မြန်မာတွင် ဖရိုဖရဲအခြေအနေများ ဖြစ်ပွားနေသည်မှာ ရက် ၉၀၀ ကျော်ရှိလာပြီး ဆက်လက် ရေတွက်နေဆဲ ဖြစ်သည်။ ဘဝ၏ သွင်ပြင်လက္ခဏာအားလုံး ဖြစ်ပွားနေသည့် ပြည်သူများခံစားနေရသည့် ဒုက္ခကို အကြောက်တရား၊ နာကျင်မှုဒုက္ခ၊ အငတ်ဘေး၊ ရေငတ်မွတ်ခြင်း၊ အားကိုးရာမဲ့ခြင်းနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်း၊ မြေနှင့် အိုးအိမ်ဆုံးရှုံးခြင်း၊ ချစ်ခင်ရသူများ၏ အသက်ကို ဆုံးရှုံးခြင်း စသည့်တို့ ရောပြွန်းနေသည့် ဇာတ်လမ်းအမျိုးမျိုးတွင် ထင်ဟပ်နေသည်။
ထိုအတွေ့အကြုံများ အားလုံးသည် လူသားတဦး၏ ဂုဏ်သိက္ခာနှင့် မျှော်မှန်းချက်များကို ပျက်စီးစေပြီး လုံခြုံမှုနှင့် အမိုးအကာ ရရှိနိုင်သောနေရာတွင် ဒုက္ခသည်များ ဖြစ်သွားစေသည်။
ယခုအခြေအနေသည် ချင်းပြည်သူများ၏ အမှောင်မိုက်ဆုံး ကာလများအနက်တခု ဖြစ်နိုင်ပြီး ဒီမိုကရေစီ တိုးတက်မှုကို ပစ်ချလိုက်သည့် စစ်အုပ်ချုပ်ရေးကြောင့် မျှော်လင့်ချက်အားလုံး အချည်းနှီး ဖြစ်ရသည်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း မီဇိုရမ်ပြည်နယ်မှ အမြင်အရ နိုင်ငံတကာ နယ်စပ်တလျှောက်မှ ပြည်သူများ၏ နာကျင်မှုကို ခံစားသိနိုင်သည်။ လွတ်လပ်မှုနှင့် တိုးတက်သော ဒီမိုကရေစီပြည့်ဝနိုင်ငံ တည်ဆောက်ရေး ရည်မှန်းချက် အောင်မြင်ရေးအတွက် စစ်ကောင်စီကို ဆန့်ကျင်သည့် မြန်မာတနိုင်ငံလုံးမှ ပြည်သူများနှင့် လူမှုအခြေပြု အဖွဲ့အစည်းများက ဖော်ပြနေသော အချို့နေရာများတွင် နေ့စဉ်ဖော်ပြနေသည့် စိတ်အားထက်သန်မှုသည် မှတ်သားစရာကောင်းသည်။
ယခုအခြေအနေသည် ချင်းပြည်သူများ၏ အမှောင်မိုက်ဆုံး ကာလများအနက်တခု ဖြစ်နိုင်ပြီး ဒီမိုကရေစီ တိုးတက်မှုကို ပစ်ချလိုက်သည့် စစ်အုပ်ချုပ်ရေးကြောင့် မျှော်လင့်ချက်အားလုံး အချည်းနှီး ဖြစ်ရသည်။
ဒုက္ခသည်များ ရောက်လာသည်ကို ပထမဆုံး မှတ်တမ်းတင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်သော မီဇို လူမှုအသိုက်အဝန်းနှင့် အဖွဲ့အစည်းအမျိုးမျိုး၏ စုပေါင်းဆောင်ရွက်ဖြင့် ဒုက္ခသည်များကို စည်းရုံး အကူအညီပေးရာတွင် ပါဝင်သူတဦးအနေဖြင့် ဒုက္ခသည် အရေအတွက်သည် တနေ့ထက်တနေ့ တိုးလာပြီး ယနေ့တိုင် ဆက်လက်တိုးနေကာ မီဇိုရမ်ပြည်နယ်မှ ခရိုင်အများအပြားတွင် စခန်းအများအပြား ထူထောင်လာသည်ကို တွေ့နေရသည်။
ထိုဒုက္ခသည်များထံ သွားရောက်ပြီး ၎င်းတို့အကြား သွားလာခြင်းဖြင့် မိမိတို့သည် မိသားစုဝင်များ ဒဏ်ရာရခြင်း၊ အဖမ်းခံရခြင်း၊ အသတ်ခံရခြင်း၊ အများအပြား၏ နေအိမ်များ မီးရှို့ခံရခြင်း အပါအဝင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု သားကောင်ဖြစ်ရသည့် ၎င်းတို့၏ ဇာတ်လမ်းများကို ကြားနေရဆဲ ဖြစ်သည်။
လူမျိုးစု ဆက်စပ်မှုသည် မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်များကို ကြိုဆိုလက်ခံသည့် ခိုင်မာသော အကြောင်းရင်းများအနက် တခုဖြစ်ပြီး ၎င်းတို့သည် တူညီသော ဇို ဘိုးဘေးမှ ဆင်းသက်လာသည့် မိမိတို့၏ ညီအစ်ကို မောင်နှမများ ဖြစ်သည်ဟု ယူဆခြင်း ဖြစ်သည်။
၎င်းတို့ကို ဗြိတိသျှ အုပ်ချုပ်ရေးက မတူညီသော အမည်များ ပေးခဲ့သောကြောင့် ခွဲခြားခံရခြင်း ဖြစ်သည်။ မြန်မာတွင် ၎င်းတို့သည် ချင်းလူမျိုးများဖြစ်ပြီး မဏိပူရတွင် ကူကီးများဖြစ်ကာ ဘင်္ဂလားဒေ့ရှ်တွင် ချင်းကူကီးများဖြစ်ပြီး မီဇိုရမ်တွင် မီဇိုများ ဖြစ်သည်။
၎င်းတို့ကို ဗြိတိသျှ အုပ်ချုပ်ရေးက မတူညီသော အမည်များ ပေးခဲ့သောကြောင့် ခွဲခြားခံရခြင်း ဖြစ်သည်။ မြန်မာတွင် ၎င်းတို့သည် ချင်းလူမျိုးများဖြစ်ပြီး မဏိပူရတွင် ကူကီးများဖြစ်ကာ ဘင်္ဂလားဒေ့ရှ်တွင် ချင်းကူကီးများဖြစ်ပြီး မီဇိုရမ်တွင် မီဇိုများ ဖြစ်သည်။
ထိုဒုက္ခသည်များအား အခွင့်အရေးချိုးဖောက်သည့် မြန်မာစစ်အစိုးရထံ ပြန်ပို့ရန် မီဇိုရမ်ပြည်နယ် အစိုးရကို အိန္ဒိယဗဟိုအစိုးရက ညွှန်ကြားသောအခါ ထိုလူမျိုးစု ဆက်စပ်မှုသည် လွန်စွာ ခိုင်မာနေသည်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ထိုဒုက္ခသည်များသည် မိမိတို့ မိသားစုဝင်များသာဖြစ်ပြီး ဗဟိုအစိုးရကို တိုက်ခိုက်အာခံသည့် အန္တရာယ်ကို ရင်ဆိုင်ကာ တုံ့ပြန်သည်။
ယခုတိုင် မီဇိုရမ်သည် စီးပွားရေးကို ထိခိုက်စေသည့် ကိုဗစ်နိုင်တင်း ရိုက်ခတ်မှုမှ နာလန်ထနေရဆဲ ဖြစ်သော်လည်း မီဇိုလူမှုသိုက်အဝန်းသည် နယ်စပ်တဖက်မှ ၎င်းတို့ ချင်းညီအစ်ကို မောင်နှမများကို လက်ခံထားရသည့် ဝန်ထုတ်ဝန်ပိုးကို ထမ်းဆောင်သည်။
ဆက်လက် ဖြစ်ပွားနေသော စီးပွားနှေးကွေးမှုနှင့် ချင်းပြည်သူများကို လက်ခံထားရသော်လည်း မီဇို လူမှုအသိုက်အဝန်းသည် စီးပွားရေး ဆက်လက် ရှင်သန်ရန် ပြင်းထန်သော အခြေအနေကို ရင်ဆိုင်ရသည်။ အိန္ဒိယ ဗဟိုအစိုးရက ထောက်ပံ့မှု မရှိဘဲ နိုင်ငံတကာ အသိုက်အဝန်းနှင့် ဒုက္ခသည်များနှင့် ပတ်သက်သည့် အေဂျင်စီများက ထောက်ပံ့မှု အနည်းငယ်သာ ရှိသလို ရေရှည်အတွက် အဖြေရှာမပေးသောကြောင့် မြန်မာလူမှုအသိုက်အဝန်းနှင့် မီဇိုလူမှုအသိုက်အဝန်းတို့သည် နာကျင်သော ခံစားချက်များ ခံစားကြရသည်။
အရေးပေါ် အခြေအနေအဖြစ် အစားအသောက်၊ အဝတ်အစား၊ ပိုမိုဘေးကင်းသော အမိုးအကာ၊ သောက်သုံးရေနှင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများ လိုအပ်နေဆဲဖြစ်ပြီး ဒုက္ခသည် အများအပြားသည် မြက်အမိုး၊ ဝါးနှင့် ပလတ်စတစ် အကာအရံများဖြင့် ဒေသခံ လူမှုအသိုက်အဝန်းက တည်ဆောက်ထားပေးသည့် စခန်းများတွင် ဆက်လက် နေထိုင်နေရသည်။
ကလေးငယ်များအတွက် အစားအသောက်နှင့် လူမှုယဉ်ကျေးမှု၊ ဘာသာရေးနှင့် စိတ်ဓာတ်ခွန်အားအတွက် လိုအပ်ချက်များ အပါအဝင် လူလားမြောက်ခြင်းအတွက် အထူးလိုအပ်သည့် စောင့်ရှောက်မှုများ မရသည့်အပြင် ပညာရေးလိုအပ်ချက်များလည်း ရှိနေသည်။
ကလေးငယ်များအတွက် အစားအသောက်နှင့် လူမှုယဉ်ကျေးမှု၊ ဘာသာရေးနှင့် စိတ်ဓာတ်ခွန်အားအတွက် လိုအပ်ချက်များ အပါအဝင် လူလားမြောက်ခြင်းအတွက် အထူးလိုအပ်သည့် စောင့်ရှောက်မှုများ မရသည့်အပြင် ပညာရေးလိုအပ်ချက်များလည်း ရှိနေသည်။
အမျိုးသမီးများနှင့် မိန်းကလေးများအတွက် ပုဂ္ဂလိက လွတ်လပ်ခွင့် မရှိသည့်အပြင် စီးပွားရေး အခွင့်အလမ်းလည်း မရှိပေ။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းများမှာ ဒုက္ခသည်စခန်း အများစုသည့် ခရိုင်များအတွင်း ခက်ခဲသည့်ဒေသများတွင် တည်ရှိနေပြီး ဖွံ့ဖြိုးမှု နိမ့်ကျသောကြောင့် အလုပ်အကိုင် အခွင့်အလမ်း မရှိဘဲ ရွာသားအများစုသည် လယ်လုပ်သူများ ဖြစ်သည်။ တချိန်တည်းတွင် ထိုဒေသများသည် တောင်တန်းဒေသများ ဖြစ်သောကြောင့် ရှင်သန်မှု အထောက်အကူပြုရန် စနစ်ကျသည့် စိုက်ပျိုးမြေ မရှိပေ။
စခန်းများတွင် နေထိုင်သူ အများစုသည် သက်ကြီးရွယ်အိုများနှင့် အသက်အရွယ်စုံ ကလေးများ၏ မိခင်များ ဖြစ်သောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုများ လွန်စွာ လိုအပ်နေသည်။ မကြာခဏ ဖျားနာနေပြီး ဆေးဝါကုသပေးသည့် ဌာနများသည် ဝေးကွာသောကြောင့် ဒုက္ခသည်များသည် သယ်ယူပို့ဆောင်ခနှင့် ဆေးကုသခ မပေးနိုင်ကြဘဲ မီဇိုပြည်သူများ အပါအဝင် ဒုက္ခသည်များ၏ ကျန်းမာရေးသည် စိန်ခေါ်မှု ဖြစ်နေသည်။
မီဇိုရမ်ပြည်နယ်မှ လူသားချင်းစာနာမှု အကျပ်အတည်းသည် မြင့်မားနေပြီး ထိုအကျပ်အတည်းသည် ကယ်ဆယ်ရေး စခန်းများတွင် လွန်စွာ မြင့်မားသောကြောင့် ဒုက္ခသည် ၅ သောင်းကျော်အတွက် ဆက်လက်ရှင်သန်၊ ဘေးကင်းရန် အတွက်ပင် စိန်ခေါ်မှု ဖြစ်လာသည်။
အခြားနေရာများသို့ ရွှေ့ပြောင်းပေးရန် စဉ်းစားသည့်တိုင် လက်ရှိ ကျေးရွာများ တည်ရှိသော နေရာများသည်ပင် စိန်ခေါ်မှု လွန်စွာများပြားသောကြောင့် အရာရာခက်ခဲပြီး အသက်မွေးဝမ်းကြောင်းအတွက် စိန်ခေါ်မှု ပိုမိုများပြားမည် ဖြစ်သည်။ ကျေးရွာလူကြီးများက စိုက်ပျိုးရေးအတွက် ယာယီ မြေနေရာပေးရန် တောင်းဆိုပေးနိုင်သည့်တိုင် အစပျိုးလုပ်ဆောင်ရန် ခက်ခဲသည်။
ဒုက္ခသည် အများအပြားသည် စီးပွားရေးရင်းမြစ်များ အသုံးမပြုနိုင်ဘဲ လွန်စွာအနည်းငယ်သော စီးပွားရေးနည်းလမ်း ရှိသူများသည်ပင် ကျပ်ငွေတန်ဖိုး ကျသောကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။ အသက်မွေးဝမ်းကြောင်း ကင်းမဲ့ခြင်းသည် မီဇိုများကိုသာမက မြန်မာဒုက္ခသည် အသိုက်အဝန်းကိုပါ ထိခိုက်စေသည်။
နိုင်ငံဖြန့်ကြက် ဒုက္ခသည်မူဝါဒ မရှိသော်လည်း မီဇိုရမ်ပြည်နယ်သည် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးမူဝါဒတခု ချမှတ်သည့် တုန့်ပြန်မှု လုပ်နိုင်သည်။ အထူးသဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ နယ်စပ် ဖြတ်ကျော်လာသောအခါ ထိုမူဝါဒကို ချမှတ်သည်။
နိုင်ငံဖြန့်ကြက် ဒုက္ခသည်မူဝါဒ မရှိသော်လည်း မီဇိုရမ်ပြည်နယ်သည် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးမူဝါဒတခု ချမှတ်သည့် တုန့်ပြန်မှု လုပ်နိုင်သည်။
ထိုမူဝါဒကို စနစ်တကျ ချမှတ်ပြီး နှောင့်နှေးမှုမရှိပါက မီဇိုရမ်အနေဖြင့် လူသားချင်းစာနာမှု လိုအပ်ချက်များ၊ ဆောင်ရွက်ရမည့် ကယ်ဆယ်ရေး အစီအစဉ်များ၊ အသက်မွေးဝမ်းကြောင်းများနှင့် ရေရှည် ရပ်တည်ရေး၊ လိင်အကြမ်းဖက်ခံရသူများ ဆက်လက် ရှင်သန်ရေး လိုအပ်ချက်များ၊ ကျန်းမာရေး စောင့်ရှောက်မှုများ အဆင်ပြေချောမွေ့အောင် လုပ်ပေးနိုင်ပြီး နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆက်သွယ်ရေး အဆင်ပြေချောမွေ့အောင် လုပ်ပေးနိုင်မည် ဖြစ်သည်။
ထိုမူဝါဒသည် မီဇိုရမ်မှ နေရပ်စွန့်ခွာ အသိုက်အဝန်းများအတွက် နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် ပါဝင်ပတ်သက်သူများ ပွင့်လင်းမြင်သာ တာဝန်ရှိရှိ လုပ်ကိုင်ပြီး မီဇိုအဖွဲ့အစည်းများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နိုင်စေမည် ဖြစ်သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်များသည် မီဇိုရမ်ပြည်နယ် စီးပွားရေးကို တိုးတက်စေမည့် အသက်မွေးဝမ်းကြောင်းနှင့် ရေရှည် ရပ်တည်မှု နည်းလမ်းများ ရှာဖွေရာတွင်လည်း လွယ်ကူစေမည် ဖြစ်သည်။
မြန်မာမှ အခြေအနေသည် လတ်တလော ပြောင်းလဲနိုင်ခြေမရှိဘဲ မြန်မာပြည်သူများသည် တော်လှန်ရေး နည်းလမ်းကို စူးစမ်းလေ့လာနေစဉ်တွင် မီဇိုရမ်သည် အသုံးပြုနိုင်သည့် နည်းလမ်း အားလုံးကို သုံးပြီး မြန်မာမှ နေရပ်စွန့်ခွာလာသော မြန်မာလူမှု အသိုက်အဝန်းကို ထောက်ခံမှု တောင့်တင်းအောင် လုပ်နိုင်ပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Rini Ralte နှင့် Sanjay Valentine Gathia တို့၏ Myanmar Refugees Survive Because of Ethnic Bonds ကို ဘာသာပြန်သည်။ ရီနီ ရယ်လ်တီသည် မီဇို လူမျိုးဖြစ်ပြီး Women Peace Initiative and of the Campaign ဖြစ်သော Another World is Possible! ကို စီစဉ်သူဖြစ်သည်။ သူသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောတွင် အခြေစိုက်သည်။ လွတ်လတ်သော သုတေသီနှင့် လူ့အခွင့်အရေး သေနင်္ဂဗျူဟာ ပညာရှင် ဆန်ဂျေး ဗယ်လင်တိုင်း ဂါသီရာသည် အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို အထူးပြုသည့် Borders and Broader Conversations Initiative ကို တည်ထောင်သူဖြစ်သည်။)
You may also like these stories:
မြန်မာ့အရေးမှာ လောင်းကြေးအထပ်မှားသည့် အိန္ဒိယ
နိုင်ငံသား ၃ ဦး အသတ်ခံရပြီးနောက် နယ်စပ်ဂိတ်ပေါက်ငယ်များ အိန္ဒိယပိတ်ထား
အိန္ဒိယလေပိုင်နက်အတွင်း မြန်မာစစ်လေယာဉ်များ ဝင်ခွင့်မပေးရန် တိုက်တွန်း
မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု အိန္ဒိယ မည်သည့်အကျိုးကျေးဇူးမျှ မထွက်