• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဟန်ချက်ညီရန် လိုသည့် TNLA ၏ နိုင်ငံရေးနှင့် စစ်ရေး

by မိုးစက်ငြိမ်းချမ်း
18 May 2023
in ဆောင်းပါး
A A
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ

7.2k
VIEWS
Share on FacebookShare on Twitter

တအာင်းပလောင်လူမျိုးနှင့် TNLA

ရှမ်းမြောက်တွင် တအာင်းလူမျိုးများသည် အစဉ်အလာ စော်ဘွားနယ်တခုရှိခဲ့သည့် လူမျိုးတမျိုးဖြစ်၏။ နမ့်ဆန်တောင်ပိုင်စော်ဘွားနယ်သည် တအာင်းပလောင်တို့၏ စော်ဘွားနယ်ဖြစ်၏။ တအာင်းတောင်ပိုင်စော်ဘွားသည် နန့်ဆန်တွင် ဟော်နန်းစိုက်၍ အုပ်ချုပ်သည်။ သူ၏လက်အောက်တွင် ပန်ဟိုက်(နမ္မတူ)၊ မိုင်းငေါ့၊ မိုင်းစံ-မိုင်းမူ မြို့စား သုံးဦးနှင့် တိုက်သူကြီး ၁၄ ဦးရှိခဲ့သည်။ ရှမ်းမြောက်ရှိ စော်ဘွားနယ် ခြောက်ခုတွင် တအာင်းပလောင်တို့၏ စော်ဘွားနယ်လည်း တခုအပါအဝင်ဖြစ်၏။

တအာင်း (ပလောင်) လူမျိုးများသည်လည်း လွတ်လပ်မှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ရှမ်းများနှင့်အတူ ၁၉၆၀ ဝန်းကျင်ကတည်းက တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်၏။ SSA အတွင်းရှိ ပလောင်တပ်ရင်း နှစ်ရင်းဖြစ်သည့် တပ်ရင်း ၅ နှင့်တပ်ရင်း ၆ သည် ၁၉၆၃ ခုနှစ်တွင် ရှမ်းတပ်မှ သီးသန့်ခွဲထွက်ပြီး ပလောင်အမျိုးသားတပ်ဦး (PNF) ကို ဖွဲ့စည်းခဲ့၏။ PNF ကို ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် PNF အား ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (PSLO) ဟု ပြောင်းလဲဖွဲ့စည်းကာ တပ်ကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ဟု ခေါ်ဆိုခဲ့၏။

အနှစ် ၃၀ ခန့် သီးသန့်ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့သော PSLO/PSLA သည် ၁၉၉၁ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် အပစ်ရပ် ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၀၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ယင်းအဖွဲ့သည် မြန်မာစစ်တပ်ထံ လက်နက်အပ်ခဲ့ရသည်။ သို့နှင့် ပလောင်တို့၏ လက်နက်ကိုင်တော်လှန်ရေး ပြန်မလာတမ်း အဆုံးသတ်သွားပြီဟု ထင်ခဲ့ရ၏။

သို့သော် ၂၀၁၁ ခုနှစ်တွင် တအာင်း လူငယ် ၄၀ ကျော်ဖြင့် ပြန်ဖွဲ့စည်းလာခဲ့သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) သည် မျှော်လင့်မထားခဲ့သည့် စွမ်းဆောင်မှု (ဝါ) တအာင်းလက်နက်ကိုင် အဖွဲ့အစည်းတခုကို တောင့်တင်းခိုင်မာအောင် တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရ၏။

၂၀၁၁ ခုနှစ်တွင် တအာင်း လူငယ် ၄၀ ကျော်ဖြင့် ပြန်ဖွဲ့စည်းလာခဲ့သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) သည် မျှော်လင့်မထားခဲ့သည့် စွမ်းဆောင်မှု (ဝါ) တအာင်းလက်နက်ကိုင် အဖွဲ့အစည်းတခုကို တောင့်တင်းခိုင်မာအောင် တည်ဆောက်နိုင်ခဲ့သည်

လက်ရှိကာလတွင် TNLA သည် တပ်ရင်း ၅ ရင်းစီပါသော တပ်မဟာ ၇ ခု၊ တပ်ရင်း ၃ ရင်းပါ ဌာနချုပ်လုံခြုံရေးဗျူဟာ၊ ကွန်မန်ဒိုအထူးတပ်ဖွဲ့၊ လက်နက်ကြီးတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်မဟာ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့များ၊ အမျိုးသမီးတပ်ရင်းများ ဖွဲ့စည်းထားရှိပြီး အုပ်ချုပ်ရေးခရိုင် ငါးခုနှင့်မြို့နယ် ၁၈ ခု ဖွဲ့စည်းထားသည်ဟု သိရ၏။ TNLA တပ်ရင်းတရင်းလျှင် အင်အား ၁၀၀ မှ ၁၅၀ ခန့်ရှိပြီး လက်ရှိ TNLA ၏ စုစု‌ပေါင်းအင်အားမှာ ၈,၀၀၀ နှင့်အထက်ရှိမည်ဟု ခန့်မှန်းရပါသည်။ TNLA သည် ၁၂ နှစ်အတွင်း အားကောင်းမောင်းသန် ဖြစ်လာသည်ကို တွေ့ရ၏။

TNLA ၏ ထုတ်ပြန်ချက်များအရ ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ ၁၁ နှစ်အတွင်း စုစုပေါင်း တိုက်ပွဲကြီးငယ် ၁,၄၇၄ ပွဲခန့် မြန်မာစစ်တပ်နှင့် တိုက်ခိုက်ခဲ့ရသည်။ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၂/၂၀၁၃ ခုနှစ်များတွင် တိုက်ပွဲ ဆယ်ဂဏန်းမျှသာ ဖြစ်ခဲ့သော်လည်း ၂၀၁၄ မှ ၂၀၂၀ အထိ ခုနစ်နှစ်တာ ကာလအတွင်း ပျမ်းမျှတနှစ်လျှင် တိုက်ပွဲ ၂၀၀ မှ အများဆုံး ၃၀၀ ကျော်အထိ ဖြစ်ပွားခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် ၂၀၁၅ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ရှမ်းမြောက်ဒေသ၊ အထူးသဖြင့် တအာင်းဒေသခံလူထု အများအပြား တည်ရှိရာဒေသတွင် TNLA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကြား တိုက်ပွဲအကြိမ်ရေ စုစုပေါင်း ၉၄၆ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း အကြိမ် ၄၀၀ ကျော်ဖြင့် အများဆုံးဖြစ်၏။

TNLA သည် ၁၁ နှစ်တာကာလအတွင်း မြန်မာစစ်တပ်နှင့်ရော RCSS နှင့်ပါ တိုက်ပွဲကြီးငယ်ပေါင်း ၂,၄၀၀ ကျော် တိုက်ခိုက်ပြီး ရပ်တည်လာခဲ့ခြင်း ဖြစ်၏။ မြန်မာစစ်တပ်က လက်နက်ချရန် ဖိအားပေးနေသကဲ့သို့ RCSS ကလည်း ရှမ်းမြောက်၌ ၎င်းတို့အခြေစိုက်ဒေသများကို တိုးချဲ့ရယူနေရာ ဤစစ်ရေးတိုက်ပွဲများကို ရင်ဆိုင်တိုက်ခိုက် ကျော်လွှားခြင်း မရှိဘဲ TNLA ရပ်တည်နိုင်ရန် မဖြစ်နိုင်သကဲ့သို့ ကြီးထွားရန်လည်း မဖြစ်နိုင်ပေ။ ထို့အတူ TNLA ၏ နိုင်ငံရေးရည်မှန်းချက်အား အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပေ။

TNLA ၏ နိုင်ငံရေးရည်မှန်းချက်

လက်နက်ကိုင်အဖွဲ့အစည်းတခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့သော TNLA သည် သူ၏ နိုင်ငံရေး ရည်မှန်းချက်အဖြစ် ယခုကာလတွင် ကျယ်ကျယ်လောင်လောင် ဖော်ပြလာသည်မှာ တအာင်းပြည်နယ် ရရှိရေးဖြစ်၏။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
37
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
761
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

လူမျိုးတမျိုး၏ ကိုယ်ပိုင်လက္ခဏာအရ လည်းကောင်း၊ မြန်မာပြည်တွင်းရှိ အခြားတိုင်းရင်းသား လူမျိုးများနှင့် တန်းတူရည်တူရှိမှုအရ လည်းကောင်း ပြည်နယ်အဆင့်သည် တအာင်းလက်နက်ကိုင် အဖွဲ့အစည်း၏ နိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်ချက်ထားလာသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

လူမျိုးတမျိုး၏ ကိုယ်ပိုင်လက္ခဏာအရ လည်းကောင်း၊ မြန်မာပြည်တွင်းရှိ အခြားတိုင်းရင်းသား လူမျိုးများနှင့် တန်းတူရည်တူရှိမှုအရ လည်းကောင်း ပြည်နယ်အဆင့်သည် တအာင်းလက်နက်ကိုင် အဖွဲ့အစည်း၏ နိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်ချက်ထားလာသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ သို့သော် အရေးကြီးသည့်အချက်မှာ TNLA သည် သူ၏ နိုင်ငံရေးရည်မှန်းချက်ကို မည်သည့်နည်းလမ်းဖြင့် အကောင်အထည် ဖော်မည်နည်းဆိုသည့်အချက် ဖြစ်ပေသည်။

TNLA နှင့် နွေဦးတော်လှန်ရေး

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် TNLA သည် နောက်ထပ် မဟာမိတ်ဖွဲ့စည်းမှုတခု ပြုလုပ်ခဲ့၏။ ၎င်းမှာ တအာင်းနိုင်ငံရေးပါတီ၊ ရွေးကောက်ခံကိုယ်စားလှယ်၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ဖွဲ့စည်းခြင်းဖြစ်၏။

စစ်ရေးလှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင် တဦး

TPCC သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ နိုင်ငံရေးဆွေးနွေးပွဲများ၊ ဖက်ဒရယ်ပဋိညာဉ် သဘောတူညီချက်များ ရေးဆွဲရာတွင် ပါဝင်လျက်ရှိသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တွင်လည်း TPCC မှ ပါဝင်သည်ကို တွေ့ရသည်။ TPCC တွင် PSLF/TNLA မှ မဟာမိတ်ဆက်ဆံရေးနှင့် နိုင်ငံခြားရေးဌာန ဌာနမှူး ပါဝင်ဆောင်ရွက်ကာ တအာင်းနိုင်ငံရေး တိုးတက်အောင်မြင်ရန်အတွက် NUG, CRPH တို့နှင့် ဆက်စပ်လှုပ်ရှားလျက်ရှိသည်ဟု သိရ၏။

ထို့ပြင် TNLA ထိန်းချုပ်ရာဒေသများသို့ ရောက်ရှိလာကြသည့် ကျောင်းသားတပ်ဖွဲ့များ၊ PLA တပ်ဖွဲ့များ၊ PDF များအား ကူညီနေရာချထားပေးခြင်း၊ ကူညီလေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသကဲ့သို့ TNLA ၏ အကူအညီဖြင့် ကောင်းစွာလေ့ကျင့်ဖွဲ့စည်းပြီး နောင်ချိုတဝိုက်တွင် လက်သံပြောင်စွာ တိုက်ခိုက်လာနိုင်သည့် မန္တလေး PDF တပ်ဖွဲ့အား အများသတိထားမိကြ၏။ TNLA တာဝန်ရှိသူများကလည်း ၎င်းတို့ကူညီပေးမှုများကို ဖုံးကွယ်မထားခဲ့ပေ။

TNLA ၏ နိုင်ငံရေးနှင့်စစ်ရေး

၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် TNLA ၏ သုံးသပ်ချက်၊ ထုတ်ပြန်ချက်၊ TNLA ခေါင်းဆောင်များ၏ ပြောကြားချက်များအရ TNLA သည် မြန်မာစစ်တပ်၏ အာဏာသိမ်းမှု၊ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား ကောင်းစွာသိရှိပြီး ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းချက်အားလည်း ပယ်ချခဲ့၏။ တဖက်တွင် NUCC /NUG တို့နှင့် နိုင်ငံ‌ရေးအရ ချိတ်ဆက်ထားသည်။ ထို့ပြင် PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများကို ကူညီပေးနေသည်။ ဤသည်တို့မှာ TNLA ၏ နိုင်ငံရေးခြေလှမ်းများဟု ဆိုရပါမည်။

TNLA ၏ နိုင်ငံရေးသဘောထား၊ နိုင်ငံရေးရည်မှန်းချက်များ ပြတ်သားသလောက် စစ်ရေးခြေလှမ်းများနှင့်တော့ ဟန်ချက်မညီဟု ဆိုရမည်။

သို့သော် TNLA ၏ နိုင်ငံရေးသဘောထား၊ နိုင်ငံရေးရည်မှန်းချက်များ ပြတ်သားသလောက် စစ်ရေးခြေလှမ်းများနှင့်တော့ ဟန်ချက်မညီဟု ဆိုရမည်။ TNLA ၏ ထုတ်ပြန်ချက်များအရ TNLA နှင့် မြန်မာစစ်တပ်ကြား ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲ ၁၅ ပွဲ၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ တိုက်ပွဲ ခြောက်ပွဲသာ ဖြစ်ခဲ့၏။ ၂၀၂၁ ခုနှစ်အတွင် နယ်မြေထိန်းချုပ်ရေးအတွက် RCSS နှင့် တိုက်ပွဲပေါင်း ၄၂၉ ကြိမ်ဖြစ်ခဲ့၍ မြန်မာစစ်တပ်ဘက်သို့ မလှည့်နိုင်ဟု ဆို၍ရ၏။

သို့သော် ၂၀၂၂ ခုနှစ်တွင် RCSS နှင့် တိုက်ပွဲ ၂၈ ကြိမ်သာ ဖြစ်ခဲ့သော်လည်း စက်တင်ဘာထိ မြန်မာစစ်တပ်နှင့် တိုက်ပွဲ ခြောက်ကြိမ်သာရှိခဲ့၏။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နမ့်ဆန်၊ ကုန်းသာကို မြန်မာစစ်တပ်က လေကြောင်းမှ ဝင်ရောက်စီးနင်း၍ TNLA နှင့်တပတ်ခန့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့၏။

ပထမအချက်အရဆိုလျှင် TNLA အနေနှင့် မြန်မာစစ်တပ်ကို အနိုင်မတိုက်ဘဲ၊ အထိနာအောင် ထိုးနှက်တိုက်ခိုက်ခြင်း မရှိဘဲ၊ စစ်ရေးအောင်ပွဲနှင့် TNLA ထိန်းချုပ်နယ်မြေ ကျယ်ပြန့်အောင်မလုပ်နိုင်ဘဲ TNLA ၏ နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်လိမ့်မည်မဟုတ်။

ဒုတိယအနေနှင့် မြန်မာစစ်တပ်နှင့် ဆွေးနွေး၍ TNLA ၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်လိမ့်မည်ဟု စိတ်ကူးယဉ်၍ မရပေ။ မြန်မာစစ်တပ်ပေးလိုသည်မှာ ပအိုဝ်းမှ အောင်ခမ်းထီ၊ ပန်ဝါမှ ဇခုန်တိန့်ယိန်းတို့ကဲ့သို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဆင့်သာဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းအချို့ပေးကာ ချွေးသိပ်ထားမည်သာ ဖြစ်၏။ တကယ်တမ်း နိုင်ငံရေးအရ တောင်းဆိုမှုနှင့်ပတ်သက်လျှင် ကိုယ့်ဒေသကိုယ် အပြည့်အဝ ထိန်းချုပ်နိုင်သည့် UWSA နှင့် NDAA မိုင်းလားတို့ပင် အနှစ် ၃၀ ကျော် ဆွေးနွေး၍ မဆုံးနိုင်သည်ကို တွေ့ရမည်ဖြစ်၏။

တတိယအနေနှင့် TNLA ဖြစ်စေ၊ ရခိုင် AA ဖြစ်စေ၊ ကိုးကန့် MNDAA ဖြစ်စေ ၂၀၀၉/၂၀၁၁ တွင် ပြန်လည် စုဖွဲ့တည်ဆောက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် ပြည်မဒီမိုကရက်တစ် အင်အားစုများ၏ ထောက်ခံမှု၊ ကူညီမှု မပါသည့်အပြင် ပြစ်တင်ဝေဖန်မှုပင် ခံရသည့်ကြားထဲမှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး တိုက်ပွဲဝင်ခဲ့ရပ်တည်ခဲ့ကြသည့် အဖွဲ့များဖြစ်၏။

သို့ဖြစ်သော်လည်း ပြည်မနိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေကိုတော့ အခွင့်ကောင်းရယူရန် လိုအပ်သည်။ ယခင် စစ်ရေးအရ တိုင်းရင်းသားလက်နက်ကိုင်များကို ဖိ၍တိုက်ခိုက်သည့်အခြေအနေမှ ယနေ့ကာလ တပြည်လုံးအနှံ့ စစ်ပွဲများဖြစ်နေပြီး မြန်မာစစ်တပ်အနေနှင့် စစ်မျက်နှာတခုတည်းကို အင်အားအလုံးအရင်းစု၍ ဖိမတိုက်နိုင်သည့်အချိန်တွင် TNLA အနေဖြင့် မြန်မာစစ်တပ်၏ စစ်ရေးအားနည်းချက်ကို အခွင့်ကောင်းယူ တိုက်ခိုက်နိုင်ခြင်းမရှိပါက အခွင့်အခါကောင်း၊ အချိန်အခါကောင်းကို လက်လွှတ်ရပေလိမ့်မည်။

TNLA အနေဖြင့် မြန်မာစစ်တပ်၏ စစ်ရေးအားနည်းချက်ကို အခွင့်ကောင်းယူ တိုက်ခိုက်နိုင်ခြင်းမရှိပါက အခွင့်အခါကောင်း၊ အချိန်အခါကောင်းကို လက်လွှတ်ရပေလိမ့်မည်။

စတုတ္ထအချက်အနေနှင့် မြန်မာစစ်တပ်သည် လက်ရှိ TNLA နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့အပေါ် စစ်ရှိန်လျှော့ထားခြင်းသည် ပြည်တွင်း၌ စစ်မျက်နှာများ၍ လျှော့ချထားခြင်းသာ ဖြစ်သည်။ စိတ်သဘောထား ပြောင်းသွား၍တော့ မဟုတ်ပေ။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ကုန်းသာတိုက်ပွဲကို ကြည့်ပါက သူ့အတွက် အကျိုးအမြတ်ရမည်ထင်လျှင် ဝင်ရောက်တိုက်ခိုက်မည်သာ ဖြစ်သည်။ စစ်ရေးသက်သက်ကကြည့်လျှင် TNLA ဘက်က တိုက်ခိုက်ခြင်းမပြုလျှင် မြန်မာစစ်တပ်ဘက်က ခံစစ်အတွက် စဉ်းစားစရာမလိုဘဲ အလစ်အငိုက် ရယူထိုးစစ်ဆင်ရန် အခွင့်သာသွားပေလိမ့်မည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ကုန်းသာတိုက်ပွဲတွင် TNLA ၏ တန်ပြန်တိုက်ခိုက်မှုကို ခံလိုက်ရသည့် စစ်ကောင်စီ လေကြောင်းစစ်သည်များ ဤသို့ ကျဆုံးခဲ့သည်/ Shwe Phee Myay

ပဉ္စမအချက်အနေနှင့် TNLA သည် UWSA, NDAA တို့နှင့် မဟာမိတ်ဖြစ်သော်လည်း ပုံသဏ္ဍာန်မတူပေ။ UWSA နှင့် NDAA တို့၏ ကိုယ်ပိုင်ထိန်းချုပ်နယ်မြေဆိုသည်မှာ အပြည့်အဝ ထိန်းချုပ်နိုင်သည်။ TNLA ၏ ထိန်းချုပ်နယ်မြေဆိုသည်မှာ ပြောက်ကျားအဆင့်သာ ရှိသေးသည်။ အပြည့်အဝထိန်းချုပ်နိုင်ရန် လိုအပ်နေသေးသည်။

တရုတ်တို့က မြန်မာစစ်တပ်အား မတိုက်ခိုက်ဘဲ ဆွေးနွေးရန် တိုက်တွန်းချက်သည် UWSA နှင့် NDAA အတွက် မထူးခြားသော်လည်း TNLA အတွက် ဆီလျော်လှသည် မဟုတ်ပေ။ မြန်မာစစ်တပ် အကြပ်အတည်းတွေ့နေသည့် အခွင့်အလမ်းကောင်းကို ရယူနိုင်ခြင်းမရှိဘဲ TNLA ၏ နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။ တရုတ်နယ်စပ်အနီးတွင်ရှိပြီး တရုတ်နှင့်ဆက်ဆံရေးကောင်းရန် လိုအပ်သည်မှန်သော်လည်း တရုတ်နှင့် ပုံမှန်ဆက်ဆံရေးမပျက်စေဘဲ TNLA ၏ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်များကို ပါးနပ်စွာ အကောင်အထည်ဖော်ရန် လိုအပ်၏။

ဆဋ္ဌမအချက်အနေနှင့် ၁၉၈၈ နောက်ပိုင်းမှစ၍ အနှစ် ၃၀ ကျော်အတွင်း တပြည်လုံးအနှံ့ ပြည်တွင်းစစ် ဖြစ်ပွားခြင်းကို ယခုကာလတွင်မှ တွေ့ကြုံရခြင်းဖြစ်၏။ တိုင်းရင်းသားလက်နက်ကိုင် တပ်များကို ဖိ၍တိုက်ခိုက်နေရာမှ တပြည်လုံးအနှံ့ စစ်မျက်နှာဖြန့်ရ၍ မြန်မာစစ်တပ် တပ်အင်အား မလုံလောက်သည်ကို လည်းကောင်း၊ စစ်သည်အင်အား ကျဆင်းသည်ကိုလည်းကောင်း၊ တိုက်ရည်ခိုက်ရည် တိုက်စိတ်ခိုက်စိတ် ကျဆင်းသည်ကိုလည်းကောင်း၊ တပ်ပြေးများသည်ကိုလည်းကောင်း တွေ့ကြုံနေရသည့်ကာလ ဖြစ်၏။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေကြသည့် TNLA တပ်များ / ဧရာဝတီ

ဤသို့သော မြန်မာစစ်တပ် အကျပ်အတည်းကြုံနေချိန်တွင် စစ်ရေးအရ အခွင့်အရေးမယူနိုင်ပါက၊ မယူတတ်ပါက TNLA အတွက် အခွင့်အလမ်းကောင်း လက်လွှတ်ရမည်ဖြစ်ပြီး မြန်မာစစ်တပ်ကို အခွင့်အရေးပေးရာ ရောက်ပေလိမ့်မည်။

လက်ရှိကာလတွင် NUG/PDF စသည့် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးတွဲ၍ စစ်ရေးအရ မြန်မာစစ်တပ်ကို တိုက်ခိုက်ပါက စစ်ရေးအကျိုးအမြတ် ရရှိမည့်အပြင် နိုင်ငံရေးအရလည်း TNLA ၏ နိုင်ငံရေးရည်မှန်းချက်၊ တအာင်းပြည်နယ် ပေါ်ထွန်းရေးတို့နှင့် ပတ်သက်၍လည်း နွေဦးတော်လှန်ရေး အင်အားစုများ၏ ထောက်ခံမှု၊ နားလည်စာနာမှုကို ရရှိပေလိမ့်မည်။

သတ္တမအချက်အနေနှင့် လက်ရှိကာလတွင် NUG/PDF စသည့် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးတွဲ၍ စစ်ရေးအရ မြန်မာစစ်တပ်ကို တိုက်ခိုက်ပါက စစ်ရေးအကျိုးအမြတ် ရရှိမည့်အပြင် နိုင်ငံရေးအရလည်း TNLA ၏ နိုင်ငံရေးရည်မှန်းချက်၊ တအာင်းပြည်နယ် ပေါ်ထွန်းရေးတို့နှင့် ပတ်သက်၍လည်း နွေဦးတော်လှန်ရေး အင်အားစုများ၏ ထောက်ခံမှု၊ နားလည်စာနာမှုကို ရရှိပေလိမ့်မည်။

နိဂုံး

တကယ်ဆိုလျှင် TNLA တွင် မြန်မာစစ်တပ်နှင့် ပတ်သက်၍ ပြတ်သားသော မူဝါဒရှိသည်ကို တွေ့ရ၏။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြစ်ပွားသည့် ကုန်းသာတိုက်ပွဲအရလည်း စစ်ရေးစွမ်းရည် တိုးတက်လာသည်၊ ယခင်ကထက် စစ်ရေးအစွမ်းအစ ပြနိုင်သည်ကို တွေ့ရ၏။ သို့သော် TNLA သည် နိုင်ငံရေးရည်မှန်းချက်နှင့် စစ်ရေးခြေလှမ်းကြား ဟန်ချက်မညီဟု ဆိုရမည်။ TNLA အနေနှင့် အတွက်အချက်လွန်ကဲပြီး တုံ့ဆိုင်းနေပါက စစ်ရေးအခွင့်အလမ်းကောင်းများ လက်လွှတ်ရမည် ဖြစ်သကဲ့သို့ နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရေး တွန့်ဆုတ်သွားမည်ကို သတိပြုရန် လိုအပ်ပေသည်။

လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တခုအတွက် အရေးကြီးသည့်အချက်မှာ ပြောင်းလဲနေသည့် ပြည်တွင်းပြည်ပ အခြေအနေများကို မှန်ကန်စွာ တွက်ချက်သုံးသပ်ပြီး အခြေအနေနှင့် ကိုက်ညီသည့်ပေါ်လစီများ ချမှတ်ကာ မိမိအဖွဲ့အစည်းနှင့်လူထုအတွက် အကျိုးရှိသော အခြေအနေကို ဖန်တီးနိုင်ရန်ဖြစ်၏။ အခွင့်အခါကောင်း ဆိုသည်မှာ အခြေအနေအချိန်အခါပေါ် မူတည်သည်။ ကုန်လွန်သွားသော အချိန်များအား ပြန်လည်၍ မရရှိနိုင်ပေ။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦးဖြစ်သည်။)

You may also like these stories:

NUG နှင့် EAOs ပူးပေါင်းမှု ဘယ်အထိ ခရီးရောက်ပြီလဲ

မြန်မာ့တော်လှန်ရေး အင်အားစုများ ထိုးစစ်ဆင်ရန် ပြင်ဆင်နေ

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကုန်းသာတိုက်ပွဲ အလိမ်အညာသတင်း နောက်ကွယ်

နမ့်ဆန်တိုက်ပွဲနှင့် နောက်ဆက်တွဲ အလားအလာ

Your Thoughts …
Tags: CRPHNUCCNUGPDFPSLFTNLATPCCကိုယ်ပိုင်အုပ်ချုပ်ခွင့်ကုန်းသာတိုက်ပွဲစစ်ကောင်စီစစ်ရေးရည်မှန်းချက်စစ်သည်အင်အားစစ်အာဏာသိမ်းမှုတရုတ်တအာင်းတအာင်းပြည်နယ်တိုက်ရည်ခိုက်ရည်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနယ်မြေထိန်းချုပ်ရေးနိုင်ငံရေး ရည်မှန်းချက်နွေဦးတော်လှန်ရေးပလောင်ပြည်တွင်းစစ်ပြည်သူ့စစ်လက်နက်ကိုင်တော်လှန်ရေးအပစ်အခတ်ရပ်စဲရေး
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်တွေရှိ ဘာဆရာ ဒုက္ခသည်စခန်းတွင် ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးသွားသော နေအိမ်အနီး ရေတုံကင်နှိပ်နေသည့် မိန်းကလေးတဦးကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ် / AFP

ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်လာ

မြောက်ဦးတွင် မိုခါမုန်တိုင်းဖြတ်ပြီးနောက်ပိုင်း ပျက်စီးဆုံးရှုံးမှု ပုံရိပ်တချို့ / Voice of Mrauk U

မုန်တိုင်းဒဏ်သင့် မြောက်ဦး၌ ရေသန့်နှင့်အမိုးအကာများ အရေးပေါ်လို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved