• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကန့်ဘလူတောင်ခြမ်း စစ်ကြောင်းထိုးသဖြင့် ၂၃ ရွာမှ ဒေသခံများ တိမ်းရှောင်

by ဧရာဝတီ
31 August 2023
in သတင်း
A A
ကန့်ဘလူတောင်ခြမ်း စစ်ကြောင်းထိုးသဖြင့် ၂၃ ရွာမှ ဒေသခံများ တိမ်းရှောင်

စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ထွက်ပြေးတိမ်းရှောင်နေရသည့် ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိကျေးရွာ ဒေသခံများ (ဓာတ်ပုံ- CJ)

577
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်များအတွင်းသို့ သြဂုတ် ၃၀ ရက်နှင့် ၃၁ ရက်များတွင် စစ်တပ်နှင့်ပျူစောထီး ပူးပေါင်း၍ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ကျေးရွာ၂၃ ရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

ထွက်ပြေး တိမ်းရှောင်နေရသည့် ကျေးရွာများမှ ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်များအတွင်းမှ သရက်ခေါင်း၊ ဖလံချိုင်၊ တောင့်တည်းကုန်း၊ ညောင်ဇင်ကြီး၊ ကိုးမြို့၊ ဘိုတဲကုန်း၊ မကုန်း၊ ပေလည်၊ သိုးဘိုး၊ ငါးရာနဲ၊ မင်းဘာ၊ လက် ထုပ်ကုန်း၊ ရင်ငတ်ကုန်း၊ သရက္ကံကြီး၊ ကြာဘက်ကံ၊ ညောင်ကိုင်း၊ ဘုတ်ကုန်း၊ ဆင်နင်း၊ ဆူးတပ်၊ မင်းရွာတော၊ ဇီးဖြူ ကုန်း၊ ရှမ်းတပ်၊ မကျီးကုန်း စသည့်ကျေးရွာများ ဖြစ်သည်။

သရက်ခေါင်း ဒေသခံတဦးက “ကျနော်တို့ဘက်မှာ အခုရက်ပိုင်း မိုးဆက်တိုက် ရွာနေတာ၊ မနေ့က မနက်အစောကြီး၂ နာရီကျော်လောက်မှာ စစ်ကြောင်းက ရုတ်တရက်ဝင်လာတာမို့ မိုးထဲရေထဲ ပြေးခဲ့ကြရတာ။ မိုးရွာထဲ လှည်းနဲ့ပြေးသူ က ပြေး၊ အထုပ်ဆွဲပြီး ပြေးသူကပြေးနဲ့ တော်တော် ဒုက္ခရောက်ပါတယ်ဗျာ။ အခုထိ စစ်ကြောင်းက ပြန်မထွက်သေး တော့ ရွာကို ပြန်မကပ်ရဲသေးဘူး” ဟု ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

သြဂုတ် ၃၀ ရက် နံနက်၂ နာရီ အချိန်ဝန်းကျင်ခန့်တွင် အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းသည် ဇီးကုန်းမြို့ အရှေ့ ဘက် MEC သကြားစက်မှတဆင့် သရက်ခေါင်းကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဝင် ရောက် စီးနင်းခဲ့ကြပြီးနောက် ဒေသခံ၂ ဦးနှင့် ပကဖအဖွဲ့ဝင်တဦးတို့ကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်ပကဖအဖွဲ့မှ တာဝန်ရှိ သူတဦးက “ပြည်သူ၂ ဦးနဲ့ ပကဖရဲဘော်တဦးကို ပစ်သတ်သွားတယ်။ အခု ဝင်တဲ့စစ်ကြောင်းမှာ စစ်သားက အတော် နည်းပါတယ်၊ ပျူစောထီးတွေက ပိုများတယ်၊ အင်အား ၁၅၀ လောက်ထိ ရှိတယ်၊ ဒီနေ့ နေ့လယ်ပိုင်းက သရက်ခေါင်းကနေ စစ်ကြောင်းထွက်သွားပြီး ထန်းကုန်းက ဘုန်းကြီးကျောင်းထဲ ရောက်သွားပါပြီ” ဟု ပြောသည်။

ကန့်ဘလူမြို့နယ် တောင်ခြမ်း၊ ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်များအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေ သည်မှာ အင်အား ၁၅၀ ကျော်ပါ အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ ၃၆၁ နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟု သိရသည်။

စစ်ဘေးရှောင်များအား ကူညီနေသူတဦးက “မနေ့က သရက်ခေါင်းကို ဝင်စီးတဲ့ စစ်ကြောင်းက ညပိုင်းမှာ ခွဲထွက်ပြီး ကြာဘတ်ကံကို တကြောင်း၊ ပြီးတော့ ဇာဒီပျူရွာက ပျူစောထီးအဖွဲ့ကလည်း ဘုတ်ကုန်းဘက်ကို စစ်ကြောင်း ထိုးလာ တာ။ အဲဒီလို စစ်ကြောင်းတွေ ဖြန့်ပြီးတော့ သေနတ်တွေ ဖောက်၊ လက်နက်ကြီးတွေနဲ့ ပစ်ပြီး ဝင်လာကြတာမို့ မနေ့ည ပိုင်းနဲ့ ဒီနေ့မနက်ပိုင်းက ၁၀ ရွာလောက်ထပ်ပြီး ပြေးကြရတာမို့ ရွာပေါင်း၂၄ ရွာက ဒေသခံ ၁ သောင်းကျော်လောက် ထိ စစ်ပြေးကြရတာပေါ့” ဟု ပြောသည်။

သရက်ခေါင်းကျေးရွာအား ဝင်ရောက် စီးနင်းခဲ့သည့်စစ်ကြောင်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက် နက်ကြီးများ၊ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ထိခိုက်မှုများရှိခဲ့သည်ဟု ဒေသပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များက ဆိုသည်။

ကန့်ဘလူမြို့နယ် ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက “လောလောဆယ်မှာ ကချင်၊ ချင်း၊ ကရင်နီနဲ့ ရှမ်းပြည်နယ်ဘက် တွေမှာ အင်အားအလုံးအရင်းနဲ့ ထိုးနေရတာဆိုတော့ အင်အားက အတော်နည်းသွားတယ်ဆိုတာကို သတိထားမိ တယ်။ ဒါကြောင့် အခုနောက်ပိုင်း ကျနော်တို့ ကန့်ဘလူနယ်နဲ့ စစ်ကိုင်းတိုင်းထဲက အခြားဒေသတွေကို စစ်ကြောင်း ထိုးရင် သူတို့က ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးတွေကိုပဲ အင်အားအများအပြား သုံးလာတာကို တွေ့ရတယ်။ အခု စစ်ကြောင်းမှာဆိုရင် စစ်သားက ၅၀ ဝန်းကျင်နဲ့ ကျန်တာက ပျူစောထီးတွေပဲ၊ ပျူစောထီးတွေက ဝါသဝလက် အောက်ခံ ကန့်ဘလူခရိုင်ထဲက အဖွဲ့တွေ ပေါင်းထားကြတာပါ” ဟု ပြောသည်။

ကန့်ဘလူမြို့နယ် တောင်ခြမ်းတွင် ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်မှုများ မရှိခဲ့ဘဲ သြဂုတ် ၁၂ ရက်က ယမနေပျူစောထီးကျေးရွာအား ကန့်ဘလူခရိုင်တပ်ရင်း ၄ မှ ဦးဆောင်၍ ဒေသခံ ပြည်သူကာကွယ်ရေးတပ် ဖွဲ့များ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများအထိနာခဲ့သဖြင့် ပြန်လည်စစ်ကြောင်းထိုးလာခြင်းဟု ဒေသတွင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။

ကန့်ဘလူမြို့နယ် ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက “ယမနေတိုက်ပွဲမှာ ပျူစောထီးတွေ အထိအခိုက် အကျအဆုံးများ ခဲ့တဲ့အပြင် ကျနော်တို့အဖွဲ့တွေက အခိုင်အမာ ဆောက်ထားတဲ့ ဘန်ကာကို ဖြိုးနေတဲ့အချိန် ဂျက်ဖိုက်တာနဲ့ လာပစ် တယ်၊ အဲဒီလို လာပစ်တာမှာ ယမနေရွာထဲကို ကျပြီး ပျူစောထီးတွေနဲ့ မိသားစုဝင်တွေထိပြီး သေတာတွေ ဒဏ်ရာရ တာတွေ ရှိခဲ့တယ်၊ ကျနော်တို့ အတည်ပြုချက်အရတော့ ၆ ဦး ထက်မနည်း သေဆုံးခဲ့ပြီး၂၀ လောက်ထိ ကန့်ဘလူမှာ ဆေးကုသမှုခံနေရတယ်လို့ သိရတယ်” ဟု ပြောသည်။

ထိုသို့ ယမနေပျူစောထီးကျေးရွာအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ခမရ ၃၆၁ နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ဩဂုတ်၂၅ ရက်တွင် ဇီးကုန်းတိုက်နယ်အတွင်းရှိ ဆီဆုံကြီးနှင့် ရွာသစ်ကျေး ရွာသို့ ၄ ရက်တိတိ ဝင်ရောက်စီးနင်း တပ်စွဲကာ ဆီဆုံကြီးကျေးရွာမှ စိတ်ကျန်းမာရေး မကောင်းသည့် ကိုနိုင်ဝင်း အောင် (၃၇ နှစ်)၊ ရွာသစ်ကျေးရွာမှ ဦးမောင်လွင် (၄၉ နှစ်)၊ ဦးထွန်းအောင် (၅၄ နှစ်) တို့ကို ရက်ရက်စက်စက် သတ် ဖြတ်ခဲ့ကြောင်း၊ ထို့အပြင် ဆီဆုံကြီးနှင့် ရွာသစ်ကျေးရွာများအတွင်းမှ ပြည်သူပိုင် အဖိုးတန်ပစ္စည်းများ၊ စား‌သောက် ကုန်၊ အဝတ်အစားနှင့် ရေခဲသေတ္တာပါ မကျန် ခိုးယူ သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ဩဂုတ်၂၈ ရက်တွင် ဇီးကုန်းသကြားစက်သို့ ကား ၃ စီး အင်အားအပြည့်ဖြင့် ဝင်ရောက် သွားခဲ့ပြီး သြဂုတ် ၃၀ ရက်နေမှ စတင်ကာ ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်များအတွင်းသို့ စစ်ကြောင်းထိုးဝင် နေခြင်းဟု သိရသည်။

“စစ်ရှောင်တွေကို နီးစပ်ရာရွာတွေ၊ အဖွဲ့အစည်းတွေကနေ ကူညီထောက်ပံ့ပေးနေရတာပေါ့၊ လုံလောက်တဲ့အခြေ အနေတော့ မဟုတ်ဘူးပေါ့၊ ပြီးတော့ အခုစစ်ရှောင်တွေနေကြရတာ တောထဲတောင်ထဲဆိုတော့ မြွေတွေလည်း ပေါ တယ်၊ မိုးထဲ ရေထဲမှာဆိုတော့ အဆင်မပြေကြပါဘူး၊ လက်ရှိက သရက်ခေါင်းကို ပြန်မကပ်နိုင်ကြသေးတော့ ရွာထဲက ပျက်စီးဆုံးရှုံးမှုတွေကို အသေးစိတ်မသိရသေးဘူး။ လက်ရှိမှာတော့ စစ်ကြောင်းနဲ့ ဝေးသွားတဲ့ ရွာတွေကတော့ ပြန်ဝင် နေကြပါပြီ” ဟု စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောသည်။

စစ်ကောင်စီက လက်နက်တပ်ဆင်ထားသည့် ပျုစောထီအဖွဲ့များသည် ဒေသခံများအပေါ် အနိုင်ကျင့် ခြိမ်းခြောက် ငွေ ကြေးတောင်းယူခြင်း၊ ဒေသခံများအား ပျူဂိတ်များတွင် ဖိအားပေးဂိတ် စောင့်ခိုင်းခြင်း၊ စစ်ကောင်စီက ဦးစီးပြုလုပ်နေ သည့် ပြည်သူ့စစ်သင်တန်းများ တက်ရောက်ရန် ခြိမ်းခြောက်ခိုင်းစေခြင်း၊ သင်တန်း မတက်လိုသူများထံမှ ငွေကြေး ကောက်ခံခြင်းများ ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

ထို့ပြင် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးသည့် စစ်ဘေးရှောင်ဒေသခံများမှာ ဖမ်းဆီး ခေါ်ဆောင်ခံရခြင်းများရှိနေသလို တချို့အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) ဟု စွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများလည်း ခံနေရ ကြောင်း တော်လှန်ရေး အင်အားစုများနှင့် ဒေသခံများက ဆိုသည်။

ယခုအခါ စစ်ကောင်စီတပ်တွင် တပ်သားသစ်စုဆောင်းရန်ခက်ခဲလာခြင်းနှင့်အတူ အင်အားလျော့နည်းလာခြင်းများ ကြောင့် ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာတွင် နယ်ခံပျူစောထီးများ ပါဝင်မှု အများဆုံး ဖြစ်ကာ ပျူစောထီ ၁၆ ဦးလျှင် စစ်တပ်ကတဦး ကြီးကြပ်သည့်ပုံစံဖြင့် ကျင့်သုံးလာသလို၊ ပျူစောထီးအဖွဲ့များက စစ် ကောင်စီတပ်များနှင့် ပူးပေါင်း၍ ၎င်းတို့အား မထောက်ခံသည့် ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်း၊ အဖိုးတန်လက်ဝတ် ရတနာနှင့် စားနပ်ရိက္ခာများအား အဓမ္မလုယက် သိမ်းဆည်းခြင်းများကိုလည်း ပြုလုပ်လျက် ရှိသည်။

You may also like these stories:

TNLA နဲ့ စစ်တပ် မူဆယ်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံ ထောင်ချီထွက်ပြေးနေရ

TNLA နဲ့ စစ်တပ် မူဆယ်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံ ထောင်ချီထွက်ပြေးနေရ

တော်လှန်ရေးကို ထိခိုက်စေသော ရာဇဝတ်မှုများအား ထိန်းချုပ်ရန်လို

Your Thoughts …
Tags: ကန့်ဘလူစစ်ဘေးရှောင်ပျူစောထီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

by အသွင်သစ်
1 March 2024
25.6k

“လင်းယုန်ကို အာခံပြီး ထွက်သွားရင် အသက်အာမခံချက်မရှိဘူး။ အရှင်ထွက် မရှိဘူး။ အသေထွက်ပဲရှိမယ်” ဆိုတဲ့ ကြိမ်းဝါးသံက မရှိုင်းဇာနည်အတွက် ထိတ်လန့် တုန်လှုပ်စေခဲ့ပါတယ်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
20k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

Next Post
ဆီကုန်သည်များအား ဖမ်းဆီးစစ်ဆေးမှု စစ်ကောင်စီကို လုပ်ငန်းရှင်များ ဝေဖန်

ဆီကုန်သည်များအား ဖမ်းဆီးစစ်ဆေးမှု စစ်ကောင်စီကို လုပ်ငန်းရှင်များ ဝေဖန်

တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်

တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved