• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ့အနှေးရထား လာနေသည်

by Tony Waters
3 August 2024
in ဆောင်းပါး
A A
မြန်မာ့အနှေးရထား လာနေသည်
1.6k
VIEWS
Share on FacebookShare on Twitter

စာအုပ်အမည် – On the Shadow Tracks: A Journey Through Occupied Myanmar
ရေးသားသူ – Clare Hammond
ထုတ်ဝေသည့်စာအုပ်တိုက် – Allen Lane/Penguin Books
ထုတ်ဝေသည့် ခုနှစ် – ၂၀၂၄

ကလဲယား ဟမ်းမွန်း (Clare Hammond) ၏ စာအုပ်သစ် “On the Shadow Tracks” သည် မြန်မာမှ အာဏာရှင်စနစ်ကို တီထွင်ဆန်းသစ်သော လေ့လာမှု ဖြစ်သည်။ ထိုစူးစမ်းလေ့လာမှုကို သူသည် မြန်မာ၌ ၂၀၁၆ ခုနှစ်တွင် ရထားစီး လေ့လာခဲ့သည်။

ထိုစဉ်က စိတ်ရှည်၊ ခေါင်းမာပြီး စိတ်ရှုပ်ထွေးနေသော အရာရှိများနှင့် အပေးအယူလုပ်နိုင်ပါက ထိုသို့ ခရီးသွားလာနိုင်သည်။ တရားဝင်မြေပုံနှင့် မြေပြင်မှ အခြေအနေများ မတူသည်ကိုလည်း နားလည် သဘောပေါက်ထားရန် လိုအပ်သည်။ မြန်မာတွင် ရထားဖြင့် ခရီးသွားလာခြင်းသည် ဘူတာရုံသို့သွားပြီး လက်မှတ်ဝယ်ကာ သတ်မှတ်ထားသောအချိန်တွင် ထိုင်ခုံ၌ နေရာယူ လိုက်ပါသွားရုံမျှ ရိုးရှင်းသော ကိစ္စမဟုတ်ပေ။

ထိုသို့ဖြစ်ရခြင်းမှာ မြန်မာရထားများသည် ခရီးသည် သို့မဟုတ် ကုန်စည် ပို့ဆောင်ပေးရန်အတွက် မဟုတ်သောကြောင့် ဖြစ်သည်ဟု စာရေးဆရာမ ဟမ်းမွန်းက ကောက်ချက်ချသည်။ မြန်မာရထားများသည် စစ်တပ်လွှမ်းမိုးမှုအတွက် ပထမဦးစားပေးဖြစ်ပြီး ထိုသို့ဖြစ်နေသည်မှာ ၁၉ ရာစုတွင် ဗြိတိသျှတို့က ရထားလမ်းများ စတင်တည်ဆောက်စဉ်ကပင် ဖြစ်သည်။

အတိုချုပ် ပြောရပါက မြန်မာရထားလမ်းများသည် နိုင်ငံခြားသားများ (ဗြိတိသျှ) သို့မဟုတ် မြန်မာစစ်တပ်က ကိုလိုနီကျွန်ပြုသည့် ကိရိယာဖြစ်သည်။ မြန်မာရထားလမ်းများသည် စစ်တပ်များကို ဝေးလံသော ဒေသများသို့ ပို့ဆောင်ရန်နှင့် ဝေးကွာသော အစိုးရများကို ဘဏ္ဍာငွေ ဆက်သရန် ငွေ၊ ခဲ၊ ကျွန်းသစ်နှင့် ကျောက်စိမ်း စသည့် “လုရာပါပစ္စည်း”များကို ပြန်လည် သယ်ဆောင်ရန်ဖြစ်သည်ဟု ဟမ်းမွန်းက ရေးသားသည်။

ခရီးသည်များ ခရီးသွားလာခြင်း အထူးသဖြင့် ဟမ်းမွန်းကဲ့သို့သော ကမ္ဘာလှည့်ခရီးသည်များ ခရီးသွားလာခြင်းသည် မြန်မာရထားလုပ်ငန်း စီမံခန့်ခွဲသူများ၏ ယှဉ်တွဲပါလာသည့် စိတ်ဝင်စားမှု သို့မဟုတ် လုံးဝ စိတ်မဝင်စားသည့်ကိစ္စ ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ရထားလမ်းများအနီးတွင် နေထိုင်သူများကလည်း စိတ်မဝင်စားသလောက်ပင်ဖြစ်ပြီး ဟမ်းမွန်း မှတ်တမ်းတင်ထားသည့်အတိုင်း ဆိုပါက အတင်းအကျပ် လုပ်အားစေခိုင်းမှု ဖြစ်နိုင်သော ရင်းမြစ်နှင့် နှောက်ယှက်ဖျက်ဆီးမှု ဖြစ်နိုင်သော ရင်းမြစ်အဖြစ်သာ စိတ်ဝင်စားကြသည်။

ထိုသို့သော အခြေအနေများ ရှိစေကာမူ ကိုလိုနီနယ်ချဲ့သမားများ၊ မြန်မာ ဗိုလ်ချုပ်များနှင့် နိုင်ငံတကာ အလှူရှင်များသည် ရထားလမ်းများကို ” ငွေရင်းနှင့် စီးပွားရေးလုပ်ငန်းများက မောင်းနှင်သည့် ပုံမှန် အင်တိုက်အားတိုက် တိုးချဲ့ခြင်းက ကောင်းမွန်သည့် အင်အားစု တခု” အဖြစ် ယူဆကြသည်။

ဟမ်းမွန်း၏ ကောက်ချက်ကို နားလည်ရန်အတွက် စာဖတ်သူအနေဖြင့် ရထားလုပ်ငန်းသည် လွတ်လပ်သောဈေးကွက် ရိုးရှင်းသိမ်မွေ့စွာ ချဲ့ထွင်ခြင်းဖြစ်သည်ဆိုသည့် ရထားလမ်းနှင့် ပတ်သက်သည့် အတွေးအခေါ်ကို စွန့်ပယ်ရန် လိုအပ်သည်။

ဟမ်းမွန်း၏ ကောက်ချက်ကို နားလည်ရန်အတွက် စာဖတ်သူအနေဖြင့် ရထားလုပ်ငန်းသည် လွတ်လပ်သောဈေးကွက် ရိုးရှင်းသိမ်မွေ့စွာ ချဲ့ထွင်ခြင်းဖြစ်သည်ဆိုသည့် ရထားလမ်းနှင့် ပတ်သက်သည့် အတွေးအခေါ်ကို စွန့်ပယ်ရန် လိုအပ်သည်။

ထိုသို့မဟုတ်ဘဲ မြန်မာရထားလမ်းများ တိုးချဲ့ခြင်းသည် စစ်တပ်အာဏာ ထူထောင်ရေးသာဖြစ်ပြီး လန်ဒန်၊ ကာလ်ကတ္တား၊ ရန်ကုန်နှင့် ယခု နေပြည်တော် စသည့် မြို့ပြဒေသများမှ အထက်လွှာများ အကျိုးကျေးဇူး ဖြစ်စေသည်ဟု ဟမ်းမွန်းက ရေးသားသည်။ ထိုကိစ္စအတွက် အဓိကသော့ချက်မှာ လူ့အခွင့်အရေး ကပ်ဆိုးဖြစ်ခဲ့သော၊ ဖြစ်နေဆဲဖြစ်သော အတင်းအကျပ် လုပ်အားစေခိုင်းသည့်စနစ် ဖြစ်သည်။

ဗြိတိသျှတို့ ရထားလမ်းများ ဖောက်လုပ်ခြင်း သို့မဟုတ် ဆန်၊ ကျွန်းသစ်နှင့် အရင်းရှင်စနစ်

မြန်မာရထားလမ်းစနစ်သည် ၁၈၂၄ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်အတွင်း စစ်ပွဲသုံးကြိမ်ဖြစ်ပြီး မြန်မာကို ဗြိတိသျှတို့ သိမ်းပိုက်ခြင်းနှင့် အပြန်အလှန် ဆက်စပ်နေသည်။ ရထားလမ်းများ ဖောက်လုပ်ခြင်းကို ဗြိတိသျှ အင်ဂျင်နီယာများက ၁၈၅၀ ပြည့်နှစ်များတွင် စတင်အဆိုပြုပြီး အမြင့်မားဆုံး ရည်မှန်းချက်မှာ အိန္ဒိယသမုဒ္ဒရာမှ တရုတ်နိုင်ငံတောင်ပိုင်းသို့ ရထားလမ်းဖောက်ရန် ဖြစ်သည်။ ပထမဆုံးရထားလမ်းကို ၁၈၇၇ ခုနှစ်မှသာ လက်တွေ့ ဖောက်လုပ်နိုင်ပြီး ရန်ကုန်မှ ပြည်သို့ ရထားလမ်းဖြစ်ကာ ဆန်ကို ဆိပ်ကမ်းများသို့ သယ်ဆောင်သည်။

ရထားလမ်းများ ဖောက်လုပ်ခြင်းသည် ၁၈၈၅ ခုနှစ်တွင် မန္တလေးနန်းတော်ကို သိမ်းပိုက်ပြီးသောအခါ အရှိန်မြင့်လာသည်။

“အသစ် သိမ်းပိုက်ထားသည့် နယ်မြေများကို ဖြတ်သန်းပြီး မြန်မာမြို့တော် မန္တလေးသို့ ရထားလမ်းအတွက် တိုင်းတာရေးလုပ်ရန် အင်ဂျင်နီယာအဖွဲ့များကို ရန်ကုန်မှ လက်နက်ကိုင်အစောင့်များနှင့် စေလွှတ်သည်။ ထိုရထားလမ်း တည်ဆောက်ခြင်းကို စီးပွားရေးတွက်ခြေကိုက်မှုအကြောင်း အလေးအနက် ဆွေးနွေးခြင်းမပြုဘဲ အတည်ပြုသည်။ အလုပ်သမား ၂၄,၀၀၀ ခန့်ကို အတင်းအကျပ်ခေါ်ယူပြီး ထိုအလုပ်သမားများ အလုပ်လုပ်ချိန်တွင် ကာကွယ်ရန် တပ်ရင်းတရင်း ဖွဲ့စည်းသည်။ ထိုရထားလမ်းကို အမြောက်ကြီးများ သယ်ဆောင်ရန် တည်ဆောက်ခြင်းဖြစ်သည်။ ဘူတာရုံများကို တိုက်ခိုက်မှု ခံနိုင်ရည်ရှိရန် တည်ဆောက်ပြီး ဗြိတိသျှအာဏာကို မြို့ကြီးများမှ ၎င်းတို့အကြား ကျေးရွာများသို့ တဖြည်းဖြည်းချဲ့ထွင်သည်။ ထိုနည်းဗျူဟာသည် နောင်တွင် မြန်မာစစ်တပ်က တိုင်းရင်းသားပုန်ကန်မှုများတွင် သုံးရန် ကြိုးစားသည့် နည်းဗျူဟာ ဖြစ်သည်။”

“တချိန်တည်းတွင် ဗြိတိသျှတပ်များသည် ပတ်ဝန်းကျင်ရှိ သစ်တောများကို လေ့လာရှင်းလင်းကာ မြန်မာခေါင်းဆောင်များကို အပြင်းအထန် လက်နက်ဖြုတ်သည်။ ကိုလိုနီနယ်ချဲ့စာပေ အများအပြားကဲ့သို့ပင် ၎င်းတို့သည် ဗြိတိသျှအကြမ်းဖက်မှုကို မှေးမှိန်ပြီး ဖျောက်ဖျက်ရန်လုပ်သည့် ပရိယာယ်များဖြစ်သည်။ ခုခံတော်လှန်ရေးကို ထောက်ခံသည်ဟု သံသယရှိသည့် ကျေးရွာများကို နေရာသစ်များသို့ ရွာလုံးကျွတ် ရွှေ့ပြောင်းသည်။ လူ သောင်းများစွာကို ရွှေ့ပြောင်းပြီး ၎င်းတို့ နေအိမ်ဟောင်းများကို မီးရှို့သည်။ ထိုသေနင်္ဂဗျူဟာသည် စစ်အာဏာရှင်များ၏ ပုန်ကန်မှုနှိမ်နင်းရေး စစ်ဆင်ရေးများ၏ အဓိက အစိတ်အပိုင်းသေနင်္ဂဗျူဟာ ဖြစ်သည်။” (စာမျက်နှာ ၁၇၇-၁၇၈)

ထို့ကြောင့် ဗြိတိသျှတို့က မြန်မာကို မည်သည်တို့ ပေးခဲ့သနည်း။ ဟမ်းမွန်း၏ ကောက်ချက်မှာ ဗြိတိသျှရထားလမ်းများသည် ခေတ်သစ်စစ်တပ် ရထားလမ်းဖောက်သူများကဲ့သို့ပင် ကိုလိုနီနိုင်ငံတော်၏ ပိုင်နက်ကို ချဲ့ထွင်ရန်နှင့် ကုန်ကြမ်း သယံဇာတများ ထုတ်ယူရန် နည်းလမ်းဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်း ဝေးကွာသော ငွေနှင့် ခဲသတ္တုမိုင်း ဘော်တွင်းသို့ ဟမ်းမွန်း၏ ခရီးစဉ်သည် ထိုအချက်ကို ကောင်းစွာ ပြသနေသည်။

ထိုသတ္တုမိုင်းသည် အမေရိကန် သမ္မတ ဟားဗတ် ဟူးဗား၏ လန်ဒန်အခြေစိုက် ဘားမားကော်ပိုရေးရှင်း၏ ဘဏ္ဍာတိုက်ကို ဖြည့်ဆည်းပေးခဲ့သည့် အလွန်ကြွယ်ဝသော သတ္တုမိုင်းဖြစ်သည်။ ကိုလိုနီခေတ်မြန်မာနိုင်ငံ ဝေးကွာသောဒေသမှ ကြွယ်ဝချမ်းသာမှု ထုတ်ယူသည့်လုပ်ငန်း၏ အကြွင်းအကျန်များ ပျောက်ကွယ်သွားသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ ၂၀၁၆ ခုနှစ်က ဟမ်းမွန်း သွားရောက်သည့်အချိန်တွင် အပျက်အစီးများသာ ရှိတော့ပြီး ရထားလမ်းများသည် သူ့ခရီးအတွက် ငှားထားသည့် ရထားလမ်းသွား ထရော်လီကား အသေးစားအတွက်သာ အသုံးပြုနိုင်တော့သည်။

ဗြိတိသျှကိုလိုနီစနစ်မှ ရသည့် အခြားအမွေတခုမှာ ဗြိတိသျှအိန္ဒိယနှင့် တရုတ်နိုင်ငံတောင်ပိုင်းကို ရထားလမ်းဖောက်မည့် အိပ်မက်ဖြစ်သည်။ ထိုအိပ်မက်သည် ယနေ့တိုင် ရှိနေသေးပြီး မြန်မာအတွက် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများ၏ တစိတ်တပိုင်းဖြစ်သည်။

ဗြိတိသျှကိုလိုနီစနစ်မှရသည့် အခြားအမွေတခုမှာ ဗြိတိသျှအိန္ဒိယနှင့် တရုတ်နိုင်ငံတောင်ပိုင်းကို ရထားလမ်းဖောက်မည့် အိပ်မက်ဖြစ်သည်။ ထိုအိပ်မက်သည် ယနေ့တိုင် ရှိနေသေးပြီး မြန်မာအတွက် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများ၏ တစိတ်တပိုင်းဖြစ်သည်။ ဟမ်းမွန်း ထောက်ပြသည့်အချက်မှာ ဗြိတိသျှကိုလိုနီ နယ်ချဲ့သမားများဖြစ်စေ၊ မြန်မာဗိုလ်ချုပ်များဖြစ်စေ၊ ရထားလမ်းများ တည်ဆောက်နေသည့် တရုတ်ဘဏ်များဖြစ်စေ ဒေသဖွံ့ဖြိုးရေးကို စိတ်မဝင်စားသည့် အချက်ဖြစ်သည်။

အာဏာဖြင့် ပြည်သူကို သတ်ရန်၊ ထောင်ချရန်နှင့် နှိမ်နင်းရန် အသုံးပြုလျှင် ယဉ်ကျေးသော လူ့အဖွဲ့အစည်း ရောက်ရှိလာစေမည့် နည်းလမ်းမှာ ထိုနည်းလမ်းသာ ဖြစ်သည်ဆိုသည့် ၎င်းတို့၏ တူညီသော ယူဆချက်သည်လည်း အလားတူ အရေးကြီးသည်။ ထိုပြည်သူများအား ရထားလမ်းပိုင်ရှင်များက ဓားပြများ၊ စစ်ဘုရင်များ၊ သူပုန်များ၊ လုယက်သူများဟု ခေါ်ကြသည်။ ရထားလမ်းများနှင့်ပတ်သက်လျှင် ငြိမ်းချမ်းရေး အမည်ခံသော အကြမ်းဖက်မှု အများအပြား လိုအပ်သည်။

“ငြိမ်းချမ်းရေး တည်ဆောက်ခြင်း” ဆိုသည်ကို ဗြိတိသျှစစ်တပ်မှဖြစ်စေ၊ ယနေ့ မြန်မာစစ်တပ်မှဖြစ်စေ သူရဲကောင်းစစ်သားကြီးများနှင့် ၎င်းတို့၏ သေနတ်များက ဆောင်ယူလာခဲ့ကြသည်။ သာမန် ရထားလက်မှတ်များနှင့် ဈေးကွက်များသည် ပြည်သူများအတွက် မဟုတ်ဘဲ ပြည်သူများသည် ထိုရထားလမ်းက ၎င်းတို့ ရိုးရာအစဉ်အလာ ဒေသများသို့ ယူဆောင်လာမည့် အကြမ်းဖက်မှုကိုသာ ကြောက်နေကြရသည်။

ထို့ကြောင့် ဒေသခံပြည်သူများသည် ရထားလမ်းစီမံကိန်းများနှင့် ခပ်ကင်းကင်းနေရန် ခိုင်လုံသော အကြောင်းရှိသည်။ လန်ဒန်တွင် ဟမ်းမွန်း ပြုလုပ်ခဲ့သည့် သမိုင်းဝင် သုတေသနတွင် တွေ့ရရှိရသည့်အတိုင်း အတင်းအကျပ် လုပ်အားစေခိုင်းမှုသည် ၁၉၉၀ ပြည့်နှစ်များတွင် မြန်မာစစ်အုပ်စုက စတင်ခဲ့သည် မဟုတ်ပေ။ ရထားလမ်းများ ဖောက်လုပ်ခြင်းသည် ပင်ကိုယ်သဘောအရပင် ကျောက်များကို လက်ဖြင့် ပုံရန်၊ တောင်စောင်းများတွင် ရထားလမ်း အောက်ခံကို လက်ဖြင့်တူးရန်၊ အင်ဂျင်နီယာများ၏ ညွှန်ကြားချက်အတိုင်း သံလမ်းများကို ချထားရန်နှင့် တောနက်ထဲတွင် ရွှေ့ပြောင်းစခန်းများ ထူထောင်ရန် အလုပ်သမား အလွန်အများအပြား လိုသည်။

ဗိုလ်ချုပ်နေဝင်းမှ နဝတခေတ်အထိ

ဗိုလ်ချုပ်နေဝင်းသည် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီး ဗြိတိသျှ မြန်မာနိုင်ငံဖြစ်ခဲ့သည့် နယ်စပ်ဒေသများကို အာဏာချဲ့ထွင်ရန် စစ်ဆင်ရေးများ စတင်သည်။ ဗြိတိသျှတို့ကဲ့သို့ပင် နေဝင်း၏ ဗိုလ်ချုပ်များသည် ကုန်းမြင့်တောင်တန်း ဒေသများကို ထိန်းချုပ်ရန် ရထားလမ်းများဖောက်ကြသည်။ ၎င်းတို့သည် ကျယ်ပြန့်သော သစ်တောများကိုလည်း စစ်တပ်ပိုင်အဖြစ် သိမ်းယူပြီး ထိုသစ်တောများတွင် စစ်တပ်ခရိုနီများက ကျွန်းသစ်နှင့် အခြား သယံဇာတများ ထုတ်ယူကြသည်။

ဗိုလ်ချုပ် နေဝင်းကို ဆက်ခံသည့် ဗိုလ်ချုပ် သန်းရွှေ၏ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) သည် ရထားလမ်းများကို တိုးချဲ့ပြီး ရထားကွန်ရက်များကို ချဲ့ထွင်ကာ စစ်တပ်က ၎င်းတို့ ကုမ္ပဏီများအတွက် ကျွန်းသစ်၊ ကျောက်စိမ်းနှင့် ကျောက်မျက် ထုတ်ယူရန် နောက်ထပ်မြေများကို သိမ်းသည်။

ထိုဒေသများတွင် နေထိုင်သူများသည် “ဖြတ်လေးဖြတ်” ဟုခေါ်သည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ပြုလုပ်ခံရသည်။ ထိုသို့ ပုန်ကန်မှုနှိမ်နင်းရေး မူဝါဒများသည် ၁၉၈၀ ပြည့်နှစ်များနှင့် ထို့နောက်ပိုင်းကာလများတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) နှင့် ဒုက္ခသည် သန်းချီ ဖြစ်စေခဲ့သည်။

ဟမ်းမွန်း၏ ၂၀၁၆ ခုနှစ် ရထားခရီးစဉ်

ဟမ်းမွန်းသည် ဗြိတိသျှခေတ် ရထားလမ်းဟောင်းတွင်သာမက ရထားလမ်းသစ်များတွင်လည်း ခရီးသွားခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သေနင်္ဂဗျူဟာများကို မှတ်တမ်းတင်သည်။ သူ အောင်မြင်သည့်အကြိမ် အများအပြားရှိပြီး ထားဝယ်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ မကွေး၊ ရခိုင်၊ ကချင်၊ ရှမ်းနှင့် အထူးဆန်းဆုံးမှာ နေပြည်တော်မှ ရထားလမ်း အစိတ်အပိုင်းများကို တွေ့ခဲ့ခြင်းဖြစ်သည်။ အချို့နေရာများတွင် ရထားလမ်းများကို စွန့်ပစ်ထားသည်၊ ရေလွှမ်းမိုးမှု မြေပြိုမှုကြောင့် ပိတ်ထားသည်၊ အချို့ကို စစ်ရေးလိုအပ်ချက်များ မရှိတော့သောကြောင့် အသုံးမပြုဘဲ ထားသည်။

ဟမ်းမွန်းသည် ဗြိတိသျှခေတ် ရထားလမ်းဟောင်းတွင်သာမက ရထားလမ်းသစ်များတွင်လည်း ခရီးသွားခြင်းဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သေနင်္ဂဗျူဟာများကို မှတ်တမ်းတင်သည်။ သူအောင်မြင်သည့်အကြိမ် အများအပြားရှိပြီး ထားဝယ်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ မကွေး၊ ရခိုင်၊ ကချင်၊ ရှမ်းနှင့် အထူးဆန်းဆုံးမှာ နေပြည်တော်မှ ရထားလမ်း အစိတ်အပိုင်းများကို တွေ့ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင် သန်းရွှေ၏ ချွေးတပ်စခန်းများမှ မသေဘဲ လွတ်မြောက်လာသူများကိုလည်း ဟမ်းမွန်းက တွေ့ဆုံမေးမြန်းခဲ့သည်။ ရထားလမ်း အောက်ခံအတွက် ကျောက်များကို လက်ဖြင့်ခွဲရန်၊ တောင်စောင်းများကို တူးဆွရန်၊ ရထားလိုဏ်ခေါင်းများ တည်ဆောက်ရန်နှင့် ရေဝပ်သောနေရာများကို ဖောက်ထုတ်ရန် လုပ်အားပေးရေးအတွက် မိသားစုများကို စစ်တပ်က မည်သို့အမိန့်ပေးကြောင်း သူ ကြားသိရသည်။

ထိုခိုင်းစေမှုကို စစ်သားများက အမြဲတမ်းစောင့်ကြည့်နေပြီး ကျွေးမွေးသော အစားအသောက်သည် ညံ့ဖျင်းကာ ငှက်ဖျားနှင့် အခြားရောဂါများ ပေါများသောကြောင့် သေဆုံးမှုနှုန်းလည်း မြင့်မားသည်။ အသက်မသေ လွတ်မြောက်လာသူများ၏ ပြောဆိုချက်များအရ ထိုလုပ်အားအတွက် လုပ်အားခမပေးဘဲ ၎င်းတို့ မိသားစုများကို အကြမ်းဖက်မည့် ခြိမ်းခြောက်မှုကြောင့် လုပ်ပေးရသည်ဟု သိရသည်။

ဆောက်လုပ်ရေး စံနှုန်းများလည်း နိမ့်ပြီး ထိုရထားလမ်းသစ်များသည် အလျင်အမြန် ပျက်စီးကြသည်။ နေရာအများအပြားတွင် ပိတ်မိနေသော ရထားလမ်းသွား ထရော်လီကားများ ခရီးတိုအတွက် ဆက်လက် မောင်းနှင်နေကြသည်ကို တွေ့ရသည်။ ထိုရထားလမ်းအချို့သည် လမ်းကြောင်းမြေပုံတွင် ပါဝင်ပြီး အချို့မှာ ပါဝင်ခြင်း မရှိပေ။

အထူးဆန်းဆုံးဖြစ်နိုင်သည့် စစ်အာဏာရှင် သန်းရွှေ၏ မီးရထားမူဝါဒကို အခန်း ၈ တွင် တွေ့ရပြီး ထိုအခန်းတွင် ဟမ်းမွန်းသည် နေပြည်တော်မှ ယခု အသုံးမပြုတော့သည့် အဆောက်အအုံများသို့ သွားသော ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းက တည်ဆောက်ထားသည့် ရထားလမ်းကို ခြေရာခံဖော်ပြထားသည်။

ထိုရထားလမ်းများသည် ၂၀၀၅ ခုနှစ်တွင် ကမ္ဘာကို စတင်ပြသသည့် နေပြည်တော်မှ ကျယ်ပြန့်သော ကွန်ကရစ်လမ်းမကြီးများကို တည်ဆောက်ရန် ထုံးကျောက်များ တူးဖော်သည့် ကျောက်မိုင်းများမှ စတင်သည်။ ထိုစက်ရုံအတွင်း ခဏတာမျှ ဝင်ခွင့်ရသောအခါ ထိုရထားလမ်းများသည် မည်သည့်အတွက်ဖြစ်သည်နှင့် ရထားလမ်းဆုံးသည် မည်သည့်အတွက် ဘိလပ်မြေစက်ရုံတွင် လမ်းဆုံးသည်ကို မည်သူမှ မသိပေ။

နယ်စပ်များမှ ဖရိုဖရဲအခြေအနေများ သို့မဟုတ် အုပ်ချုပ်မခံရခြင်း အတတ်

မြန်မာ၏ ရထားစနစ်သည် ကျန်ကမ္ဘာနှင့် သီးခြားဖြစ်နေခြင်းသည်လည်း ထူးခြားသည်။ နှစ်ပေါင်း ၁၈၀ တိုင်တိုင် ကြိုးစား၊ စိတ်ကူးယဉ် အိပ်မက်မက်ပြီး တည်ဆောက်သော်လည်း တရုတ်ပြည်သို့ ရထားလမ်းသည် မည်သည့်အခါကမှ မပြီးစီးခဲ့ပေ။ အိန္ဒိယသို့သွားသည့် လမ်းသည်လည်း မပြီးစီးပေ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့က ထိုင်းနှင့် မြန်မာမဟာမိတ်များနှင့် ချိတ်ဆက်ရန် အားထုတ်သည့် ရထားလမ်း ပြီးစီးပြီး ခဏတာ အသုံးပြုခဲ့သော်လည်း ၁၉၄၇ ခုနှစ်တွင် ပြန်လာသော ဗြိတိသျှတို့က စွန့်ပစ်ခဲ့သည်။

၁၉၅၇ ခုနှစ် အကောင်းဆုံး ရုပ်ရှင်ဆုရ Bridge on the River Kwai နှင့် ထိုဇာတ်ကားမှ လူကြိုက်များသော Colonel Bogey’s March သီချင်းက နောင်တွင် ထိုတံတားကို သမိုင်းဝင်စေခဲ့သည်။ ထိုရုပ်ရှင်သည် မဟာမိတ်တပ်များကို ဂျပန်တပ်များက ကန်ချနာဘူရီမှ ထားဝယ်အထိ ရထားလမ်းဖောက်ရန် အတင်းအကျပ် စေခိုင်းသည်ကို မှတ်တမ်းတင်ထားသည်။ ရလဒ်မှာ ဗြိတိသျှ၊ သြစတြေးလျနှင့် ဒတ်ချ် သုံ့ပန်း ၁၂,၀၀၀ သေဆုံးပြီး အများအပြားမှာ ထိုင်းမှ ဓနသဟာယ စစ်သင်္ချိုင်းတွင်မြှုပ်နှံထားကာ အထက်ပါရုပ်ရှင်ကြောင့် ထိုစစ်သင်္ချိုင်းသည် ကမ္ဘာလှည့်ခရီးသည်များ၏ ခရီးစဉ်နေရာဖြစ်နေသည်။

သို့သော် ဟမ်းမွန်းက သူ၏ စာအုပ်တွင် ရေးသားသည်မှာ ၂၀၀၀ ပြည့်နှစ်များ မတိုင်မီကာလတွင် ထို့ထက် လွန်စွာများပြားသော မြန်မာနိုင်ငံသားများသည် အလားတူ ရထားစီမံကိန်းများတွင် သေဆုံးခဲ့သည်။ ၎င်းတို့၏ သေဆုံးမှုများကို အကယ်ဒမီရ ရုပ်ရှင်များတွင် မှတ်တမ်း မတင်ရသေးပေ။

ယနေ့တွင် မြန်မာမှ ရထားလမ်း အများအပြားသည် လည်ပတ်နိုင်ခြင်းမရှိဘဲ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် စစ်ကောင်စီနှင့် ကင်းကင်းနေလိုသော အခြား လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကို ခံရနိုင်သည်။ လက်ရှိအခြေအနေတွင် မြန်မာပြည် မြောက်ပိုင်းတွင် မည်သည့်ရထားမှ မပြေးဆွဲပေ။ ဟမ်းမွန်း ထောက်ပြသည့်အတိုင်း ရထားလမ်းကို စစ်တပ်ကဖြစ်စေ၊ EROs များကဖြစ်စေ ယဉ်ကျေးသော လူမှုအသိုက်အဝန်းအတွက် အကျိုးကျေးဇူးများ ယူဆောင်လာမည့် စီမံကိန်းများဟု မမြင်ပေ။

လူမှုဗေဒပညာရှင် တဦးအနေဖြင့် မိမိသည် ဟမ်းမွန်း၏စာအုပ်ကို ဖတ်ပြီးနောက် လူမှုဗေဒကောက်ချက် ရှာမိသည်။ ဂျိမ်း စီ စကော့၏ မြန်မာကုန်းမြင့်ဒေသများမှ “အုပ်ချုပ်မခံရခြင်း အတတ်” (The Art of Not Being Governed) စာအုပ်သည် မိမိ၏ စိတ်သို့ ချက်ချင်းရောက်လာသည်။

လူမှုဗေဒပညာရှင် တဦးအနေဖြင့် မိမိသည် ဟမ်းမွန်း၏စာအုပ်ကို ဖတ်ပြီးနောက် လူမှုဗေဒကောက်ချက် ရှာမိသည်။ ဂျိမ်း စီ စကော့၏ မြန်မာကုန်းမြင့်ဒေသများမှ “အုပ်ချုပ်မခံရခြင်း အတတ်” (The Art of Not Being Governed) စာအုပ်သည် မိမိ၏ စိတ်သို့ ချက်ချင်းရောက်လာသည်။ ဟမ်းမွန်း၏ စာအုပ်ကို အကဲဖြတ်ရန် ကိုလိုနီ အင်စတီကျူးရှင်းများက အရှေ့တောင်အာရှ ကုန်းမြင့်ဒေသအား သိမ်းပိုက်မှုကို ရှောင်ရှားသောအနေဖြင့် ကိုလိုနီနယ်ချဲ့တပ်များ တွေ့ကြုံရသည့် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းနှင့် ပတ်သက်ပြီး စကော့ ရေးသားထားသည်များကို နှိုင်းယှဉ်အကဲဖြတ်ရမည် ဖြစ်သည်။

သို့သော် ထိုကိစ္စနှင့် အသက်ဆိုင်ဆုံးမှာ ဟော့စ်ချိုင်း (၁၉၉၈) ၏ ၁၈၈၅ ခုနှစ်မှ ၁၉၀၅ ခုနှစ်ကြား ဘယ်လ်ဂျီယံ ကွန်ဂိုအကြောင်း King Leopard’s Ghost : A Story of Greed, Terror and Heroism in Colonial Africa ဖြစ်သည်။ ဟော့စ်ချိုင်း၏ ရေးသားချက်အရ ကမ္ဘာ့အရင်းရှင်စနစ်၏ ယဉ်ကျေးမှုဖော်ဆောင်ရေး စီမံကိန်းများကို လုပ်ဆောင်ရန် ရထားလမ်းစီမံကိန်းတခုကို ထိုဒေသတွင်လည်း လုပ်ဆောင်သည်။ ထိုစီမံကိန်းကို Elder-Dempster ၏ စာရင်းကိုင်တယောက်ဖြစ်သော အီး ဒီ မော်ရဲက ဘယ်လ်ဂျီယံဘုရင် လီယိုပလော့၏ လွတ်လပ်သော ကွန်ဂိုပြည်သို့နှင့် ကွန်ဂိုမှ သင်္ဘောများ သွားလာရေး အဆင်ပြေအောင်လုပ်ပေးရန် တာဝန်ပေးခံရသည်။

Elder-Dempster ၏ ဘဏ္ဍာရေးစာရင်းများက ကွန်ဂိုသည် ဘယ်လ်ဂျီယံ ချမ်းသာကြွယ်ဝစေရန် အလွန်များပြားသည့် ရာဘာများနှင့် ဆင်စွယ်များ တင်ပို့ရကြောင်း မော်ရဲ တွေ့ရှိရသည်။ သို့သော် ပြန်လာသည့် သင်္ဘောများသည် သေနတ်များ၊ သံကြိုးများ၊ ခြေကျင်းများ၊ ဖောက်ခွဲပစ္စည်းများနှင့် စစ်သားများကိုသာ ဂျိုးဇက်ကွန်းရက်က “အမှောင်ထု၏ အသည်းနှလုံး” ဟု ဖော်ပြသည့် ဒေသသို့ ပြန်လည် သယ်ယူလာသည်။

ဒုတိယ ကမ္ဘာစစ်မတိုင်မီက ရှမ်းပြည်နယ်မှ ဘော်တွင်းသတ္တုမိုင်းကို ယင်းကဲ့သို့ လုယက်ခဲ့သည့် ဘားမား ကော်ပိုရေးရှင်း သို့မဟုတ် နေပြည်တော်ကို တည်ဆောက်ရန် ကုန်ကြမ်းပေးသွင်းခဲ့သည့် ကုမ္ပဏီများ၏ စာရင်းများကို စစ်ဆေးလျှင် အလားတူ “လွတ်လပ်သော ကုန်သွယ်မှု” ကို ပြသနေမည် ဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
120
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
387
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Tony Waters ၏ Myanmar’s Slow Train Coming ကို ဘာသာပြန်သည်။ တိုနီ ဝေါတားစ်သည် ဂျာမနီနိုင်ငံ လျူဖနာ တက္ကသိုလ်တွင် ဧည့်ပါမောက္ခဖြစ်သည်။)

မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

ဂျပန်ရထားစီမံကိန်းကိုသုံးပြီး စစ်ကောင်စီတပ်များ သယ်ယူပို့ဆောင်နေ

အာဏာသိမ်းပြီး ၂ နှစ်နီးပါးအထိ ရထားခရီးစဉ်များ ပုံမှန် ပြန်လည် မပြေးဆွဲနိုင်သေး

စစ်ကောင်စီက လျှပ်စစ်ရထားဆိုသော်လည်း အိမ်သုံးမီးပင် မှန်အောင် မပေးနိုင်

ကျောက်ဖြူ-ကူမင်း ရထားလမ်းစရန် ရဲအစောင့်အရှောက်ဖြင့် တရုတ် မြေတိုင်း

Your Thoughts …
Tags: IDPPDFကမ္ဘာလှည့်ခရီးသည်ကိုလိုနီခေတ်တရုတ်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ဒုက္ခသည်နဝတပြည်တွင်းနေရပ်စွန့်ခွာသူများဖြတ်လေးဖြတ်ဗြိတိသျှဘားမားကော်ပိုရေးရှင်းရထားလမ်ရပ်ဝန်းနှင့်လမ်းအစီအစဉ်လူ့အခွင့်အရေးသယံဇာတအကြမ်းဖက်မှုအတင်းအကျပ် လုပ်အားစေခိုင်းမှုအာဏာရှင်စနစ်
Tony Waters

Tony Waters

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

Next Post
တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

MoU လုပ်သားများ အခွန်မဆောင်က သက်တမ်းတိုးမပေးဟု စစ်ကောင်စီ အကျပ်ကိုင်

MoU လုပ်သားများ အခွန်မဆောင်က သက်တမ်းတိုးမပေးဟု စစ်ကောင်စီ အကျပ်ကိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved