ဖြစ်တော့မည်ဟု ဦးကြီး တွေးတောမိပါသည်” လို့ ရေးသားထားပါတယ်။
မြန်မာနိုင်ငံရှိ ခေတ်ပညာတတ် လူငယ်များဖြစ်ကြတဲ့ မင်းသုဝဏ်၊ ဇော်ဂျီ၊ ပန်းတနော် ဦးသန့်တို့ဟာ ဖာနီဗယ်ကို အထူးလေးစားကြပြီး ‘ဦးကြီး’ လို့ ယဉ်ယဉ်ကျေးကျေး သုံးနှုန်းခေါ်ဝေါ်တတ်ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဦးသန့်က ဖာနီဗယ်နဲ့ ပက်သက်ပြီး “အလွန်တရာ ဖော်ရွေ၍ လောကဝတ်ကောင်းသော လူကြီးတယောက်ဖြစ်၏။ အသက် ၆၀ နီးပါး ရှိပြီဖြစ်သော်လည်း လူယ်များကဲ့သို့ ပျော်ရွှင်စွာနေတတ်၏” ဆိုပြီး ရေးခဲ့ပါတယ်။ သမိုင်းဆရာ ဒေါက်တာ သန်းထွန်းက ဖာနီဗယ်ကို တမ်းတအောက်မေ့တဲ့ အနေနဲ့ “မြန်မာနိုင်ငံအတွက် ဦးဖာနီဗယ် ကျေးဇူး” နာမည်နဲ့ ဆောင်းပါးတစောင် ရေးသွားပါသေးတယ်။
ဖာနီဗယ်ဟာ မြန်မာနိုင်ငံသားတွေကို ပညာမျက်စိ ဖွင့်ပေးလိုလွန်းလှတဲ့အတွက် အသင်းများတည်ထောင်၊ စာအုပ်များ ထုတ်ဝေရုံမက စာတမ်းနဲ့ ဆောင်းပါးများကိုလည်း ကိုယ်တိုင်ရေးသားလေ့ရှိပါတယ်။ ဖာနီဗယ်ဟာ မြန်မာဘာသာနဲ့ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်များ ထုတ်ဝေခြင်းကို မြင်တွေ့လိုသူဖြစ်သော်လည်း အင်္ဂလိပ်စာ သင်ကြားခြင်းကို လျှော့ချလိုသူ မဟုတ်ပါဘူး။
ဖာနီဗယ်ဟာ မြန်မာနိုင်ငံသားတွေကို ပညာမျက်စိ ဖွင့်ပေးလိုလွန်းလှတဲ့အတွက် အသင်းများတည်ထောင်၊ စာအုပ်များ ထုတ်ဝေရုံမက စာတမ်းနဲ့ ဆောင်းပါးများကိုလည်း ကိုယ်တိုင်ရေးသားလေ့ရှိပါတယ်။ ဖာနီဗယ်ဟာ မြန်မာဘာသာနဲ့ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်များ ထုတ်ဝေခြင်းကို မြင်တွေ့လိုသူဖြစ်သော်လည်း အင်္ဂလိပ်စာ သင်ကြားခြင်းကို လျှော့ချလိုသူ မဟုတ်ပါဘူး။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဖာနီဗယ်ဟာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ ပညာအရောင် ထွန်းပြောင်တောက်ပကာ ဝင့်ထည်နေတာကို တွေ့မြင်လိုသူ ဖြစ်ပါတယ်။ အဘက်ဘက်မှ နိမ့်ကျပြီး မရှိသည့်ဂုဏ်ကို ယူနေရတဲ့ မြန်မာနိုင်ငံဟာ ဖာနီဗယ် စိတ်ကူးတဲ့ မြန်မာနိုင်ငံ မဟုတ်ပါဘူး။ ဒါ့အပြင် အခြားနိုင်ငံများနဲ့ အဆက်အသွယ် ဖြတ်ပစ်တာကိုလည်း ဖာနီဗယ်အနေနဲ့ အလိုမရှိလောက်ပါဘူး။ အထက်ပါအတိုင်း ကမ္ဘာ့နိုင်ငံများနဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆက်ဆံရေးကို အလိုရှိသူ ဖြစ်ပါတယ်။
တက္ကသိုလ်တွေ အနေနဲ့လည်း ဖာနီဗယ်ဟာ နိုင်ငံ့အစိုးရဲ့ ချုပ်ကိုင်မှုကနေ ကင်းလွတ်တဲ့ တက္ကသိုလ်တွေကို အလိုရှိသူ ဖြစ်ပါတယ်။ သူ့ရဲ့ တက္ကသိုလ်တွေပေါ် အမြင်ကို ၁၉၃၅ ခုနှစ်၊ သြဂုတ်လထုတ် ဂန္ထလောက မဂ္ဂဇင်းမှာ တွေ့နိုင်ပါတယ်။
သူ့ရဲ့ “အမျိုးသားတက္ကသိုလ်” ဆိုတဲ့ ဆောင်းပါးရဲ့ နိဂုံးပိုင်းမှာ ရေးသားထားတာကတော့ “တက္ကသိုလ်ဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေကို လေ့ကျင့်ပေးတဲ့ လေ့ကျင့်ရေးကွင်းတခု ဖြစ်သင့်တယ်။ ဒီနေရာမှာ သူတို့ဟာ နိုင်ငံရေးနဲ့ တိုင်းပြည်ကောင်းစားရေးနဲ့ ပက်သက်တဲ့ အရာဟူသမျှကို လေ့လာသင့်တယ်။ ဒါပေမယ့် တက္ကသိုလ်တွေကသာ သူတို့ကို တွေးတတ်ခေါ်တတ်အောင် လေ့ကျင့်ပေးခဲ့ရင် သူတို့တက်ခဲ့တဲ့ တက္ကသိုလ်ပေါ် လေးစားသမှုကြောင့် အစိုးရလက်အောက်ကနေ လွတ်လပ်မှုကို ထိန်းသိမ်းပြီး ပါတီနိုင်ငံရေး အရောင်အသွေး မစွန်းထင်းအောင် ကာကွယ်ကြပါလိမ့်မယ်” ဆိုပြီး ရေးသားခဲ့တယ်။
၁၉၆၀ ပြည့်နှစ်မှာ လေဖြတ်ပြီး ကွယ်လွန်တဲ့ ဖာနီဗယ်ဟာ မြန်မာ့ပညာရေး ဆုတ်ယုတ်ပျက်စီးသွားတာကို မမြင်လိုက်ရပါဘူး။
အစိုးရအဆက်ဆက် ဖာနီဗယ့် အိပ်မက်ကို ဖျက်ဆီးကြပုံ
၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ အစိုးရ တက်လာတဲ့အခါမှာ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့ရဲ့ တက္ကသိုလ်ကောင်စီတွေကို ဖျက်သိမ်းလိုက်ပါတယ်။ တက္ကသိုလ် ကောင်စီတွေဟာ ၁၉၂၀ ပြည့်နှစ်မှာ ပြဌာန်းခဲ့တဲ့ တက္ကသိုလ် အက်ဥပဒေကနေ ဆင်းသက်လာခြင်း ဖြစ်ပြီး ပါလီမန်ခေတ် ဦးနုအစိုးရလက်ထက်မှာ ပြုပြင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
တော်လှန်ရေးကောင်စီလက်ထက်မှာ တက္ကသိုလ်ရဲ့ လွတ်လပ်ခွင့်တွေ အားလုံးကို ရုတ်သိမ်းခဲ့ပြီး အစိုးရကနေ တိုက်ရိုက်ချုပ်ကိုင်ခဲ့ပါတယ်။ တော်လှန်ရေးကောင်စီနဲ့ မဆလတို့လက်ထက်မှာ တက္ကသိုလ်တွေဟာ အစိုးရရဲ့ လက်ကိုင်တုတ်သာသာ ဖြစ်ခဲ့ကြပါတယ်။
တော်လှန်ရေးကောင်စီလက်ထက်မှာ တက္ကသိုလ်ရဲ့ လွတ်လပ်ခွင့်တွေ အားလုံးကို ရုတ်သိမ်းခဲ့ပြီး အစိုးရကနေ တိုက်ရိုက်ချုပ်ကိုင်ခဲ့ပါတယ်။ တော်လှန်ရေးကောင်စီနဲ့ မဆလတို့လက်ထက်မှာ တက္ကသိုလ်တွေဟာ အစိုးရရဲ့ လက်ကိုင်တုတ်သာသာ ဖြစ်ခဲ့ကြပါတယ်။
ဒေါက်တာညီညီ ရေးသားတဲ့ “စနစ်သစ် မြန်မာ့ပညာရေး” စာအုပ်ထဲက တော်လှန်ရေးကောင်စီရဲ့ တက္ကသိုလ်တွေအပေါ် ချမှတ်ပေးတဲ့ ရည်မှန်းချက်တွေကို အနည်းငယ် ဖော်ပြရရင်
-မြန်မာ့ဆိုရှယ်လစ် လောကကို တည်ဆောက်ရာတွင် ကျွမ်းကျင်စွာ ပါဝင်လုပ်ဆောင်မည့် ပညာရှင်များ မွေးထုတ်ပေးရန်
-ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးလုပ်ငန်း အောင်မြင်မှုကို ရှေးရှုကာ သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရန်
စသည်ဖြင့် ရေးသားထားပါတယ်။ အထက်ပါအချက်များကို ကြည့်ရှုခြင်းအားဖြင့် တက္ကသိုလ်တွေဟာ အစိုးရမူဝါဒတွေရဲ့ အသုံးချခံအဖြစ် ကျရောက်သွားပုံကို မြင်တွေ့နိုင်ပါတယ်။ တက္ကသိုလ် ဆရာ ဆရာမတွေဟာလည်း ပညာရှင်တွေအစား နိုင်ငံ့ဝန်ထမ်းဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။
အဆိုပါကာလအတွင်း ထင်ရှားတဲ့ တတ်သိပညာရှင် မြောက်များစွာလည်း ကွယ်လွန်သွားခဲ့သလို ဖာနီဗယ် တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံ သုတေသနအသင်းကြီးလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။ တက္ကသိုလ်တွေဟာလည်း ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရေးဆိုတဲ့ မူဝါဒကြောင့် ဆိုရှယ်လစ်ဝါဒတွေ ရောနှောနေတဲ့ သင်ရိုးညွှန်းတမ်းတွေ သွတ်သွင်းတာကို ခံခဲ့ရပါတယ်။ တနည်းအားဖြင့် ပြောရရင် နိုင်ငံရေးဝါဒတခုအောက်ကို သွတ်သွင်းခံလိုက်ရတာ ဖြစ်ပါတယ်။
တက္ကသိုလ်တွေဟာ ငြင်းခုန်ရမယ့် နေရာဖြစ်တဲ့အတွက်ကြောင့် အတွေးအခေါ်ဝါဒမျိုးစုံ ပြောဆိုနွေးနွေးနေကြမှသာလျှင် အသက်ဝင်နေမှာ ဖြစ်ပါတယ်။ တိတ်ဆိတ်နေတဲ့ တက္ကသိုလ်မှာ ချုံနွယ်တွေ ပိတ်ဖုံးနေတာနဲ့မခြား ဖြစ်နေမှာပါပဲ။
မဆလ အစိုးရပြုတ်ကျပြီး နဝတအစိုးရ တက်လာတဲ့အခါမှာတော့ တက္ကသိုလ်ပညာရေးရဲ့ အခြေအနေဟာ ပိုမိုပြီး ဆိုးဝါးလာပါတယ်။ မြို့ထဲမှာရှိတဲ့ တက္ကသိုလ်တွေကို ပိတ်ပစ်ပြီး တက္ကသိုလ်တွေကို မြို့ပြင် ပို့ပစ်လိုက်ပါတယ်။ လွင်တီးခေါင်ထဲ ပညာသင်ရတဲ့ ကျောင်းသားတွေဟာ သုတေသနလုပ်ဖို့ နေနေသာသာ အခြားအပန်းဖြေစရာ အခွင့်အရေးတောင် မရကြပါဘူး။
မဆလ အစိုးရပြုတ်ကျပြီး နဝတအစိုးရ တက်လာတဲ့အခါမှာတော့ တက္ကသိုလ်ပညာရေးရဲ့ အခြေအနေဟာ ပိုမိုပြီး ဆိုးဝါးလာပါတယ်။ မြို့ထဲမှာရှိတဲ့ တက္ကသိုလ်တွေကို ပိတ်ပစ်ပြီး တက္ကသိုလ်တွေကို မြို့ပြင် ပို့ပစ်လိုက်ပါတယ်။ လွင်တီးခေါင်ထဲ ပညာသင်ရတဲ့ ကျောင်းသားတွေဟာ သုတေသနလုပ်ဖို့ နေနေသာသာ အခြားအပန်းဖြေစရာ အခွင့်အရေးတောင် မရကြပါဘူး။
စာကြည့်တိုက်တွေဟာလည်း ပေါ်လစီအရသာ တည်ဆောက်ထားရပေမယ့် ကျောင်းသားတွေရဲ့ ပညာရေးလမ်းခရီးမှာ အသုံးပြုလို့ရမယ့် စာအုပ်စာတမ်းတွေ မရှိသလောက်ပါပဲ။ အရည်အသွေးအစား အရေအတွက်ကို ဦးစားပေးခံခဲ့ရတဲ့အတွက် အခြေအနေတွေဟာ နိမ့်ကျသထက် နိမ့်ကျလာပါတယ်။
ဖာနီဗယ် တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံ သုတေသနအသင်းဟာ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ၁၉၈၀ ပြည့်နှစ်မှာ ရပ်ဆိုင်းခံခဲ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ နဝတအစိုးရဟာ မြန်မာနိုင်ငံ သုတေသနအသင်းကို တုပပြီး “မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအသင်း” ကို တည်ထောင်ခဲ့ပါတယ်။ အဆိုပါအသင်းဟာ အစိုးရဝန်ထမ်း ဆရာ ဆရာမများနဲ့ ဖွဲ့စည်းထားပြီး သုတေသန ဂျာနယ်တွေ ထုတ်ဝေတယ်ဆိုပေမယ့် အစိုးရပေါ်လစီ အောက်မှာသာ တည်ရှိပြီး အဆိုပါဂျာနယ်ကလည်း အစိုးရရဲ့ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ပေါ်လစီကနေ မကင်းလွတ်ခဲ့ပါဘူး။ ဒါကြောင့် ဝိဇ္ဇာ၊ သိပ္ပံအသင်းရဲ့ သုတေသနဂျာနယ်တွေမှာ နိုင်ငံတကာက အဆင့်ရှိတဲ့ ဂျာနယ်တွေမှာ တွေ့ရတတ်တဲ့ ဆွေးနွေးငြင်းခုန် ထောက်ပြဝေဖန်တဲ့ အရေးအသားမျိုးတွေ မတွေ့ရတာဘဲ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းရဲ့ အသိပညာရေချိန် တိုးတက်ဖို့ဆိုရင် ဆွေးနွေးငြင်းခုန်မှုတွေ အမြဲလုပ်နေဖို့ လိုအပ်ပါတယ်။ မြန်မာပြည် မတိုးတက်ရခြင်း အကြောင်းရင်းကို အရင်းစစ်ကြည့်တော့ အစိုးရအဆက်ဆက်ရဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ပေါ်လစီတွေဟာ တရားခံတွေပါပဲ။ တည်ငြိမ်အေးချမ်းမှုကို ဦးစားပေးလွန်းပြီး ပြည်ပက သတင်းတွေ၊ အသိပညာတွေကို ပိတ်ပင်၊ အသိပညာ မတူကွဲပြားတဲ့အမြင်တွေ စီးဝင်မှုကို တားမြစ်ခဲ့တာကြောင့် အတည်ငြိမ် အအေးချမ်းလွန်ကာ ခေတ်နောက်ပြန်ဆွဲပြီး ပိတ်မိခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ နှစ်ဆယ်ရာစုနှောင်းပိုင်း ကာလတွေအတွင်းက မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံဟာ time capsule ထဲ ပိတ်မိနေသလိုပဲလို့ ပြောဆိုကြတာ ဖြစ်ပါတယ်။ အသိဉာဏ်ပညာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမျိုးသားရေး စံနှုန်းတွေနဲ့ ခေတ်မီနိုင်ငံတခုကို တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ပဲ ဖာနီဗယ်ရဲ့ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ မြန်မာနိုင်ငံမျိုးကို တည်ဆောက်ဖို့ဆိုရင် ဆွေးနွေးငြင်းခုန်မှုကို အသားပေးတဲ့ လူ့အဖွဲ့အစည်းမျိုးကို ရှေးဦးစွာ ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။
You may also like these stories:
ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးသည့် လွတ်လပ် ခေတ်မီသော သုတေသန အသိုက်အဝန်း
ဆရာကန်တော့ပွဲဓလေ့ တက္ကသိုလ်ပညာရေးအတွက် အဆိပ်အတောက်လား
ဖမ်းဆီးခံရသည့် မန္တလေးတက္ကသိုလ် CDM ဝန်ထမ်းတချို့ ပြန်လွတ်
ရိုဟင်ဂျာကလေးများ မြန်မာနိုင်ငံတော်သီချင်း သီဆိုနေကြပြီ