• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြေမြှုပ်မိုင်းများကြောင့် အသက်ဆုံးနေရသည့် “ပြဿဒါးနေ့များ”

by ဧရာဝတီ
21 November 2024
in ဆောင်းပါး
A A
မြေမြှုပ်မိုင်းများကြောင့် အသက်ဆုံးနေရသည့် “ပြဿဒါးနေ့များ”

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်တဦးက စစ်ကောင်စီ ပစ်လိုက်သည့် မပေါက်ကွဲသေးသော လက်နက်ကို စစ်ဆေးနေစဉ် / AFP

796
VIEWS
Share on FacebookShare on Twitter

ထိုနေ့သည် ဇူလိုင်လအတွင်း မြန်မာပြက္ခဒိန်တွင် ပြဿဒါးနေ့ဖြစ်သောကြောင့် လယ်သူ ဒေါ်ယာဆွေကြင်က သီးနှံပင်များကို သွားရောက် မကြည့်ရန် သူ၏ခင်ပွန်းကို သတိပေး ဖျောင်းဖျသည်။

နာရီအတန်ကြာသောအခါ ရက်စက်ကြမ်းကြုတ်သော သုံးနှစ်ကြာ ပြည်တွင်းစစ်တွင် နှစ်ဖက်လုံးက ထောင်ထားသည့် မရေတွက်နိုင်သော မြေမြှုပ်မိုင်းများအနက် တလုံးကြောင့် သူ၏ ခင်ပွန်း သေဆုံးသွားသည်။

“ညနေဘက်ရောက်တော့ လယ်တောထဲက ပေါက်ကွဲသံတခု ကြားတယ်” ဟု ရှမ်းပြည်မြောက်ပိုင်း တောင်တန်းများပေါ်ရှိ သူ၏ နေအိမ်မှတဆင့် AFP သတင်းဌာနသို့ ပြောသည်။

“သူ အဲဒီနေရာကို သွားမယ်ဆိုတာ ကျမ သိပြီး စိုးရိမ်နေတာ” ဟု ၎င်းက ပြောသည်။

ထိုနေ့သည် လစက်ဝန်းဖြင့် လည်ပတ်သည့် မြန်မာ့ရိုးရာပြက္ခဒိန်တွင် ဂြိုဟ်စီးဂြိုဟ်နင်းနှင့် အခြားအချက်များကြောင့် မကောင်းသော ပြဿဒါးနေ့ဟု သတ်မှတ်ထားသောကြောင့် ခင်ပွန်းကို အိမ်တွင်သာ နေရန် တိုက်တွန်းခြင်းဖြစ်သည်။

“သူ ကျမစကား နားမထောင်ဘူး” ဟု ဒေါ်ယာဆွေကြင်က ပြောသည်။

“အခုတော့ ကျမမှာ သားတယောက်၊ မြေးတယောက်ပဲ ကျန်တော့တယ်” ဟု သူက ပြောသည်။

စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ကြိုကြားကြိုကြား တိုက်ပွဲများ ဆယ်စုနှစ် များစွာဖြစ်ပြီးနောက် မြန်မာတွင် လူအသေအပျောက်များစေသည့် မြေမြှုပ်မိုင်းများ ပြန့်ကျဲနေသည်။

စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ကြိုကြားကြိုကြား တိုက်ပွဲများ ဆယ်စုနှစ် များစွာဖြစ်ပြီးနောက် မြန်မာတွင် လူအသေအပျောက်များစေသည့် မြေမြှုပ်မိုင်းများ ပြန့်ကျဲနေသည်။

အသက် ၅၂ နှစ်အရွယ် လယ်သမားကြီး ဦးလှဟန်သည် ကယားပြည်နယ်၊ ဒီး‌မော့ဆိုမြို့နယ်တွင် မြေမြှုပ်မိုင်း နင်းမိပြီး ခြေတဖက် ဆုံးရှုံးခဲ့သည် / AFP

ထိုပဋိပက္ခကို စစ်ကောင်စီ၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက ပိုမိုပြင်းထန်စေပြီး ပြည်သူကာကွယ်ရေးတပ် (PDF) သစ် ဒါဇင်ပေါင်းများစွာ ပေါ်ပေါက်လာကာ ယခုအခါ ၎င်းတို့သည် စစ်တပ်ကို ဖြုတ်ချရန် တိုက်ခိုက်နေကြသည်။

လွန်ခဲ့သောနှစ်တွင် မြေမြှုပ်မိုင်းများနှင့် အခြား စစ်အကြွင်းအကျန်များကြောင့် မြန်မာတွင် ထိခိုက်သေဆုံးမှုသည် အခြား နိုင်ငံများထက် ပိုမိုများပြားပြီး မြန်မာသည် စစ်ဖြစ်နေသည့် ဆီးရီးယားနှင့် ယူကရိန်းတို့ကို ကျော်တက်သွားသည်ဟု နိုင်ငံတကာမြေမြှုပ်မိုင်း တားဆီးပိတ်ပင်ရေးလှုပ်ရှားမှု (ICBL) ၏ အဆိုအရ သိရသည်။

ကောင်းကင်နှင့် သစ်ပင်တွေ ချာချာလည်

မြန်မာတွင် ၂၀၂၃ ခုနှစ်က လူအနည်းဆုံး ၂၂၈ ဦး (တပတ်လျှင် ၄ ဦးကျော်နှုန်း) မိုင်းများကြောင့် သေဆုံးခဲ့ပြီး အခြားသူ ၇၇၀ ကို ထိခိုက်ဒဏ်ရာရစေသည်ဟု ICBL အဖွဲ့၏ နောက်ဆုံးထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာတွင် ၂၀၂၃ ခုနှစ်က လူအနည်းဆုံး ၂၂၈ ဦး မိုင်းများကြောင့် သေဆုံးခဲ့ပြီး နောက်ထပ် ၇၇၀ ကို ထိခိုက်ဒဏ်ရာရစေသည် / AFP

အရှေ့ပိုင်း ကယားပြည်နယ်တွင် သူ၏ ဇနီးနှင့် ကလေးများအတွက် ဆန်ပြန်ယူသည့် ခဏတာခရီးအတွင်း လယ်သမားကြီး ဦးလှဟန်သည် မြေမြှုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်သွားပြီး အလုပ် မလုပ်နိုင်တော့ဘဲ မိသားစု အနာဂတ်အတွက် စိုးရိမ်နေရသည်။

သူ၏ရွာမှ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားချိန် ပြန်သွားစဉ် ဒေသဘုရားကျောင်း အဝင်ဝအနီးတွင် ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိသည်။

“ကျနော် သတိရလာတော့ ကျနော် ဘယ်လိုလဲကျသွားခဲ့တယ်ဆိုတာ မသိတော့ဘဲ နောက်တမိနစ်လောက်နေမှ အသိစိတ်ပြန်ဝင်လာတယ်” ဟု AFP သတင်းဌာနသို့ ၎င်းကပြောသည်။

“ကျနော် မော့ကြည့်လိုက်တော့ ကောင်းကင်နဲ့သစ်ပင်တွေ လည်နေတယ်” ဟု ဦးလှဟန်က ပြောသည်။

ယခုအခါ ခြေထောက် ဖြတ်တောက်ခံထားရသူ အသက် ၅၂ နှစ်အရွယ် ဦးလှဟန်သည် မြန်မာပြည်တွင်းစစ်အတွင်း ခက်ခက်ခဲခဲ နေထိုင်နေရသည့် မိသားစုဝင် ခြောက်ဦးအား မည်သို့ ကျွေးမွေးထောက်ပံ့ရမည်ကို မသိတော့ပေ။

ယခုအခါ ခြေထောက် ဖြတ်တောက်ခံထားရသူ အသက် ၅၂ နှစ်အရွယ် ဦးလှဟန်သည် မြန်မာပြည်တွင်းစစ်အတွင်း ခက်ခက်ခဲခဲ နေထိုင်နေရသည့် မိသားစုဝင် ခြောက်ဦးအား မည်သို့ ကျွေးမွေးထောက်ပံ့ရမည်ကို မသိတော့ပေ။

“ကျနော့်ခြေထောက်ကို ဆုံးရှုံးသွားပြီးနောက် ကျနော် အလုပ်မလုပ်နိုင်တော့ဘူး။ အိပ်တာ၊ စားတာနဲ့ တခါတလေ သူငယ်ချင်းတွေဆီ သွားလည်တာလောက်ပဲ လုပ်နိုင်တော့တယ်။ ကျနော်လုပ်နိုင်တာ အဲဒါအကုန်ပဲ” ဟုလည်း ၎င်းကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းတုံမြို့နယ် လမ်းတခုတွင် မိုင်းသတိပေးထားစဉ် / AFP

“ကျနော့် ခန္ဓာကိုယ်က အရင်လို မဟုတ်တော့ဘူး။ ကျနော့်အတွေ့တွေက အရင်လို မဟုတ်တော့ဘူး။ ကျနော် လုပ်ချင်တာ လုပ်လို့ မရတော့ဘူး။ ကျနော် တခြားလူတွေလို စားပေမယ့် သူတို့လို အလုပ်မလုပ်နိုင်တော့ဘူး” ဟု ဦးလှဟန်က ပြောသည်။

ရွာသို့ ပြန်မသွားရန် သူ၏သမီး မအေးမာက ဖျောင်းဖျခဲ့သည်။

“ကျမအဖေ ခြေထောက် ဆုံးရှုံးသွားတော့ ကျမတို့မိသားစုရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတယ်” ဟု ၎င်းကပြောသည်။

“ကျမမှာ အလုပ်မရှိတော့ အဖေ့ကို ငွေကြေး မထောက်ပံ့နိုင်ဘူး။ ကျမဟာ တာဝန်မကျေတဲ့သမီးလို့ ခံစားနေရတယ်” ဟုလည်း မအေးမာက ပြောသည်။

အရင်လို မဟုတ်နိုင်တော့ပြီ

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
95
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.3k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
357

မြန်မာသည် မြေမြှုပ်မိုင်းများ အသုံးပြုခြင်း၊ သိုလှောင်ခြင်းနှင့် ထုတ်လုပ်ခြင်းကို တားမြစ်သည့် ကုလသမဂ္ဂ နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့်နိုင်ငံ မဟုတ်ပေ။

မကြာသေးမီနှစ်များအတွင်း စစ်တပ်သည် မိုဘိုင်းဖုန်းတာဝါတိုင်များနှင့် စွမ်းအင်ပိုက်လိုင်းများကဲ့သို့သော အခြေခံအဆောက်အအုံများ ပတ်ဝန်းကျင် အပါအဝင် အခြားနေရာများတွင် မြေမြှုပ်မိုင်းအသုံးပြုမှု “သိသိသာသာ တိုးလာသည်” ဟု ICBL က ပြောသည်။

မကြာသေးမီနှစ်များအတွင်း စစ်တပ်သည် မိုဘိုင်းဖုန်းတာဝါတိုင်များနှင့် စွမ်းအင်ပိုက်လိုင်းများကဲ့သို့သော အခြေခံအဆောက်အအုံများ ပတ်ဝန်းကျင် အပါအဝင် အခြားနေရာများတွင် မြေမြှုပ်မိုင်းအသုံးပြုမှု “သိသိသာသာ တိုးလာသည်” ဟု ICBL က ပြောသည်။

ဦးလှဟန် ခြေထောက်ဆုံးရှုံးခဲ့သည့် ကယားပြည်နယ်မှ ဘုရားကျောင်းသည် ဆက်လက် တည်ရှိနေသော်လည်း မျက်နှာစာတွင် ကျည်ဆန်ရာများ ပြည့်နေသည်။

အနီးရှိ ကျေးလက်လမ်းတလျှောက်တွင် အစိမ်းရောင် တိပ်ကြိုးတန်းထားပြီး ထိုနေရာကျော်သည့် သစ်တောတွင် မြေမြှုပ်မိုင်း ရှိနိုင်သည်ဆိုသည့် အခြေခံသတိပေးချက် ပြုလုပ်ထားသည်။

ပြည်တွင်းစစ်တွင် နှစ်ဖက်လုံးက ထောင်ထားသည့် မရေတွက်နိုင်သော မြေမြှုပ်မိုင်းများ ရှိနေသည် / AFP

နောက်ဆုံး တိုက်ခိုက်မှုများ နေရာပြောင်းသွားသောအခါ ရွာသားအချို့ အိမ်ပြန်ကြသည်ဟု မအေးမာ ပြောသည်။

“ဒါပေမယ့် ကျမ အခုလောလောဆယ် အိမ်မှာ ပြန်မနေရဲသေးဘူး” ဟုလည်း ၎င်းကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည့် လူ ၃ သန်းကျော်အနက်မှ သူနှင့် သူ့ဖခင်သည် နှစ်ဦးလည်း ပါဝင်သည်။

“စစ်ပွဲစတင်တုန်းက တဖက်ဖက်က အရှုံးပေးလိုက်ရင် ကောင်းမှာပဲလို့ တခါတခါ ကျမ စဉ်းစားမိတယ်” ဟု မအေးမာက ပြောသည်။

သို့သော် ပဋိပက္ခပြီးဆုံးရန် အလွန်အလှမ်းဝေးနေပြီး ဦးလှဟန်သည် သူ၏ ကံဆိုးမိုးမှောင်ကျသည့် ခြေလှမ်းများနှင့် နေသားကျအောင် ကြိုးစားနေရသည်။

“မသန်မစွမ်းဖြစ်သွားတဲ့ အချိန်က စတင်ပြီး အရာရာဟာ အရင်လို မဟုတ်တော့ဘူး” ဟု ၎င်းကပြောသည်။

(AFP ပါ ‘An inauspicious day’: the landmines ruining Myanmar lives ကို ဘာသာပြန်သည်။)

You may also like these stories:

ဆီးရီးယားကို ကျော်တက်ပြီး မြန်မာက မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်လာ

အိန္ဒိယ-မြန်မာ နယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၅ဦး ရှိလာ

သံတွဲဒေသ၏ မြေမြှုပ်မိုင်း စာမျက်နှာသစ်

အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းဖြင့် ထိခိုက်သေဆုံးမှုမြင့်တက်

မြေမြှုပ်မိုင်း သို့မဟုတ် စစ်ပွဲပဋိပက္ခကြားက အန္တရာယ်ထောင်ချောက်

ကယားပြည်နယ်၌ စစ်တပ်က မြေမြှုပ်မိုင်းထောင်၍ စစ်ရာဇဝတ်မှု ကျူးလွန်နေဟုဆို

Your Thoughts …
Tags: PDFTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပြည်တွင်းစစ်မြေမြှုပ်မိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး

မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး

တော်လှန်ရေးထဲက သာတူညီမျှ ချစ်ခြင်းများ

တော်လှန်ရေးထဲက သာတူညီမျှ ချစ်ခြင်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

20 hours ago
1.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved